06/10/2025
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
*****************************************
မြတ်ဗုဒ္ဓဘာသာဝင်သူတော်စဉ်များသည် သီတင်းကျွတ်လပြည့်နေ့အခါသမယ၌
*သီတင်းသီလဆောက်တည်ခြင်း၊
*၂၄-နာရီအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊
*အဘိုးအဘွား၊ မိဘ၊ ဆရာများအားကန်တော့ခြင်း၊
*မျိုးဆက်သစ်များအား ဓမ္မလက်ဆောင်များပေးအပ်ခြင်း၊
*သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
*တရားတော်များနာကြားခြင်း၊
*ဆီမီးထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်များပြုကြသည်။
မဟာပဌာန်းတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
#သီတင်းကျွတ်လပြည့် #အဘိဓမ္မာအခါတော်နေ့