Myanmar Finest Automobil Bosch Car Service

Myanmar Finest Automobil Bosch Car Service Bosch Authorized Car Service Center in Yangon
We provide services for maintaining and repairing to pr This opportunity belongs to you.

The recent partnership with Robert Bosch (South East Asia) Pte Ltd has resulted in major injection of USD 1 million initial start-up capital, technical and managerial expertise as well as the drive and motivation, will result in Myanmar’s own automotive after-market service standard being comparable to anywhere in the world. Myanmar Finest Automobil’ Co., Ltd (MFA in short) is creating an exciting

, historical opportunity where we can make a difference for own benefit. MFA is seeking to recruit competent, experienced but most importantly, dedicated, motivated people for their customer-orientated, result-driven organization. Let's do "ENJOYMENT OF DRIVING" together.

🌧️ မိုးတွင်းမှာ သင့်ကားလေး ဘေးကင်းစေဖို့အတွက် ဒါတွေ သိထားဖို့ လိုတယ်နော် 🚗⚠️မိုးရာသီမှာ ကားမောင်းတဲ့အခါ မိမိရော သူတစ်ပါး...
12/06/2026

🌧️ မိုးတွင်းမှာ သင့်ကားလေး ဘေးကင်းစေဖို့အတွက် ဒါတွေ သိထားဖို့ လိုတယ်နော် 🚗⚠️

မိုးရာသီမှာ ကားမောင်းတဲ့အခါ မိမိရော သူတစ်ပါးပါ အသက်အန္တရာယ်ကင်းရှင်းပြီး ကားလေး မပျက်စီးစေဖို့အတွက် ကားသမားတိုင်း ဒီအချက် (၅) ချက်ကို မဖြစ်မနေ သတိပြုကြရအောင်ဗျာ။

📌ရေကြီးရေလျှံနေသည့်လမ်းတွင် သတိထားမောင်းနှင်ပါ

ရေကြီးနေတဲ့ လမ်းမတွေပေါ်မှာ မဖြစ်မနေ ဖြတ်မောင်းရမယ်ဆိုရင် ရေအောက်က ချိုင့်ခွက်တွေ၊ ရေမြောင်းပေါက် တွေအပြင် ရေရဲ့အတိမ်အနက်ကို မျက်စိနဲ့ အလွယ်တကူ မမြင်နိုင်တာကြောင့် အထူးသတိထား ဆင်ခြင်မောင်းနှင်ဖို့ လိုအပ်ပါတယ်။

📌ကားကို ဖြေးဖြေးနှင့် အရှိန်မှန်မှန်မောင်းပါ

မိုးရွာနေချိန် အရှိန်ပြင်းပြင်း မောင်းခြင်းကို အထူးရှောင်ကြဉ်ရပါမယ်။ အရှိန်ပြင်းရင် လမ်းချော်တာ၊ ဘရိတ်မမိဘဲ လျှောထွက်တာတွေကြောင့် အသက်အန္တရာယ် ရှိနိုင်တဲ့အပြင်၊ အင်ဂျင်ထဲ ရေဝင်ပြီး အင်ဂျင်ကွဲခြင်း၊ စက်ထိုးရပ်သွားခြင်း စတဲ့ ကြီးမားတဲ့ ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။

📌ကားမီးများနှင့် ဝိုင်ပါ (Wiper) ကို အမြဲဖွင့်ထားပါ

မိုးရွာသွန်းနေစဉ် ကားရှေ့မီး (အနိမ့်) နှင့် အနောက်မီးကို ဖွင့်မောင်းခြင်းက မိမိအတွက် ရှေ့မြင်ကွင်းကို ရှင်းစေရုံတင်မကဘဲ အခြားကားတွေကပါ ကိုယ့်ကို အဝေးက လှမ်းမြင်နိုင်လို့ အပြန်အလှန် ဘေးကင်းစေနိုင်ပါတယ်။ ကားဝိုင်ပါကိုလည်း တဆက်တည်း ဖွင့်ထားခြင်းဖြင့် မိုးရေကြောင့် မြင်ကွင်းဝေဝါးခြင်းကို ကာကွယ်နိုင်ပါတယ်။

📌ကားတာယာ အရည်အသွေးကို စစ်ဆေးပါ

တာယာပန်းတွေ ပါးနေ၊ ပြောင်နေရင် ဘရိတ်နင်းတဲ့အခါ လမ်းနှင့်မကပ်တော့ဘဲ ကားစလစ်ဖြစ်ကာ တိမ်းမှောက်ခြင်းအထိ ကြီးမားတဲ့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားတာယာအခြေအနေနဲ့ လေပေါင်မှန်မမှန်ကို အမြဲစစ်ဆေးပေးသင့်ပါတယ်။

📌Door Seals များကို စစ်ဆေးပါ

မိုးတွင်းကာလမှာ တံခါးဘောင် ရာဘာပြား (Door Seals) တွေ စုတ်ပြတ် ပျက်စီးနေရင် ကားထဲကို မိုးရေတွေ အလွယ်တကူ စိမ့်ဝင်လာနိုင်ပါတယ်။

ကားထဲရေဝင်ရင် ကော်ဇောတွေ မှိုစွဲတာ၊အနံ့ဆိုးထွက်တာနဲ့ ကြမ်းခင်း သံချေးတက်တာမျိုးတွေ တက်လို့ ကြိုတင်စစ်ဆေးသင့်ပါတယ်။

🚙 MFA (Bosch) Car Service Centre
⏰ Service Hours: 09:00 AM - 5:00 PM (တနင်္ဂနွေပိတ်သည်)
📍 အမှတ် ၂၅၊ ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။
📞 09-777603255, 09-254282251 (Viber)

05/06/2026

🌧️🌧️ မိုးရာသီမှာ ရေကြီးလို့ ကားမြုပ်ပြီး ကားပြဿနာအခက်အခဲများအတွက် စိတ်ညစ်နေကြပြီလား? 😟

​မိုးရာသီမှာ မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကားလေးတွေ ထိခိုက်မှုရှိလို့ စိတ်ညစ်နေရတဲ့ Customer များအတွက် ကျွန်မတို့ MFA (Bosch) Car Service Center ရှိနေပါတယ်နော်။

​ဒီကာလအတွင်းမှာ ကားလေးတွေကို စနစ်တကျပြန်လည်စစ်ဆေးပြုပြင်နိုင်ဖို့
⚙️ MFA (Bosch) Car Service Center မှာ အင်ဂျင်၊ Electronic ပိုင်းနဲ့ စက်ပိုင်းဆိုင်ရာတွေကို ကျွမ်းကျင်ပညာရှင်များက စနစ်တကျ စစ်ဆေးပေးမှာဖြစ်ပါတယ်🥰
ရေမြုပ်လို့ ကားစစ်ဆေးပြုပြင်ချင်သည့် Customer များအတွက် service charges တွင် 💢10% discount💢 ရရှိမှာပါရှင့်🤩။


ဒါ့အပြင် ​ကျွန်မတို့ဆီမှာ 👉

​✨ Rock Star Garage (Car Detailing) အနေဖြင့် ရေဝင်လို့ ကားအောက်ပိုင်းတွေ သန့်ရှင်းရေးလုပ်ဖို့၊ Cushion တွေ စိုစွတ်ပြီး အနံ့ထွက်နေတာတွေကို အနံ့ကင်းစင်ပြီး သန့်ရှင်းသွားအောင်ဝန်ဆောင်မှုများလည်း ရရှိမှာဖြစ်ပါတယ်။

ရေမြုပ်သည့်ကားများအား car detailing ဝန်ဆောင်မှု လိုချင်သူများအတွက် (Service Charges) တွင် 10% discount ပေးသွားမှာပါ🤩

မှတ်ချက်- ရေကြီးမှုကြောင့် ကားရေမြုပ်သည့် ကားပြဿနာအခက်အခဲများအတွက်သာ service charges တွင်💢 10% discount💢ရရှိမှာပါရှင်🌟။

​📅 Promotion ကာလကို (5-6-2026 မှ 11-6-2026) အထိသတ်မှတ်ထားတာကြောင့်

​ကားလေးတွေကို အမြန်ဆုံး လာရောက် ပြုပြင်စစ်ဆေးလိုက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ လူကြီးမင်းတို့ရဲ့ ကားပြဿနာစိတ်ရှုပ်စရာတွေကို ကျွန်မတို့ MFA မိသားစုဆီ အပ်နှံထားလိုက်ပါရှင်😉

​🚙 MFA (Bosch) Car Service Centre

⏰ Service Hours: 09:00 AM - 5:00 PM (တနင်္ဂနွေပိတ်သည်)

📍 အမှတ် ၂၅၊ ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။

📞 09-777603255, 09-254282251 (Viber)

🚗🌧️ မိုးတွင်းမှာ စိတ်ပူစရာမလိုဘဲ အန္တရာယ်ကင်းကင်း မောင်းနှင်ကြမယ်! 🌧️🌧️MFA (Bosch Car Service Center) ရဲ့ မိုးရာသီ Speci...
01/06/2026

🚗🌧️ မိုးတွင်းမှာ စိတ်ပူစရာမလိုဘဲ အန္တရာယ်ကင်းကင်း မောင်းနှင်ကြမယ်! 🌧️
🌧️MFA (Bosch Car Service Center) ရဲ့ မိုးရာသီ Special Promotion မိတ်ဆက်ပေးပါရစေခင်ဗျာ။
မိုးရွာတဲ့နေ့တွေမှာ လမ်းချော်မှာ စိုးရိမ်ရတာ၊ မြင်ကွင်းမပြတ်သားတာနဲ့ လမ်းခုလတ် ကားစက်ချို့ယွင်းတာ တွေကြောင့် စိတ်မညစ်ရတော့ပါဘူးနော်။
ဘာလို့လဲဆိုတော့... မည်သည့်ကား အမျိုးအစားမဆို လမ်းမထက်မှာ စိတ်ချလက်ချနဲ့ ဘေးကင်းစွာ မောင်းနှင်နိုင်ဖို့အတွက် ကျွန်တော်တို့ MFA (Bosch Car Service Center) ကနေ ချစ်ရတဲ့ Customer များအတွက် Free (အခမဲ့) စစ်ဆေးပေးသွားမှာ ဖြစ်လို့ပါပဲ။

🛠️ ဘာတွေ အခမဲ့စစ်ဆေးပေးမှာလဲ? မိုးတွင်းကာလ မောင်းနှင်မှုမှာ အန္တရာယ်အရှိဆုံးဖြစ်စေနိုင်တဲ့ အစိတ်အပိုင်းတွေကို အထူးဦးစားပေး စစ်ဆေးပေးသွားမှာပါ။
• ဘရိတ်မျက်မြင်စနစ် (Brakes Visual Checking)
• တာယာပန်း အခြေအနေ (Tire Treads Checking)
• ၀ှိုက်ဘာ အလုပ်လုပ်ပုံ (Wiper Checking)
• မီးစနစ်များအားလုံး (All Lighting Checking)

🎁 အထူးအစီအစဉ်အနေနဲ့ Combo Package (5% Discount)
လူကြီးမင်းတို့အားကား စစ်ဆေးပြီး အင်ဂျင်ဝိုင်လဲလှယ်ခြင်း + ဘရိတ်စနစ်ပြုပြင်ခြင်း + Suspension Visual check စသည့် ဝန်ဆောင်မှုများမှကို တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်ဆိုပါက စုစုပေါင်း ကုန်ကျစရိတ် (Service Charge) ရဲ့ (5%) အထူးလျော့စျေး ထပ်မံရရှိဦးမှာမလို့ အရမ်းအရမ်းတွေကို မိုက်နေပါပြီနော်
ဒီလိုအခမဲ့စစ်ဆေးမှုကို တစ်နေ့ကို အစီးရေ (၅) စီးသာ အကန့်အသတ်ဖြင့် လက်ခံပေးသွားမှာြဖစ်ပါတယ်
အဲ့ဒါကြောင့် လူကြီးမင်းတို့ရဲ့ ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေအတွက် အခုပဲ အမြန်ဆုံး Booking လေးတင်ပြီး ကျွန်တော်တို့ MFA (Bosch Car Service Center) မှာ လာရောက်ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Promotion ကာလကတော့
Jun လ (၁)ရက်နေ့ မှ Jun (၁၅) ရက်နေ့ထိဖြစ်ပါတယ််
အန္တရာယ်ကင်းတဲ့ မိုးရာသီခရီးလမ်းတွေ ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အမြန်ဆုံး Booking လေး တင်လိုက်ရအောင်နော်။ 👇
အသေးစိတ်စုံစမ်းရန် နှင့် Booking ရယူရန်အတွက်
Phone – 09 777 603 255, 09 254 282 251 (Viber)
Address- No.25 Baho Road (Shan Lane Street), Aung Chan Thar Ward, Sanchaung Township Ygn.
Fb Page – Myanmar Finest Automobil’ Page ရဲ့ Chat box ကနေလဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေငြာလိုက်ပါတယ်ခင်ဗျ

ချစ်ခင်ရပါသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံး အီဒ်နေ့ရက်မြတ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စု...
28/05/2026

ချစ်ခင်ရပါသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံး အီဒ်နေ့ရက်မြတ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း MFA Bosch Car Service မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ ✨

​📢 ဝန်ဆောင်မှု အသိပေးချက်

​အီဒ်နေ့ အားလပ်ရက်မှာ ကားချစ်သူလူကြီးမင်းတို့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများထံ အလည်အပတ်သွားရင်းဖြစ်စေ၊ မြို့တွင်း/မြို့ပြင် ခရီးမောင်းနှင်ရင်းဖြစ်စေ သင့်ကားလေး ဘေးကင်းလုံခြုံစိတ်ချရဖို့အတွက် ကျွန်မတို့ MFA Bosch Car Service Center ကို...

​✅ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်ရှင်။

​ကားလေးတွေ လိုအပ်သလို စစ်ဆေးပြုပြင်ဖို့ပဲဖြစ်ဖြစ်၊ ခရီးမထွက်ခင် ကြိုတင် Check up လုပ်ဖို့ပဲဖြစ်ဖြစ် ကျွန်မတို့ Service Center ဘက်က အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမှာ ဖြစ်ပါတယ်ရှင်။ 🥰

​(တနင်္ဂနွေနေ့မှအပ ကျန်ရှိသောရက်များတွင် ပုံမှန်အတိုင်း Service Centre ဖွင့်လှစ်ထားပါသည်)

​🚙 MFA (Bosch) Car Service Centre

⏰ Service Hours : 09:00 AM to 5:00 PM

📍 လိပ်စာ : အမှတ် ၂၅၊ ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။

📞 ဖုန်း : 09-777603255, 09-254282251 (Viber)

Safety First! ခရီးစဉ်တိုင်း ဘေးကင်းဖို့ သင့်ကားကို Travelling Check လုပ်ပြီးပြီလား? 🛠️​Hyundai Accent လေး ခရီးဝေးမထွက်ခွ...
22/05/2026

Safety First! ခရီးစဉ်တိုင်း ဘေးကင်းဖို့ သင့်ကားကို Travelling Check လုပ်ပြီးပြီလား? 🛠️

​Hyundai Accent လေး ခရီးဝေးမထွက်ခွာမီ လမ်းခရီးမှာ အန္တရာယ်ကင်းကင်းနဲ့ ယုံကြည်မှုရှိရှိ မောင်းနှင်နိုင်ဖို့အတွက် လိုအပ်တဲ့ Travelling Checkup လုပ်ငန်းစဉ်များကို ကျွန်မတို့ရဲ့ MFA Bosch Car Service Center မှ စနစ်တကျ စစ်ဆေး ဆောင်ရွက်ပေးခဲ့ပါတယ်ရှင့်။

​လူကြီးမင်းတို့လည်း ခရီးဝေးသွားဖို့ အစီအစဉ်ရှိတယ်ဆိုရင် လမ်းခရီးမှာ ကားချို့ယွင်းမှုတွေကြောင့် အချိန်မပုပ်ရအောင် ခရီးမထွက်ခင်ကျွန်မတို့ဆီမှာ Travelling Check လာလုပ်ဖို့ ဖိတ်ခေါ်လိုက်ပါရတယ်ရှင်🥰။

​🚙 MFA (Bosch) Car Service Centre
Service Hours : 09:00 Am to 5:00 Pm
📍 အမှတ် ၂၅၊
ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။
📞09-777603255
09-254282251(viber)

🚗 Dashboard ပေါ်က သတိပေးမီးများအကြောင်း သိကောင်းစရာ (Knowledge Sharing)ကားမောင်းနေရင်း Dashboard ပေါ်မှာ သတိပေးသင်္ကေတလေ...
13/05/2026

🚗 Dashboard ပေါ်က သတိပေးမီးများအကြောင်း သိကောင်းစရာ (Knowledge Sharing)

ကားမောင်းနေရင်း Dashboard ပေါ်မှာ သတိပေးသင်္ကေတလေးတွေ ရုတ်တရက် လင်းလာတဲ့အခါ... စိုးရိမ်စိတ်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ဖူးပါသလား? 🤔

ဒီသင်္ကေတလေးတွေက သင့်ကားရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြနေတာဖြစ်လို့ မသိထားလို့ မဖြစ်ပါဘူး။ ဒီနေ့မှာတော့ ကားတော်တော်များများမှာ အတွေ့ရဆုံး သတိပေးအချက်ပြမီး (၅) မျိုးရဲ့ အဓိပ္ပာယ်နဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဝေမျှပေးလိုက်ပါတယ်ရှင့်။

💁🏻‍♂️၁။ အင်ဂျင်စစ်ဆေးရန်မီး (Check Engine Light)

အင်ဂျင်ရဲ့ စနစ်တစ်ခုခု (ဥပမာ - Sensor အမှား၊ ဆီစနစ်) ချို့ယွင်းနေတာ ဖြစ်ပါတယ်။

✅ လုပ်ဆောင်ရန်: ချက်ချင်းကားရပ်စရာ မလိုသော်လည်း အမြန်ဆုံး Workshop မှာ Computer စစ်ဆေးမှု (Diagnosis) ပြုလုပ်သင့်ပါတယ်။ ⚠️ မှတ်ချက်: မီးက တဖျတ်ဖျတ် လင်းနေရင်တော့ အင်ဂျင်ကို ပြင်းထန်စွာ ထိခိုက်နိုင်လို့ ချက်ချင်း စက်ရပ်နားသင့်ပါတယ်။

💁🏻‍♂️၂။ ဆီဖိအား သတိပေးမီး (Oil Pressure Warning)

ဒါကတော့ အင်ဂျင်ထဲမှာ ချောဆီ (Engine Oil) နည်းနေတာ ဒါမှမဟုတ် ဆီလည်ပတ်မှုစနစ်မှာ ပြဿနာရှိနေတာမျိုး ဖြစ်ပါတယ်။

✅ လုပ်ဆောင်ရန်: ဒီမီးလင်းလာရင် ကားကို ဘေးကင်းရာမှာ ချက်ချင်းစက်ရပ်ပြီး ဆီအဆင့်ကို စစ်ဆေးပါ။ ဆီမရှိဘဲ ဆက်မောင်းပါက အင်ဂျင်တစ်လုံးလုံး ပျက်စီးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

💁🏻‍♂️၃။ ဘက်ထရီ / အားသွင်းစနစ်မီး (Battery / Charging Alert)

ဘက်ထရီ အားမဝင်တော့တာ (သို့မဟုတ်) ဒိုင်နမို (Alternator) မကောင်းတော့တာကြောင့် ဖြစ်နိုင်ပါတယ်။ ✅ လုပ်ဆောင်ရန်: မလိုအပ်တဲ့ လျှပ်စစ်ပစ္စည်းများ (Air-con, Radio) ကို ပိတ်ပါ။ အင်ဂျင်စက်သတ်လိုက်ရင် ပြန်နှိုးမရတော့တာမျိုး ဖြစ်နိုင်လို့ နီးစပ်ရာ ဝပ်ရှော့သို့ တိုက်ရိုက်မောင်းနှင်သွားဖို့ အကြံပြုလိုပါတယ်။

💁🏻‍♂️၄။ အင်ဂျင်အပူချိန်မီး (Engine Temperature Warning) ❤️

သင့်ကားအင်ဂျင် အလွန်အမင်း ပူနေတာ (Overheat) ဖြစ်နေခြင်းပါ။ ရေတိုင်ကီ ရေယိုစိမ့်တာ (သို့မဟုတ်) ပန်ကာချို့ယွင်းတာကြောင့် ဖြစ်တတ်ပါတယ်။

✅ လုပ်ဆောင်ရန်: ကားကို ချက်ချင်းရပ်ပြီး အင်ဂျင်အအေးခံပါ။ ရေတိုင်ကီ ရေယိုစိမ့်မှု ရှိ၊ မရှိ စစ်ဆေးရပါမယ်။ (သတိပြုရန် - အင်ဂျင်ပူနေစဉ် ရေတိုင်ကီအဖုံးကို ချက်ချင်းမဖွင့်ပါနဲ့)။

💁🏻‍♂️၅။ ဘရိတ်စနစ် သတိပေးမီး (Brake System Warning) ❤️

လက်ဘရိတ် ဆွဲထားမိတာ၊ ဘရိတ်ဆီနည်းနေတာ ဒါမှမဟုတ် ဘရိတ်စနစ် ချို့ယွင်းနေတာကြောင့် ဖြစ်ပါတယ်။

✅ လုပ်ဆောင်ရန်: လက်ဘရိတ် ချထားလျက်နဲ့ မီးလင်းနေရင် ဘရိတ်ဆီစစ်ပါ။ ဘရိတ်အနေအထား ပုံမှန်မဟုတ်ဘူးလို့ ခံစားရပါက ဘေးကင်းရာမှာရပ်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးဆောင်ရွက်သင့်ပါတယ်။

________________________________________

💡 Dashboard ပေါ်က မီးအရောင်များရဲ့ အဓိပ္ပာယ်

🟢 အစိမ်းရောင်: စနစ်တစ်ခု အလုပ်လုပ်နေခြင်း (ဥပမာ - အချက်ပြမီး)။

🟡 အဝါ / လိမ္မော်ရောင်: သတိထားရန်နှင့် စစ်ဆေးရန် လိုအပ်နေခြင်း။

🔴 အနီရောင်: အန္တရာယ်ရှိသော အခြေအနေဖြစ်၍ ချက်ချင်းရပ်နားပြီး အရေးတကြီး ပြုပြင်ရန် လိုအပ်ခြင်း။

လူကြီးမင်းတို့အနေနဲ့ ကားနဲ့ပတ်သက်တဲ့ အခက်အခဲများရှိပါက ကျွန်မတို့ရဲ့ Myanmar Finest Automobil (Bosch Car Service Center) မှ ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ်ရှင့်။ 🛠️✨

________________________________________

📍 တည်နေရာ: အမှတ် (၂၅)၊ ရှမ်းလိန်းလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 📞 ဖုန်းနံပါတ်: 09 777 603 255, 09 254 282 251 (Viber) ⏰ ရုံးချိန်: မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🛠️ (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🛠️မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားန...
01/05/2026

🛠️ (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🛠️
မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ အခါသမယတွင် နိုင်ငံတစ်ဝန်းရှိ လုပ်ကိုင်ဆောင်ရွက်နေကြသည့် အလုပ်သမားထုတစ်ရပ်လုံးနှင့် ကျွန်ုပ်တို့၏ Customer မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း MFA Bosch Car Service မိသားစုမှ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။ ✨

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ ကြိုးစားအားထုတ်နေကြသူအားလုံးကို ဤနေ့ရက်တွင် အထူးပင် လေးစားဂုဏ်ပြုလိုက်ရပါတယ်ရှင်။

​📢 ဝန်ဆောင်မှု အသိပေးချက်
​အလုပ်သမားနေ့ အားလပ်ရက်တွင် လူကြီးမင်းတို့၏ ကားလေးများကို ပြုပြင်စစ်ဆေးလိုပါက ကျွန်မတို့ MFA Bosch Car Service Centre ကို...

​✅ ပုံမှန်အတိုင်းဖွင့်လှစ်ထားပါသည်ရှင်။

​မိဘပြည်သူများ အားလပ်ရက်မှာ စိတ်အေးချမ်းသာစွာ အနားယူနိုင်ဖို့ သင့်ကားရဲ့ လိုအပ်ချက်မှန်သမျှကို ကျွန်မတို့ဘက်က အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေမှာ ဖြစ်ပါတယ်ရှင်။ 🥰

​🚙 MFA (Bosch) Car Service Centre
Service Hours : 09:00 Am to 5:00 Pm
📍 အမှတ် ၂၅၊
ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။
📞09-777603255
09-254282251(viber)

🪷🙏🏻ယနေ့ကျရောက်သော မင်္ဂလာရှိလှသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်းနှင့် ကျွန်ုပ်တို့၏ Custo...
30/04/2026

🪷🙏🏻ယနေ့ကျရောက်သော မင်္ဂလာရှိလှသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်းနှင့် ကျွန်ုပ်တို့၏ Customer မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးကင်းလုံခြုံပြီး အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MFA Bosch Car Service မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

🪷​မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းဟူသော ထူးခြားသည့်နေ့မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုအပေါင်းကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုရင်း နှစ်သက်ကြည်လင်သော နေ့ရက်လေးဖြစ်ပါစေရှင်။ 🕊️

​📢 ဝန်ဆောင်မှု အသိပေးချက်

​ကဆုန်လပြည့် အားလပ်ရက်တွင်လည်း မိမိတို့၏ ကားလေးများကို စိတ်ချလက်ချ ပြုပြင်စစ်ဆေးနိုင်ရန် ကျွန်မတို့ MFA (Bosch) Car Service Centre ကို...

​✅ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါသည်ရှင်။

​ခရီးသွားရင်းဖြစ်စေ၊ မြို့တွင်းမောင်းနှင်ရင်းဖြစ်စေ သင့်ကားလေး ဘေးကင်းလုံခြုံနေစေဖို့ ကျွန်မတို့ဘက်က အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမှာ ဖြစ်ပါတယ်ရှင်။ 🥰

​🚙 MFA (Bosch) Car Service Centre
Service Hours : 09:00 Am to 5:00 Pm
📍 အမှတ် ၂၅၊
ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။
📞09-777603255
09-254282251(viber)

28/04/2026

🚘 ကားချစ်သူများအတွက် သိထားသင့်တဲ့ "အင်ဂျင်ဝိုင်" အကြောင်း 🤩

ကားတစ်စီးမှာ အင်ဂျင်ဝိုင်ဆိုတာက လူ့ခန္ဓာကိုယ်ထဲက "သွေး" လိုပဲအင်မတန် အရေးကြီးပါတယ်။ အင်ဂျင်ဝိုင် မမှန်ရင် ဒါမမဟုတ် မလဲဖြစ်ရင် လူကြီးမင်းက သက်တမ်း တစ်ခုမရောက်ခင် လူကြီးမင်းကားက ပျက်စီးနိုင်ပါတယ်

ဒီနေ့မှာတော့ ကျွန်မတို့ MFA (Bosch Car Service Center) ကနေပြီးတော့ အင်ဂျင်ဝိုင်လဲဖို့ နောက်ကျရင် ဘာတွေဖြစ်တက်လဲ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဒီနေ့ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့် 💜💕

⚠️ အင်ဂျင်ဝိုင်လဲ ဖို့ နောက်ကျရင် ဘာတွေဖြစ်မလဲ ?
1. အင်ဂျင်ပူလာခြင်း (Overheating)
အင်ဂျင်ဝိုင်ရဲ့ အဓိကတာဝန်က ပွတ်တိုက်မှုကို လျော့ချပေးတာပါ။ အင်ဂျင်ဝိုင် သက်တမ်းကုန်သွားရင် အင်ဂျင်အတွင်းပိုင်း ပွတ်တိုက်မှုများမှ တဆင့် အပူချိန်မြှင့်တက်တာ အင်ဂျင် (Overheating) ဖြစ်နိုင်ပါတယ်ရှင့်

2. ဆီစားပိုများလာခြင်း
အင်ဂျင်ဝိုင်က ပျစ်ခဲနေတဲ့အခါ အင်ဂျင်ဝိုင်အစိတ်အပိုင်းတွေ လည်ပတ်ဖို့ပိုပြီး အားစိုက်ရပါတယ် အဲ့တာကြောင့် ဆီစားနှုန်းပိုများလာနိုင်ပါတယ်ရှင့်

3. အင်ဂျင်သံ ဆူညံလာခြင်း
အင်ဂျင်အတွင်းပိုင်းမှာ ချောမွေ့မှု မရှိတော့တဲ့အတွက် သံချင်းပွတ်တဲ့ အသံတွေထွက်လာတက်ပါတယ်

4. အင်ဂျင်သက်တမ်းတိုခြင်း
အဆိုးဆုံးကတော့ အင်ဂျင်အတွင်းပိုင်း ပစ္စည်းတွေ ပျက်စီးပြီး အင်ဂျင်တစ်ခုလုံး ချပေးရတဲ့အထိ (Engine Overhaul) ဖြစ်သွားနိုင်ပါတယ်ရှင့်

🤔 ဒါဆို ဘယ်လိုအချိန်မှာ လဲသင့်လဲ ? 🤔
ယေဘူယျအားဖြင့် ကီလိုမီတာ ၅၀၀၀ မှ ၇၀၀၀ ကြားမှာ လဲလှယ်ပေးသင့်ပါတယ်။
ဒါပေမဲ့ မောင်းနှင်တဲ့ လမ်းကြောင်း (ဥပမာ- ကားအရမ်းပိတ်တဲ့နေရာ) အသုံးပြုတဲ့ အင်ဂျင်ဝိုင် အမျိုးအစားပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်
အကောင်းဆုံးကတော့ ကီလိုမပြည့်သေးရင်တောင် ၆ လ တစ်ကြိမ်လဲလှယ်ပေးတာက အကောင်းဆုံးပါ 🤩💜

🛠️ ကျွန်မတို့ MFA(Bosch Car Service Center) အနေဖြင့် လူကြီးမင်းတို့ရဲ့ ကား အင်ဂျင်ဝိုင် အခြေအနေကို အခမဲ့ စစ်ဆေးပေးသလို သင့်ကားနဲ့ အကိုက်ညီဆုံးဖြစ်မည့် အင်ဂျင်ဝိုင် အမျိုးအစားတွေကိုလည်းအကြံပြုပေးပါတယ် အဲ့တာကြောင့်မို့ လူကြီးမင်းတို့အနေဖြင့် သိချင်တာမျိုးရှိရှိ အကူအညီလိုခဲ့မယ်ဆိုရင် ကျွန်မတို့ MFA (Bosch Car Service Center) ကို သတိရပေးဖို့အကြံပေးချင်ပါတယ်ရှင့်

🏢 တည်နေရာကတော့
အမှတ်၂၅ ရှမ်းလိန်လမ်း အောင်ချမ်းသာရပ်ကွက် စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ။

📞 ဖုန်းနံပါတ်
09 777 603 255 နှင့် 09 254 282 251 (Viber)

သို့ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်

🌸 မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ 🌸​ဒီနေ့ကျရောက်တဲ့ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ...
17/04/2026

🌸 မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ 🌸

​ဒီနေ့ကျရောက်တဲ့ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူကြီးမင်းတို့နှင့်တကွ မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း MFA Bosch Car Service မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။ ✨

​နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ဘဝခရီးလမ်းတွေကို ဘေးကင်းလုံခြုံစွာ လျှောက်လှမ်းနိုင်ကြပါစေရှင်။ 🕊️

​📢 MFA ပြန်လည်ဖွင့်လှစ်မည့်ရက် အသိပေးချက်

​သင်္ကြန်ပိတ်ရက်အပြီးမှာ ကျွန်မတို့ MFA (Bosch) Car Service Centre ကို...

​✅ ၂၀ - ၄ - ၂၀၂၆ (တနင်္လာနေ့)
​မှာ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်ရှင်။ သင်္ကြန်ခရီးထွက်ထားလို့ ကားလေးတွေကို ပြန်လည်စစ်ဆေးချင်တာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုအသစ်တွေ ရယူချင်တာပဲဖြစ်ဖြစ် လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🥰

​🚙 MFA (Bosch) Car Service Centre
📍 အမှတ် ၂၅၊
ရှမ်းလိန်းလမ်း (Asia Royal ဆေးရုံအနီး)၊ စမ်းချောင်းမြို့နယ်။
📞09-777603255
09-254282251(viber)

Address

No. 25, Shan Lane Street, Baho Road ( Near Asia Royal Hospital )
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959254282251

Alerts

Be the first to know and let us send you an email when Myanmar Finest Automobil Bosch Car Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Finest Automobil Bosch Car Service:

Share