Forex For Myanmar

Forex For Myanmar မြန်မာနိုင်ငံရှိ Forex trading စိတ်ဝင်စားသူ?

စာဖတ်ကြာချိန်၃မိနစ်။စိတ်မညစ်ပါနဲ့။-------------------------------ကျွန်တော်အခုတလောမြင်မြင်နေတာက ကျွန်တော်တို့ပတ်ဝန်းကျင်မ...
07/07/2021

စာဖတ်ကြာချိန်၃မိနစ်။
စိတ်မညစ်ပါနဲ့။
-------------------------------
ကျွန်တော်အခုတလောမြင်မြင်နေတာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှု။ စိတ်ဓာတ်ကျမှု။ အနာဂတ်မဲ့မှုနဲ့ ပတ်သတ်တာတွေ တွေ့နေရတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေ အသက်၂၀ ကျော်လာပြီ အခုလိုကာလ covidနဲ့ ဒီကြားထဲ ဒီ မအလ crisis တွေကြောင့် ကျောင်းတစ်ဝက်တပြတ်နဲ့ ရှေ့ ဘာဆက်လုပ်ရမလဲ ပူပန်နေရတဲ့ အရွယ်တွေမှာ ပိုတွေ့လာရတယ်။ အထူးသဖြင့် ပိုပြီး ရည်မှန်းချက်ကြီးတဲ့သူတွေ တချို့ plan တွေကို နှစ်ကာလအတိအကျနဲ့ ထားတဲ့သူတွေ strict ဖြစ်တဲ့သူတွေဆိုရင် ပိုပြီး စိတ်ဖိစီးမှုများကြပါတယ်။ တချို့မိဘကျောထောက်နောက်ခံရှိရင် အနည်းငယ်သက်သာသလိုရှိပေမယ့် အချို့ ကိုယ်တိုင်ရုန်းကန်နေရတဲ့သူတွေဆို ပိုဆိုးပါတယ်။

ကျွန်တော်သိသလောက် ကျွန်တော့်ကိုပြန်ကြည့်ပီး ပြောပြရရင် ကျွန်တော်အခု အသက်၃၀ကျော် ဖြစ်လာတဲ့အရွယ်မှာ ပုံစံတူမဟုတ်ရင်တောင် အချို့အရာတွေကို ဖြတ်တော့ဖြတ်သန်းဖူးပါတယ်။ အကိုတစ်ယောက်အနေနဲ့ ကျွန်တော်ပြောပြချင်တာတွေရှိပါတယ်။ လွယ်လွယ်ကူကူ အပိုင်း ၂ ပိုင်းနဲ့ ပြောပြချင်ပါတယ်။ ကျွန်တော်သိသလောက်ပေါ့။ တပိုင်းက စိတ်ဖိစီးမှု လျော့ချဖို့နဲ့ နောက်တပိုင်းက အနာဂတ်ကိုပြန်ပြင်ဆင်ရေးဆွဲဖို့ပါ။
တကယ်တော့ အဲ့၂ခုက ဆက်တော့ဆက်နေတာပါပဲ။ အနာဂတ် ရေရာလာတယ် ပြန်ပုံပေါ်လာတယ်ဆိုရင် stress တွေတော့ ပြန်လျော့လာတာပါပဲ။ ဒါကြောင့် အနာဂတ်ကို ပြန်ပုံဖော်ဖို့က အရေးကြီး အဆင့်ပါ။ စိတ်ဖိစီးမှု လျော့ချဖို့ကတော့ လတ်တလောလတ်မှာတင်ကို ပထမဦးဆုံး လုပ်ဖို့လည်းလိုပါတယ်။ stress အရမ်းများနေရင် ဘာဆက်လုပ်ရမလဲ သေချာ မမြင်နိုင်ပါဘူး။
အဲ့တော့ ကျွန်တော့်အနေနဲ့မြင်တာကတော့ အမှောင်မိုက်ဆုံးအခြေနေနဲ့ ကြုံတွေ့နေရတဲ့အချိန်ဆိုရင်တောင် လုပ်စရာတစ်ခုမှမရှိဘူးဆိုတာတော့ မရှိဘူးလို့ ကျွန်တော်အမြဲတွေးတယ်။ ကြွက်တွေလိုဆို ဂယ်ပေါက်ပေါ့။ ကံတရားအရပဲ ဖြစ်ဖြစ် ကို့အတွက် ဘာပြောပြောဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံ ပတ်ဝန်းကျင် ဗဟုသုတ မိတ်ဆွေ အခြေအနေပေါ်မူတည်ပြီး တခုခုတော့ လုပ်လို့ရတယ် ရှင်သန်ဖို့အတွက် အခွင့်အရေးက ကိုယ့်မှာရှိတယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ဘယ်လောက်အခြေနေဆိုးဆိုး ကျွန်တော်တို့ထက် အခြေနေဆိုးနေတဲ့သူတွေရှိနေတယ်ဆိုတာကို ကျွန်တော်တို့သိရမယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ လုပ်နိုင်သမျှ လုပ်ပေးဖို့လိုတယ်။ တဖက်မှာလည်း ကို့အခြေအနေကို သေချာလေး သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက် အများအတွက် လုပ်စရာတွေ လုပ်နိုင်တာတွေ ရှိနေတယ်ဆိုတာကို သိဖို့လိုပါတယ်။
စိတ်ဖိစီးမှုဆိုတာ ဘာမှမလုပ်ဘဲနေရင်ပိုဆိုးတယ်။ တခုခုလုပ်နေရင် စိတ်ဖိစီးနေရင်တောင် လျော့ပါးစေနိုင်တယ်။

နောက် စိတ်ဖိစီးမှုကို လျော့စေတာက အကောင်းမြင်တတ်တာ။ gratitude ပါ။ အဲ့ဒါဟာ therapy တစ်ခုလိုပဲ။ နောက်ကျွန်တော်ပြောပြပါ့မယ်။ ထိုင်စိတ်ညစ်နေတာ အများစုဟာ ကိုယ်မလုပ်နိုင်တာ ကိုယ့်မှာမရှိတာကို အာရုံပိုစိုက်မိနေလို့ပါ။ ကိုယ့်မှာရှိတာလုပ်နိုင်တာကိုလည်း တွေးကြည့်ပါ။ ရေးကြည့်ပါ။ စိတ်ဖိစီးမှု လျော့လာနိုင်တာတွေ့ရပါလိမ့်မယ်ယ်။ နောက်တစ်ခုက ရင်ဖွင့်ပါ။ ကိုယ့်မိတ်ဆွေတွေ ယုံကြည့်ရသူတွေနဲ့ တိုင်ပင်ပါ။ အဲ့ဒါက အရမ်းကောင်းတယ်။ အကြံညာဏ်ပေးတတ်တဲ့သူ အနားမှာရှိရင် အရမ်းမိုက်တယ်။ ဒါတစ်ပိုင်းပေါ့။

နောက်တစ်ခုက ကျောင်းတွေပိတ်ထားရတော့ အခုလိုတွေဖြစ်တော့ ဘွဲ့မရ အချိန်တွေပို စိတ်လေနေတာမျိုးနဲ့ အချိန်တွေအလကားကုန်နေတယ်ထင်နေရတာမျိုးလဲရှိတယ်။ ကျွန်တော်ကျောင်းပြီးတော့ ကျွန်တော့ profession ကတစ်ခုပါ။ ဒါမယ့် ကျောင်းပီးတော့ career ချိန်းသလိုဖြစ်တော့ ကျွန်တော် အစကနေပြန်လေ့လာရတာတွေရှိတယ်။ ကျွန်တော့်အချိန်တွေ ပုပ်ခဲ့တာရှိတယ်။ အခု ကျောင်းမပီးတဲ့ညီတွေ ညီမတွေ ကျောင်းပိတ်ထားတဲ့ကာလတွေထက်ကို အရင်ကဖြုန်းခဲ့ဖူးတာလည်း အကို့မှာရှိတယ်။ ပြောချင်တာက အခုလိုဖြစ်လို့ အိုသွားပါပီ ဘာမှမလုပ်လိုက်ရဘဲ အသက်တွေကြီးသွားပါပီ မတွေးနဲ့။ အကိုတောင် ပြင်လို့ရတာပဲ။ အချိန်တွေရှိပါသေးတယ်။
အခုလိုအချိန်ကို မဖြုန်းချင်ဘူးဆိုရင်တော့ တကယ်ဝမ်းသာတယ်။ ညီတို့ညီမတို့ ကျောင်းပီးသွားတယ်ပဲထား။ အဲ့တတ်ခဲ့တဲ့ပညာနဲ့ အသက်မွေးချင်မှ မွေးမယ့်သူတွေလည်းရှိမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာဝန် engineer ပဲဖြစ်ဖြစ် အတွေ့ကြုံအတွက် ကျောင်းပီးရင် ယူရသေးသလို အခြားအလုပ်လုပ်မယ်ဆိုတဲ့သူတွေဟာလဲ အခြား skill တွေ ကိုယ်လုပ်မယ့် လုပ်ငန်းအကြောင်းတွေကို လေ့လာဖို့အချိန်ပေးရသေးတယ်။ အခုပြောတာကတော့ အဲ့အနာဂတ်အတွက် plan ဆိုတာပေါ့။ ကျောင်းမပီးသေးလို့ ဒါမှမဟုတ် ကျောင်းရပ်လိုက်ရလို့ အားနေတဲ့ စိတ်လေနေတယ်ဆိုတဲ့ အခုအချိန်မှာ ကျောင်းပီးရင် လေ့လာမယ့် ကိုယ်ဆက်လုပ်မယ့် ဝါသနာပါရာကို လေ့လာနေဖို့အချိန်ပဲ။ အကိုလည်း အကိုသိချင်တာတွေကို online ကနေ ကိုယ့်ဟာကိုလေ့လာရင် လမ်းကြောင်းတစ်ခု ဖောက်ကြည့်ဖူးတယ်။ လုပ်လည်းလုပ်နေတယ်။
ဥပမာ ပြောရရင် covid ဖြစ်တဲ့အချိန် အကုန် stay at home/ work from home နဲ့ အချို့အလုပ်ပြုတ်သွားတဲ့ကာလမှာပဲ ညီတစ်ယောက် သူ့ဟာသူ online ကနေ certificate တွေယူပြီး အဲ့အချိန်လေးမှာ လေ့လာခဲ့တဲ့အရာနဲ့ပဲ online ကနေ အလုပ်ရပြီး အခုအဆင်ပြေနေတာရှိတယ်။
သူငယ်ချင်းအသိထဲမှာလည်း covid တွေဖြစ်တဲ့ကာလမှာ အိမ်မှာနေရင်း ဘာသာတွေပြန်တာ။ သူ့စာအုပ်ဆို အရမ်းရောင်းရနေတယ်။ ဆိုလိုတာက စိတ်ဖိစီးမှုဆိုတာက negative အမြင်။ အဲ့ဒါဟာကို ကိုယ့်ဝါသနာ အနာဂတ်နဲ့ လိုက်လျောညီထွေပြီး လုပ်နိုင်တာ လုပ်သင့်တာကို positive အမြင်နဲ့ ကြည့်လိုက်ရင် stress က အထိုက်အလျောက်ကျလာပါတယ်။
ကျွန်တော်လည်း အခုလိုပဲတွေးပီး အကြံပေးချင်တာတစ်ခုတော့ရှိသေးတယ်။ လေ့လာတော့မယ်ဆိုရင် အကိုပြောတဲ့အချက်တွေကို ပါအောင်လေ့လာကြည့်။
No1 ဘွဲ့မရှိလည်း လုပ်လို့ရနိုင်ရမယ်။
No 2 နောင်အမြဲလည်း လုပ်လို့ရနိုင်ရမယ်။ online ကနေလည်း လုပ်နိုင်ရမယ်။
No.3 နောင်လည်းခေတ်စားလာရမယ်။
No.4 လုပ်ငန်းရှင်လည်း ဖြစ်နိုင်မယ်။
ဆိုလိုတာက ကိုယ့်ဟာကိုလည်း လုပ်နိုင်ရမယ်။ အဲ့အချက်တွေနဲ့ကိုက်မယ့်ဟာကို ရွေးရင် ပိုကောင်းတယ်။
အဲ့အချက်တွေကို ကိုယ့်ဝါသနာ ကိုယ့်ရှိတဲ့ resources တွေနဲ့ ချိန်ပြီး ကိုယ်နှစ်သက်ရာ well plan တစ်ခုချကြည့်ပေါ့။
နောက်ဆုံးပြောပြချင်တာက You are not alone ပါ။
2:45pm 1stjuly

09/02/2021

Market behaviour အကြောင်း tip 1
စာတွေကအခုနောက်ပိုင်း အရှည်ကြီးတွေမရေးချင်လို့ တ်ုတ်ုနဲ့အချက်ရေးတာက ဖတ်ရတာအချိန်ကူန်သက်သာမယ်ထင်လို့ပါ။
Market behaviour တွေကအမျိုးမျိုးရှိပါတယ်။ အခုက သိသင့်တဲ့ အချက်တစ်ချက်ကိုပြောပြချင်တယ်။ research လုပ်လို့လဲကောင်းတယ်။ ရှာကြည့်ပေါ့။
အဲ့ဒါကတော့ trading လုပ်မယ်ဆိုရင် currencies pair တွေကို ၂ မျိုးခွဲလို့ရတယ်။ တမျိုးက trending behaviour ရှိတယ်။ နောက်တမျိုးက sideway or revert ပြန်ပြန်လာလေ့ရှိတဲ့ အပြုအမူလုပ်လေ့ရှိတဲ့ အတွဲတွေရှိတယ်။ သူတို့ရဲ့ ငဘာဝကိုက အဲ့လိုသွားလေ့ရှိတာ။ ဒီအပေါ်မူတည်ပြီးတော့မှ သင့်တော်တဲ့ strategy ကို သင့်တော်တဲ့အတွဲတွေအတွက်သုံးရတာ ပိုသင့်တော်ပါတယ်။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
forex school

05/02/2021

ရှာဖွေဖတ်ရှုချင်တဲ့သူတွေအတွက်ပါ။
=========================

Dual Momentum – Gary Antonacci

What Works on Wall Street – James O’Shaughnessy

The Little Book That Beats the Market – Joel Greenblatt

Deep Value – Tobias Carlisle

Stocks on the Move – Andreas Clenow

Unholy Grails – Nick Radge

Quantitative Value – Wesley Gray

Quantitative Momentum – Wesley Gray

Building Reliable Trading Systems – Keith Fitschen

Following the Trend – Andreas Clenow

Teo

02/02/2021
29/01/2021

Many traders think you need to take high risk for high returns.
Wrong!
You should risk small, let your edge play out, add capital, and compound your gains over time — that's how you make it BIG.
ဒီအချက်လေးကအရမ်းကောင်းတယ်။ Trader တွေအများစု တနည်းအားဖြင့် traderအများစုဆိုတာ အတွေ့ကြုံနုသေးတဲ့ traderတွေဟာ return များများရဖို့အတွက် risk ကိုလည်းများများယူရမယ်လို့ မှတ်နေကြတာများပါတယ်။ risk ယူတယ်ဆိုတာ တစ်ကြိမ်ထဲနဲ့ lot size တွေအများကြီးတင်ပြီးတော့ တကြိမ်ထဲနဲ့ အမြတ်ကို ရာခိုင်နှုန်းများစွာလုပ်တဲ့သဘောပေါ့။ အချီကြီးရှာတာပေါ့။ ဒါပေမယ့် တစ်ခုက ကျွန်တော်တို့တွေ trading လုပ်တဲ့အခါ ဈေးခန့်မှန်းမှုကို ၁၀၀ ရာနှုန်းမှန်ဖို့ဆိုတာ အမြဲမဖြစ်နိုင်တဲ့အတွက် ကိုယူတဲ့risk ဟာ မတန်တဆများရင် တကြိမ်ထဲနဲ့မှားသွားခဲ့ရင် ကိုယ့်ရဲ့ equity ရှိတာလေးပါပြောင်သွားနိုင်ပါတယ်။
ဒါကြောင့်တကယ့်အမှန်ကများများတခါထဲ risk ယူရတာမျိုးမဟုတ်ဘဲ risk နည်းနည်းနဲ့ ကောင်းမွန်တဲ့ trading edgeပေါင်းစပ်ပြီး ရလာတဲ့အမြတ်တွေ sustainable profit တွေနဲ့ equity grow ဖြစ်လာရတာကမှ အကောင်းဆုံးပါ။ ဒါကြောင့်မှတ်ထားသင့်တာက တကြိမ်ထဲ ထီထိုးသလိုနဲ့တော့ fx trading မှာရေရှည်အောင်မြင်မှုမရနိုင်ဘူးဆိုတာပါ။ ဒါပါပဲ။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
forex school
Trading သင်တန်းများလည်းစုံစမ်းနိုင်ပါသည်။

27/01/2021

New year အနေနဲ့ forex trading နဲ့ပတ်သတ်ပြီး စိတ်၀င်စားလေ့လာချင်သူများအတွက် promotion ပါ။
ပုံမှန်အားဖြင့် ကျွန်တော်တို့ WILL INSTITUTE forex school page မှာ forex နဲ့ပတ်သတ်တဲ့ သင်တန်းတွေအနေနဲ့ FOREX TECHNICAL ANALYSIS course (FTA) နဲ့ NEXT LEVEL PRICE ACTIONS course များကိုသင်ကြားပေးလျက်ရှိပါတယ်။
FTA ဆိုတာက forex trader တစ်ယောက်အတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ပြီး အခြေခံစနစ်တကျသိမှသာ trading ကို ကောင်းမွန်စွာ ဆက်လက်လေ့လာနိုင်မည်ဖြသ်သည်။ သင်ကြာမှုစုစုပေါင်း မြင့်ချိန်မှာ ၁၀ နာရီခွဲဖြစ်ပြီး
သင်ကြားမှာတွေကတော့
-Forex foundation
-Chart studies
-Understanding of supply& demand
-Basic Candlesticks, Advanced Candlestick concepts
-Pattern formation and gaps
-Technical indicators basic concepts
-Studies and understanding of basic indicators and oscillators
-Trend Analysis
-indicators
အကြောင်းတို့ပဲဖြစ်ပြီး

NEXT LEVEL PRICE ACTION courseမှာ
အဓိက သင်ကြားမှာတွေကတော့
PRICE ACTION ကိုအဓိကထားတဲ့
၁။ next level အဆင့် resistance တွေ support တွေကို pro တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်နိုင်ဖို့ နောက်တဆင့်မြှင့်လေ့လာခြင်း
၂။ market structure တွေအကြောင်း လေ့လာခြင်း
၃။ market ထဲကို ဝင်မယ့် strategy များအကြောင်း အသေးစိတ်နဲ့ ဝင်ပုံဝင်နည်းများ
၄။ Risk management အကြောင်း
စသဖြင့် ဖြစ်ပါလိမ့်မယ်။

ကြာချိန်မှာ ၁၂နာရီခွဲ ဖြစ်ပြီး

Pro trading level 2.5hours

Market cencept 3.5 hours

Strategies 4 hours

Risk management 2.5hours တို့ဖြစ်ပါသည်။

သင်တန်းချိန်စုစုပေါင်းမှာ ၂၃ နာရီ စာ ဖြစ်ပါသည်။
သင်တန်းကြေးမှာ FTA တစ်သိန်းကျပ်။
Next level တစ်သိန်းခွဲကျပ်ဖြစ်ပြီး အခုလို 👍👍👍PROMOTION အနေနဲ့ next level အတန်း
တစ်တန်း အတွက် အပ်တာနဲ့ ၂၃ နာရီစာလုံးကို အစအဆုံးလေ့လာဖို့အခွင့်အရေးရမှာပါ။👍👍👍

Online ကဖြစ်တဲ့အတွက် အချိန်မရွေးလေ့လာနိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ် 09780312100

LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
forex school
Will Institute Forex page တွင် ဖတ်ရှူ နိင်သော ရေးသားပြီး forex ဆိုင်ရာ articles များ
-------------------------------------------------------
forex ဆိုတာဘာလဲ။ လိုတိုရှင်းမိတ်ဆက်
forex trader များအတွက် rollover swap feeအကြောင်းသိကောင်းစရာ
သိထားသင့်တဲ့ ငွေကြေးဈေးကွက် အခြေခံ အခေါ်အဝေါ်များ အပိုင်း ၁။ ၂။
forex tradingမှာအသုံးများတဲ့ အဓိကငွေကြေးအတွဲများနှင်း ၎င်းတို့၏ nicknamesများ
Technical analysis ဆိုတာဘာလဲ။
What is US dollar Index UDSX?
Forex Fundamental Analysis FFA နိဒါန်း
သိထားရမယ့် currency correlations for traders and investors
ထားရှိသင့်သည့် forex trader များရဲ့ စိတ်နေသဘောထား အပိုင်း ၁။ ၂။ ၃။
သင့်မှာ trading plan ရှိပြီလား
Technical analysis Introduction to wave analysis
part 1 to part 9
Types of forex traders
pro trader တစ်ယောက်လို stop loss ဘယ်လိုထားမလဲ။ နိဒါန်း အပိုင်း ၁ နောက်ဆက်တွဲ အပိုင်း ၂
Motivation quotes from Top traders part 1, 2, 3
Steps to make sustainable profits part 1, 2, 3, 4
Trend trading အတွက် လိုက်နာရမယ့်အချက်များ part 1, 2
Cognitive bias that plague a trader part 1, 2, 3
Ways to improve trading
Trading Psychology part 1, 2, 3
ကျွန်တော်သင်တဲ့သင်ရိုးထဲမှ resistance and support ကောက်နုတ်ချက် အပိုင်း 1, 2, 3, 4, 5, 6, 7, 8, 9
Quotes from trading legends
Top greatest traders all the time part 1, 2, 3, 4
Trader character
Using forex indicators maximally
Forex trading is not gambling
forex trader အများစုရှူံးရခြင်း၏ နောက်ကွယ်က ကြီးမားဆုံးသောအမှား အပိုင်း ၁ ၂ ၃
Forex A to Z part 1 , 2, 3, 4, 5, 6, 7, 8, 9, 10, 11
Economics indicator များကို နားလည်ခြင်းနိဒါန်း
Economics indicator များမှတဆင့် စီးပွားရေးအခြေအနေများကို နားလည်ခြင်း part 1 to 9
သင် forex trading လုပ်တဲ့အခါ ဒီလိုအမှားများလုပ်နေသလား အပိုင်း ၁ ၂ ၃ ၄ ၅
ကျွန်တော်တို့ forex traders အများစုလုပ်တတ်လေ့ရှိတဲ့ အမှားများ
Forex ဆိုတာဂျိူ နဲ့လား။ အပိုင်း ( ၁ ) ( ၂ )
အမြတ်များစေပြီးအရှူံ းနည်းစေနိင်မည့်အချက်များ
Market entry ဈေးကွက်ထဲ order ဝင်ဖို့ အတွက် အခြေခံ trading idea ၃ခု
အလုပ်တစ်ဖက်နဲ့ trading လုပ်ခြင်း
6 mistakes to avoid
16 Key Steps to Becoming a Successful Trader
How to think the breakouts as an idea
market orders
ကျွန်တော်တို့ chart ကြည့်တယ်ဆိုတာ ဘာကိုကြည့်တာလဲ။
ရာခိုင်နှုန်း သုံးသိန်းအထိ ပြောင်းလဲနိုင်တဲ့သူ
သင့်ရဲ့ trading အမြင်များကို အပြောင်းအလဲ ဖြစ်သွားစေလောက်တဲ့ အဆိုအမိန့်ကောင်းလေးများ အပိုင်း ၁ ၂ ၃
early trade exit အချိန်မတိုင်ခင် transaction စောပိတ်မိခြင်း အပိုင်း ၁ ၂
price action နဲ့ ပတ်သတ်သည့် တိုတိုထွာထွာ concepts များ အပိုင်း ၁ ၂
Trend အပိုင်း ၁ ၂ ၃ ၄ ၅ ၆
အရှုံးကိုတွန်းလှန်ခြင်း
general trader types
သင်သာတစိုက်မတ်မတ်လေ့လာမယ်ဆိုလျှင်
RRR အကြောင့်စဉ်းစားရာဝယ်
Etc...............

25/01/2021

Monday thinking
ကျွန်တော်ပေးချင်တဲ့ message ကအဲ့ဒါပဲ။ ကျွန်တော်တို့တွေ goal လို့ပြောရင်တိကျဖို့လိုတယ်။

22/01/2021

သူဘယ်သူလဲဆိုတာ အချို့ traderတွေသိကြမှာပါ။ သူက usd 5,000 ကို usd 15,000,000 ဖြစ်အောင် ပြောင်းနိုင်တဲ့ အောင်မြင်တဲ့traderတွေထဲကတစ်ဦးပဲဖြစ်ပါတယ်။ သူကတော့ Ed syekota ပဲဖြစ်ပါတယ်။ သူရဲ့အကြံပြုချက်တွေအများကြီးရှိပါတယ်။ အဲ့ထဲကတစ်ခုကိုပြောပြပါ့မယ်။
ဒါကတော့
In order of importance to me are: (1) the long-term trend, (2) the current chart pattern, and (3) picking a good spot to buy or sell.
ပဲဖြစ်ပါတယ်။
No.1 long term tend ပါ။
No.2 လက်ရှိ chart pattern ပါ။
No.3 အဲ့ဒိ၂ခုကြည့်ပြီးမှ သေချာတာကိုကြည့်ပြီး အဝယ်အရောင်းလုပ်တာပါ။
တစ်ခုရှိတာက သူကတော့ trend follower ပါ။ ဒါကြောင့် trend following လုပ်ချင်ရင်တော့ အဲ့ဒိအချက်တွေကိုကြည့်ဖို့လိုပါတယ်။
Top down analysis လုပ်ပေါ့ခင်ဗျာ။

Trading ကို စနစ်တကျ အ‌ခြေခံကစပြီးလေ့လာချင်ရင်တော့ WILL INSTITUTE မှကြိုဆိုပါတယ်။
LERAN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
forex school

18/01/2021

For Monday

11/01/2021

Simple way to avoid False breakout
=======================
ဒီတစ်ခါ ဈေးတွေ breakoutဖြစ်တာနဲ့ ပတ်သတ်ပီး false breakoutအကြောင်းကို အလွယ်ဆုံး အခြေခံ အချက်တစ်ချက် ပြောကြည့်မယ်။ ဈေးတန်းတွေဟာ သူ့ level နဲ့သူ range ထဲမှာသော်လည်းကောင်း tradingလုပ်ရင် sentiment အရ ဈေးတန်းတွေ ဖြစ်လာကြတယ်။ ဒီဈေးတန်းတွေဟာ သွားရင်နဲ့ range တွေအတွင်းမှာပဲ အတတ်အကျလုပ်ရင်း ကျင်လည်နေကြတာတွေရှိသလို အကြောင်းတစ်ခုခုကြောင့်သော်လည်ကောင်း အချိန်ကြာလာလို့သော်လည်းကောင်း ဈေးတွေဟာ လက်ရှိဈေးတန်းမှနေပြီး ဖောက်ထွက် ဖောက်ဆင်းတွေ ဖြစ်လာကြတော့ပါပဲ။
အဲ့ဒိတော့ breakouts တွေ ဖြစ်ပေါ်လာတယ်။ ဒီ breakout တွေဟာ resistance/ support တွေရဲ့ key level တွေကနေ breakout ဖြစ်လာကြတဲ့အခါ trader တွေဟာ အရောင်းအဝယ် ဝင်လုပ်ကြပါတယ်။ range ထဲသွားနေတဲ့အချိန်မှာလည်း range ထဲအလျောက် breakout ဖြစ်တဲ့အခါမှာလည်း ဈေးလားရာပေါ်မူတည်ပြီး marketထဲဝင်ကြပါတယ်။
ဒီနေရာမှာ ဈေးဟာတတ်မယ်သော်လည်ကောင်း ကျမယ်သော်လည်ကောင်း ဒီ level တွေကို ဖောက်ပြီးမှ အပေါ် သို့မဟုတ် အောက် မှန်းထားလားရာကို မသွားတော့ဘဲ နဂိုကျင်လည်နေတဲ့ range တွေထဲ ပြန်ဝင်သွားတာမျိူးလည်း ကြုံဖူးကြမှာပါ။ stop loss တွေထိတယ်။ loss တွေဖြစ်ကြပါတယ်။
ဒါဟာ false breakout တွေပါ။ breakout တိုင်းဟာ false breakout မဟုတ်ပေမယ့် အများစုဟာ false breakout ဖြစ်နိင်တယ်။ ဒါကြောင့် တကယ့် real breakout နဲ့ false breakout တနည်းအားဖြင့် trap တွေဖြစ်နေတတ်ပါတယ်။ ဈေးဟာ အပေါ်ကို breakout အဖြစ်ပြပြီး resistanceကို break လုပ်ပြပီးမှ range ထဲပြန်ဝင် အကျလည်းထိုနည်းလည်ကောင်းပါ။
ဒီတော့ false break ဟုတ်မဟုတ် ရောင်းမှားဝယ်မှားမဖြစ်ဖို့သည် ပထမဆုံးအရေးကြီးတဲ့အချက်က စိတ်ရှည်ရှည်စောင့်ကြည့်ဖို့ပါ။ trader တစ်ယောက်ရဲ့ အရည်အချင်းက နည်းစနစ်တွေကို လိုက်နာတတ်ဖို့ စိတ်ရှည်ဖို့ အလျင်စလိုမလုပ်ဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ Candlesticks တွေနဲ့ ကြည့်မယ်ဆိုရင်လည်း break လုပ်နေတဲ့ Cstick တွေကို ပြီးအောင်ကြည့်ဖို့လိုပါမယ်။
Cstick တွေရဲ့အားနည်းချက်က ဒီ Cstick ကဘာလဲဆိုတာ သိဖို့သည် ဒီ Cstick ပြီးမှသိတာမျိူ းပါ။ တစ်ခါတရံ resistance zone ကို အဖောက်ပြပြီးမှ shadow ချန်ပြီးပြန်ဆင်းတတ်ပါတယ်။ ဒါကြောင့်မလောသင့်ပါ။ Breakout ဖြစ်နိုင်မဖြစ်နိုင်အတွက် လွယ်ကူရိုးရှင်းသော ပထမအချက်က ဒီ Cstick သည် resistance/ support level ကို fully break ဖြစ်မဖြစ်ကို အရင်သေချာအောင် လုပ်ဖို့ပါပဲ။ အမှန်ကတော့ အခြား confirmation လုပ်ရမယ့်အချက်တွေလည်း ရှိပါတယ်။ break ပီးရင် confirm လုပ်ဖို့ အရှေ့မှာ false breakတွေရှိခဲ့မရှိခဲ့ range တစ်ခုရဲ့အခြား dimension တွေ ratioတွေပေါ့။
ပြီးရင် နောက်တစ်ချက်က ဒီ Cstickတွေရဲ့ timeframe ပါပဲ။ Cstickတွေဟာ timeframe တိုလွန်းတာကိုသုံးရင် သိပ်ပြီး chaotic ဖြစ်ပါတယ်။ နဂိုထဲကိုက response တုန့်ပြန်မှုတွေက unstable ဖြစ်တာကြောင့် တိုလွန်းတာတွေလည်း ကျွန်တော့်အမြင်အရတော့ ရှောင်သင့်ပါတယ်။

ဒါကတော့ Will institute ရဲ့ သင်တန်းlinkပါ။ promotion တွေပေးထားပါတယ်။ fx လုပ်မယ်ဆိုရင်တော့ လိုပါတယ်။ မသိဘဲလုပ်လို့ စမ်းလုပ်ကြည့်တဲ့ငွေတွေက နမျောဖို့ကောင်းပါတယ်။ လေ့ကျင့်ပီး နားလည်ပီးမှ လုပ်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါပါပဲ။
https://m.facebook.com/story.php?story_fbid=2607056849585496&id=1570222143268977

LRARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)

www.facebook.com/willinstituteforex
Forex classes that are offered in WILL INSTITUTE
1. Forex Introduction Course (free course)
2. Forex Technical Analysis Course
3. Forex Fundamental Analysis Course
4. Forex Trading without Indicator Series A
5. Forex Trading with Indicators Series A
6. Risk Management for Forex Traders

06/01/2021

Quote of the day

04/01/2021

Address

Hlaing Township
Yangon
1111

Telephone

+959780312100

Website

Alerts

Be the first to know and let us send you an email when Forex For Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share