Myanmar Agribusiness Public Company Limited - MAPCO

Myanmar Agribusiness Public Company Limited - MAPCO Myanmar Agribusiness Public Company Limited (MAPCO) is a wholly-owned non-government Public Corporation, established in 2012. Corporate Governance
2.

MAPCO is formed to mobilise public savings and to faster broader investment in agriculture and agro-based industries of Myanmar. Various Divisions of Organisation

1. Corporate Information
3. Communication and Publication Service
4. Information and Technology Service
5. Intellectual Property Management Unit
6. Legal Service
7. Procurement Services
8. Corporate Finance
9. Financial Planning and Rep

orting
10. Investor relations
11. Corporate Business Operations
12. Corporate Social Responsibility
13. Risk Management and Quality Assurance
14. Research and Development
15. Office of External Relations
a. Development Office
b. International and Relations and Program Coordination
c. National Program Relations
d. Public Relations

17/04/2026
မြန်မာနိုင်ငံလယ်ယာစီးပွါးရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO)၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား  ဖ်ိတ်စာပါ အစီအစဉ်အတိုင်း ကျင်...
04/12/2025

မြန်မာနိုင်ငံလယ်ယာစီးပွါးရေးအများပိုင်ကုမ္ပဏီလီမိတက်(MAPCO)၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား ဖ်ိတ်စာပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်​ပါ၍ အစုရှယ်ယာရှင်များ သိရှိနိုင်ပါရန် နှင့် ဆက်သွယ်တက်ရောက်နိုင်ပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အခြားသိရှိလိုသည်များကို မေးမြန်းစုံစမ်းလိုပါက ဖိတ်စာပါ R.S.V.P များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

🪔🪔သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) 🪔🪔မင်္ဂလာရှိသော သီတင်းကျွတ် အချိန်အခါသမယတွင် MAPCO ၏ မိတ်ဟောင်း ၊ မိတ်သစ်မ...
06/10/2025

🪔🪔သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) 🪔🪔
မင်္ဂလာရှိသော သီတင်းကျွတ် အချိန်အခါသမယတွင် MAPCO ၏ မိတ်ဟောင်း ၊ မိတ်သစ်များ ၊ ဝန်ထမ်းမိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း​ချမ်းမြေ့ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပါစေကြောင်း MAPCO မိသားစုမှ ဆုမွန်ကောင်းတောင်း အပ်ပါသည်။

Myanmar Agribusiness Public Co., Ltd အနေဖြင့် ဆန်၊ဆန်ကွဲ၊ ပေါင်းဆန် နှင့် အခြားသီးနှံများကို နိုင်ငံတကာသို့ တင်ပို့လျှက်...
29/09/2025

Myanmar Agribusiness Public Co., Ltd အနေဖြင့် ဆန်၊ဆန်ကွဲ၊ ပေါင်းဆန် နှင့် အခြားသီးနှံများကို နိုင်ငံတကာသို့ တင်ပို့လျှက်ရှိရာ စက်တင်ဘာလ ဒုတိယအပတ်အတွင်းတွင် Black Matpe SQ (4250 MT) အား India နိုင်ငံ Chennai Port သို့လည်းကောင်း၊(1725 MT) အား Pakistan နိုင်ငံ Karachi Port သို့လည်းကောင်း တင်ပို့ခဲ့ပါသည်။

Internal Training ကျင်းပပြုလုပ်MAPCO Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပုံမှန် လေ့ကျင့်ပညာပေးရေး တိ...
23/09/2025

Internal Training ကျင်းပပြုလုပ်

MAPCO Group အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပုံမှန် လေ့ကျင့်ပညာပေးရေး တို့ကို ဆောင်ရွက်လျက်ရှိပြီး ၂၂.၉.၂၀၂၅ ရက်နေ့တွင် ရုံးချုပ် ဝန်ထမ်းများအား ရုံးစာများ ရေးသားပြုစုခြင်း နှင့် လုပ်ငန်းခွင်အတွေ့အကြုံများဝေမျှခြင်း တို့ကို Internal Training ပြုလုပ်ခဲ့ပါသည်။ ရုံးတွင်းတင်ပြစာများ၊ပြင်ပထွက်စာ(ဘဏ်/ကုမ္ပဏီ)၊ ဌာနဆိုင်ရာများ/အသင်းအဖွဲများသို့တင်ပြစာများနှင့် Power Point ပြင်ဆင်ရာတွင်လိုက်နာရမည့်အချက်များအား အဓိကထားရျ် စနစ်တကျဖြစ်စေရန် ရှင်းလင်းပို့ချ ပေးခဲ့ပါသည်။

ရန်ကုန်တိုင်း​ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာ အုပ်စု၊  ဂျိုးဖြူကျေးရွာအုပ်စုတို့မှ ဒေသခံ တောင်သူလယ်သမာ...
11/09/2025

ရန်ကုန်တိုင်း​ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာ အုပ်စု၊ ဂျိုးဖြူကျေးရွာအုပ်စုတို့မှ ဒေသခံ တောင်သူလယ်သမားများနှင့် Rice Export Zone ဖော်ဆောင်ရေးဆွေးနွေးညှိနှိုင်းပွဲကို ( ၆.၉.၂၀၂၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ တောင်သူ (၄၁) ဦး၏ စိုက်ဧက (၃၀၄)ဧက တွင် အသုံးပြုရန် ပုလဲဓါတ်​မြေသြဇာ တစ်ဧကလျှင် တစ်အိတ်(50Kg)​ထောက်ပံ့ကူညီ​ပေးအပ်ခဲ့ပါသည်။ MAPCO Group အနေဖြင့် တိုက်ကြီးမြို့နယ်တွင် export zone ဆောင်ရွက်ရေးကို ဒေသခံတောင်သူလယ်သမားများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MAPCO အနေဖြင့် ၂၀၂၅ ခုနှစ် မိုးစပါးရာသီ၊ စပါးစိုက် တောင်သူလယ်သမားများအား မျိုး၊ ဓါတ်မြေဩဇာ စသော သွင်းအားစုများ ဖြန့်ဖြူး...
29/07/2025

MAPCO အနေဖြင့် ၂၀၂၅ ခုနှစ် မိုးစပါးရာသီ၊ စပါးစိုက် တောင်သူလယ်သမားများအား မျိုး၊ ဓါတ်မြေဩဇာ စသော သွင်းအားစုများ ဖြန့်ဖြူးပေးအပ်ခဲ့ပါသည်။ MAPCO Group အနေဖြင့် မိုးစပါးရာသီ တွင် တောင်သူလယ်သမားများနှင့် ပူးပေါင်းပြီး စုစုပေါင်း စိုက်ဧက ( ၁၉၉၉၂ ) တွင် contract farming ဆောင်ရွက်လျက်ရှိပါသည်။

27/07/2025

*တီ​​မွေးမြူ​ရေးနှင့် တီ​ကျစ်မြေ​ဆွေးထုတ်ယူနည်း*
(Worm Farming at Home with Vermiculture)
မိမိ​ဒေသနှင့်ကိုက်ညီ​သော တီမျိုးများကို အမျိုးမျိုးမွေးမြူနိုင်ပါသည်။ ​မွေးမြူကြသည့်နည်းစနစ်များတွက်အုပ်ကန်များ၊ ပလတ်စတစ်ပုံးများ၊သစ်သားပုံးများ၊ မြေတွင်းတူး၍ ပလတ်စတစ်ခံပြီး မွေးမြူနည်းများဖြင့် မွေးမြူနိုင်ပါသည်။ထို့အပြင် တီ​မြေ​ဆွေးကိုစီးပွားဖြစ်ထုတ်လုပ်ကြ​သော​တောင်သူများတွင် ကွင်းပြင်တွင် ၃​ပေအကျယ် အရှည် မိမိနှစ်သစ်​သောပုံစံများဖြင့် ​အောင်​မြင်စွာ​မွေးမြူနိုင်ပါသည်။ အဓိကမိမိ​မွေးမြူမည့်စနစ်သည်မိမိ​ဒေသနင့်ကိုက်ညီပြီး ကုန်ကျစရိတ်သက်သာ​သော နည်းစနစ်တခုဖြစ်ရန်သည် အ​ရေးကြီးဆုံးဖြစ်​ပေသည်။

တီများအတွက်အကောင်းဆုံးပတ်ဝန်းကျင်
တီ​ကောင်များသည် အပူချိန်အနိမ့်အမြင့်ကိုခံနိုင်ရည်ရှိကြ​ပေသည်။ သို့​သော် အပူချိန်နိမ့်လွန်းခြင်းမြင့်လွန်းခြင်းအ​ခြေအ​နေသို့​ရောက်ရှိပါက တီ​ကောင်များ၏ မျိုးပွားစွမ်းရည်ကို ကျဆင်း​စေရုံသာမက တီ​မြေ​ဆွေးထုတ်လုပ်​ပေးနိုင်မှုကိုပါ ​လျော့နည်း​စေပါသည်။ ထို့​ကြောင်တီ​ကောင်များအတွက်အသင့်​တော်ဆုံးပတ်ဝန်းကျင်အ​နေအထားများမှာ
၁။ တီကောင်များအတွက်အကောင်းဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးရန်မှာ အပူပိုင်းဒေသတီကောင်း များအတွက် အပူချိန်၁၂C မှ ၂၅ Cသည် အသင့်တော်ဆုံးဖြစ်သည်။အပူချိန်၂၀C​အောက်ရှိပါက ၂၅ C​အောက်ရှိပါက တီမျိုးပွားနှုန်းအ​ကောင်းဆုံးဖြစ်​ပေသည်။ ထို့​ကြောင်တီများကို ကချင်ပြည်နယ်မှအစ ထား၀ယ်​ဒေသအထိ​ကောင်းစွာ​မွေးမြူနိုင်ကြ​ပေသည်။
၂။ တီကောင်များသည် အရေခွံမှအသက်ရှုသည့်သတ္တဝါဖြစ်သည့်အတွက် ​လေဝင်​လေထွက်​ကောင်း​အောင်ဖန်တီး​ပေးသင့်​ပေသည်။
၃။ အစိုဓါတ်များလွန်းခြင်းနှင့်နည်းလွန်းခြင်းမဖြစ်​အောင်သင့်တော်သော အစိုဓါတ်အမြဲရှိ​အောင် ဂရုစိုက်ရ​ပေမည်။
၄။ တီကောင်များအတွက် အစာ​ကျွေးရာတွင် လိုအပ်သလိုအစာလုံလောက်စွာ‌ထည့်​ပေးထားရ​ပေမည်။အစာမလုံ​လောက်ပါက မျိုးပွားနှုန်းကျဆင်း​စေပါသည်။
၅။ တီကောင်၏ သက်တမ်းသည် ၄နှစ် မှ ၈နှစ်အထိရှိပြီး ပတ်ဝန်းကျင်နှင့်သားရဲ​ကောင်များအ​ပေါ်မှုဤ အသက်ရှင်သန်နိုင်ကြ​ပေသည်။
၆။ ​တီကျစ်မြေ​ဆွေးထုတ်လုပ်မည်ဆိုပါကတီကျစ်စာကန် ၄​ပေ ၆​ပေပတ်လည် မျက်နှာပြင်ရှိ တီကန်တွင် ၅ကီလိုခန့် ထည့်၍ မွေးမြူရ​ပေမည်။ တီမျိုးပွားရန်အတွက်ဖြစ်ပါက ၂ကီလို​လောက်ထည့်​မွေးမြူနိုင်​ပေသည်။

စီးပွားဖြစ်တီကောင်မွေးနည်းနှင့်တီကျစ်စာမြေဆွေးထုတ်လုပ်နည်း
စီးပွားဖြစ်တီကောင်နှင့် တီမြေဆွေးပြုလုပ်မည်ဆိုပါက စနစ်တကျစီစဥ်၍ မိမိကြိုက်နှစ်သက်​သော​မွေးမြူနည်းစနစ်ဖြင့် တီကန်များကို အနံ ၊ အမြင့် နှင့် အလျားကို မိမိလိုသလိုထား၍ပြုလုပ်နိုင်ပါသည်။ တီ​မြေ​ဆွေးစတင်ထုတ်လုပ်မည်ဆိုပါက မွေးမြူရန်တီကောင်များကိုလုံ​လောက်စွာရရှိ​အောင် ဝယ်ယူခြင်း၊ ​မွေးမြူထားခြင်းများကိုကြိုတင်လုပ်​ဆောင်ထားရ​ပေမည်။
မိမိလိုအပ်​ငသာပမာဏကိုရအောင်မွေးမြူထားပါက ကုန်ကျစရိတ်သတ်သာပါသည်။
တီကျစ်စာထုတ်လုပ်မှုစနစ်၂မျိုး
တီကျစ်စာ​မြေ​ဆွေးများကိုထုတ်လုပ်မည်ဆိုပါက မိမိနှစ်သစ်သလိုထုတ်ယူအသုံးပြုနိုင်​ပေသည်။ စီးပွားဖြစ်တီ​မွေးမြူရာတွင် အထူးသဖြင့်
၁။ Batch Culture တစ်ကြိမ်တစ်ခါတည်းနှင့် တီကျစ်စာထုတ်ယူနည်းနှင့်
၂။ Continuous Culture အဆက်မပြတ် တီကျစ်စာထုတ်ယူနည်း၂မျိုးဖြင့်ထုတ်လုပ်ကြ​ပေသည်။
၁။ တစ်ကြိမ်တခါတည်းနှင့် တီကျစ်စာထုတ်ယူနည်းကို ပြုလုပ်မည်ဆိုပါက တီနေရန် အလွှာ (bedding) နှင့်အစာများကို တလည့်စီအလွှာလိုက် တီကန်ထဲတွင်ထည့်ပြီးတီကျစ်​မြေ​ဆွေးထုတ်လုပ်ရန် လုံလောက် သော တီကောင်ပမာဏကို ထည့်ပြီး ရေကိုလိုအပ်သလောက်ဖျန်းပေးရန်ဖြစ်​ပေသည်။ ​နွေ၊မိုး၊​ဆောင်း​ပေါ်မှုတည်၍ ​ရေကိုလိုအပ်သလို​လောင်း​ပေးနိုင်​ပေသည်။ အထူးသဖြင့် ​နွေရာသီတွင်​ရေလိုအပ်ချက်များပြီးမိုးနှင့်​ဆောင်းတွင်​ရေလိုအပ်ချက်နည်း​ပေသည်။ တစ်ကြိမ်တည်းထုတ်ယူရန်အတွက် မွေးလျှင်ကန်အောက်အလွှာနေထိုင်တက်သော African Night Crawler တီများနှင့် အပေါ်ယံတွင် နေထိုင်တက်သော Indian Blue worm, Red Wiggler တီနီများ Surface dwellers များနှင့်ရော၍ မွေးမြူပါကအ​ကောင်းဆုံးနည်းဖြစ်​ပေသည်။တီနေထိုင်ရန် နေရာနှင့်အစားကိုထည့်ပြီးရေလောင်းပြီ ၁ပတ်မှ ၁၀ရက်ခန့် နှပ်ထားပြီးအပူဓါတ်ကုန်ပီး အေးသွားသောအခါတွင် တီကောင်များကို ထည့်ပေးပါ။ ကြွက်၊ ငှက်၊ဖား၊အိမ်​မြှောင်၊​တောက်တဲ့စသည့် ရန်မှကာကွယ်ရန် အပေါ်မှ အမှိုက်၊ ငှက်​ပျောရွက်များဖြင့် ဖုံးထားပါ။ ရေကိုလိုအပ်သလို တစ်ပါတ်တစ်ကြိမ်မှ နှစ်ကြိမ် လောင်းပေးပါ။ တီစွန့်ပစ်ရည်ကို တစ်လတစ်ခါ ထုတ်ယူနိုင်ပြီး တီကန်တွင်းရှိအစာများ ကုန်သွားလျှင် တကြိမ်တည်းတီကျစ်စာများထုတ်ယူနှိုင်ပါသည်။ထိုနည်းလမ်းသည်မိမိအသုံးပြု​​သောတီပမာဏ​ပေါ်မှုတည်၍ ၁လမှ၃လခန့်ကြာမြင့်နိုင်​ပေသည်။ တီကျစ်စာထုတ်ချိန်တီ​ကောင်များအလွန်ပွားများ​နေပါက ကန်အသစ်ဖြင့်​ပြောင်း​ရွေ့​မွေးမြူသင့်​ပေသည်။Batch Culture အသုတ်လိုက် တီမွေးမြူနည်းအားသာချက်မှာ တစ်ကြိမ်တခါတည်းအစာများ ထည့်ထားပြီး ရေကို တစ်ပတ် ၂ကြိမ်လိုအပ်သလို ဖျန်းပေးရန်သာလိုသည်။
၂။ Continuous Culture တီမွေးမြူနည်းဖြစ်သော အဆက်မပြတ်မွေးမြူပြီး တီကျစ်စာများကိုထုတ်ယူနည်းတွင် တီ​မွေးမြူ​ရေးပြင်ဆင်ရာတွင် Batch cluster တီ​မွေးမြူနည်းအတိုင်း ပြင်ဆင်ရ​ပေမည်။ တီနေရန်နွားချေး ဆွေး၊ မြေဆွေးစ သည့်တို့ကို (၆)လက်မထုရအောင် ဖြည့်ပြီး ၁၅ရက်ခန့်အပူချိန်ကျသွားအောင် နှပ်ထားပြီး တီကောင်များထည့်ပြီး မွေးပါ။ ၃-၄ရက်ကြာ
တီကောင်များနေ သားကျသွားလျှင် အစာများကို တစ်ပတ်တစ်ကြိမ် နှင့် ရေကို လိုအပ်သလိုတစ်ပါတ် ၂ကြိမ်ဖျန်းပေးပါ။ အစာမျာကို ကုန်မှလို သလောက်ကျွေးပေးရန်။ အစာများအ​ပေါ်ယံတွင်ကုန်သွားပါက အ​ပေါ်ယံအလွှာမှ တီကျစ်​မြေ​ဆွေးကိုထုတ်ယူရ​ပေမည်။ ထို့​နောက် တပတ်ခန့်​နေချိန်တွင်​အောက်မှကျန်ခဲ့​သော​အလွှာကို တီမှစား​ထားပြီးဖြစ်၍ တီကျစ်စာကိုပြန်လည်ထုတ်ယူနိုင်​ပေသည်။ ​အောက်​ခြေ​ရောက်ရှိသွားပါကအစာအသစ်ပြန်ကျွေး​ပေးရ​ပေမည်။ တီကျစ်စာများကိုအရိပ်တွင် ဖြန့်ပြီး အခြောက်ခံပြီး အစိုဓါတ် ၁၅% ခန့်ရလျှင် ဇကာချ အိတ်သွတ်ပြီးအေးသောနေရာတွင် သိမ်းဆည်းထားပြီး အပင်အားလုံးတွင်အသုံးပြုနိုင်​ပေမည်။။

တီကျစ်စာနှင့်တီမွေးမြူရေးမှရရှိမည့်အကျိုးအမြတ်များ
တီကောင်မွေးမြူရေးနှင့် တီကျစ်စာထုတ်လုပ်ရေးတွင် အထူးသဖြင့် ​မွေးမြူ​ရေးနှင့် နွားမွေးမြူသော တောင်သူများအတွက် အကျိုးအမြတ်များစွာရရှိနှိုင်ပါသည်။ တီကျစ်​မြေ​ဆွေးတွင် အကျိုးပြုအဏုဇီဝသက်ရှိများ၊အင်ဇိုင်းများပါ၀င်​သော​ကြောင့် တီကျစ်​မြေသြဇာ​​​ကျွေးထား​သော အသီးအနှံများတွင် ​ရောဂါကျ​ရောက်မှုကို သက်သာ​စေပါသည်။ တီကျစ်စာတွင် အကျိုးပြုသက်ရှိများပါ၀င်​သော​ကြောင့် ​မြေဆီလွှာတွင်းထည့်သွင်းအသုံးပြုပါက​မြေဆီလွှာကို မွှရွှ​စေပြီး ​မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ဓါတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိ ကို​ကောင်းစွာတိုးတတ်​စေပါသည်။
Htet Zaw Htun - Organic Farming Coach
------------------
သဘာဝ တီကျစ်မြေဆွေးနှင့် တီကျစ်ဆေးရည်ကို လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ။
အမှတ်(၁၀၀)၊ ဝါးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်၊ ဝါးတန်းဆိပ်ကမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။09-880911978၊ 09-880911979

23/07/2025

Address

Yangon
11181

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Telephone

+9512301652

Alerts

Be the first to know and let us send you an email when Myanmar Agribusiness Public Company Limited - MAPCO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Agribusiness Public Company Limited - MAPCO:

Share