MOE WIN OO

MOE WIN OO WTI,GOLD,FOREX
-Up Date News
-Quality Analysis (TA/FA)
-Knowledge Sharing
-Currency Exchange Rate
-D

တရုတ်စီးပွားရေးခြိမ်းခြောက်မှုဟန့်တားဖို့ G7 ထိပ်သီး ကန်တိုက်တွန်းဖွယ်ရှိ၁၂ ဇွန်၊ ၂၀၂၂၄ဇွန်လ ၁၃ ကနေ ၁၅ အထိ အီတလီနိုင်ငံမ...
12/06/2024

တရုတ်စီးပွားရေးခြိမ်းခြောက်မှုဟန့်တားဖို့ G7 ထိပ်သီး ကန်တိုက်တွန်းဖွယ်ရှိ
၁၂ ဇွန်၊ ၂၀၂၂၄

ဇွန်လ ၁၃ ကနေ ၁၅ အထိ အီတလီနိုင်ငံမှာကျင်းပမယ့် စက်မှုထိပ်သီး ညီလာခံမှာ တရုတ်ရဲ့ စီးပွါးရေးခြိမ်းခြောက်မှုနဲ့ ရုရှားရဲ့ ယူကရိန်းထိုးစစ် ခြိမ်းခြောက်မှုနှစ်ရပ်ကိုဟန့်တားပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းဖွယ် ရှိနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်တွေထဲမှာ အခြေခံ အဆောက်အအုံဆိုင်ရာ ရံပုံငွေနဲ့ AI ခေါ် ဉာဏ်ရည်တုကိစ္စတွေလည်း ပါဝင်ကြပါတယ်။ တရုတ်က ဝယ်လိုအားထက် ပိုထုတ်လုပ်နေတဲ့ကိစ္စ၊ သဘာဝပတ်ဝန်းကျင်မပျက်စီးစေတဲ့ နည်းပညာကိစ္စ၊ ယူကရိန်းက ခုခံစစ်ဆင်နွှဲရာမှာ အနောက်မှာထိန်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို အသုံးချနိုင်မယ့် နည်းနာယန္တရားအပေါ်မှာ သဘောတူညီချက် ရရှိဖို့ သမ္မတဘိုင်ဒန်က ရည်ရွယ်ထားကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်က ဗွီအိုအေကို ပြောပါတယ်။

အနောက်နိုင်ငံတွေမှာ ရုရှားပိုင်ဆိုင်မှု ဘီလီယံ ၂၈၀ လောက် ရှိနေပါတယ်။ အစီအစဥ်အရ ယူကရိန်းက ချေးငွေ ဘီလီယံ ၅၀ အထိရရှိမှာဖြစ်ပြီး ရုရှားပိုင်ဆိုင်မှု ဘီလီယံ ၂၈၀ ကဖြစ်လာတဲ့ ခန့်မှန်းအတိုးငွေ တနှစ်ကို ၃ ဘီလီယံ နဲ့ အဲဒီချေးငွေကို ပြန်ဆပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လကျ်ာနိုင်ငံရေးက ဥရောပမှာ အားကောင်းလာတာမို့ အားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဥရောပ သမဂ္ဂမှာ နိုင်ငံရေး ချိန်ခွင်လျှာက သမ္မတဘိုင်ဒန် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ဖို့ မသေမချာဖြစ်နေနိုင်ပါတယ်။

By VOA Burmese 12 June 2024
#တရုတ်စီးပွားရေးခြိမ်းခြောက်မှုဟန့်တားဖို့ ိပ်သီးကန်တိုက်တွန်းဖွယ်ရှိ

Photo.... ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၃ G7 ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (မေ ၂၁၊ ၂၀၂၃)

“ပြင်သစ်နဲ့ သဘောတူညီချက်တွေ အများကြီး ရခဲ့တယ်” - ယူကရိန်း သမ္မတ ဇလန်စကီး၁၁/၀၆/၂၀၂၄“ပြင်သစ်နဲ့ ယူကရိန်း နှစ်နိုင်ငံ အရေးက...
11/06/2024

“ပြင်သစ်နဲ့ သဘောတူညီချက်တွေ အများကြီး ရခဲ့တယ်” - ယူကရိန်း သမ္မတ ဇလန်စကီး
၁၁/၀၆/၂၀၂၄

“ပြင်သစ်နဲ့ ယူကရိန်း နှစ်နိုင်ငံ အရေးကြီးတဲ့ သဘောတူ စာချုပ်တွေ ချုပ်နိုင်ခဲ့တယ်။ စွမ်းအင်ကဏ္ဍအတွက် ယူရို သန်း ၆၀ နဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦတွေ ပြန်လည်ထူထောင်ရေးအတွက် ယူရို သန်း ၂၀၀ ပြင်သစ်က ကူညီဖို့ သဘောတူတယ်။

“နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သက်တမ်းကို နောက်ထပ် အနှစ် ၂၀ တိုးဖို့ သဘောတူခဲ့တယ်။ ယူကရိန်းရဲ့ နျူကလီးယား စွမ်းအင်စနစ်ကို ပြင်သစ်က ကူညီမယ်။

“တိုက်ပွဲဝင် တင့်ကားတွေ၊ လက်နက်ကြီးကျည်တွေ ထုတ်လုပ်တဲ့ ပြင်သစ် ကာကွယ်ရေး ကုမ္ပဏီတွေနဲ့ သဘောတူစာချုပ်တွေ ချုပ်နိုင်ခဲ့ပြီ။”

(ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှာ ကျင်းပခဲ့တဲ့ D-Day အနှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ယူကရိန်း သမ္မတ ဇလန်စကီး ပြောပြချက်)

By Burma News Network
“ #ပြင်သစ်နဲ့သဘောတူညီချက်တွေ #အများကြီးရခဲ့တယ်” - #ယူကရိန်းသမ္မတဇလန်စကီး

လော်ဘီ ငှားလိုက်တဲ့ မဒါလီ ရဲ့ ပိုင်ရှင်...Baltimore ရဲ့ Key Bridge ကို တိုက်ဖြိုလိုကိတဲ့ ကုန်သေတ္တာသင်္ဘော MV Dali မဒါလီ...
09/06/2024

လော်ဘီ ငှားလိုက်တဲ့ မဒါလီ ရဲ့ ပိုင်ရှင်...

Baltimore ရဲ့ Key Bridge ကို
တိုက်ဖြိုလိုကိတဲ့ ကုန်သေတ္တာ
သင်္ဘော MV Dali မဒါလီ ရဲ့ ပိုင်ရှင်က
အမေရိကန် နိုင်ငံရေး သမားတွေကို
ယူအက်စ ရဲ့ တာဝန်ခံမှု တာဝန်ယူမှု
Liability Act 1851 ကို မပြောင်းရန်
Lobby လုပ်ပေးဖို့... Blank Rome
Government Relations ကို ငှားရမ်း
ခဲ့ပါတယ်.... 😎😂

အဲ့ဒီ ယူအက်စရဲ့ ဥပဒေ ဖြစ်တဲ့
Liability Act of 1851 ကလဲ
သင်္ဘော ပိုင်ရှင်ရဲ့ အလျော်အစား
တာဝန်ယူရမဲ့ အပိုင်းကို Limit လုပ်ခွင့်
ပြုထားပါတယ်.... လျော်ရမယ့် တန်ဖိုးကို
အပြည့်လျော်စရာမလိုဘဲ... တတ်နိုင်တဲ့
တန်ဖိုး တစ်ခုကို သတ်မှတ်ပြီး ပေးလျော်တဲ့
ပုံစံပါ.... အဲ့ဒီ ဥပဒေ အရ....
သင်္ဘော ပိုင်ရှင်အနေနဲ့ ပေးလျော်မှုကို
သင်္ဘောရဲ့ တန်ဖိုး နဲ့ ခရီးလမ်းမှာ ရမယ့်
Freight ခ တွေရဲ့ တန်ဖိုးတွေနဲ့
သတ်မှတ်ပြီး လျော်ခွင့် ရမှာပါ....

အဲ့ဒီ Liability ဥပဒေနဲ့ အကျုံးဝင်ဖို့
သင်္ဘော ပိုင်ရှင်အနေနဲ့ ဖြစ်လာတဲ့
ပြသနာ တွေအတွက် အတွေ့အကြုံ
ဗဟုသုတ ကြိုတင်ပြီး မရှိထားကြောင်း
သက်သေပြနိုင်ရင် ရပါပြီ....🙄🤔

(စိတ်ဝင်စားစရာ ကောင်းတဲ့
ဥပဒေ ကို အခြေပြု အားပြိုင်မှု
တွေကို ကြားရအုံးမှာပါ...)... 😎

အလျော်တောင်း မှာက USD ဘီလျံ
မျာစွာ ရှိနေလင့်ကစား...😌😤
မဒါလီ သင်္ဘော ကြီး ကို အုပ်ချုပ်တဲ့
Synergy ကလည်း လျော်ကြေးကို
Limit လုပ်ပြီး USD ၄၃.၆ သန်း သာ
လျော်ပေးဖို့ တရားရုံး မှာ အသနား
ခံထားပါတယ်...😭

အာမခံ ကုမ္ပဏီ တွေကတော့
မဒါလီ မွှေတဲ့ ကိစ္စ အတွက်
လျော်ကြေး ပေးရမှာတွေက
များလွန်းလို့ ကမ္ဘာ့ ရေကြောင်း
သမိုင်းမှာ အများဆုံးနဲ့
အကြီးကျယ်ဆုံး ဖြစ်မယ်လို့
မှန်းထားကြပါတယ်...



https://splash247.com/dali-owner-hires-lobbyists-in-washington-to-quash-changes-to-americas-limitation-on-liability-act-of-1851/

photo courtesy

ဘက်ထရီဈေးကွက်များအပေါ် အမေရိကန်၏ အရေးယူမှုကြောင့် တရုတ်စတော့ဈေး ကျဆင်းJune 9, 2024တရုတ်နိုင်ငံ၏ ပို့ကုန်က မေလအတွင်း၌ ဒုတ...
09/06/2024

ဘက်ထရီဈေးကွက်များအပေါ် အမေရိကန်၏ အရေးယူမှုကြောင့် တရုတ်စတော့ဈေး ကျဆင်း
June 9, 2024

တရုတ်နိုင်ငံ၏ ပို့ကုန်က မေလအတွင်း၌ ဒုတိယမြောက်လအဖြစ် လျင်မြန်သော နှုန်းထားဖြင့် တိုးတက်နေလင့်ကစား Ford နှင့် Volkswagen တို့နှင့် ချိတ်ဆက်မှုရှိသော တရုတ်ဘက်ထရီကုမ္ပဏီများကို အမေရိကန်ဆီ တင်ပို့မှုအား တားမြစ်နိုင်ရေး လွှတ်တော်အမတ်များက လုပ်ဆောင်လာသည့် သတင်းနောက် နိုင်ငံ၏ စတော့ဈေးများ ကျဆင်းသည်။

ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့ချမည့် အချိန်ကို သဲလွန်စပေးနိုင်သည့် အရေးကြီးသော အမေရိကန်အလုပ်အကိုင် အစီရင်ခံစာ မတိုင်မီ၌ အခြားသော အာရှဈေးကွက်များက မြင့်တက်သည်။

တရုတ်နိုင်ငံမှ ပြည်ပတင်ပို့မှုသည် မေလအတွင်း တန်ဖိုးအားဖြင့် မနှစ်ကထက် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကြောင်း အကောက်ခွန်အချက်အလက်များက သောကြာနေ့တွင် ပြသရာ ကြာရှည်ခံသည့် ပြန်လည်ဦးမော့မှုကို အစပျိုးနိုင်ရေး တိုက်ပွဲဝင်နေရသည့် နိုင်ငံစီးပွားရေးအတွက် သက်သာမှုအချို့ ဖြစ်စေသည်။

Ford နှင့် Volkswagen နှင့် ချိတ်ဆက်သော တရုတ်ဘက်ထရီကုမ္ပဏီများသည် အတင်းအကျပ် စေခိုင်းသည့် လုပ်သားအင်အားကို အသုံးပြုသည်ဟု စွပ်စွဲလျက် ရီပတ်ဘလီကန်လွှတ်တော်အမတ်အုပ်စုတစုက အမေရိကန်ဆီ တင်ပို့မှုမှ တားမြစ်သင့်ကြောင်း ပြောဆိုထားသည်ဟု Wall Street Journal သတင်းက ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို သတင်းသည် စတော့ဈေးကွက်ကို အကျဘက်သို့ ဖိစီးသည်။

သောကြာနေ့ နေ့လယ်အထိ Shanghai Compostie ရှယ်ယာအညွှန်းကိန်းသည် ၀ ဒသမ ၂၃ ရာခိုင်နှုန်း ကျကာ ၃,၀၄၁ ဒသမ ၇၉ မှတ်ရှိသည်။

တရုတ်၏ တန်ဖိုးခိုင်မာသော စက်မှုရှယ်ယာ CSI 300 အညွှန်းကိန်းသည် ၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ ယင်း ရှယ်ယာ၏ ဘဏ္ဍာရေးကဏ္ဍ အညွှန်းကိန်းခွဲသည် ၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ စားသုံးသူထုတ်ကုန်ကဏ္ဍသည် ၁ ဒသမ ၀၆ ရာခိုင်နှုန်း၊ အိမ်ခြံမြေကဏ္ဍသည် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကျန်းမာရေးကဏ္ဍအညွှန်းကိန်းခွဲသည် ၀ ဒသမ ၅၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းကြသည်။

ဟောင်ကောင်စာရင်းတင် တရုတ် H ရှယ်ယာက ၀ ဒသမ ၅၅ ရာခိုင်နှုန်းကျကာ ၆,၅၁၉ ဒသမ ၂၃ မှတ် ရှိပြီး Hang Seng အညွှန်းကိန်းက ၀ ဒသမ ၄၂ ရာခိုင်နှုန်း ကျပြီး ၁၈,၃၉၉ ဒသမ ၀၄ မှတ်ရှိသည်။

အငယ်စား Shenzhen အညွှန်းကိန်းက ၀ ဒသမ ၄၃ ရာခိုင်နှုန်း ကျကာ ကနဦး ChiNext အညွှန်းကိန်းက ၂ ဒသမ ၂၆ ရာခိုင်နှုန်း အားနည်းပြီး ရှန်ဟိုင်း၏ နည်းပညာ ဦးစားပေး STAR50 အညွှန်းကိန်းက ၀ ဒသမ ၈၈ ရာခိုင်နှုန်း ဈေးကျသည်။

Ford နှင့် မိတ်ဖက်ဖြစ်သော တရုတ် Contemporary Amperex Technology CATL နှင့် Volkswagen ကုမ္ပဏီ တစိတ်တပိုင်း ပိုင်ဆိုင်သည့် ဘက်ထရီကုမ္ပဏီ Gotion High Tech တို့ကို တင်သွင်းတားမြစ်စာရင်းတွင် ချက်ချင်း ထည့်သွင်းသင့်ကြောင်း Wall Street Journal က ဖော်ပြသည်။

CATL ၏ ရှယ်ယာသည် ၆ ဒသမ ၈ ရာခိုင်နှုန်း ထိုးကျပြီး Gotion က ၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသည်။

ဒေသတွင်း MSCI ၏ အာရှ ဂျပန်စတော့အညွှန်းကိန်းက ၀ ဒသမ ၁၂ ရာခိုင်နှုန်း ဈေးခိုင်ကာ ဂျပန်၏ Nikkei အညွှန်းကိန်းက ၀ ဒသမ ၂၁ ရာခိုင်နှုန်း ဈေးကျသည်။

By Daily Mail 09 June 2024
By Mizzima - News in Burmese
#ဘက်ထရီဈေးကွက်များအပေါ် #အမေရိကန်၏ #အရေးယူမှုကြောင့် #တရုတ်စတော့ဈေးကျဆင်း
#တရုတ်, #ဘက်ထရီဈေးကွက်, #အမေရိကန်

#ဟောင်ကောင်ရှိ #အဆောက်အအုံအပြင်ဘက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် တရုတ်နှင့် ဟောင်ကောင်အလံများ လွှင့်ထူထားစဥ်/

Photo:Getty Images

“ယူကရိန်းတွေကို အနိုင်ကျင့်လို့ မရတော့ဘူးဆိုတာ ပူတင် ဝန်ခံ သဘောပေါက်သင့်ပြီ” - ဂျာမနီ ဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်၀၈/...
08/06/2024

“ယူကရိန်းတွေကို အနိုင်ကျင့်လို့ မရတော့ဘူးဆိုတာ ပူတင် ဝန်ခံ သဘောပေါက်သင့်ပြီ” - ဂျာမနီ ဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်
၀၈/၀၆/၂၀၂၄

“ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ယူကရိန်းတွေကို ဘယ်လိုနည်းနဲ့မှ လက်နက်ချ အညံ့ခံလာအောင် လုပ်လို့ မရတော့ဘူးဆိုတာ သဘောပေါက် နားလည်သင့်ပြီ” လို့ ဂျာမနီ ဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်က ဇွန် ၈ ရက်မှာ ပြောလိုက်ပါတယ်။

“ယူကရိန်းတွေဟာ အင်အားကြီးမားသလို ဘယ်လိုနည်းနဲ့မှ ဒူးထောက် အညံ့ခံမယ့်သူတွေ မဟုတ်ဘူးဆိုတာ နောက်ဆုံးမှာ ပူတင် နားလည် သဘောပေါက်ရလိမ့်မယ်” လို့လည်း အိုလတ်ဖ် ရှို့လ်ဇ် က သူ့လူမှုကွန်ရက်ကနေတ ဗီဒီယိုသတင်းစကား တိုက်ရိုက် ပြောထားတာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးစကား ပြောကြမယ်ဆိုရင် ယူကရိန်းတွေအတွက် တရားမျှတတဲ့ ငြိမ်းချမ်းရေးပဲ ရှိနိုင်ပြီး ယူကရိန်းတွေ တရားမျှတတဲ့ ငြိမ်းချမ်းရေးရဖို့ မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲပြီး မနားမနေ ဆက်လုပ်သွားမယ်” လို့ ဂျာမနီ ဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်က ပြောသွားပါတယ်။

By Burma News Network ( 01 hours ago )
#ယူကရိန်းတွေကို #အနိုင်ကျင့်လို့မရတော့ဘူးဆိုတာ #ပူတင်ဝန်ခံသဘောပေါက်သင့်ပြီ” - #ဂျာမနီဝန်ကြီးချုပ်အိုလတ်ဖ်ရှို့လ်ဇ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရုတ်မှ ထွက်ခွာသွားပြီး လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာJune 8, 2024တရုတ်သည် လက်ရ...
08/06/2024

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရုတ်မှ ထွက်ခွာသွားပြီး လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာ
June 8, 2024

တရုတ်သည် လက်ရှိကာလတွင် ကြီးမားသော စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
တချိန်က နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ယင်းအပြောင်းအလဲသည် လုပ်ငန်းပိတ်သိမ်းမှုများကို ကြီးကြီးမားမား ဖြစ်စေသော ဆင့်ကဲအကျိုးသက်ရောက်မှု ရှိလာသည်။ ထို့ပြင် ကဏ္ဍအသီးသီးတွင် ဝန်ထမ်းလစာ ဖြတ်တောက်မှုများ ပိုမိုများပြားလာပြီး စီးပွားရေးဖိအားများ ပြင်းထန်လာသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆုတ်ခွာသွား၍ လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာပြီး လစာဖြတ်တောက်မှုများနှင့် ကြွေးကျန် ပြဿနာများ က နိုင်ငံတဝန်း ဖြစ်ပေါ်နေသည်။ အထူးသဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် လစာဖြတ်တောက်ခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်းများ ကြီးကြီးမားမား ဖြစ်ပေါ်နေပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမှာ အာမခံချက်မရှိဘဲ စွန့်ခွာနေကြရကြောင်း တရုတ်ပြည်မကြီးရှိ ပြည်သူ့ဝန်ထမ်းများက New Tang Dynasty ရုပ်သံ သတင်းဌာန သို့ ပြောကြားသည်။

ဂျန်းစု ပြည်နယ်မှ ပြည်သူ့ဝန်ထမ်းတဦးဖြစ်သူ ရှောင် က လက်ရှိ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ အတွေ့အကြုံကို မျှဝေခဲ့သည်။ ယခင်က ၎င်း၏ လစာမှာ ယွမ် ၁၃,၀၀၀ ရခဲ့သော်လည်း ယခုအခါ ယွမ် ၁၀,၀၀၀ သို့ ကျဆင်းသွားသည် ဟု ဆိုသည်။ ယင်းမှာ တရုတ်ပြည်တွင် အစိုးရဝန်ထမ်းလုပ်ခလစာ ၃၀ % ကျဆင်းသွားကြောင်း ညွှန်ပြနေပြီး ယခုအခါ အသက် ၃၅ နှစ်အထက် မည်သူမဆို တက္ကသိုလ်ဘွဲ့ရများပင်လျှင် အလုပ်ကောင်းကောင်းရှာရန် ခက်ခဲနေကြောင်း ၎င်း က ဆိုသည်။

ချီချီရာ ရှိ ပြည်သူ့ဝန်ထမ်းနှစ်ဦးဖြစ်သူ ဂျီအန် နှင့် ၎င်း ၏ ဖခင်သည် ရာထူးမှ ထုတ်ပယ် ခံခဲ့ရပြီး အသက်မွေးဝမ်းကြောင်းအတွက် ရပ်တည်ရန် ခက်ခဲနေသည်။ “ကျွန်တော့် သားက အစိုးရ နဲ့ စာချုပ် ချုပ်ထားပေမယ့် သူတို့ က အလုပ်ဆက်မခန့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော် တို့ အလုပ်လက်မဲ့ အကျိုးခံစားခွင့် မရတာလည်း တနှစ်နီးပါးရှိပြီ။ ကျွန်တော်က အငြိမ်းစားယူဖို့ နီးနေပါပြီ။ ဒါပေမယ့် အခု ကျွန်တော် အငြိမ်းစားယူဖို့ လုပ်သက် ခြောက်နှစ် အလျှော့ခံရတယ်။ ကျွန်တော် ပြောပါရစေ။ ဒီလူ့အဖွဲ့အစည်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာ။ အဲ့လိုမလုပ်ရင် ဒီနိုင်ငံဟာ ပိုဆိုးလာလိမ့်မယ်” ဟု ဖခင် ဖြစ်သူက စိတ်ပျက်လက်ပျက်ပြောသည်။

၎င်း ၏ စကားများသည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ မကျေနပ်မှုများစွာကို ထင်ဟပ်နေသည်။ ရာထူးမှရပ်စဲခြင်းနှင့် ဘွဲ့ရလူငယ်များ အလုပ်အကိုင်ရှာဖွေနိုင်မှု မရှိခြင်းက မည်သူတွင် တာဝန်ရှိပါသနည်း။ တရုတ်ကွန်မြူနစ်ပါတီ မှ လွန်ခဲ့သည့် သုံးနှစ်အတွင်း ချမှတ်ခဲ့သော ကူးစက်ရောဂါဆိုင်ရာ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ သည် အိမ်ခြံမြေစျေးကွက်ပျက်ပြားမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ စက်မှုဇုန်များ ပြောင်းရွှေ့ခြင်းနှင့် စက်ရုံများ ပိတ်သိမ်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး နိုင်ငံ၏ ဆိုးရွားသော စီးပွားရေးအကျပ်အတည်းကို ဖြစ်ပေါ်စေသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင်ပင် အလုပ်ထုတ်ပယ်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်နေကြောင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တခုမှ ဝန်ထမ်းဟောင်းဖြစ်သူ မစ္စတာလီက ဆိုသည်။ အထူးသဖြင့် နိုင်ငံပိုင်နှင့် ဗဟိုစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည့် ဆိုးရွားသော စီးပွားရေးကျဆင်းမှုကို ၎င်းက ထုတ်ဖော်ပြောခဲ့သည်။ ၎င်း တာဝန်ထမ်းဆောင်ခဲ့သော ယခင် ဌာန တွင် စျေးကွက်ဝယ်လိုအား မရှိခြင်းကြောင့် ထုတ်လုပ်မှု စွမ်းဆောင်ရည် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး အလုပ်ထုတ်ပယ်မှုများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ အလုပ်ထုတ်ပယ်မှုများအတွက် လျော်ကြေးပေးပြီးနောက်ပိုင်း ဂရုမစိုက်တော့ကြောင်း ၎င်း က ဆိုသည်။

ပြည်တွင်းကြွေးမြီများ စုပုံလာသဖြင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ၏ ငွေကြေးအခက်အခဲများကို လီ က ရှင်းပြသည်။ ၂၀၂၃ မှ စ၍ ဝန်ထမ်းအများအပြားကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် ပြည်နယ်နှင့် မြို့ကြီးများ၌ ခေါင်းဆောင်ရာထူးများကို လျှော့ချကြောင်း ကြေညာခဲ့သည်။ ယင်းမှာ စီးပွားရေးစိန်ခေါ်မှုများကို ရည်ညွှန်းနေသည်။ ဟူနန် ပြည်နယ်တွင် မေ အစောပိုင်း၌ လုပ်သားအင်အား ၅၀ % ထက်မနည်း လျှော့ချခဲ့သည်။

လူဇောင်အင်း စီချွမ် ကဲ့သို့ စီးပွားရေး တည်ငြိမ်သော ဒေသများတွင်ပင် လစာ လျှော့ချမှုများနှင့် ပြည်သူ့ဝန်ထမ်း အကျိုးခံစားခွင့်များ ဖျက်သိမ်းခြင်းတို့ရှိပြီး အချို့ ထောက်ပံ့ကြေးများကို လုံးဝ ဖျက်သိမ်းလိုက်ကြောင်း လူဇောင် ရှိ အလယ်တန်းကျောင်း ဆရာတဦးဖြစ်သူ ဝမ် က ပြောကြားသည်။

၂၀၂၄ ဇန်နဝါရီမှ စတင်၍ ၎င်းတို့၏ လစာများမှ သုံးရက် မှ ငါးရက်အထိ နှောင့်နှေးခဲ့ပြီး ယခု ဧပြီအထိ လစာမရသေးကြောင်း ဂျီအန်း က ဆိုသည်။ ခရိုင်အတွင်း စီးပွားရေးအခြေအနေသည် မြို့ပြ‌ဒေသများထက်ပင် ပိုဆိုးနေသည်။ ဝန်ထမ်းများသည် ၎င်းတို့၏ လစာများကို လွန်ခဲ့သည့် သုံးလ က နောက်ဆုံးရခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ မှ စတင်၍ ပြည်သူ့ဝန်ထမ်းလစာများ လျှော့ချခဲ့ပြီး သက်သာချောင်ချိရေး ခံစားခွင့်များကို လျှော့ချခြင်း သို့မဟုတ် တိုက်ရိုက် ပယ်ဖျက်ခဲ့ခြင်းရှိကြောင်း ၎င်းက ပြောသည်။ လုပ်ခလစာ မရသူများအားလုံး မည်သို့ လုပ်ဆောင်ကြမည်နည်း။ လမ်းပေါ်ထွက် ဆန္ဒပြဝံ့ကြပါသလား။ နောက်ဆုံးတွင် ၎င်းတို့သည် မည်သို့မျှ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြပါ။

တပ်မတော်သားများနှင့် ရဲအရာရှိများပင်လျှင် ၎င်းတို့၏ လုပ်ခလစာ များ မရရှိကြကြောင်း ၎င်း က ဆိုသည်။ သာမန်ပြည်သူတွေကို ဖိနှိပ်ဖို့ ခန့်အပ်ထားတဲ့ လုံခြုံရေးဝန်ထမ်းများ ၏ လုပ်ခလစာကိုပင် အပြည့်အဝ ပေးနိုင်ခြင်း မရှိပါ။ အာဏာပိုင်များ၏ ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဂျီအန်းက ပြောကြားသည်။ အာဏာပိုင်များသည် ရုရှားနှင့် အာဖရိက နိုင်ငံများသို့ ဘီလီယံ ရာနှင့်ချီ ပေးဆောင်နေသော်လည်း ပြည်သူများ အနေဖြင့် စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ၎င်း က ဆိုသည်။ အဆိုပါ ငွေများအား မည်သည့်အတွက်ကြောင့် ပြည်သူ့ဝန်ထမ်းလစာများ ပေးဆောင်ရန်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် အတွက် ဖိအားများ လျော့ကျစေရန် အသုံးမပြုသည်ကို ၎င်း ကမေးခွန်းထုတ်ခဲ့သည်။

တရုတ်၏ စီးပွားရေးအကျပ်အတည်းကြောင့် အစိုးရဝန်ထမ်းများ၏ လစာများ သိသိသာသာ လျှော့ချခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများနှင့် အလုပ်လက်မဲ့များတိုးလာခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခြင်းနှင့် လုပ်ငန်းပိတ်သိမ်းခြင်းတို့ကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ နိုင်ငံသားများ ရုန်းကန်နေရချိန်တွင် နိုင်ငံခြားတိုင်းပြည်များသို့ ရန်ပုံငွေခွဲဝေပေးခြင်းဖြင့် အာဏာပိုင်များ၏ ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးမှုများကို မေးခွန်းထုတ်ခဲ့သည်။ ဂျီအန်း၊ ရှောင် နှင့် လီ တို့ကဲ့သို့ ပြည်သူ့ဝန်ထမ်းများ ၏ အသံများသည် ပြည်သူအများ ၏ မကျေနပ်မှုများကို ထင်ဟပ်စေသည်။ လက်ရှိအခြေအနေသည် ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများကို သက်သာရာရစေရန် အရေးကြီးသော ပြန်လည်အကဲဖြတ်မှုနှင့် စနစ်အား ပြန်လည် ဖွဲ့စည်းမှုပြုလုပ်ရန် တောင်းဆိုထားသည်။ ယင်းမှာ တရုတ်အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်ပြီး ယခုချမည့် ဆုံးဖြတ်ချက်များသည် ၎င်း၏အနာဂတ်ကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဖြစ်သည်။

By Financial Times
By Mizzima - News in Burmese
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ #တရုတ်မှထွက်ခွာသွားပြီး #လုပ်ငန်းပိတ်သိမ်းမှုများမြင့်တက်လာ
#တရုတ်, #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု, #လုပ်ငန်းပိတ်သိမ်

ကမ္ဘောဒီးယားရှိ တူးမြောင်းစီမံကိန်းမှတဆင့် ဗီယက်နမ်အနီးသို့ တပ်များစေလွှတ်မည့် တရုတ်၏အစီအစဉ်June 8,2024မြို့တော်ဖနွမ်းပင...
08/06/2024

ကမ္ဘောဒီးယားရှိ တူးမြောင်းစီမံကိန်းမှတဆင့် ဗီယက်နမ်အနီးသို့ တပ်များစေလွှတ်မည့် တရုတ်၏အစီအစဉ်
June 8,2024

မြို့တော်ဖနွမ်းပင် ဆိပ်ကမ်းကို ကမ္ဘောဒီးယားကမ်းရိုးတန်းနှင့် ဆက်သွယ်ပေးမည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ရေကြောင်းသွားလာရေး တူးမြောင်းတခု တည်ဆောက်မည့် ကမ္ဘောဒီးယား၏အဆိုပြုချက်ကြောင့် ဗီယက်နမ်တွင် စိုးရိမ်ကြောင့်ကြမှုများ ပေါ်ပေါက်လာသည်။ အဆိုပါစီမံကိန်းသည် တရုတ်စစ်တပ်အတွက် ပိုမိုနေရာယူတပ်ဖြန့်မှုကို လွယ်ကူချောမွေ့စေမည်ဖြစ်သောကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

ကီလိုမီတာ ၁၈၀ ရှည်လျားကာ ဗီယက်နမ်နယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံ ကမ်းရိုးတန်းရှိ ကပ်ပြည်နယ်အထိရှိမည့် Funan Techo တူးမြောင်းစီမံကိန်းကို တရုတ်အစိုးရပိုင် တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (China Road and Bridge Corporation) မှ တာဝန်ယူဆောက်လုပ်မည်ဟု ခန့်မှန်းရသည်။

အဆိုပါစီမံကိန်းကိုတည်ဆောက်-လည်ပတ်-လွှဲပြောင်း သဘောတူညီချက်အရ အကောင်အထည်ဖော်ကာ ကော်ပိုရေးရှင်းအနေဖြင့် တူးမြောင်းတည်ဆောက်မှုအတွက် ပြန်ပေးငွေအဖြစ် နှစ် ၅၀ ခန့် စီမံခန့်ခွဲခွင့်ရမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် စတင်ကာ ၂၀၂၈ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် မျှော်မှန်းထားသည်။

ကမ္ဘောဒီးယားအာဏာပိုင်များက တူးမြောင်းသည် ဗီယက်နမ်ဆိပ်ကမ်းများမှတဆင့် ဖြတ်သန်းရမည့်လိုအပ်မှုကို ရှောင်လွှဲနိုင်ကာ ကမ္ဘောဒီးယား ကုန်သွယ်ရေးလမ်းကြောင်းကို ပြောင်းလဲနိုင်ကြောင်း အလေးပေးပြောဆိုလျက် တူးမြောင်း၏ အကျိုးကျေးဇူးများကို အသံကောင်းဟစ်လျက်ရှိသည်။

ဝန်ကြီးချုပ် ဟွန်မာနက်က စီမံကိန်းသည် နိုင်ငံရပ်ခြားကြွေးမြီများမတိုးစေဘဲ အဆိုပြုထားသော တူးမြောင်းလမ်းကြောင်းတလျှောက် နေထိုင်သူ ၁ ဒသမ ၆ သန်းအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် အလားအလာများကို အလေးထားပြောခဲ့သည်။ သို့သော် ဗီယက်နမ်အစိုးရ ပံ့ပိုးပေးထားသည့် အဖွဲ့အစည်းတခုနှင့် ဆက်စပ်နေသော သုတေသီများက သတိပေးချက်တခု အသံပြုလာသည်။ တူးမြောင်းသည် လူမှုစီးပွားတိုးတက်မှုကို မြှင့်တင်ရင်း ဗီယက်နမ်၏နယ်စပ်အနီး ကမ္ဘောဒီးယားပိုက်နက်တွင် တရုတ်စစ်တပ်များ ပိုမိုထိုးဖောက်နိုင်စေခြင်းဖြင့် နှစ်မျိုးသုံးရည်ရွယ်ချက် ဖြစ်လာနိုင်သည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Funan Techo တူးမြောင်းရှိ ရေတံခါးများက ထိုင်းပင်လယ်ကွေ့ သို့မဟုတ် ရီမယ်ရေတပ်စခန်းမှ ဝင်ရောက်လာမည့် တရုတ်စစ်ရေယာဉ်များအတွက် လိုအပ်သော ရေအနက်ကို ဖန်တီးပေးနိုင်ပြီး ကမ္ဘောဒီးယားသို့ ထဲထဲဝင်ဝင် ဝင်ရောက်ကာ ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်သို့ ချဉ်းကပ်နိုင်သည်ဟု ဗီယက်နမ် သိပ္ပံနှင့် နည်းပညာအသင်းများ လက်အောက်ရှိ အရှေ့တိုင်းသုတေသနဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သုတေသီ နှစ်ဦးဖြစ်သည့် မစ္စတာဒင့်သီယန်နှင့် မစ္စတာသန်မင်တို့က ဆောင်းပါးတပုဒ်တွင် ရေးသားထားသည်။ ၂၀၂၄ ခုနှစ် မတ်လထုတ် ထိုဆောင်းပါးသည် ပြည်သူ့လုံခြုံရေးနိုင်ငံရေးရာအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် မတ်လ ၁၈ က တင်ထားခဲ့သည့် အကြောင်းအရာကို ကိုးကားရေးသားထားခြင်းဖြစ်သည်။

Funan Techo တူးမြောင်းသည် လူမှုစီးပွား စီမံကိန်းတခုသာမက ကြီးမားသော စစ်ရေးတန်ဖိုးရှိကြောင်းနှင့် ဒေသတခုလုံး၏ ကာကွယ်ရေးနှင့် လုံခြုံရေးအခြေအနေအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သုတေသီနှစ်ဦးက ပြောသည်။

တရုတ်သည် လက်ရှိတွင် ကမ္ဘောဒီးယား၏ ရီယမ်ရေတပ်အခြေစိုက်စခန်းမြှင့်တင်ရေးကို ကူညီပေးလျက်ရှိသည်။ မကြာသေးမီ မတ်လက ရီယမ်တွင် တရုတ်စစ်သင်္ဘောများကို မြင်တွေ့ခဲ့ရသော်လည်း ကမ္ဘောဒီးယားက ထိုအကူအညီအတွက် ၎င်းတို့အခြေစိုက်စခန်းသို့ တရုတ်ရေတပ်ကို ဝင်ရောက်ခွင့်ပေးသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ဗီယက်နမ်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် အပြိုင်အဆိုင် နယ်မြေပိုင်နက်တောင်းဆိုမှုများ ရှိကြသည်။ ဗီယမ်နမ်ပညာရှင်များက အလေးထားဖော်ပြခဲ့သော စိုးရိမ်မှုများတွင် တူးမြောင်းစီမံကိန်း၏ ဖြစ်နိုင်ခြေရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကို အဓိကအသားပေးထားသည်။

ဗီယက်နမ်က တရားဝင်ထုတ်ပြန်ချက်များကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့စဉ်မှာ ကမ္ဘောဒီးယားမီဒီယာများက မစ္စတာဟွန်မာနက်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဗီယက်နမ်ခရီးစဉ်အတွင်း တူးမြောင်းနှင့် ပတ်သက်၍ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်စင်း၏ စိုးရိမ်မှုများကို လျော့ပါးစေရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

ကမ္ဘောဒီးယားအမျိုးသားမဲခေါင်ကော်မတီမှ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့ ပါဝင်သော နိုင်ငံတကာမဲခေါင်မြစ်ကော်မရှင်သို့ ပေးပို့ခဲ့သည့် စာတမ်း၌ Funan Techo တူးမြောင်းသည် အနိမ့်ဆုံးအနက် ၄ ဒသမ ၇ မီတာနှင့် ၅၀ မီတာအကျယ်ရှိမည်ဟု ဖော်ပြထားသည်။ တူးမြောင်းကြောင့်ဖြစ်သည့် သက်ရောက်မှုမှန်သမျှသည် ယာယီသာဖြစ်ပြီး ဆောက်လုပ်ရေးအဆင့်တွင်သာ ဖြစ်မည်ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
သို့သော် တူးမြောင်းသည် ဗီယက်နမ်မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသို့ ရေစီးဆင်းမှု လျော့ကျသွားစေနိုင်ကြောင်း ဗီယက်နမ်သုတေသီများက ၂၀၂၄ ခုနှစ် မတ်လထုတ် ဆောင်းပါးတွင် ရေးသားထားသည်။

အမေရိကန်အခြေစိုက် Stimson စင်တာမှ အရှေ့တောင်အာရှအစီအစဉ်မှုးလည်းဖြစ် မဲခေါင်မြစ်ကြောင်းစနစ်အား စိတ်အားထက်သန်စွာ လေ့လာသူလည်းဖြစ်သည့် ဘရိုင်ယန်အိုင်လာက Funan Techo တူးမြောင်းသည် ရေကာတာအဖြစ်လည်း ဆောင်ရွက်နိုင်သည့် အလားအလာရှိကြောင်း ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ အရေးပါသောနေရာများသို့ ရေများ စီးဆင်းနိုင်တော့မည်မဟုတ်ပေ။

ထိုသို့ဖြစ်ရခြင်းမှာ နှစ်ကုန်ပိုင်း၌ မိုးရာသီနှောင်းပိုင်းအတွင်း မြစ်ရေ စီးဆင်းစဉ် အကျယ် ၅၀ ကီလိုမီတာအထိ ကျယ်ပြန့်သည့် မဲခေါင်မြစ်၏ ကျယ်ပြန့်သော ရေစီးဆင်းမှု သဘောသဘာဝကြောင့်ဖြစ်ကြောင်း အိုင်လာက The Straits Times သို့ ရှင်းပြသည်။

ထိုတူးမြောင်းသည် ကြီးမားသော ရေပြင်ကို ဖြတ်၍ ဆည်တခုကဲ့သို့ လုပ်ဆောင်မည့် တူးမြောင်းဖြစ်ကြောင်း အိုင်လာက အသေးစိတ်ရှင်းပြသည်။
ပုံမှန်အားဖြင့် မြစ်အောက်သို့ စီးဆင်းမည့် ရေသည် တူးမြောင်းနှင့် တွေ့ကြုံကာ မြေဆွဲအားနှင့် မြေထု၏လျှောစောက်ကြောင့် သမုဒ္ဒရာဆီသို့ ဘေးတိုက် စတင်ပြန့်မည်ဖြစ်သည်။ ထို့ကြောင့် တူးမြောင်း၏တောင်ဘက်တွင် ခြောက်သွေ့သောဧရိယာနှင့် မြောက်ဘက်တွင် ပိုမိုစိုစွတ်သောဒေသကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သို့သော် တရုတ်က တူးမြောင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာသော ဒေသ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို စိတ်မဝင်စားဘဲ ၎င်း၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကိုသာ ဖြည့်ဆည်းလိုသည်။

ကမ္ဘောဒီးယားပြည်သူ့လုပ်ငန်းနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနသည် တူးမြောင်းစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်အပေါ် ဂယက်ရိုက်ခတ်မှုများနှင့် ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ခြင်းမပြုပေ။ တူးမြောင်းဖောက်လုပ်ခြင်းကို၂၀၂၄ တွင် စတင်မည်ဟုမျှော်လင့်ထားသော်လည်း အဆိုပြုထားသောလမ်းကြောင်းတလျှောက်ရှိ ဒေသခံအများအပြားသည် စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာအသေးစိတ်အချက်အလက်များကို မသိရသေးပေ။

တူးမြောင်းဖြတ်သွားမည့် ကန်ဒါလ်ပြည်နယ် ဆမ်ရောင်သွန်ခရိုင် အကြီးအကဲ မစ္စတာချေးဆာမန်က ရွာသားများသည် စီမံကိန်းနှင့် ပတ်သက်၍ အဆက်မပြတ် မေးမြန်းနေပြီး တူးမြောင်း၏ သဘောသဘာဝ၊ အတိုင်းအတာနှင့် ၎င်းတို့၏ မြေယာအပေါ် သက်ရောက်နိုင်ခြေများကို သိချင်နေကြသည်။ ဒေသခံများသည် ၎င်းတို့မြေယာအတွက် သင့်တင့်မျှတသောတန်ဖိုးကို ရလိုနေကြသည်။ ဒေသခံများက အဆက်မပြတ် မေးမြန်းမှုများရှိသော်ငြား မစ္စတာချေးဆာမန်က ၎င်းတို့အတွက် တိကျသေချာသော အဖြေမပေးနိုင်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် သူသည် တူးမြောင်းဖောက်လုပ်ခြင်းကို တက်တက်ကြွကြွထောက်ခံသူဖြစ်သည်။ လက်ရှိတွင် ဒေသတွင်း တောင်သူများသည် ၎င်းတို့ထွက်ကုန်များအတွက် ကမ္ဘာ့ဈေးကွက်သို့ တိုက်ရိုက်လမ်းကြောင်း မရှိဖြစ်နေပြီး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှတဆင့် ကုန်ပစ္စည်းများကို ပေးပို့ရသောကြောင့် ကောက်ပဲသီးနှံဈေးနှုန်းများ ကျဆင်းသွားကြောင်း ၎င်းက ထောက်ပြသည်။ အဆိုပါတူးမြောင်းကြောင့် တိုက်ရိုက်တင်ပို့မှုလုပ်ဆောင်နိုင်ပြီး ပို့ကုန်ဈေးနှုန်းများတက်ကာ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း မစ္စတာချေးဆာမန်က ဆိုသည်။

မဲခေါင်မြစ်ဖြတ်သွားရာ ကမ္ဘောဒီးယားရှိ တရုတ်၏ Funan Techo တူးမြောင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေသည်။ တူးမြောင်းဖောက်လုပ်မှုကြောင့် ဂေဟစနစ်ပုံစံများကို အနှောင့်အယှက်ဖြစ်စေကာ ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ထိခိုက်စေပြီး ရေစီးဆင်းမှု ပြောင်းလဲစေနိုင်သည်။
ထို့ကြောင့် ဒေသခံလူထုနှင့် ဂေဟစနစ်များအတွက် ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် အဆိုပါစီမံကိန်းသည် ဗီယက်နမ်အနီးတွင် ပိုမိုအားကောင်းသော စစ်အင်အားတပ်ဖြန့်ထားရှိရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် လှုပ်ရှားမှုအဖြစ် ရှုမြင်ရသည်။ သဘာဝပတ်ဝန်းကျင်တိုက်စားမှုနှင့် စစ်ရေးမြှင့်တင်မှုအလားအလာ စသည့် နှစ်မျိုးသက်ရောက်မှုက အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများ၏ ရှုပ်ထွေးသော သက်ရောက်မှုများကို မီးမောင်းထိုးပြနေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိန်းသိမ်းမှုအကြား ဟန်ချက်ညီရန် လိုအပ်ပေလိမ့်မည်။

By Mizzima - News in Burmese
#ကမ္ဘောဒီးယားရှိ #တူးမြောင်းစီမံကိန်းမှတဆင့် #ဗီယက်နမ်အနီးသို့ #တပ်များစေလွှတ်မည့် #တရုတ်၏ #အစီအစဉ်
#ကမ္ဘောဒီးယား, #တရုတ်, #ဗီယက်နမ်

ထိုင်ဝမ်ကို လက်တုံ့ပြန်နိုင်ဟု တရုတ်က ဘာကြောင့် သတိပေးသလဲJune 6, 2024တရုတ်သည် “ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွ...
07/06/2024

ထိုင်ဝမ်ကို လက်တုံ့ပြန်နိုင်ဟု တရုတ်က ဘာကြောင့် သတိပေးသလဲ
June 6, 2024

တရုတ်သည် “ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် အကြီးမားဆုံးသော မဟာဗျူဟာ စိန်ခေါ်မှု” ဖြစ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်သည့် ထိုင်ဝမ်၏ သမ္မတသစ် လိုင်ချင်တဲက မေလ ၂၀ ရက် ကျမ်းကျိန်ပွဲ မိန့်ခွန်းတွင် ပြောဆိုပြီးနောက် ထိုင်ဝမ်အပေါ် “တနည်းနည်းဖြင့် လက်တုံ့ပြန်နိုင်” ဟု တရုတ်က သတိပေးသည်။

“ထိုင်ဝမ်အနေဖြင့် အခြားသော ဒီမိုကရေစီနိုင်ငံများနှင့် ပူးပေါင်းရင်း မိမိကိုယ်ကို ခုခံကာကွယ်မည့် စိတ်ပိုင်းဖြတ်မှုကို ပြသရလိမ့်မည်” ဟု ဆရာဝန်အဖြစ်မှ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းခဲ့သည့် အသက် ၆၄ နှစ်ရှိ ထိုင်ဝမ်သမ္မတ လိုင်က ပြောသည်။ လိုင်ကို “ပြဿနာဖန်တီးသူ” ဟု တရုတ်အစိုးရထိန်းချုပ်သည့် မီဒီယာက ယခုနှစ် ဇန်နဝါရီ ရွေးကောက်ပွဲများမတိုင်မီက သမုတ်သည်။

ကျမ်းကျိန်ပွဲမိန့်ခွန်းတွင် ယင်းကဲ့သို့ ပြောဆိုမှုများ ပြုလုပ်ခြင်းအားဖြင့် လိုင်ချင်တဲသည် တရုတ်အပေါ် သူ့အစိုးရ၏ ချဉ်းကပ်ပုံနှင့်ပတ်သက်၍ အရိပ်အမြွက်ပြခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနှင့် ပေါင်းစည်းရန် အခြားနည်းလမ်းများဖြင့် ကြိုးပမ်းမှုများ အထမမြောက်ပါက အင်အားသုံး သိမ်းယူရလိမ့်မည်ဟု တရုတ်က ပြောထားသည်။

အမှန်တကယ်တမ်းတွင်လည်း ယခင်လူဖြစ်သည့် သမ္မတဟောင်း ဆိုင်အင်ဝမ်၏ နိုင်ငံခြားရေး မူဝါဒကို ဆက်လက်စောင့်ထိန်းမည်ဟု ရှင်းရှင်းလင်းလင်း ပြသထားသော ထိုင်ဝမ်သမ္မတသစ်သည် ရှင်းရှင်းလင်းလင်းနှင့် တိုက်ရိုက် ပြောဆိုရန် အသင့်ရှိနေသည်။ “တရုတ်အနေနဲ့ ထိုင်ဝမ်ရဲ့ ဖြစ်တည်မှုရဲ့ အမှန်တရားကို ရင်ဆိုင်ရလိမ့်မယ်လို့ မိမိ မျှော်လင့်တယ်။ ပြီးတော့ ထိုင်ဝမ်ပြည်သူတွေ ရွေးချယ်တဲ့ တရားဝင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ သဘောရိုးနဲ့ လုပ်ဆောင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု လိုင်က မေ ၂၀ ရက် မိန့်ခွန်းတွင် ပြောသည်။

ယင်းသည် မည်မျှ အားကောင်း၊ ဖြုံလောက်စရာဖြစ်သည့် စိန်ခေါ်မှုများနှင့် ကြုံရပါစေ၊ ထိုင်ဝမ်အနေဖြင့် ယင်း၏ လွတ်လပ်ရေးကို ဘယ်သောအခါမှ လက်လွှတ်အညံ့ခံမည် မဟုတ်ကြောင်း တရုတ်ထံ ပြတ်သားတိကျစွာ သတင်းစကားပေးလိုက်ခြင်းလည်း ဖြစ်သည်။ တရုတ်က လိုင်ချင်တဲ၏ မိန့်ခွန်းကို အာရုံစိုက်နေစဉ် အမေရိကန်နှင့် ဂျပန်သည် ထိုင်ဝမ်သမ္မတသစ်ကို ဝမ်းမြောက်စကားဆိုရင်း အလုပ်များနေခဲ့သည်။

“ထိုင်ဝမ် ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့၊ မိမိတို့ရဲ့ ကာလကြာ အလွတ်သဘော ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ မိမိတို့ရဲ့ အမြင်ရည်မှန်းချက်ချင်းတူညီတဲ့ အကျိုးတရား၊ တန်ဖိုးတွေကို မြှင့်တင်ဖို့ ထိုင်ဝမ်ရဲ့ နိုင်ငံရေးနယ်ပယ်တကြောမှာ သမ္မတ လိုင်နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောသည်။

စိတ်ဝင်စားစရာကောင်းသည်က ကမ္ဘာတဝန်းရှိ ထိုင်ဝမ်၏ မဟာမိတ်များ၊ မိတ်ဆွေများထံမှ လိုင်ချင်တဲအတွက် ယင်းကဲ့သို့ ဝမ်းမြောက်စကားများ သွန်ကျနေခဲ့ချိန်တွင် တရုတ်သည် ထိုင်ဝမ်ရှိ အမေရိကန်အင်စတီကျု၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သော အမေရိကန် အကြီးတန်းသံတမန် လော်ရာ ရိုစန်ဘာဂါ၏ ထုတ်ပြန်ချက်၏ နိုင်ငံရေး အနက်အဓိပ္ပါယ်ကို ကောက်ယူရန် ကြိုးပမ်းခဲ့သည်။

“ကုလ ဆုံးဖြတ်ချက် ၂၇၅၈ မှာ ထိုင်ဝမ်ရဲ့ အခြေအနေအပေါ် စိတ်ပိုင်းဖြတ်မှု မလုပ်ခဲ့ပါဘူး။ နောက်ပြီး ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး ထားရှိဖို့ နိုင်ငံတွေကို မပိတ်ပင်ခဲ့ပါဘူး။ ကုလသမဂ္ဂ စနစ်မှာ ထိုင်ဝမ်ရဲ့ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုကိုလည်း မဟန့်တားခဲ့ဘူး” ဟု သမ္မတ ဂျိုးဘိုင်ဒင်၏ အထူးလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် အသက် ၄၅ နှစ်ရှိ အမေရိကန်သံတမန်က မကြာသေးခင်က မီဒီယာကို ပြောသည်။

တရုတ်အာဏာပိုင်တို့အတွက် ထို ထုတ်ပြန်ချက်က ထိတ်လန့်တုန်လှုပ်စေသည့် ဖြစ်စဉ်တခု ဖြစ်ခဲ့သည်။ အမေရိကန်တို့သည် ပိတ်သိမ်းအပြီးသတ်ထားပြီးသား ကိစ္စကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေသည်ဟု တရုတ်အာဏာပိုင်တို့က ရှုမြင်သည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းက အပြီးအပြတ် ဖြေရှင်းထားပြီးသား ကိစ္စဖြစ်တဲ့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတဲ့ ပိတ်ထားပြီးသား ကိစ္စကို ပြန်ဖွင့်ဖို့ သူတို့ ကြိုးစားနေတာဖြစ်တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်းက ပြောသည်။ အမေရိကန်သံတမန်၏ ထုတ်ပြန်ချက်က ‘အင်မတန် ယုတ္တိမရှိ၊ အန္တရာယ်များ” သည်ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်အပေါ် ပိုင်ဆိုင်ကြောင်း ပြောဆိုထားမှုကို ခုခံကာကွယ်ရန် တရုတ်အာဏာပိုင်တို့အနေဖြင့် မည်သို့ ငြင်းခုံ ပြောဆိုနိုင်ပါစေ၊ ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း၏ သမ္မတထိုင်ခုံနေရာသို့ လိုင်ချင်တဲ ရောက်လာမှုက တရုတ်နှင့် တင်းမာမှုတို့ကို ပို၍ တိုးမြင့်စေခဲ့သည်။ ထိုင်ဝမ်သမ္မတသစ်သည် ယခင်သမ္မတ ဆိုင်အင်ဝမ်၏ လွတ်လပ်ရေး မူဝါဒအတိုင်း တက်လှမ်းမည်ဟု ကြုံးဝါးထားရုံတင်မကဘဲ ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း၏ ဖြစ်တည်မှုကို ကာကွယ်ရန် ပြည်ပ (နိုင်ငံခြား) အင်အားစုများအပေါ် အားကိုးအားထားပြုမည်နှင့်ပတ်သက်၍လည်း အရိပ်အမြွက် ပြောထားသည်။

အကယ်၍ တရုတ်က တိုက်ခိုက်လာပါက ထိုင်ဝမ်ကျွန်းကို ထောက်ခံပံ့ပိုးလျက် ရပ်တည်ရန် အမေရိကန်နှင့် ဂျပန်တို့တွင် အစီအစဉ်များ ရှိသည်။

တကယ်တမ်းတွင်လည်း ထိုနှစ်နိုင်ငံစလုံးသည် ထိုင်ဝမ်ရေလက်ကြား၌ ချိန်ခွင်လျှာပေါ်တွင် ရှိသည့် အရေးပါသော မဟာဗျူဟာအကျိုးတရားများ ရှိနေသည်။ ထိုင်ဝမ်ကျွန်းသည် အလွန်အရေးပါသည့် နေရာတခုတွင် တည်ရှိသည့်အတွက် ယင်း၏လုံခြုံရေးသည် အင်ဒို-ပစိဖိတ်ဒေသ၌ အမေရိကန်နှင့် ဂျပန်၏ ကာကွယ်ရေးနှင့် စီးပွားရေး အကျိုးတရားများအတွက် အရေးပါနေသည်ဟု အကဲခတ်များက ပြောသည်။

By 06 June 2024
By Mizzima - News in Burmese
#ထိုင်ဝမ်ကို #လက်တုံ့ပြန်နိုင်ဟု #တရုတ်က #ဘာကြောင့်သတိပေးသလဲ
#တရုတ်, #ထိုင်ဝမ်

တရုတ်ပြည်သူ့ဘဏ်က ရွှေဝယ်ယူမှုရပ်ဆိုင်းလိုက်သဖြင့် ကမ္ဘာ့ရွှေဈေးကျ တရုတ်ဗဟိုဘဏ်သည် ပြီးခဲ့သော ၁၈ လတွင် ရွှေကိုစံချိန်တင်ဝ...
07/06/2024

တရုတ်ပြည်သူ့ဘဏ်က ရွှေဝယ်ယူမှုရပ်ဆိုင်းလိုက်သဖြင့် ကမ္ဘာ့ရွှေဈေးကျ

တရုတ်ဗဟိုဘဏ်သည် ပြီးခဲ့သော ၁၈ လတွင် ရွှေကိုစံချိန်တင်ဝယ်ယူခဲ့ရာဈေးမြင့်လာပြီးနောက်ယခုအခါမည်သည့်ရွှေကိုမျှ မဝယ်တော့ဘဲဝယ်လိုအားကို အဆုံးသတ်လိုက်ပြီဖြစ်သည်။

ကမ္ဘာ့ရွှေကောင်စီ၏ အဆိုအရ ကမ္ဘာ့အများပိုင်အဖွဲ့အစည်းများမှ ပထမသုံးလပတ်ဝယ်ယူမှုမှာ စံချိန်တင်အဆင့်တွင်ရှိခဲ့ပြီး တရုတ်နိုင်ငံသည် ထိပ်တန်းဝယ်ယူသူဖြစ်ကြောင်းကမ္ဘာ့ရွှေကောင်စီမှ သိရသည်။

အထူးသဖြင့် အာရှတွင် ဝယ်ယူမှုသည် အများဆုံးဖြစ်သည်။ မေလတွင်ရွှေသည် တအောင်စလျှင် ဒေါ်လာ၂၄၅၀ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့သည်။

PBOC (People's Bank Of China)သည်ဖေဖော်ဝါရီလတွင် ၃၉၀,၀၀၀ အောင်စ၊မတ်လတွင် ၁၆၀,၀၀၀ အောင်စ၊ဧပြီလတွင် ၆၀,၀၀၀ အောင်စ စသဖြင့် ဈေးနှုန်းများ ခေါင်ခိုက်လာပြီးနောက်တရုတ်၏ ဝယ်လိုအား အေးသွားခဲ့သည်။

Ref:BNN Bloomberg

ဒေါ်လာ သန်း နှစ်ရာကျော်ဖိုးစစ်ရေးအကူအညီ အမေရိကန်က ယူကရိန်းကို ထပ်မံပေး၀၇/၀၆/၂၀၂၄ယူကရိန်းကို ဒေါ်လာ ၂၂၅ သန်းဖိုးရှိ  စစ်ရ...
07/06/2024

ဒေါ်လာ သန်း နှစ်ရာကျော်ဖိုးစစ်ရေးအကူအညီ အမေရိကန်က ယူကရိန်းကို ထပ်မံပေး
၀၇/၀၆/၂၀၂၄

ယူကရိန်းကို ဒေါ်လာ ၂၂၅ သန်းဖိုးရှိ စစ်ရေးအကူအညီပေးအပ်ကြောင်း အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်က ပြောလိုက်ပါတယ်။ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ဇွန်လ ၇ ရက်နေ့ ယူကရိန်းသမ္မတ ဇလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

အခုပေးအပ်တဲ့ အကူအညီတွေဟာ ဟိုင်းမာ့စ်ဒုံးကျည်တွေ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ တင့်ကားဖျက်စနစ်တွေ ပါဝင်တယ်ဆိုပါတယ်။ ယူကရိန်းကို ပေးအပ်မဲ့ အကူအညီတွေ လပေါင်းများစွာ နှောင့်နှေးကြန့်ကြာခဲ့ရတဲ့အပေါ်ကို သမ္မတ ဂျိုး ဘိုင်ဒန်က ဇလန်စကီးကို တောင်းပန်ပြောဆိုခဲ့ကြောင်းလည်း ပဲရစ်အခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

သမ္မတ ဇလန်စကီးနဲ့ ဂျိုး ဘိုင်ဒန်တို့ဟာ နော်မန်ဒီကမ်းခြေမှာ ပြုလုပ်တဲ့ D-Day အနှစ် ၈၀ မြောက်နှစ်ပတ်လည်အခမ်းအနားတက်ရောက်ခဲ့တာဖြစ်ပြီး ပဲရစ်မြို့တော်မှာ ထပ်မံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

By Burma News Network ( 01 hours ago )
#ဒေါ်လာသန်းနှစ်ရာကျော်ဖိုးစစ်ရေးအကူအညီ #အမေရိကန်က #ယူကရိန်းကိုထပ်မံပေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် ဘာပြောသလဲ၀၇/၀၆/၂၀၂၄“ပစ်မှတ်ကို အတိအကျ ထိတဲ့ အဝေးပစ်ဒုံးကျ...
07/06/2024

ရုရှား သမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် ဘာပြောသလဲ
၀၇/၀၆/၂၀၂၄

“ပစ်မှတ်ကို အတိအကျ ထိတဲ့ အဝေးပစ်ဒုံးကျည်တွေကို အမေရိကန်က ယူကရိန်းကို ကူညီပေးရုံတင်မက ရုရှားနိုင်ငံထဲကိုပါ ပစ်ခတ်တိုက်ခိုက်ခွင့် ပေးထားတယ်။ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ လုပ်တာပဲ။ နျူကလီးယားလက်နက် ဘယ်တော့မှ သုံးမှာမဟုတ်ဘူးလို့ အနောက်နိုင်ငံတွေက တွက်ချက်နေတယ်။ နိုင်ငံ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာရင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ရုရှားရဲ့ နျူကလီးယားမူဝါဒကို တချက်ပြန်ကြည့်ကြဖို့ လိုမယ်။”
(စိန့်ပီတာစဘတ် သတင်းစာရှင်းလင်းပွဲ၌ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ပြောကြားချက်)

“အမေရိကန် လက်နက်နဲ့ မော်စကို သမ္မတနန်းတော်ကို ပစ်ခွင့် ပေးမထားပါဘူး။ ပူတင်နဲ့ သိတာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ။ လူကောင်းမဟုတ်တဲ့ အာဏာရှင်တဦးဆိုတော့ စိုးရိမ်စိတ် ထားခဲ့တာလည်း နှစ်ပေါင်း ၄၀ ကျော်ပြီ။ အခုလည်း ယူကရိန်းစစ်ပွဲ ဆက်ဆင်နွှဲပြရင်း တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်ဖို့ ရုန်းကန်နေရသူပါ။”
(ပြင်သစ်နိုင်ငံ နော်မန်တွင် ပြုလုပ်သည့် အင်တာဗျူး၌ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန် ပြောပြချက်)

By Burma News Network

တိုင်ဝမ်သမ္မတအား အနိုင်ရလို့ဂုဏ်ပြုချီးကျူးလွှာပို့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း စကားပြန်ပြောမိတဲ့ မိုဒီကို တရုတ်အစိုးရ ...
07/06/2024

တိုင်ဝမ်သမ္မတအား အနိုင်ရလို့ဂုဏ်ပြုချီးကျူးလွှာပို့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း စကားပြန်ပြောမိတဲ့ မိုဒီကို တရုတ်အစိုးရ ဒေါသတကြီးကန့်ကွက်

တရုတ်နဲ့သံတမန်ဆက်ဆံရေးရှိတဲ့တိုင်းပြည်အားလုံးဟာ တိုင်ဝမ်နိုင်ငံရေးသမားတွေနဲ့ ဆက်ဆံတာကို မကြိုက်ဘူးလို့ တရုတ်ပြောခွင့်ရပုဂ္ဂိုလ်အမျိုးသမီးက သတိပေးလိုက်ပါတယ်။ အိန္ဒိယဟာ သူပေးထားတဲ့ တရုတ်တနိုင်ငံတည်းပေါ်လစီကတိကဝတ်အား ခုလိုဆက်သွယ်စကားပြောခြင်းဖြင့် ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

မိုဒီနဲ့ ငရှီ၊ လယ်ပြင်မှာ စတွေ့ကြပြီလေ။ ဘယ်သူက ပိုစွာမလဲ ကြည့်ကြရအုံးမည်။ 😎

ref: scmp
( 07 hours ago)

Address

WC
Yangon
95

Telephone

+959779932173

Website

Alerts

Be the first to know and let us send you an email when MOE WIN OO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MOE WIN OO:

Share