Wave Your Trade - WYT

Wave Your Trade - WYT WAVE your trades with Consistent profits through Discipline!

26/07/2024

Crypto Investment ဆိုတာဘာလဲ?



25/07/2024

Cryptocurrency ဆိုတာဘာလဲ?



Legendary trader တစ်ယောက်ဖြစ်လာခဲ့တဲ့ လူတစ်ယောက်အကြောင်း ကြားဖူးပါသလား။ ဒီနေ့ trading လောကမှာ ထင်ရှားအောင်မြင်ခဲ့တဲ့ tra...
24/07/2024

Legendary trader တစ်ယောက်ဖြစ်လာခဲ့တဲ့ လူတစ်ယောက်အကြောင်း ကြားဖူးပါသလား။ ဒီနေ့ trading လောကမှာ ထင်ရှားအောင်မြင်ခဲ့တဲ့ trader တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။

သူ့နာမည်ကတော့ Paul Tudor Jones ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သူဟာ finance ကို စိတ်ဝင်စားခဲ့တဲ့ လူငယ်လေး တစ်ယောက်ရဲ့အခြေအနေကနေ trading လောကမှာ လူတိုင်းလေးစားလာရတဲ့ အနေအထားအထိကို အောင်မြင်ခဲ့တဲ့သူပါ။ သူဘယ်‌လိုတွေလုပ်ခဲ့တယ်။ ဘာတွေကိုယုံကြည်ခဲ့တယ်။ သူ့ရဲ့အောင်မြင်မှု မှတ်တိုင်တွေကို ဘယ်လိုစိုက်ထူခဲ့သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

Jonesဟာ စက်တင်ဘာ ၂၈ ၊၁၉၅၄ တွင် Memphis, Tennessee မှာ မွေးဖွားခဲ့တဲ့သူပါ။ အလုပ်ကြိုးစားကြတဲ့မိသားစုကနေ မွေးဖွားလာတယ်လို့လဲ ပြောလို့ရပါတယ်။ သူ့အဖေဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ အမေကတော့ သာမန်အိမ်ရှင်မ တစ်ယောက်ပါပဲ။ သူဟာ ငယ်ငယ်လေးကတည်း အလုပ်ကြိုးစားခြင်းရဲ့ရလဒ်တွေ၊ စည်းကမ်းလိုက်နာမှုတွေကို သူ့ရဲ့မိသားစုဆီကနေ သင်ယူခဲ့ရသူလဲဖြစ်ပါတယ်။ University of Virginia မှာ Economics ဘာသာရပ်ကို လေ့လာခဲ့ပြီး ၁၉၇၆ မှာ ဘွဲ့ရခဲ့ပါတယ်။ ကောလိပ်တက်နေတုန်း Wall Street မှာ အလုပ်လုပ်တဲ့သူ့ဦးလေးကြောင့် Finance and trading အကြောင်းကို စပြီး စိတ်ဝင်စားခဲ့တယ်လို့ပြောလို့ရပါတယ်။ ကောလိပ်ပြီးသွားတော့ big brokerage firm တစ်ခုဖြစ်တဲ့ E.F Hutton မှာ စာရေးအနေနဲ့ သူ့ရဲ့ finance career ကို စတင်ခဲ့တာပါ။

သူ့ရဲ့အစောပိုင်းနေ့ရက်တွေကတော့ စိတ်လှုပ်ရှားမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ Jones နားလည်လိုက်တာက trading ဆိုတာ knowledge တစ်ခုထက်ပိုပြီး (emotional strength) စိတ်ခံစားမှုကိုနိုင်ဖို့လိုတယ်။ market behaviour ကို နားလည်ထားရမယ်ဆိုတာကိုပါ။ သူရဲ့ပထမဆုံး big tradeဟာ အရှုံးနဲ့ကြုံခဲ့ရပြီး risk management အရေးကြီးကြောင်းကို သူ ကောင်းကောင်း သင်ယူခဲ့ရပါတယ်။ သူဟာ Eli Tullis အတွက် အလုပ်လုပ်ပေးရတာပါ။ Eliဟာ အောင်မြင်နေတဲ့ New Orleans က cotton trader တစ်ယောက်ပဲဖြစ်ပါတယ်။ Jones ဟာ Eli ဆီကနေ future trading နဲ့ပတ်သက်ပြီး market ရဲ့ အတက်အကျတွေမှာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သေချာ သင်ယူခဲ့ရပါတယ်။ အဲဒီအတွေ့အကြုံကပဲ သူ့ကို trading နဲ့ပတ်သက်ပြီး သူရဲ့ချဉ်းကပ်ပုံကို ပုံဖော်ပေးခဲ့တယ်လို့ပဲ ဆိုရမှာပါ။

Jonesဟာ trading မှာအောင်မြင်ဖို့ အတွက်ဆို အမြတ်ကိုရှာနိုင်ရုံနဲ့ မဟုတ်ပဲ ကိုယ့်ရဲ့ငွေကို မဆုံးရှုံးအောင်ပါ ကာကွယ်နိုင်ရမယ်ဆိုတာဟာ အဓိကအချက်ဖြစ်ကြောင်း ယုံကြည်ခဲ့တဲ့သူပါ။ သူ ပြောလေ့ရှိတဲ့စကားက trading မှာအောင်မြင်ချင်ရင် အရေးကြီးဆုံး ruleက greate offense လုပ်ရမှာမဟုတ်ပဲ Great defense သာလုပ်ရမယ်ဆိုတာပါပဲ။

Jones ဟာ economic trendsတွေရဲ့ big picture နဲ့ world events တွေကိုပဲကြည့်တတ်သူပါ။ သူဟာ လူအများနဲ့ အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေတတ်ပြီး တခြားသူတွေ ရောင်းရင် သူဟာ ဝယ်နေပြီး၊ တခြားသူတွေ ဝယ်ရင် သူဟာ ရောင်းနေတတ်ပါတယ်။ ဥပမာပြောရရင် market crash ဖြစ်ခဲ့တဲ့ 1987 တုန်းက သူဟာ လူအများနဲ့ဆန့်ကျင်ဘက်မှာ‌နေခဲ့ပြီး သူ့ရဲ့ prediction တွေဟာ အလုပ်ဖြစ်ခဲ့ပြီး ငွေတွေအများကြီးလဲရခဲ့ပါသေးတယ်။

Jonesဟာ သူ့ရဲ့ trading methods ‌တွေမှာ computer base trading လိုမျိုး new technologies တွေကိုပါ တွဲထည့်ခဲ့ပါတယ်။ 1980မှာတော့ Jonesဟာ Tudor Investment Corporation ကို 1.5 million နဲ့ တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ hedge fund ဟာ အလွန်အောင်မြင်လာခဲ့ပြီး Jones ဟာလဲ trading industry မှာ လူသိများလာခဲ့ပါတယ်။ သူ့ရဲ့ အကြီးမားဆုံးသော ပြောင်းလဲမှုက 1987 market crash မှာ ဖြစ်ခဲ့တာပါ။ သူဟာ market ရဲ့လားရာ ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီး အမြတ်ငွေအများကြီးလဲ ရှာနိုင်ခဲ့သလို trading လောကမှာပါ legendary တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Jones ဟာ 1990မှာ dot-com boom and bust လိုမျိုး major event တွေမှာပါ အကျိုးမြတ်များစွာရှာနိုင်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ သူဟာ Forbes listတွင် billionaire တစ်ယောက်ဖြစ်လာခဲ့ပြီး top traders တွေထဲက တစ်ယောက်အပါအဝင် ဖြစ်လာခဲ့ပါတော့တယ်။

Jones ရဲ့ legendary ခရီးစဉ်က အရမ်းကြီး လွယ်ကူနေခဲ့တာတော့မဟုတ်ပါဘူး။ စိန်ခေါ်တွေနဲ့ ပြည့်နက်နေခဲ့တာပါ။ 1994, bond market crisis မှာတော့ သူ့ရဲ့ fundဟာ အရှုံးကြီးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ risk management အပေါ် အာရုံစိုက်ခဲ့မှုနဲ့ သူ့ရဲ့ ပြောင်းလဲခဲ့တဲ့ strategies ‌တွေဟာ သူ့ကို လမ်းကြောင်းမှန်အပေါ် ပြန်လည်ရောက်ရှိစေခဲ့ပါတယ်။ Jones ဟာ အမှားတွေကနေ လေ့လာသင်ယူပြီး opportunities အတွက် ပြန်လည်အသုံးချရမယ်ဆိုပြီး ယုံကြည်ထားပါတယ်။ Pressure တွေကြားမှာ သူ့ရဲ့တည်ငြိမ်စွာလုပ်ဆောင်နိုင်မှုနဲ့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေဟာ သူ့ရဲ့ရေရှည်အောင်မြင်မှုအတွက် အခရာ ကျခဲ့ပါတယ်။

Jones ဟာသူ့ရဲ့ပညာနှင့် အတွေ့အကြုံတွေကိုဝေမျှပေးခဲ့ပြီး traders တွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ သူဟာ သူရဲ့ နည်းစနစ်အသစ်တွေ နဲ့ risk management လုပ်ပုံတွေကို trading community ဆီကို ‌ဖြန့်ဝေပေးခဲ့ပါ‌သေးတယ်။ ဒါ့အပြင် သူဟာ သူရဲ့ ပရဟိအလု‌ပ်တွေကြောင့်လဲ လူသိပိုများလာခဲ့ပါတယ်။ 1988မှာတော့ သူဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် Robin Hood Foundation ကို New York မြို့မှာ တည်ထောင်ခဲ့ပါတယ်။ Foundation ကနေ‌ လိုအပ်တဲ့သူတွေအတွက် ဒေါ်လာ ဘီလီယျံပေါင်းစွာ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

Jones ဟာ trading ကို ချဉ်းကပ်တဲ့အခါ high standards တွေချမှတ်ခြင်း၊ market practice လုပ်ခြင်းတွေ သုံးခဲ့တယ်။ သူရဲ့ ပရဟိတ လုပ်ငန်းကိုလဲ အမွေအနစ်အဖြစ် ကျန်ရှိစေချင်ခဲ့တယ်။ Jone ဟာသူရဲ့ trading psychology တွေကြောင့်လဲ လူသိများခဲ့တယ်။ သူရဲ့ လူသိများတဲ့ quote တစ်ခုကတော့ ကိုယ်ရဲ့ strategy ကို masterဖြစ်ရမယ် adaptability skillရှိရမယ်။ အဲဒါက ဘာကိုဆိုလိုတာလဲဆိုရင် trading မှာ လိုအပ်လာရင် be flexible ပြင်လွယ်ပြောင်းလွယ်ဖြစ်နိုင်ရမယ်လို့ ဆိုလိုတာပါ။ market နဲ့ ကိုယ်နဲ့လွှဲနေရင် ကိုယ့်ရဲ့ biasကို စွဲကိုင်မထားသင့်တော့ဘူးလို့ ပြောချင်တာပါ။

Jones ကို legendary trader တစ်ယောက်ဖြစ်စေခဲ့‌တဲ့ နောက်ဖြစ်ရပ်တစ်ခုကတော့ 1987 ဖြစ်ခဲ့တဲ့ Black Monday crashပါ။ Jones and သူရဲ့ team ဟာ Market pattern & economic sign တွေကို လေ့လာခဲ့ပြီး ဈေးကွက် ပြိုတော့မယ်ဆိုတဲ့အကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်။ သူရဲ့ယုံကြည်မှုနဲ့ ခန့်မှန်းချက်အပေါ်မှာ Action ယူနိုင်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဟာ market အကြောင်းသူ ဘယ်လောက်နားလည်သလဲဆိုတာသိနိုင်ပြီး သူ့ရဲ့ဂုဏ်ကိုလဲ မြင့်တင်နိုင်ခဲ့ပါသေးတယ်။

Jones ဟာ ဒီနေ့အချိန်အထိ Financial market မှာ ပါဝင်နေတုန်းဖြစ်ပြီး သူရဲ့ investment fundကိုလဲ စီမံနေတုန်းပါပဲ။ ဒဒါ့အပြင် ပရဟိတလုပ်ငန်းတွေမှာလဲ သူဟာ အခုထိ ပါဝင်‌ဆောင်ရွက်နေတုန်းပါပဲ။ပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုကာကွယ်ရေး project တွေမှာလဲ ထောက်ပံ့ပေးနေ‌ပါသေးတယ်။ ရှေ့လျှောက်လဲ finance world နဲ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်နေဦးမှာပါ။ သူ့ရဲ့အောင်မြင်မှုနဲ့ လူအများအပေါ် ကူညီ‌မှုတွေဟာ သူရဲ့ကျော်ကြားမှုကို နှစ်ပေါင်းများစွာ တည်တံ့နေဦးမှာပဲဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် beginner trader ဘဝကနေ legendary figure ဖြစ်လာတဲ့အထိ Jonesရဲ့ ဖြတ်သန်းလာမှုတွေဟာ သူရဲ့ ကျွမ်းကျင်မှု၊ လဲကျသွားလဲ ပြန်ထပြီး အဆုံးထိလျှောက်နိုင်တဲ့ ဇွဲရှိမှု၊ ရည်မှန်းချက်ကြီးမားပြီး အကောင်အထည်ဖော်နိုင်တာတွေကို ပြသနေတာပဲဖြစ်ပါတယ်။ trading မှာ သူရဲ့အောင်မြင်မှုတွေ၊ သူရဲ့အကျိုးပြုမှုတွေနဲ့ ပရဟိတ အလုပ်တွေကို ဦးဆောင်လုပ်ကိုင်နေတာတွေဟာ စစ်မှန်တဲ့ legendary တစ်ယောက်အနေနဲ့ အမြဲမှတ်ကျောက်တင်နေမှာပဲဖြစ်ပါတယ်။



22/07/2024

Forex Trading ဆိုတာဘာလဲ?



02/07/2024

"Welcome to Wave Your Trade - WYT page, you go-to resource for in-depth trading education, forex insights, cryptocurrency updates, and strategic investment advice. Whether you're a beginner looking to understand the basics or a seasoned investor seeking advanced strategies, our page offers comprehensive tutorials and market analyses. Join us to stay ahead in the dynamic world of financial markets. Follow now for actionable tips and expert guidance!"

Wave Your Trade - WYT page သည် အဓိကအားဖြင့် Forex trading & Crypto currency trading အတွက် trading strategy, trading psychology & trading education များကို ဝေမျှပေးနေသော page တစ်ခုဖြစ်ပါသည်။ Trading အတွက် Tutorial videos and Live Market Analysis များကိုလဲ သုံးသပ်ဝေမျှပေးနေသော page တစ်ခုဖြစ်ပါသည်။ Trading အပြင် Investment education များကိုပါ ဝေမျှပေးမည့် page ဖြစ်ပါသည်။



Address

Yangon

Website

https://www.tiktok.com/@waveyourtrade?_t=8ngzcjuKijh&_r=1, https://www.instagram

Alerts

Be the first to know and let us send you an email when Wave Your Trade - WYT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share