25/09/2025
အသက်အာမခံကရတဲ့လျော်ကြေးဟာ ငွေကြေးဖောင်းပွမှု ( inflation) ကို အများကြီးကျော်လွန်ပါတယ် ...ဒါဟာ ငြင်းမရပါဘူး
ငြင်းမရလို့လည်း လူတွေထားနေကြတာပေါ့ ...
ဥပမာ -တစ်နှစ်ကို ၂၅ သိန်းသွင်းနေတဲ့ အသက်အာမခံတစ်စောင်ရဲ့လျော်ကြေးဟာ အနည်းဆုံး သိန်း ၁၀၀၀ ရှိပါတယ် ။
အဲဒီ ၂၅ သိန်းကိုရွှေဝယ်ထားရင် ဘယ်အချိန်ပြန်ရောင်းရောင်း သိန်း ၁၀၀၀ ရကိုမရတာပါ ။
ရွှေတစ်ကျပ်သားကို သိန်း ၁၀၀ ဖြစ်မယ်ဆိုရင်တောင် ရွှေတကျပ်သားရဖို့ ပရီမီယမ်၄ နှစ်စာသွင်းရပါမယ် ။ အဲဒီရွှေတစ်ကျပ်သားဟာ ကိုယ့်မိသားစုရဲ့အရေးပေါ်အခြေအနေမှာ ပြန်ရောင်းရင် သိန်း ၁၀၀၀ ဘယ်လိုမှမရပါဘူး ။
ဒါ့ကြောင့် အသက်အာမခံလျော်ကြေးဆိုတာ ဘယ်လိုငွေကြေးဖောင်းပွမှုမျိုးမှာမဆို အမြဲတမ်းအမြတ်ထွက်ပါတယ် ။
ဒါဆို ဘယ်အချိန်မှာ ငွေကြေးဖောင်းပွမှုကိုမယှဉ်နိုင်တာလဲ ❓❓❓
နှစ်ပြည့်လို့ပြန်ထုတ်ချိန်မှာတော့ inflation ကို မယှဉ်နိုင်တော့ပါဘူး ။ ဒါက နိုင်ငံတကာမှာလည်း အတူတူပါပဲ ။ ငွေကြေးတည်ငြိမ်တဲ့နိုင်ငံတွေမှာ သိပ်မသိသာပေမယ့် ငွေကြေးစနစ်မတည်ငြိမ်တဲ့နိုင်ငံတွေမှာတော့ သ်သိသာသာကွာသွားပါတယ်။
ဒါ့ကြောင့် တချို့အသက်အာမခံပုံစံတွေက ပြန်ထုတ်ချိန်မှာမိမိသွင်းထားခဲ့တဲ့ငွေထက် စုငွေကပိုများလာတာမျိုးဖြစ်အောင် ဒီဇိုင်းဆွဲထားကြပါတယ် နှစ်ပြည့်ပြန်ထုတ်ချိန်မှာ အတိုးသဘောမျိုးရနေအောင်ပါ ။ ဒါကလည်း နှစ်အများကြီးသွင်းထားမှရတာဖြစ်သလို အတိုးပေးရမယ့်အတွက် လျော်ကြေးကို အဆနဲ့မလျော်တော့ဘဲ ၁၀၀% + စုငွေ လျော်တဲ့ပုံစံနဲ့တည်ဆောက်ကြပါတယ် ။
ပြောချင်တာက အခုမှလာမှာပါ ✅
ဖြစ်ခဲ့ရင်...ဆိုတဲ့အခြေအနေနဲ့
မဖြစ်ခဲ့ရင်...ဆိုတဲ့အခြေအနေ နှစ်မျိုးပါ
#ဖြစ်လာခဲ့ရင်တော့
အသက်အာမခံလျော်ကြေးက inflation ကို
ကာကိုကာမိပါတယ် ။ သေချာတွက်ကြည့်ပါ ။
#မဖြစ်ဘူးဆိုတာသေချာရင်တော့
ကိုယ့်ပိုက်ဆံကိုရွှေဝယ်စုထား ဘဏ်မှာအပ်ထား ၊ ရပ်ကွက်ထဲနေ့ပြန်တိုးချထား အမြတ်ထွက်စရာချည်းပါပဲ ။
အသက်အာမခံ/ရောဂါအာမခံဆိုတာ
ကြိုပြီးကာထားတဲ့ protection plan ပါ ။
( ဒါကိုသေချာနားလည်ရပါမယ် )
အမြတ်ထွက်အောင်လုပ်ရတဲ့ investment /
ရင်းနှီးမြှုပ်နှံရတဲ့ business plan မဟုတ်ပါဘူး ။
မြန်မာပြည်မှာ ဒီနှစ်ခုကို မသဲကွဲကြသေးပါဘူး။
" ရွှေပဲဝယ်ထားမှာပေါ့ " " ဘဏ်ထဲပဲထည့်ထားမှာပေါ့ " ဆိုတဲ့အပေါ်ယံအတွေးတွေဟာ သာမန်တွေးကြည့်ရင် မှန်သလိုလိုရှိပေမယ့် ဖြစ်လာခဲ့ရင်ရရှိမယ့်လျော်ကြေးခံစားခွင့်ကို ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ တွက်ကြည့်ရင်သိနိုင်ပါတယ် ။
ဖြစ်မှာလား မဖြစ်ဘူးလားဆိုတာဘယ်သူမှကြိုမသိတဲ့အတွက် အာမခံထားမလား ၊ ရွှေဝယ်မလားဆိုတာ
မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ပါပဲ ။
🍀အသက်အာမခံဆိုင်ရာ ဆွေးနွေးလိုသူများအတွက်မက်ဆန်ဂျာမှတဆင့် ဆွေးနွေးလို့ရပါတယ် ။
အားလုံးပဲ အာမခံခြုံ၍ဘဝလုံကြပါစေ 💚🍀
👩🏻I am proud to be the one of manulifers ... 💚
Nay Nay Hlaing Zaw
Unit Manager
Manulife Myanmar
09767194174