Direct Exchange Group of Shwe Min Phyo Company

Direct Exchange Group of Shwe Min Phyo Company သက်သာသောငွေစျေးနှုန်းများအား အချိန်နှင့်တပြေးညီ မေးမြန်းနိုင်ပါသည်

03/02/2025

✓ The Sports Arena မှပြန်လည်ကူးယူဖော်ပြသည် ✓

ကျွန်တော့်နာမည် ဒေးဗစ်ဘက်ခမ်း - (အပိုင်း ၁)

ကြိုတင်ဝန်ခံချက် - ဒီဆောင်းပါးအပိုင်းဆက်ဟာ Netflix Documentary ဖြစ်တဲ့ Beckham ဆိုတဲ့ Mini Series လေးကိုကြည့်ရင်း၊ အဲဒီက အချက်အလက်များ၊ ဘက်ခမ်းနဲ့နီးစပ်ခဲ့သူများရဲ့ ပြောစကားများကို ဆီလျော်သလိုကိုးကားထည့်သွင်းပြီး ဖန်တီးခံစားရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

အပိုင်း (၁)
The Kick

ဒီအကြောင်းတွေကို ဘယ်ကနေ ဘယ်လို ကျွန်တော် စပြောပြရမလဲမသိဘူး။ မန်ချက်စတာယူနိုက်တက်လိုအသင်းက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တာကနေ စရမလား၊ ဆာအဲလက်စ်ဖာဂူဆန်နဲ့ စတင်ပြီးတွေ့တဲ့အခန်းကနေပဲ စတင်ရမလား၊ ဒါမှမဟုတ် ဘက်ခမ်းဆိုတဲ့ ချာတိတ်လေးတစ်ဦးဟာ ငယ်ဘဝမှာ ဘောလုံးကိုပဲ အာရုံစိုက်လွန်းခဲ့တယ်ဆိုတဲ့ အချက်ကနေ စတင်ရမလား၊ တကယ်တော့ ကျွန်တော် သေချာမသိပါဘူး။ ပြီးတော့ ဘယ်လိုစတင်မှုနဲ့ ဖွင့်လှစ်ရင် ဒီဇာတ်လမ်းက ပိုပြီး လှပသွားမလဲဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းတော့ ခွဲမပြောတတ်ဘူး။

ဒါပေမဲ့ ကျွန်တော် မှတ်မိနေတာလေး တစ်ခုတော့ရှိတယ်။ အဓိက ကျတဲ့အဖြစ်အပျက်၊ အဓိကကျတဲ့ ဂိုး၊ အဖြစ်အပျက်တွေအများကြီးထဲကမှ အဓိကပုံစံနဲ့ ကျွန်တော့်ဘဝကို ပြောင်းလဲပစ်ခဲ့တဲ့ ဂိုးတစ်ဂိုးပေါ့။ အဲဒီဂိုးတစ်ဂိုးကနေ အရာရာ စတင်ပြီး ပြောင်းလဲသွားခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိတယ်။

ကျွန်တော့်အထင် အဲဒါကပဲ စတင်ရာတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီဂိုးကို The Kick လို့ပဲ နာမည်ပေးလိုက်ကြတာပေါ့ဗျာ။ ၁၉၉၆-၁၉၉၇ ခုနှစ်ရာသီပေါ့။ အဲဒီနေ့က လန်ဒန်မှာ ရာသီဥတုသိပ်လှတယ်။ အဲဒီရာသီရဲ့ ပထမဆုံးပွဲအဖြစ် ကျွန်တော်တို့ဟာ ဝင်ဘယ်ဒန်အသင်းနဲ့ ကစားရတယ်။ ကျွန်‌တော် မှတ်မိတာက အဲဒီပွဲမှာ ဂျော်ဒီခရိုက်စ်ဟာ ဂိုးသမားကို ကျော်သွင်းဖို့ ကြိုးစားခဲ့သေးတယ်ဆိုတာပဲ။ အတော်ဝေးဝေးကနေ ကန်ချက်နဲ့ပေါ့။ ကျွန်တော် ဘောစ့်ကို လှမ်းကြည့်မိတယ်။ ငါများ လုပ်ကြည့်မိရင် ဘယ်လိုနေမလဲဆိုတဲ့ အတွေးနဲ့ပေါ့။ တကယ်လို့များ ကိုယ်က အဲဒီလို အကွက်ဆန်းထလုပ်ပြီးမှ ဘာမှအကျိုးမရှိဘူးဆိုရင် ဘောစ့်က ထလာပြီး သတ်မှာလေ။ ဒီတော့ ဒါက အတော်ခက်ခဲတဲ့ ကိစ္စပဲ။

ဒါပေမဲ့ …. အင်း … အဲဒီဒါပေမဲ့ကနေပဲ စတင်တာပဲ။

ကျွန်တော်တို့ရဲ့ ကွင်းလယ်စည်းနားမှာ ကျွန်တော်တို့တွေ ဘောလုံးပြန်ရတယ်။ ကျွန်တော် ဘောလုံးရတဲ့အချိန်မှာ တစ်ဖက်ဂိုးကို လှမ်းကြည့်မိတယ်။ ဂိုးသမားက ရှေ့နည်းနည်းရောက်နေတာကို အဲဒီလန်ဒန်ရဲ့ လှပတဲ့ ရာသီဥတုအောက်မှာ ကျွန်တော် တွေ့မိတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပြောလိုက်တယ်။

“ဘာလို့များ မလုပ်ကြည့်ရမှာလဲကွာ” ပေါ့။

သိလား၊ ကျွန်‌တော် မှတ်မိနေတာက ဘောလုံးက လေထဲမှာ အကြာကြီးသွားနေတာပဲ။ ဘောလုံးက ဘက်ဘက်ကို တက်သွားတယ်။ ပြီးတော့ ရုတ်တရက်ကြီး အတွင်းကို ပြန်ချိုးဝင်လာတယ်။ ဘောလုံးကိုကြည့်ရင်း ကျွန်တော် တွေးနေတာက “အခွင့်အရေးတော့ ရှိသေးတယ်ဟ” ပေ့ါ။ အဲဒီနောက် ဂိုးဝင်သွားတော့တာပဲ။

၅၇ ကိုက်အကွာကနေပါ။ အမေပြောတာကတော့ အဲဒီတုန်းက ဂိုးနောက်မှာ သူတို့ ရှိနေခဲ့တယ်တဲ့။ အမေပြောတာကတော့ ကျွန်တော် ဘောလုံးကို ကန်လိုက်တဲ့အချိန်မှာ အားလုံးက တိတ်ဆိတ်စွာနဲ့ပဲ ကြည့်နေကြတယ်တဲ့။ အဲဒီနောက် ဂိုးဖြစ်ခဲ့တယ်။

“အံ့ဩစရာကောင်းလိုက်တဲ့ ဂိုးပါပဲခင်ဗျာ၊ ကြည့်နေကြသူတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါပြီ။ အသက် ၂၁ နှစ်သား ဒေးဗစ်ဘက်ခမ်းက ကျွန်တော်တို့ခေတ်ရဲ့ အလှဆုံးဂိုးတွေထဲက တစ်ဂိုးကို သွင်းပေးခဲ့ပါပြီ။ ဒီအကြောင်းကိုတော့ အကြာကြီး ပြောဖြစ်နေကြဦးမှာပါ” တဲ့။

အဲဒါက ပွဲကြော်ငြာသူ ပြောတဲ့ စကားပဲဗျ။ သူ ပြောတာ မှန်ခဲ့ပါတယ်။ ပွဲအပြီး ကျွန်တော် အပြင်ပြန်ထွက်လာတော့ ဘောစ့်ကပြောတယ်။

“ဒေးဗစ်၊ ကားပေါ်တက်၊ စကားမပြောနဲ့ အင်တာဗျူးမလုပ်နဲ့တဲ့”

ကျွန်တော် မှတ်မိသလောက်တော့ အဲဒီဂိုးက လူပြောများစရာအတော်ဖြစ်သွားတယ်ဆိုတာပဲ။ အဲဒီခေတ်က အခုလို အင်တာနက် မရှိခဲ့ဘူးလေ။ ဒီတော့ ရေဒီယိုတွေ တီဗွီတွေကပဲ စောင့်ကြည့်ခဲ့ကြရတာပဲ။ ကျွန်တော့်အဖေကို သွားမေးရင်တော့ အဖေက အဲဒါက အစပဲလို့ ပြောပါလိမ့်မယ်။ ဒီဇာတ်လမ်းအားလုံးရဲ့ အစ၊ ကျွန်တော့်အပြောင်းအလဲတွေရဲ့ အစပေါ့။

ဒီအပြောင်းအလဲတွေအကြောင်းမပြောခင် နောက်ကို နည်းနည်းပြန်ဆုတ်ရမယ်ဆိုရင်တော့ အဖိုးအကြောင်းကနေ စပြောရမယ်။ ကျွန်တော့်အဖိုးက စည်းစနစ်ကျတဲ့သူမျိုးဗျ။ သူက ကျွန်တော့်ရဲ့ ဓါတ်ပုံတွေ၊သတင်းစာထဲပါသမျှတွေကို သိမ်းထားတတ်တဲ့ သူမျိုး။ အဖေကတော့ နည်းနည်းကွဲပြားတယ်။ အဖေက ဓါတ်ငွေ့အင်ဂျင်နီယာတစ်ယောက်၊ တစ်ပတ်ကို ၇ ရက် အလုပ်လုပ်တယ်။ သူ့မှာ တိုယိုတာဗင်ကားအနီလေး ရှိတယ်။ အနီရောင်ပဲနော်၊ လုံးဝအနီပဲ။ အဖေအမြဲပြောတာက “အခြား ဘယ်အရောင်ကိုမှ ငါမစီးဘူး” တဲ့။

အဖေက မန်ယူကို တကယ့်ကို အရူးအမူးကြိုက်တာ။ ခရစ္စမတ်နေ့တိုင်း ကျွန်တော်ရလိုက်တဲ့ လက်ဆောင်က မန်ယူဂျာစီတွေချည်းပဲ။ အဖေ့ရဲ့ မန်ယူကို အရူးအမူးကြိုက်ပုံက ကျွန်တော့်ထက်ကို အများကြီးပိုသေးတယ်။ တကယ့်အရူးအမူးပဲ။

အမေကတော့ ဆံသပညာရှင်လို့ပဲ ပြောရမယ်။ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေထဲမှာ အမေက အမျိုးသမီးကြီးတွေကို ဆံပင်ပြင်ပေးနေတဲ့အချိန်မှာ ကျွန်တော်က သူတို့အတွက် လက်ဖက်ရည်လေး၊ မုန့်လေး ပြင်ပေးတာပဲ။ အမှတ်တရတော့ အမှတ်တရပဲဗျ။

ပြီးတော့ ကျွန်တော်က စာရတဲ့သူမျိုးမဟုတ်ဘူး။ ကျောင်းစာကို တကယ်ကို မရတာ။ အဲဒီဘက်မှာ ဉာဏ်က သိပ်မကောင်းဘူး။ သူငယ်ချင်းတွေလည်း အများကြီးမရှိ။ ကျောင်းပြီးရင် ပြန်လာ၊ ခြံထဲမှာ ဘောလုံးတစ်လုံးနဲ့ အချိန်ကုန်နေတာပဲ။ မိုးအေးနေရင်တော့ ကျွန်တော် ပန်းချီဆွဲနေတတ်တယ်။ ဒါပေ့ါဗျာ၊ ဘောလုံးနဲ့ပတ်သက်တဲ့ ပုံတွေပေါ့။

ပြီးတော့ လူတွေ အမြဲပြောတဲ့အရာပေါ့။ ကျွန်တော့်ရဲ့ ဘောလုံးကန်တဲ့စတိုင်။ ဒါက ငယ်ကတည်းက ကျွန်တော့်ရဲ့ ပုံစံပဲ။ ဘောလုံးကို ဒီလိုပုံစံနဲ့ပဲ ကန်ခဲ့တာပဲ။ အဲဒီနောက် တစ်ရက်မှာ မန်ယူက ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဆာအဲလက်စ်ဖုန်းဆက်တော့ အမေ ကိုင်တာ။ အမေ့ဆီက‌နေ စကားတစ်ခုပဲ ထွက်လာတယ်။ အို ….. တဲ့၊ ဆာအဲလက်စ်ကြီး၊ ဆာအဲလက်စ်ကြီးတဲ့။

အဲဒီနောက် မန်ယူနှစ်များပေါ့ဗျာ။ ၁၉၉၂ ခုနှစ်က ဘရိုက်တန်နဲ့ပွဲမှာ ကျွန်တော် စတင်ပြီး ကစားခွင့်ရတယ်။ အသင်းကြီးအတွက် ပထမဆုံးပွဲပဲ။ လူစားဝင်ပြီးကစားခဲ့ရတာ၊ အသက် ၁၇ နှစ်ရွယ်မှာပေါ့။ ၁၉၉၄ ခုနှစ်က ဂါလာတာစရေးနဲ့ပွဲမှာတော့ ပထမဆုံးဂိုးကိုရခဲ့တယ်။ ဒီဂိုးထက်ပိုပြီး ကောင်းတဲ့အပိုင်းကတော့ ကန်တိုနာကြီးနဲ့ အတူတူအောင်ပွဲခံခွင့်ရခဲ့တာပဲ။ သူက ဂန္တဝင်လေ၊ သိတယ်မဟုတ်လား။

အဲဒီနောက်တော့ သိတဲ့အတိုင်းပါပဲ။ ကျွန်တော် မန်ယူမှာ ကစားခွင့်တွေရခဲ့တယ်၊ ဂိုးတွေရခဲ့တယ်။ တစ်လှမ်းချင်းစီ ကျွန်တော် တက်လှမ်းနိုင်ခဲ့တယ်။ ဒါနဲ့ မန်ယူမှာ ကျွန်တော့်ကို အတူတူတက်လာကြတဲ့အသင်းဖော်တွေ ကျွန်တော်နဲ့ပတ်သက်ပြီး ဘယ်လိုပြောကြသလဲ သိလား။ ကဲ …. သူတို့ ပြောစကားလေးတွေ နည်းနည်း နားထောင်ကြည့်ကြရအောင်။

ပေါလ်စခိုးလ် - ဒီဘဲက ကွင်းထဲမှာ ထင်းနေတဲ့ဘဲ၊ ဆံပင်ကို ဆီလူးတယ်၊ ရည်မွန်တယ်၊ အေးဆေးတယ်၊ သူ့ကို ငါတို့က ကောင်ချောလေးလို့ခေါ်တယ်။ သူက ချောလည်း တကယ်ချောတာကိုး။

ဂယ်ရီနဗီးလ် - အဲဒီညာခြမ်းကနေ ပြိုင်ဘက်တွေကို ငါတို့ သိပ်ကြတာပဲ၊ သူကတော့ ဖြတ်တင်ဘောတွေနဲ့ပေါ့။ ငါကတော့ သူ့ကို ပံ့ပိုးပေးတာပေါ့၊ ဘယ်လိုပြောရမလဲ၊ သူက အဓိကပါ၊ ငါကတော့ အရံဟင်းပါပဲကွာ၊ ငါ သူ့ကို အားကိုးခဲ့တယ်။ သူက မှော်ဆန်တာတွေ လုပ်ပြနိုင်တဲ့သူပဲ။ သူက တည်ကန်ဘောတွေ ကျင့်နေချိန်မှာ၊ ငါကတော့ လက်ပစ်ဘောတွေ ကျင့်နေခဲ့တာ၊ ကွင်းထဲမှာတော့ ငါတို့တွေ စိတ်ချင်းဆက်နေသလိုပဲ။ တကယ်တော့ သူက ဘောလုံးသမားထက် ပိုချင်တဲ့သူမျိုးကွ

ကန်တိုနာ - သူက ပိတ်ကားရှေ့က ပန်းချီဆရာတစ်ယောက်လိုပဲ၊ ဘောလုံးကို သူက စေရာထားနိုင်ခဲ့တယ်

ဖာဒီနန် - ဘက်ခမ်းနဲ့ ပတ်သက်ပြီးတော့လား၊ တကယ်လို့ မင်းသာ အဲဒီခံစားချက်တွေကို ပုလင်းထဲ ထည့်ရောင်းလို့ရရင် ဘီလျံနာတောင် ဖြစ်နိုင်လောက်တယ်။

ကဲ …. သူတို့က ကျွန်တော့်ကိုချစ်လို့ ပိုပိုသာသာပြောကြတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမဲ့ သူတို့ဆီကနေ ဒီလိုမျိုးအမြင်ကိုကြားရတဲ့အတွက်တော့ ကျွန်တော် သိပ်ဂုဏ်ယူရတာပေါ့ဗျာ။ ဒီထဲမှာ ရယ်ရတာက ဂယ်ရီနဗီးလ်ဗျ၊ သူက တစ်ချိန်လုံး စကားပြောနေတဲ့ကောင်။ မနားတမ်းကို ပြောတာ၊ ကျွန်တော်တို့ဆို သူပြောတာကို နားထောင်တာက ခပ်ရှားရှား၊ ဒါပေမဲ့ သူက ချစ်ဖို့ကောင်းတဲ့သူတစ်ဦးပါ။ ထားပါတော့၊ အဲဒီဂိုးအကြောင်းကို ပြန်သွားကြရအောင်။

အဲဒီဂိုးပြီးနောက် ကျွန်တော် တော်တော်နာမည်ရလာတယ်။ စပွန်ဆာတွေဘာတွေလည်းရတာပေါ့။ Adidas နဲ့ ကြော်ငြာတစ်ခုလုပ်တယ်။ ကျွန်တော့်အတွက် ပထမဆုံးသော Brand တွေနဲ့ အလုပ်လုပ်တဲ့အချိန်ပဲ။ ဘောလုံးပြင်ပကို ပထမဆုံး ခြေချခဲ့တာပဲ။ အဲဒီတုန်းကတော့ ဘောလုံးသမားတွေထဲမှာ ဒါမျိုးလုပ်တဲ့သူ သိပ်မရှိခဲ့ဖူးဘူး။

ပိုက်ဆံရတော့ ကျွန်တော် ဘာလုပ်လဲသိလား။ ကျွန်တော် လိုချင်တာတွေ လျှောက်ဝယ်တာပဲ။ ပေါ်ရှေးကားဝယ်တယ်။ Rolex နာရီဝယ်တယ်။ Gucci ဂျက်ကက်ဝယ်တယ်။ အကုန်ဝယ်တာပဲ။ ဈေးဝယ်ထွက်ရတာကို ကျွန်တော်က ကြိုက်တာ။ အဲဒီတုန်းက Adidas နဲ့ စာချုပ်တစ်ခုချုပ်တော့ ပေါင် ၅ သောင်းရတယ်။ ကျွန်တော် ဘာလုပ်လဲသိလား၊ ပေါင် ၅ သောင်းတန် BMW တစ်စီးပြေးဝယ်တော့တာပဲ။

ဖီးလ်နဖီးလ် - ဒေးဗစ်က သောကြာဆိုရင် လစာရတယ်။ စနေဆိုရင် ကုန်ပြီ။ သူက ပိုက်ဆံရှိရင် အကုန်သုံးပစ်တဲ့သူမျိုး၊ ပြီးတော့ နောက်အပတ်အတွက် လစာကို မျှော်နေတာပဲ။ ငါနဲ့ ဂယ်ရီတို့ကျ ပိုက်ဆံကို စုထားတာ၊ ပင်စင်အတွက် အနားယူချိန်ဘာညာအတွက်ပေါ့ကွာ၊ အဲဒီမှာ ငါတို့ ပိုက်ဆံစုထားတာမြင်ရင် ဒေးဗစ်ကလာပြီး “မင့်တို့ ဘာတွေများ လျှောက်လုပ်နေကြတာလဲကွာ” လို့ လာပြောတာ။

ရွိုင်ကိန်း - သူ ကားကောင်းကောင်းစီးတာတော့ ငါ လက်ခံပါတယ်။ သူ့ကြောင့် အခြားသူတွေလည်း နည်းနည်းအမြင်ကျယ်သွားတာပေါ့လေ။ ဒါပေမဲ့ တစ်ရက်ကျတော့ သူက ကျွန်တော် ဘောပင်အကောင်းစားဝယ်လာတယ်တဲ့။ ငါက ဟ ဆိုပြီး ဖြစ်သွားတယ်။ ဘယ်ကောင်က ဘောပင်ကို ဈေးကြီးပေးဝယ်လို့လဲဟ၊ အင်္ကျီအဝတ်အစားတွေ ဝယ်တယ်၊ လက်ခံတယ်ကွာ၊ ဒါပေမဲ့ ဘယ်ကောင်ကများ ဈေးကြီးဘောပင်ဝယ်လို့တုန်းကွာ

အင်း… အဲဒါ ကျွန်တော်ပါပဲ။ မတတ်နိုင်ဘူးလေ၊ ကျွန်တော်က ကြိုက်တာကိုး။ အဲဒီနောက် ကျွန်တော့်ဆီကို စာတွေရောက်လာတယ်။ တချို့ဆိုရင် သူတို့ အတွင်းခံတွေပါ ထည့်ပြီး ပို့ပေးတာဗျ၊ ဒီစာတွေကိုတော့ ဒါတွေနဲ့ပတ်သက်ပြီး တာဝန်ယူတဲ့ အသင်းက Kate က သိမ်းပေးထားတာ၊ သူက ကြင်နာတတ်တဲ့အမျိုးသမီးကြီးပါ။ ဘယ်စာတွေကို ပြန်ရမယ်၊မပြန်ရဘူး သူပဲ ဆုံးဖြတ်ပေးခဲ့တာပါပဲ။ သူက ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦးပါ။

အခြားတစ်ဖက်မှာလည်း အပြောင်းအလဲတွေက ရှိလာခဲ့တယ်။ ဆာအဲလက်စ်ကတော့ ကျွန်တော် ပြောင်းလဲသွားခဲ့တယ်လို့ မြင်တယ်။ သူက ကျွန်တော့်ကို ဘောလုံးကို အာရုံစိုစေချင်ခဲ့တယ်။ သာမန်အမျိုးသမီးတစ်ဦးကိုပဲ လက်ထပ်စေချင်ခဲ့တာ။ ပြီးတော့ သူက ကျွန်တော့်ကို သူသိတဲ့အေးဂျင့်နဲ့ပဲ လက်တွဲစေချင်ခဲ့တာ၊ အဲဒီမှာ ကျွန်တော်က အခြားတစ်ယောက်ကို ခေါ်လိုက်တယ်။ သူ ဒေါသပုန်ထသွားတယ်၊ ကျွန်တော့်ကို စကားတောင် မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်တော်ကျတော့လည်း ဘောလုံးကစားသမားဘဝဟာ တစ်ချိန်ချိန်မှာ အဆုံးသတ်သွားမယ်ဆိုတာကို သိတယ်လေ၊ ကစားသမားဘဝပြီးနောက် အခြားဘဝတစ်ခုအတွက် ကျွန်တော် ပြင်ဆင်ချင်ခဲ့သေးတယ်။ ဒီလိုပါပဲ … ဒါတွေကပဲ အက်ကြောင်းတွေအစပေါ့။ အဲဒီနောက် ကျွန်တော် ဗစ်တိုးရီးယားကို တွေ့ခဲ့တယ်။

ပြီးတော့ ကျွန်တော် သူ့ကို တန်းပြီး ချစ်မိသွားခဲ့တယ်လေ။

#ဘောလုံးအဓိပတိ #ဒေးဗစ်ဘက်ခမ်း

Happy Father's Day ❤❤     ‎
16/06/2024

Happy Father's Day ❤❤




Jungle De Cafe ☕️မွန်းဂျန်သွားရင်ဝင်လည်သင့်တဲ့နေရာလေးပါနော် Cafe ဆိုပေမယ့် ကော်ဖီသောက်ရုံတင်မဟုတ်ဘဲ Adventure လုပ်လို့ရတ...
14/06/2024

Jungle De Cafe ☕️
မွန်းဂျန်သွားရင်ဝင်လည်သင့်တဲ့နေရာလေးပါနော်

Cafe ဆိုပေမယ့် ကော်ဖီသောက်ရုံတင်မဟုတ်
ဘဲ Adventure လုပ်လို့ရတဲ့ Activities တွေအများကြီးရှိပြီး ဆိုင်အပြင်ဆင်ကလဲအတော်လေးမိုက်ပါတယ်
သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ရေတံခွန်လေးကိုနောက်ခံထားပြီး ပိုက်ကွန်အိပ်စင်လေးနဲ့ Chill Vibe လေးလုပ်ပေးထားတာမို့ အေးဆေးအနားယူပြီး ဓာတ်ဖမ်းလို့ကောင်းသောနေရာလေးပါရှင်

Adventure အတွက်တော့ Zipline , Quick Jumping (Bungee Jump), Jungle Coaster, Jungle bike, and Jungle Swing အကုန်ရှိပါတယ်
Zipline / Jungle Coaster တွေကတော့လူကြိုက်
အများဆုံးဖြစ်ပြီး အက်မင်လဲကြိုက်ပါတယ်ရှင်

ပိတ်ရက်မှာအေးဆေးအနားယူပြီး Adventure mood လေးလဲ On ချင်တယ်ဆို ဒီနေရာလေးကိုသွားလည်ကြည့်ပါနော်







🤍အားလုံး မင်္ဂလာ ရှိသောနေ့လေး ဖြစ်ပါစေခဗျ💵💶💷💹    #ထိုင်းရောက် ရွှေမြန်မာ များ
14/06/2024

🤍အားလုံး မင်္ဂလာ ရှိသောနေ့လေး ဖြစ်ပါစေခဗျ💵💶💷💹



#ထိုင်းရောက် ရွှေမြန်မာ များ

🙀     ‎
07/06/2024

🙀



Thursday ❤     ‎
06/06/2024

Thursday ❤



Dragon Temple (ဆုတောင်းပြည့်နဂါးဘုရား) 🐉🇹🇭 ဒီတစ်ခါတော့ ပိတ်ရက်မှာဘယ်သွားရမလဲမသိဘူးဆိုသူတွေအတွက် Dragon Temple ကိုလူစုပြီ...
05/06/2024

Dragon Temple (ဆုတောင်းပြည့်နဂါးဘုရား) 🐉🇹🇭
ဒီတစ်ခါတော့ ပိတ်ရက်မှာဘယ်သွားရမလဲမသိဘူးဆိုသူတွေအတွက် Dragon Temple ကိုလူစုပြီးသွားကြဖို့စိတ်ကူးထားပါတယ်
ဘန်ကောက်ကနေ တစ်နာရီလောက်ဘဲသွားရပြီး နခွန်ပထုံမြို့မှာရှိတဲ့ Wat Sam Phran Temple 🐉
ပန်းရောင်temple ကို အောက်ခြေကနေအပေါ်အထိ ရစ်ခွေပတ်နေတဲ့ နဂါးရုပ်ထုကြီးကြောင့်ကျော်ကြားပြီး ဆုတောင်းပြည့်တာမို့ အနောက်နိုင်ငံကလူတွေတောင်လာရောက်ဆုတောင်းကြပါတယ် 🙏
ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့ သက်တော် ၈၀ ကိုရည်ညွှန်းပူဇော်ထားပြီး 80 မီတာအမြင့်နဲ့ 17 လွှာရှိပါတယ်
တစ်လွှာချင်းစီမှာ ဘုံတစ်ခုကိုရည်ညွှန်းဖော်ပြထားပြီး ဗုဒ္ဓရုပ်ပွါးတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် လေ့လာစရာအများအပြားရှိပါတယ်
ဘုရားအောက်မှာ ဖဲကြိုးလေးတွေဝယ် နာမည်ရေးပြီး 14 ထပ်က နိဗ္ဗာန်ဘုံလို့တင်စားခေါ်ဝေါ်တဲ့ Wat Sam Phran ဘုရားဆင်းတုတော်ဆီရောက်ရင် ဘုရားလက်ရန်းမှာ နာမည်ရေးထားတဲ့ဖဲကြိုးလေးကိုချည် လိုရာဆုတောင်းပြီး လှူဖွယ်ပစ္စည်းတွေကိုလှူဒါန်းလို့ရပါတယ် ( ဖဲကြိုးချည်ပြီးဆုတောင်းချင်တယ်ဆိုရင် တနင်္ဂနွေ/ ဗုဒ္ဓနေ့နဲ့ Public Holiday တွေမှာဘဲ ဆုတောင်းလို့ရပါမယ်နော် ) Dragon temple ( ဆုတောင်းပြည့် နဂါးဘုရား )🐉 🇹🇭



#ထိုင်းရောက်ရွှေမြန်မာများ



Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Direct Exchange Group of Shwe Min Phyo Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share