Khaing Zaw

Khaing Zaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khaing Zaw, Yangon.

ကိုယ့်မိသားစုဘဝ နောက်ရေးကို စိတ်အေးရအောင်လို ငွေစုဆောင်းကြပါစို့။
👉🏻Following the best page link,
***"the bank that grows with you" ***
(https://www.facebook.com/AGDBank?mibextid=ZbWKwL)

28/04/2026

လေးစားတန်ဖိုးထားရပါသော AGD ဘဏ်၏ Customer များ

၂၀၂၆ ခုနှစ် ၊ ဧပြီလ ၊ ၃၀ ရက်နေ့ ( ကြာသပတေးနေ့ ) သည် “ကဆုန်လပြည့်နေ့ ”ဖြစ်ပြီး ၂၀၂၆ခုနှစ် ၊ မေလ ၊ ၁ ရက်နေ့ ( သောကြာနေ့ ) သည် “အလုပ်သမားနေ့” ဖြစ်သည့်အတွက် အများပြည်သူအလုပ်ပိတ်ရက်များနှင့် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် AGD ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဘဏ်ပိတ်ရက်အတွင်း ATM စက်ဝန်ဆောင်မှုများ၊ ဘဏ်ကတ်ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို AGD ဘဏ် ရဲ့ Call Center Hotline (+95 1 23 99 333) သို့ နေ့စဥ် နံနက် (၉) နာရီမှ ည​နေ (၅) နာရီ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


28/04/2026

AGD ဘဏ်ရဲ့ Fixed Deposit Account ဆိုတာ အပ်နှံထားတဲ့ ငွေကြေးကို လုံခြုံစွာထိန်းသိမ်းပေးတဲ့အပြင် အပ်နှံတဲ့ငွေပမာဏပေါ်မူတည်ပြီး အတိုးနှုန်းမြင့်မားစွာရရှိနိုင်တဲ့ ငွေစုအကောင့်ဖြစ်ပါတယ်။

၀င်ငွေတိုးပွားလိုသူတွေ၊ စိတ်ချတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံချင်သူတွေ၊ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ရရှိလိုသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။ Fixed Deposit Account ရဲ့ အမြင့်မားဆုံး အတိုးနူန်းတွေဖြစ်တဲ့

12 Months - 12% p.a.
6 Months - 11.50% p.a. တွေနဲ့အတူ အနာဂတ်အတွက် စိတ်ချရဖို့ AGD ဘဏ်မှာ လာရောက်စုဆောင်းလိုက်ပါ ။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)
နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

25/04/2026

လက်တွေ့မှာ ငွေစုဖို့ ခက်ခဲနေပေမယ့် စိတ်ကူးထဲမှာ AGD ဘဏ်နဲ့ ငွေစုမယ့် အကြိမ်အရေအတွက်က ဘယ်လောက်ရှိလဲဆိုတာ တွက်ကြည့်ပြီးဖြေကြည့်ပေးပါဦး ။

25/04/2026

ငွေလွှဲ၊ ငွေစုနဲ့ အခြားသော ဘဏ်ဝန်ဆောင်မှုဆိုင်ရာ သိလိုသမျှတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် မေးမြန်းစုံစမ်းနိုင်မည့် AGD ဘဏ် Call Center Hotline Number 01 23 99 333 သို့ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံး ဖြေကြားပေးဖို့ AGD ဘဏ် Call Center Team က အမြဲအသင့်ရှိနေပါတယ်။

25/04/2026

Financial Literacy တတ်မြောက်ထားခြင်းဟာ ငွေကြေးစီမံခန့်ခွဲမူအတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်ပါ ။ နေ့စဥ်လူပ်ရှားရုန်းကန်ရင်း အသုံးပြုနေတဲ့ အသုံးစရိတ်များ ၊ ရင်းနှီးမြှပ်နှံမူနှင့် ငွေကြေးကိစ္စအရပ်ရပ်တို့နဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ Financial Literacy က များစွာ အထောက်အပံ့ရရှိစေပါတယ် ။

Financial Literacy တက်မြောက်ထားခြင်းကြောင့်
- ဝင်ငွေနဲ့ ထွက်ငွေအပေါ် ထိရောက်စွာ ခန့်ခွဲပေးနိုင်ခြင်း
- အနာဂတ်ရည်မှန်းချက်အတွက် ပိုမိုမြန်ဆန်စေခြင်း
- ငွေစုဆောင်းမူအား ပိုမိုလွယ်ကူစေခြင်း
- ငွေကြေးလိမ်လည်မူတို့မှ ကာကွယ်ပေးနိုင်ခြင်း
- အကြွေးကင်းစင်စေခြင်း
- ထွက်ပေါ်လာသော သတင်းအချက်အလက်နှင့် ငွေကြေးဗဟုသုတတို့ကို အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုတို့ကို မှန်ကန်စွာဖြင့် ဆုံးဖြတ်ချက် ချနိုင်ပါတယ် ။
ဒါကြောင့် ငွေကြေးကိစ္စအဝဝတို့နှင့် သက်ဆိုင်တဲ့ Financial Literacy အတတ်ပညာကို သင်ယူလေ့လာထားသင့်ပါတယ်။ AGD ဘဏ်ရဲ့ #ငွေရေးကြေးရေး၁၀၁ အစီအစဥ်ဖြစ်ပါတယ်။

25/04/2026

လစဥ်ပုံမှန်ဝင်ငွေတိုးပွားမယ့် အကောင်းဆုံး ရွေးချယ်မူကတော့ AGD ကြိုယူ ၁ လ (Fixed Deposit Account) နဲ့အတူ စုဆောင်းငွေတွေ အပ်နှံခြင်းပါပဲ ။

AGD ကြိုယူ ၁ လ (Fixed Deposit Account) က အမြင့်ဆုံးအတိုးနှုန်းတွေဖြစ်တဲ့
6 Months - 11% p.a.
12 Months - 11.50% p.a. ထိ ရရှိနိုင်ပြီး လစဥ်အတိုးထုတ်ယူနိုင်မှာဖြစ်တဲ့အပြင် ငွေစအပ်တဲ့နေ့မှာတင်
- အတိုးကိုတပါတည်း ထုတ်ယူခွင့်ရခြင်း
- လုံခြုံစိတ်ချစွာ ငွေစုထားနိုင်ခြင်း
- ငွေအပ်နှံခြင်းကို ငွေသား (သို့) Interbank ငွေလွှဲတို့ဖြင့် ပြုလုပ်နိုင်ခြင်း
စတဲ့အားသာချက်တွေလည်း ရရှိနိုင်ပါသေးတယ်။ လစဥ်ပုံမှန်၀င်ငွေတစ်ခုတိုးဖို့ AGD ရဲ့ ကြိုယူ ၁ လမှာ ငွေစုလိုက်ပါ။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

24/02/2026

မသိတဲ့သူတွေဆီကနေ OTP ကုဒ်လာတောင်းနေပြီဆို ယုံကြည်ပြီး မပေးမိလိုက်ဖို့
"The Safety Squad" က Mr. Wise ရဲ့ အကြံပြုချက်တွေကို သတိထားလိုက်ကြရအောင်။

#နှစ်ခါစဥ်းစားပါ
#လုံခြုံစွာနေပါ


24/02/2026

🍂🍁 နွေရာသီသို့ကူးပြောင်းစ ပြုလာတဲ့အခါ အပင်တွေမှာ သစ်ရွက်အဟောင်းတွေ ကြွေကျပြီး အဖူးအရွက်အသစ်တွေ ထွက်ရှိဖို့ ဦးတည်စပြုလာနေပါပြီ။ နွေဦးမှာ အပင်အချို့ရဲ့ အကိုင်းအခက်တွေမှာ ရော်ရွက်ဝါနဲ့ ကြွေကျနေတဲ့အရွက်တွေ ရှိနေတာဟာ သဘာဝတရားကြီးရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အပြင် ပူပြင်းလာတဲ့ ရာသီဥတုမှာ ပြောင်းလဲရှင်သန် နေထိုင်နိုင်ဖို့အတွက်လဲ ဖြစ်ပါတယ်။

- အပင်တွေဟာ ရေအလုံအလောက် မရရှိတဲ့အချိန် အစိုဓာတ်ကို ထိန်းထားနိုင်ရန်
- အိုဟောင်းပြီး အစာချက်နိုင်စွမ်း မရှိတော့တဲ့ အရွက်တွေကို စွန့်လွတ်ပြီး အရွက်အသစ်တွေ ထွက်နိုင်ရန်
- ရေနဲ့ အစာအာဟာရကို စုဆောင်းပြီး အပင်အတွက် ပိုအကျိုးရှိစေမဲ့ အစိတ်အပိုင်းအတွက် အသုံးပြုနိုင်ရန် သစ်ရွက်ဟောင်းတွေကို အပင်တွေကိုယ်တိုင် ခြွေချတတ်ကြပါတယ်။

💧🌱 ရေပုံမှန်လောင်းပေးခြင်း၊ အပင်နားတစ်ဝိုက်မြေဆီလွှာကို အစိုဓာတ်ထိန်းရင် အရွက်များ ကောက်ရိုးခြောက်များဖြင့် ဖုံးအုပ်ပေးခြင်းအပြင် အပင်ပိုးမကျအောင် ဂရုတစိုက် စောင့်ကြည့်ပေးခြင်းဟာလဲ ကိုယ်တန်ဖိုးထားရတဲ့ အပင်တွေအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ ပူပြင်းလှတဲ့နွေရာသီမှာ အပင်တွေဟာ လူသားတွေကို အပူဒဏ်ကနေ တစိတ်တပိုင်းမှ ကာကွယ်ပေးနိုင်လို့ အပင်တွေကို မြတ်နိုးတန်ဖိုးထားသင့်ကြောင်း AGD ဘဏ် မှအကြံပြုတိုက်တွန်းအပ်ပါတယ်။

Awareness

24/02/2026

AGD ဘဏ်ရဲ့ ငွေကြေးဝန်ဆောင်မူတို့နှင့်ပတ်သက်ပြီး သိလိုသမျှကို AGD ဘဏ် Call Center Hotline Number 01 23 99 333 သို့ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံး ဖြေကြားပေးဖို့ AGD ဘဏ် Call Center Team က အမြဲအသင့်ရှိနေပါတယ်။

"

24/02/2026

ပုံမှန်အလုပ် (Active Income) မှာတော့ သင်က အချိန်ပေးမှ ငွေရတာဖြစ်ပေမဲ့၊ Sleeping Income ( အိပ်နေရင်းငွေရှာခြင်း ) မှာတော့ သင်က တစ်နေရာမှာ အနားယူနေချိန် ဒါမှမဟုတ် ခရီးသွားနေချိန်မှာတောင် ဝင်ငွေက သင့်အိတ်ကပ်ထဲကို အလိုအလျောက် စီးဝင်နေမှာ ဖြစ်ပါတယ်။

Sleeping Income ( အိပ်နေရင်းငွေရှာခြင်း ) ဟာ စနစ် ( သို့မဟုတ် ) ရင်းနှီးမြှပ်နှံမူ တို့ကနေ ငွေရှာပေးတာ ဖြစ်ပါတယ် ။

Sleeping Income ( အိပ်နေရင်းငွေရှာခြင်း )တွေကို ဥပမာအားဖြင့် ( အိမ်ခြံမြေ ငှားခ ၊ ရှယ်ယာအမြတ်ငွေ နဲ့ Digital Products ) တို့ကနေတစ်ဆင့် ရရှိနိုင်ပါတယ် ။

Sleeping Income ( အိပ်နေရင်းငွေရှာခြင်း ) ဆိုတာ မည်သည့်အလုပ်မျှမလုပ်ပဲ ပိုက်ဆံဝင်နေတာမျိုးမဟုတ်ပဲ အချိန်နဲ့ငွေကို ရင်းနှီးမြှုပ်နှံရတဲ့ ""ရေရှည်စီမံကိန်း"" တစ်ခု ဖြစ်ပါတယ် ။

Sleeping Income ( အိပ်နေရင်းငွေရှာခြင်း ) ကို ရရှိဖို့အတွက် ငွေကြေးဆိုင်ရာအလေ့အထနဲ့ ဆောင်ရန်ရှောင်ရန်တို့ကိုလည်း သိထားပြီး ပြန်လည်လိုက်နာမှသာ ရရှိမှာဖြစ်ပါတယ် ။ AGD ဘဏ်ရဲ့ #ငွေရေးကြေးရေး၁၀၁ အစီအစဥ်ဖြစ်ပါတယ်။

"

Address

Yangon

Alerts

Be the first to know and let us send you an email when Khaing Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Zaw:

Share