25/08/2026
ကျပ်သိန်းပေါင်း ၂,၁၀၀ တန်ဖိုးရှိဆုများရယူနိုင်မဲ့ AIA Healthiest Schools အစီအစဥ်ဆိုတာ ဘာလဲ။
AIA Healthiest Schools အစီအစဥ်ဆိုတာ သတ်မှတ်ထားတဲ့ နယ်ပယ် ၄ ခုထဲက အနည်းဆုံး ၁ ခုနဲ့အညီ ကလေးများအတွက် ကျန်းမာ၊ ပျော်ရွှင်တဲ့ လူနေမှုဘဝရရှိစေဖို့ ဆောင်ရွက်ထားတဲ့ ကျောင်းတွင်းပရောဂျက်များကို တင်သွင်း၊ ယှဥ်ပြိုင်ရင်း ကျပ်သိန်းပေါင်း ၂,၁၀၀ တန်ဖိုးရှိ ဆုများရယူနိုင်မဲ့ ပြိုင်ပွဲအစီအစဉ်တစ်ခုပါ။
အဲ့ဒီ အဓိကနယ်ပယ် ၄ ခုကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှု၊ တက်ကြွတဲ့ နေ့စဉ်ဘဝနေထိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု တို့ပဲဖြစ်ပါတယ်။
ဒီအစီအစဉ်အကြောင်း ထပ်မံသိရှိချင်တယ်ဆိုရင်တော့ AIA Myanmar ရဲ့ တရားဝင်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ဆက်လက်စောင့်ကြည့်ပေးဖို့အတွက် အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။
What is AIA Healthiest Schools offering awards up to MMK 210 million?
AIA Healthiest Schools is a competition-based programme where schools can submit and showcase their projects that help children adopt healthier lifestyles by addressing at least one of the key four focused pillars and get awards up to MMK 210 million.
The programme focuses on 4 key pillars: Healthy Eating, Active Lifestyles, Mental Wellbeing, Health and Sustainability.
If you want to explore about this programme, please stay tuned to AIA Myanmar’s official social media platforms for further updates.