Life & Health Insurance with AIA Hanna

Life & Health Insurance with AIA Hanna Healthier Longer Better Life ♥️

17/04/2026

ပျော်ရွှင်စရာ မြန်မာ့နှစ်သစ် ၁၃၈၈ အခါမှာ ချစ်ရတဲ့မိသားစုနဲ့အတူ ရွှင်လန်း၊ ကျန်းမာပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ရရှိ၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AIA Myanmar က ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

On this joyful occasion of Myanmar New Year 1388, AIA Myanmar extends its warmest wishes that you and your beloved family may enjoy a refreshing, healthy, and better future together.

16/04/2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်(Myanmar Era 1388)သက်ရှိထင်ရှား၊ သတ္တဝါအများတို့သည် ကိုးဆယ့်ခြောက်ဖြာ၊ ရောဂါဟူသမျှ၊ လွတ်ကင်းကြ...
16/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်
(Myanmar Era 1388)

သက်ရှိထင်ရှား၊ သတ္တဝါအများတို့သည် ကိုးဆယ့်ခြောက်ဖြာ၊ ရောဂါဟူသမျှ၊ လွတ်ကင်းကြပါစေ။

ရင်၌စွဲဝင်၊ ပူပင်သောက၊ ကင်းဝေးကြပါစေ။

ဘေးအန္တရာယ်၊ ရန်ဟူသမျှ၊ လွတ်ကင်းကျော်လွှားနိုင်ကြပါစေ။

ကိုယ်စိတ်လန်းဖြာ၊ ဝမ်းပန်းသာ၍၊ ချမ်းသာသုခ၊ ရရှိကြပါစေ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

(Myanmar Era 1388)
May all living beings be free from all ninety-six kinds of diseases.

May the anxieties and sorrows rooted in the heart be kept at a distance

May you be able to avoid and overcome all dangers and enemies.

May you be refreshed in body and mind, be joyful, and attain peace and happiness.

Footer / Attribution
The Rector Sayadaw
(Dr. Bhaddanta Nandamalabhivamsa)

ယနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့မှာ ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကာ ပိုမိုကောင်းမွန်တဲ့နေ့ရက်များကိ...
02/03/2026

ယနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့မှာ ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကာ ပိုမိုကောင်းမွန်တဲ့နေ့ရက်များကို ရရှိ၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

25/02/2026

အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်လာတဲ့ လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်စေတာဖြစ်လို့ လေထုညစ်ညမ်းမှုအဆင့်ကို အမြဲစောင့်ကြည့်ကာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် AIA Myanmar အနေနဲ့ လုပ်ဆောင်သင့်တဲ့အရာတွေကို မျှဝေပေးပါရစေ။

နှာခေါင်းစည်းတပ်ဆင်ပါ။
အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေကို ရှူသွင်းမှုမပြုမိစေဖို့ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်ပါတယ်။

အပြင်မထွက်မီ Air Quality Index (AQI) ကို စစ်ဆေးပါ။
AQI အဆင့် ၀ ကနေ ၅၀ အတွင်းက အပြင်မှာ လှုပ်ရှားမှုတွေပြုလုပ်ဖို့ သင့်တော်တဲ့ လေထုအရည်အသွေးဆိုင်ရာ အညွှန်းကိန်းဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့ မိမိရဲ့ စမတ်ဖုန်းထဲကနေ AQI အဆင့်ကို စစ်ဆေးပါ။

အခန်းတွင်းလေထုကို သန့်ရှင်းအောင် လုပ်ဆောင်ပါ။
AQI အလွန်မြင့်မားနေတဲ့အချိန်မျိုးမှာ တံခါးတွေပိတ်ထားသင့်ပါတယ်။ Air Purifier ရှိပါက အသုံးပြုသင့်ပါတယ်။

ရေများများသောက်ပါ။
ရေဓါတ်လုံလောက်ခြင်းက ပတ်ဝန်းကျင်ဆိုင်ရာဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ အထောက်အကူပြုပါတယ်။

ဒါ့အပြင် လေထုညစ်ညမ်းမှုဒဏ် ခံနိုင်ရည်စွမ်းနည်းပါးတဲ့ ကလေးများနဲ့ သက်ကြီးအရွယ်များကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်ပတ်ဝန်းကျင်ဟာ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝရရှိစေရေးမှာ အရေးကြီးတာကြောင့် မပေါ့ဆဘဲ ဂရုပြု၊ ကာကွယ်ကြဖို့ AIA Myanmar က တိုက်တွန်းလိုက်ပါတယ်။

When pollution rises, it can have an impact on our health, so it is important for all of us to be more mindful of how we take care of ourselves. To support you and your loved ones, AIA Myanmar would like to share a few helpful tips:

Wear Mask
It reduces the number of harmful particles you breathe in.

Check the Air Quality Index (AQI) before going outside
AQI 0–50 is considered safe for outdoor activities. You can easily check the AQI on your smartphone and plan to protect yourself before stepping outside.

Keep your indoor air clean
Close windows during high‑pollution hours and use an air purifier if available.

Stay hydrated
Drinking enough water helps your body cope with environmental stress.

Moreover, do not forget to pay extra attention to children, seniors as they can be more sensitive to poor air quality. At AIA Myanmar, we believe that caring for your everyday environment is part of living Healthier, Longer, Better Lives.

AIA Myanmar ရဲ့ Member များအတွက် AIA+ အက်ပလီကေးရှင်းကိုအသုံးပြုရင်း iPad တစ်လုံးလက်ဆောင်ရရှိမဲ့ Lucky Draw အစီအစဉ်မှာ ပါ...
30/01/2026

AIA Myanmar ရဲ့ Member များအတွက် AIA+ အက်ပလီကေးရှင်းကိုအသုံးပြုရင်း iPad တစ်လုံးလက်ဆောင်ရရှိမဲ့ Lucky Draw အစီအစဉ်မှာ ပါဝင်နိုင်ပါပြီ။

AIA+ Lucky Draw အစီအစဉ်မှာပါဝင်နိုင်ဖို့အတွက် အစီအစဉ်ကာလဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်းမှာ AIA+ အက်ပလီကေးရှင်း အသုံးပြုသူများအနေနဲ့ Log in တစ်ကြိမ် အနည်းဆုံး‌‌‌ ပြုလုပ်ထားရမှာဖြစ်ပြီး AIA+ အက်ပလီကေးရှင်းမရှိသေးသူများကတော့ ‌ဒေါင်းလုဒ်ပြုလုပ်ပြီး Log in တစ်ကြိမ် အနည်းဆုံး ပြုလုပ်ထားရုံနဲ့ Grand Prize ကံစမ်းခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ကံစမ်းခွင့်အကျုံးဝင်စေဖို့ AIA Myanmar page ကို မဖြစ်မနေ Follow လုပ်ထားဖို့တော့ လိုအပ်ပါတယ်။

အစီအစဉ်ကာလပြီးဆုံးသွားတာနဲ့ ကံထူးရှင်တစ်ဦးကို ကျပန်းရွေးချယ်သွားမှာဖြစ်ပြီး ကံထူးရှင်ကြေညာချက်ကို AIA Myanmar ရဲ့ page မှာ သင်္ကြန်ကာလအတွင်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

AIA+ အက်ပလီ‌ကေးရှင်းဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင်အာမခံအချက်အလက်များနဲ့ အကျိုးခံစားခွင့်တွေကို အလွယ်တကူ စစ်ဆေး၊ ကြည့်ရှုနိုင်သလို၊ လိုအပ်တဲ့ အာမခံဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အချိန်မရွေးရယူနိုင်တဲ့ Member အက်ပလီကေးရှင်း ဖြစ်ပါတယ်။

ဒါဆိုရင် AIA+ အက်ပလီကေးရှင်းကို အခုပဲ Log in ပြုလုပ်ပြီး လွယ်ကူမြန်ဆန်တဲ့ ဒီဂျစ်တယ်အတွေ့အကြုံကိုရယူရင်း iPad ကံထူးရှင်ဖြစ်ဖို့ ပါဝင်ကံစမ်းလိုက်ပါ။

‌ဒေါင်းလုဒ်ပြုလုပ်ရန်

Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq

AIA+ Lucky Draw အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက SHER Hotline +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

AIA Myanmar’s members can now participate in the Lucky Draw Campaign and stand a chance to win an iPad by using the AIA+ application.

During the campaign period from 1 January 2026 to 31 March 2026, members simply need to log in to the AIA+ app at least once. For those who have not yet downloaded the app, downloading and logging in at least once during the period will automatically qualify you for the Grand Prize lucky draw. To remain eligible, participants are also required to follow the AIA Myanmar page.

After the campaign period ends, one lucky winner will be randomly selected and announced on the AIA Myanmar page during the Thingyan period.

The AIA+ app is a dedicated member application that allows you to easily view your insurance information and benefits, while giving you convenient access to the insurance services you need, anytime and anywhere.

Log in to the AIA+ app today, enjoy a fast and convenient digital experience, and stand a chance to become our iPad winner.

To Download:
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq

For more information about the AIA+ Lucky Draw Campaign, please contact the SHER hotline at +95 9 944 705 440.

07/01/2026

"ငါပိုက်ဆံရှာနေတာ သူတို့အတွက်" ဆိုတဲ့စကားက သားသမီးတွေနဲ့ ပတ်သက်ပြီး မိဘအများစု ပြောကြတဲ့စကား။ မိဘတွေရဲ့ ရည်မှန်းချက်ပေါ့။

ဒါပေမယ့် ...
သားသမီးအတွက် ပြင်ဆင်ပေးထားရတဲ့ အသက်အာမခံ အကျိုးခံစားခွင့်နဲ့ ပတ်သက်လာတော့ ... တချို့မိဘတွေက

"ငါသေရင် သူတို့ရမှာ ... စိတ်မဝင်စားဘူး" ဆိုတဲ့ ဒီစကားလေးက ကိုယ့်ကို မှီခိုနေရတဲ့ မိသားစုများ ကြားရရင် ရင်ထဲ စိတ်မကောင်းဖြစ်စေပါတယ်။

ကြိုတင်ပြင်ဆင်ထားခြင်းဟာ ကိစ္စတဝက် ပြီးမြောက်စေပြီး စိတ်အေးရစေတယ် ဆိုတာ လူတိုင်း သိထားတဲ့ အရာပဲ။

"အသက်တောင် ပေးဝံ့တယ်" ဆိုပြီး ပြောကြတဲ့သူတွေက
ကိုယ်မရှိတော့တဲ့အချိန် သားသမီး အထောက်အကူကောင်းဖြစ်အောင် အပိုသုံးလေးတွေနဲ့ ပြင်ဆင်ထားဖို့ ကိစ္စအရေးမှာ ကျတော့ အခြားသော မိဘတွေထက် ပိုပြီး ခက်ခဲနေသလိုပဲ။

ငါမရှိတော့ရင် နောက်လူ (မိသားစု/သားသမီး) ရမယ့်ဟာ ...
စိတ်မဝင်စားဘူး ဆိုရင်
အခု ရှာဖွေလုပ်ကိုင်ရုန်းကန်နေတာကရော ဘယ်သူ့အတွက် ပါလဲ။

တကယ်တော့ ... သေချာနားမသိကြသေးတဲ့ အချက်တွေထဲက တခုက ...
▪️ငါ မရှိတော့ရင် ... မိသားစု/သားသမီး အတွက်။
▪️ငါ ရှိသေးရင် ... ငါ့အတွက် ဆိုတာကိုပါ။

Crd ko Kyaw Kyaw - Life Insurance

မြန်မာနိုင်ငံမှာ ယုံကြည်မှုတွေကိုအခြေခံပြီး ပုံဖော်တည်ဆောက်ခဲ့တဲ့ AIA Myanmar ရဲ့ (၆) နှစ်တာခရီးစဉ်AIA Myanmar က၂၀၁၉ ခုန...
31/12/2025

မြန်မာနိုင်ငံမှာ ယုံကြည်မှုတွေကိုအခြေခံပြီး ပုံဖော်တည်ဆောက်ခဲ့တဲ့ AIA Myanmar ရဲ့ (၆) နှစ်တာခရီးစဉ်

AIA Myanmar က၂၀၁၉ ခုနှစ်ကစပြီး လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ကျန်းမာ၊သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ရရှိစေရေးဆိုတဲ့ ကတိကဝတ်နဲ့အတူ မြန်မာနိုင်ငံကို စတင်ခြေလှမ်း လှမ်းခဲ့ရာ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးနဲ့ အာမခံအကာအကွယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ လက်တွဲဖော်ကောင်းအဖြစ် ရပ်တည်ခဲ့တာ အခုဆိုရင် (၆) နှစ်ပြည့်မှတ်တိုင်ကို ရောက်ရှိလို့လာခဲ့ပါပြီ။

အားလုံးအတွက် ယုံကြည်မှုတွေကို တည်ဆောက်ရင်း သင်နဲ့ သင်ချစ်ခင်ရတဲ့ မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှု၊ စိတ်အေးချမ်းသာမှုတို့ကို ပေးနိုင်ခဲ့သလို၊ ကျန်းမာရေးအစီအစဥ်ကောင်းတွေ၊ လူမှုအကျိုးပြုအစီအစဥ်တွေကိုလည်း မိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အခုလိုအောင်မြင်မှုမှတ်တိုင်ကို ရောက်ရှိလာတာက AIA Myanmar နဲ့အတူ လက်တွဲခဲ့ကြတဲ့ ဧရာဝတီဘဏ် အပါအဝင် မိတ်ဖက်လုပ်ငန်းများ၊ AIA Member များ၊ အတူတူကြိုးစားပေးခဲ့ကြတဲ့ ငွေကြေးအတိုင်ပင်ခံများနဲ့ ဝန်ထမ်းများရဲ့ အားသွန်ခွန်စိုက်ကူညီပံ့ပိုးပေးမှုတွေကြောင့်ဖြစ်ပြီး ဒီခရီးစဉ်မှာ အတူရှိပေးခဲ့တဲ့အတွက် AIA Myanmar က အထူး ကျေးဇူးတင်ရှိပါတယ်။

မြန်မာနိုင်ငံအတွက် ပိုမိုကျန်းမာလှပတဲ့အနာဂတ်ကို တည်ဆောက်ဖို့ အားလုံးစိတ်တူကိုယ်တူ ကြိုးစားဆောင်ရွက်ခဲ့ကြတာပါ။

အခုထက်ပိုမိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အားလုံးအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်‌ရေးဆိုတဲ့ ကတိကဝတ်ကို နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရင်း မြန်မာနိုင်ငံနဲ့အတူ အစဉ်အမြဲအတူရှိနေဦးမှာပါ။

Celebrating 6 Years of Trust and Growth with Myanmar!

Since 2019, AIA Myanmar has driven our brand purpose of helping people live Healthier, Longer, Better Lives and now we proudly mark our incredible milestone of 6 years in Myanmar as the top trusted financial partner in insurance protection and health wellness.

We have built trust, delivered financial security, peace of mind and introduced purpose-led health wellness programmes that support local people to thrive better lives.

This milestone is made possible by the dedication of our talents, and the continued trust of our members, our valued partners including AYA Bank and dedicated financial advisors, all working together to create a healthier future for Myanmar.

In the years ahead, we will continue to stand alongside Myanmar, strengthening our commitment to help people live Healthier, Longer, Better Lives through better services for tomorrow.

Address

22 F, Junction City, Bogyoke Aung San Road
Yangon
11111

Telephone

+959428157952

Website

Alerts

Be the first to know and let us send you an email when Life & Health Insurance with AIA Hanna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share