Yoma Strategic Holdings Ltd

Yoma Strategic Holdings Ltd Yoma Strategic Holdings Ltd. is a leading business corporation with a diversified portfolio of busine

is a leading business corporation with a diversified portfolio of businesses in Real Estate, Consumer, Automotive & Heavy Equipment, Financial Services and Investments in Myanmar.

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများက ဘဝပေါင်းများစွာကို ကယ်တင်နိုင်သော်လည်း ရေရှည်တွင် လူ့အဖ...
05/05/2026

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများက ဘဝပေါင်းများစွာကို ကယ်တင်နိုင်သော်လည်း ရေရှည်တွင် လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်စေမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသည်လည်း အလွန်အရေးကြီးပါသည်။

၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ငလျင်ဖြစ်ပွါးပြီးနောက် Yoma Group သည် ငလျင်ဒဏ်ထိ ဒေသများ၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ပြီး အစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားဝန်ဆောင်မှုဆိုင်ရာ ထောက်ပံ့မှုများဖြင့် ကူညီပံ့ပိုးပေးခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်အနေဖြင့် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရသည့် မန္တလေးတိုင်းဒေသရှိ တောင်ဘီလူအထက်တန်းကျောင်း (အင်းဝ) ရှိကျောင်းအဆောက်အအုံများကို အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထိုစီမံကိန်းကြောင့် ကျောင်းသား၊ ကျောင်းသူ ၁,၀၀၀ နီးပါးနှင့် ဆရာ၊ ဆရာမ ၄၀ ခန့်အတွက် ကောင်းမွန်ပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုကို ပြန်လည်ဖန်တီးပေးနိုင်ခဲ့ပါသည်။

ပြန်လည်ဆောက်လုပ်ခြင်းကို Yoma Land မှ ဦးဆောင်၍ စာသင်ဆောင်နှင့် ကျောင်းခန်းမဆောင်တို့ပါဝင်သည့် အဆောက်အဦများကို ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၁ သောင်းကျော်သုံးစွဲ၍ အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်းရာ ပြီးခဲ့သည့် အပတ်တွင် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

ထိုစီမံကိန်းကိုကြည့်၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများသာမက ရေရှည်တွင် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုစေနိုင်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပေါ် Yoma Group မှ အားစိုက်လုပ်ဆောင်နေသည်ကို သိနိုင်ပါသည်။

မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့သော Yoma Land အဖွဲ့သားများနှင့် အဖက်ဖက်မှ ကူညီပေးခဲ့ကြသော တောင်ဘီလူရှိ အဖွဲ့သားများကိုလည်း များစွာကျေးဇူးတင်ရှိပါသည်။

When natural disasters strike, emergency relief saves lives. But it’s the long-term rebuilding that truly restores communities.

In Myanmar’s Mandalay Region, Yoma Group has completed the rebuilding of a school that was destroyed in the March 2025 earthquake, restoring a safe and improved learning environment for nearly 1,000 students and 40 teachers.

Led by Yoma Land, the project delivered new classroom facilities and a school hall, with an investment of over MMK 10,000 lakhs, and was officially handed over last week after seven months of dedicated work.

The school - Taung Belu Basic Education High School (Innwa) in Tada-U Township - was among many structures affected by the earthquake. In its immediate aftermath, Yoma Group and its subsidiaries supported relief efforts with food, medical care, and essential supplies across impacted communities.

This project reflects a continued commitment not just to respond in times of crisis, but to support long-term recovery in ways that create lasting impact.

Our sincere thanks to the Yoma Land team and the local community in Taung Belu who made this possible.

Address

The Campus, 1 Office Park, Rain Tree Drive, Pun Hlaing Estate, Hlaing Thayar Township
Yangon
11401

Alerts

Be the first to know and let us send you an email when Yoma Strategic Holdings Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoma Strategic Holdings Ltd:

Shortcuts

Share