20/01/2021
မြန်မာနိုင်ငံစိတ်ပညာမိတ်ဆွေအသင်း၀င်များ၊ စိတ်ပညာဘာသာရပ်ကို စိတ်ပါ၀င်စားကြသော များအတွက်သတင်းပါးလိုပါတယ်...
မြန်မာနိုင်ငံစိတ်ပညာအသင်းကြီးအနေဖြင့်ယခုCovid-19 ကပ်ဘေးရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် New Normal Life Style ဖြင့် သတိထားဆင်ခြင်၍ နေထိုင်သွားကြရမည်ဖြစ်ရာ မိမိတို့ စိတ်ပညာအသင်းကြီးသည်လည်း မိမိတို့ အဓိက ရည်မှန်းချက်ဖြစ်သည့် "လူတိုင်းအတွက် စိတ်ပညာ " (Psychology for Everyone Program) ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၁ ခုနှစ် တစ်ခုလုံး စိတ်ပညာဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ (Psychological free talk) များ၊ စိတ်ပညာဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း ( Psychological training, 2 days course) များအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ဤ အစီအစဥ်အရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) နှင့် (၃၁) ရက်နေ့များတွင် ဆရာကြီးပါမောက္ခ ဒေါက်တာခင်မြင့်မှ တာ၀န်ခံ၍ "Covid-19 ဖြစ်ပွားနေစဉ်နှင့်နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ညှိယူမှုပြဿနာများကို ဖြေရှင်းခြင်း" ( Coping Some Psychological Adjustment Problems During and After the Covid-19 Outbreak) ဖြင့် (၂) ရက်သင်တန်းပို့ချပေးသွားမည်ဖြစ်ပါသည်။ ဆရာကြီး ပါမောက္ခဒေါက်တာခင်မြင့် နှင့်အတူ ပါမောက္ခ ဒေါက်တာ တင်မာစမ်း နှင့် တွဲဘက်ပါမောက္ခ ဦးတင်အောင်မိုးတို့မှ ပါ၀င်ပို့ချမည်ဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်၍ အချက်အလက်များနှင့် စိတ်ပညာရက်တိုသင်တန်းများတွင် လိုက်နာကျင့်သုံးရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်း ကြိုတင်သိရှိနိုင်ပါရန် ဖော်ပြအပ်ပါတယ်။
ဤသင်တန်းကို Online မှ နေ၍ Zoom Application ကို အသုံးပြု၍ သင်ကြားပို့ချမည်ဖြစ်ပါ၍ သင်တန်းသားဦးရေ ကန့်သတ်ထားရှိသည်ကို အထူးသတိပြုပါရန် တင်ပြအပ်ပါသည်။
တက်ရောက်လိုသူများသည် မြန်မာနိုင်ငံစိတ်ပညာအသင်းရုံး ဖုန်း ၀၁-၇၅၃၂၇၉၈, ၀၉-၈၉၉၀၀၉၀၁၁, Viber ဖုန်း ၀၉-၆၆၁၃၁၃၆၀၁ သို့ စောလျင်စွာ ဆက်သွယ် စာရင်းသွင်းကြပါရန် အသိပေးကြေငြာအပ်ပါတယ်။