Synergy MM Consultancy Group

Synergy MM Consultancy Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Synergy MM Consultancy Group, Financial service, 851, Thumana 3rd Lane, Thingangyun, Yangon.

May the new year bring all great things, happiness and tranquility to all of you.Happy new year 2019.
31/12/2018

May the new year bring all great things, happiness and tranquility to all of you.
Happy new year 2019.

Keep up your motivation in working life.
16/10/2018

Keep up your motivation in working life.

Work Hard နဲ့  Work Smart
----------------------------------------
Working Smart နဲ့ Working Hard ကိုရွေးရမှာ
မဟုတ်ဘူး။
Working Smart or Working Hard မဟုတ်ဘူး။
နှစ်ခုစလုံးတွဲမှ ရမှာဆိုတော့ Smart ဖြစ်မှရမှာပါ။

Smart တော့ဖြစ်ပါရဲ့ Hard မဖြစ်ရင်လည်း မဖြစ်သေးဘူး။
ဒါကြောင့် Smart နဲ့ Hard ကိုလည်း ကွဲကွဲပြားပြားသိရမယ်။
လူတစ်ယောက်ဟာ ထူးချွန်သူတစ်ယောက်ဖြစ်ဖို့ဆိုရင်
အနည်းဆုံး နာရီတစ်သောင်းလိုတယ်လို့
ပညာရှင်တစ်ယောက်က ပြောတယ်။

ပြီးတော့ Work Hard နဲ့ Work Smart ကို
Balance လုပ်ဖို့လိုပါတယ်။ ချိန်ခွင်လိုပါပဲ။
Smart ဖြစ်တဲ့လူက အများအားဖြင့်
Selfish ဖြစ်တတ်တယ်။
Hard ဖြစ်တဲ့သူက Selfish မရှိဘူး။
ဇွဲရှိရင် အောင်မြင်တယ်။

အရင်က သင်ထားတာက အလျှော့မပေးနဲ့။
ဒါက Hard Worker ဆီက ရတာ။
အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တတ်တာတွေက
Hard Worker ဆီကလာတာ ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည့်ဖို့လည်း လိုပါတယ်။

ပြီးတော့ဂုဏ်ယူစွာနဲ့ ငါသည် ဒီနေ့ကစပြီး
Working Hard နဲ့ Working Smart နှစ်ခုစလုံးကို
ငါဝန်ထမ်းတစ်ယောက်၊ ပိုင်ရှင်တစ်ယောက်၊
မန်နေဂျာတစ်ယောက်အနေနဲ့ Smart Worker ဖြစ်ရမယ်
ဆိုတဲ့စိတ်ထားပါ။
Smart ချည်းပဲ မဟုတ်ဘဲနဲ့ Productive Worker ၊ Efficient Worker ဖြစ်အောင်လည်း လုပ်တတ်ရမယ်။
ဒါပေမဲ့ ကျွမ်းကျင်တဲ့သူဖြစ်ဖို့တော့ လိုပါတယ်။

ဒါကြောင့် မှာချင်တာက ကိုယ့်မှာရှိတဲ့ပညာကို
အကောင်းဆုံးပြနိုင်အောင် လုပ်ရမယ်။
နောက်တစ်ခုက နှိမ့်ချဖို့ လိုပါ တယ်။
နာမည်ကြီးသွားတာနဲ့ နာမည်ရလိုက်တာနဲ့
ကိုယ် ကိုယ်ကိုယ်နှိမ့်ချမှု ချက်ချင်းပျောက် သွားတတ်ပါတယ်။

ဒါကြောင့် လူငယ်တွေအားလုံး နှိမ့်ချမှုရှိပါလို့ ပြောချင်ပါတယ်။
နှိမ့်ချလို့ မနိမ့်ကျပါဘူး။ တစ်ဖက်က နှိမ့်ချတယ်ဆိုပေမယ့်
မိမိပညာကို မလျှော့ လိုက်ပါနဲ့။
သူများကိုလည်း သင်ပေးပါ။
အဓိကအနေနှဲ့Self-Dicispline ရှိဖို့ လိုပါတယ်။

ကိုယ့်ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ် အဲဒီရည်မှန်းချက်
ဖြစ်မြောက်ဖို့လိုပါတယ်။
Willingness(လုပ်ချင်တဲ့စိတ်)ရှိရင်
လူတစ်ယောက် အောင်မြင်တယ်လို့ ပြောတယ်။

အဲဒါကြောင့် Hard Work ကိုပြောရင်
Challenges လုပ်တာ။
ပင်ပန်းတဲ့အလုပ်ကို ပင်ပင်ပန်းပန်းလုပ်တာ
ကိုယ့် ကိုယ်ကိုယ် စိန်ခေါ်မှုပေးတာ။
လူဆိုတာ စိန်ခေါ်မှုရှိမှ အောင်မြင်တာဖြစ်တယ်။

စိန်ခေါ်မှုက များလေကောင်းလေပဲ။
စိန်ခေါ်မှုမရှိရင် လွယ်သွားမယ်။
အလွယ်နောက်မလိုက်ပါနဲ့။
စိန်ခေါ်မှုက ခက်လေလေ ကိုယ့်ရဲ့ရ လဒ်ကောင်းလေပဲ။

အဲဒါကြောင့်မို့ အစကတည်းက ခက်တဲ့အလုပ်
လုပ်နိုင်အောင် ကြိုးစားပြီးလုပ်စေချင်ပါတယ်။
Hard Work က ရေရှည်မှာ အောင်မြင်မှုရှိပါတယ်။
နက်နက်တူးမယ်ဆိုရင် သယံဇာတ ပစ္စည်းကောင်းတွေ
ရရှိတတ်သလို အလုပ်ကို ခက်ခက်ခဲခဲ ကြိုးစားမယ်ဆိုရင်
ရေရှည်မှာ အောင်မြင်မှုတွေရရှိတတ်ပါတယ်။
ဒါပေမဲ့ ကျန်းမာအောင် နေရမယ်။

အလုပ်ကို ကိုယ့်ရဲ့မဟာမိတ်လို့ သတ်မှတ်ထားပါ။
အလုပ်က ကိုယ့်ရဲ့ရန်သူမဟုတ်ပါဘူး။
အလုပ်ကို ကြောက်နေပြီး အလုပ်လုပ်ရမှာကို စိတ်ပူနေတာမျိုး
မဖြစ်စေဘဲနဲ့ Work Smart ဖြစ်စေချင်တယ်။

Working Hard က ကောင်းပေမယ့်
တစ်ဖက်က Work Smart လည်း ဖြစ်နေရ မယ်။
Work Hard က အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ် ပါပဲ။
ဒါပေမဲ့ ဒီနှစ်ခုပေါင်းလိုက်တော့ ဒီထက်ကောင်းတဲ့
Result ရတယ်ဆိုတာကို ပြောချင်တာပါ။

ကိုယ်လိုချင်တာတွေ ရလာဖို့က ရည်မှန်းချက်ရှိရမှာ
ဖြစ်ပါတယ်။ ကိုယ်လုပ်သမျှအားလုံးမှာ ဦးတည်ချက်တစ်ခု
ရှိရမယ်။ Work Smart၊ Work Hard ဖြစ်ဖို့အပြင်
တစိုက်မတ်မတ်ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။
ကိုယ် နေ့တိုင်းလုပ်နေတဲ့အလုပ်တွေထဲက
၂၀ ရခိုင်နှုန်းလောက်ပဲ တကယ်အရေးကြီးတာပါ။
အဲဒီအရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်း ကိုအာရုံစိုက်ရင်
ကျန်တာတွေအလိုလိုရလာမှာ ဖြစ်ပါတယ်။
အဲဒါ Work Smart ပါ။
၅၀/၅၀ မဟုတ်ဘဲ ၈၀/၂၀ ကို ပြောတာဖြစ်တယ်။
၁၀၀ ရာခိုင်နှုန်းတော့ ဘယ်လိုမှမရနိုင် ပါဘူး။

အောင်မြင်မှုရဖို့အတွက် ၂၀ ရာခိုင်နှုန်းလောက်ပဲ
အားထည့်ရုံနဲ့ ၈၀ ရာခိုင်နှုန်းလောက်ရမယ်ဆိုတာ
ကိုယ့် ကိုယ်ကိုယ်သိဖို့ လိုပါတယ်။
ဘယ်အလုပ်ကိုတော့ အာရုံ စိုက်လိုက်ရင်
၈၀ ရာခိုင်နှုန်းရနိုင်တယ်။
ဘယ်အလုပ်ကတော့ ၂၀ ရာခိုင်နှုန်းပဲ ရနိုင်တယ်ဆိုတဲ့
၈၀/၂၀ ကိုသိဖို့ အရေးကြီးပါတယ်။

ကုမ္ပဏီမှာတော့ ဖွဲ့စည်းပုံတွေ၊ ဌာနတွေတည်ဆောက်တာ
အရေးကြီးပါတယ်။ အဲဒါတွေရအောင် လုပ်ပါ။
တစ်ခုပြောချင်တာက လူတိုင်းမှာ တစ်ပြေးညီဆိုတာ မရှိပါဘူး။
စိတ်ပါတဲ့အခါရှိသလို စိတ်မပါတဲ့အခါတွေလည်း ရှိတယ်။
စိတ်ပါတဲ့အခါမှာ အားထည့်ပြီး စိတ်မပါတဲ့အခါမှာ
နည်းနည်းနားတာကလည်း Working Smart ပဲ။
အချိန် တိုင်း ကြိုးစားတိုင်းလည်း မရဘူး။

ဘာလို့လဲဆိုတော့ ကြိုးစားပေမဲ့ စိတ်မပါတဲ့အခါကျတော့
လိုသလောက်မရ ဘူး။ အားလုံးပြီးပြည့်စုံတဲ့ သူဖြစ်အောင်
မကြိုးစားပါနဲ့။ Mindset ကို ပြင်ကြပါ။

ကိုယ့်မှာမပြည့်စုံတာတွေရှိတယ် ဆိုတာကို လက်ခံဖို့လိုပါတယ်။ Detail (အသေးစိတ်)ကို မကြည့်နဲ့။
ပြီးရင် သူများဆီက သိအောင် ကြိုးစားပေးပါ။
ဒီအလုပ်ကိုလုပ်လို့ အောင်မြင်တယ်ဆိုရင် ဆက်လုပ်ပါ။
လုပ်သင့်တဲ့ အလုပ်ပဲလုပ်ပါ။
မလိုအပ်တဲ့အလုပ်တွေ မလုပ်ပါနဲ့။

ပြီးတော့ Flexible (လိုက်လျောညီထွေမှု) ဖြစ်ရပါမယ်။
အလုပ်၊ ကုမ္ပဏီဟာ Flexible ဖြစ်မှ အောင်မြင်တာပါ။
ပင်ပန်းရင် နားလိုက်ပါ။ အိမ်ပြန်သာ အိပ်လိုက်ပါ။
ပင်ပန်းပြီး ဆက်လုပ်ရင် ဘာမှရမှာမဟုတ်ဘူး။
Physical ရာ Mental ပါ ပင်ပန်းနေရင်
ဘာမှအောင်မြင်မှာမဟုတ်ဘူး။
အနားယူဖို့ လိုတယ်။

ပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။
ကိုယ် ဘယ်လောက်ထိ အောင်မြင်ပြီ လဲဆိုတာ
ပြန်ပြီးစဉ်းစားပါ။ ကိုယ်ဘာလုပ်ရင်အောင်မြင်လဲ၊
ဘာလုပ်ရင် မအောင်မြင် ဘူးလဲဆိုတာသိလာမှာဖြစ်ပြီး
မအောင်မြင်တာကို စွန့်လွှတ်၊
အောင်မြင်တာကိုထိန်းသိမ်းဖို့လိုပါတယ်။

ဒါကြောင့် အရေးကြီးဆုံးအနေနဲ့ ပြောချင်တာကတော့
ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုရှိရင် မစခင်ကတည်းက
အောင်မြင်ပြီ ဆိုတာပါ။
နောက်ဆုံးအနေနဲ့ Work Smart နဲ့ Work Hard
ကိုရွေးရမှာမဟုတ်ဘဲ နှစ်ခုစလုံးကို လက်ခံပြီးလုပ်ဆောင်ဖို့
ပြောချင်ပါတယ်။

(ဒေါက်တာအောင်ထွန်းသက်) ဟောပြောသည်
Work Hard and Work Smart မှ
Credit CEO Magazine

23/09/2018

[ အမေရိကန် - တရုတ် အပြန်အလှန်အခွန်တွေတိုးမြှင့်ရင်း ကုန်သွယ်စစ်အရှိန်မြင့်လာဖွယ် ရှိတဲ့ တနလာင်္မနက်]

အမေရိကန်နဲ့တရုတ်ကြား ဆက်ဆံရေးတိုးတက်မှု့တွေဖြစ်ထွန်းမှု့ မရှိခြင်းနှင့်အတူ မဟာပြိုင်ဖက် နှစ်နိုင်ငံကြား အပြန်အလှန် အခွန်ကောက်ခံမှု့ အသစ်တွေကိုလာမယ့်နာရီပိုင်းအတွင်းမြင်ရဖို့ ရှိနေပါတယ်။

ထင်သာလှတဲ့ကုန်သွယ်ရေးတင်းမာမှု့အဖြစ်မနက်ဖန် ဝါရှင်တန် စံတော်ချိန် နေ့လည် 12 နာရီမှာ ဒေါ်လာဘီလီယမ် 200 ဖိုးရှိတရုတ်ကုန် တွေအပေါ် အခွန် 10% စီးကြပ်မှု့ ဟာစတင် အသက်ဝင်တော့မှာဖြစ်ပါတယ်။ယခုနှစ်အတွင်း ဒေါ်လာ ဘီလီယမ် 50 ဖိုးရှိ တရုတ်ကုန်များကိုအခွန်စီးကြပ်ပြီးလည်းဖြစ်ပါတယ်။

မနက်ဖန် မှာ တော့ တရုန်ကုန်တွေအပေါ်စီးကြပ်မှု့ဟာ ဒေါ်လာ ဘီလီယမ် 250 ရှိလာမှာဖြစ်ပြီး ဒါဟာ တရုတ်က နေအမေရိကန်သို့ 2017 ကတင်သွင်းခဲ့တဲ့ပမာဏာရဲ့တစ်ဝက် နဲ့လည်းညီမျှ ပါတယ်။ တစ်ချိန်တည်းမှာဘဲ အမေရိကန်ကနေတရုတ်သို့တင်သွင်းတဲ့ ဒေါ်လာ110 ဘီလီယမ်ရှိတဲ့ အမေရိကန်ကုန်တွေကို တရုတ်က အခွန်တွေ စီးကြပ်သွားမှာဖြစ်ပြီး ဒီပမာဏဟာ 2017 က တရုတ်သို့တင်သွင်းခဲ့တဲ့ ပမာဏရဲ့ 70% နဲ့လည်းညီမျှပါတယ်။

တရုတ်ဟာ လာမယ့်အပတ်မှာစီစဉ်ထားတဲ့ အမေရိကန် အရာရှိတွေ နဲ့ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ က အမေရိကန်နိုင်ငံရေးဝန်ကြီးဌာနဟာ တရုတ်ကာကွယ်ရေးအင်ဂျင်စီနဲ့ ဒီအေဂျင်စီရဲ့ဒါရိုက်တာ အပေါ်ဒဏ်ခတ်အရေးယူမှု့ကိုပြန်လည်တုန့်ပြန်တာလို့ ဒီအခြေအနေတွေနဲ့နီးစပ်သူတွေကဆိုပါတယ်။
ဒါ့အပြင်ဘီဂျင်းကအာဏာပိုင်တွေကြားထရမ့် အုပ်ချုပ်ရေးနဲ့အရေး
ပါတဲ့ဆွေးနွေးပွဲတွေကို နိုဝင်ဘာ လ အမေရိကန်သက်တမ်း ဝက်ရွေးကောက်ပွဲပြီးမှပြန်စတင်ဖို့ဆိုတဲ့အပေါ်သဘောတူညီချက်တွေလည်းမြင့်တက်နေပြန်ပါတယ်။

ဒီလိုမြင့်တက်လာတော့မယ့် ကုန်သွယ်ရေး စစ်ပွဲအပေါ်စိုးရိမ်မှု့တွေ ရှိသော်ငြား ပြီးခဲ့တဲ့အပတ်က အမေရိကန်စတော့တွေ သမိုင်းဝင်စံချိန် ဆက်တိုက်ချိုးခဲ့တာကထရမ့်မူဝါဒတွေ ခုထိမမှားသေးကြောင်း အထောက်အပံ့ပေးထားပြန်ပါတယ်။ ဒါကြောင့်လည်းထရမ့်ဟာ မနေ့က တွစ်တာ မှာ "စီးပွားရေးစံချိန်သစ်တွေဟာ တစ်နေ့တာ ဈေးကွက်တွေမှာ တင်ရှိနေပါတယ်။ ဒါဟာ မတော်တဆကံအားလျော်စွာ ဖြစ်တာတော့မဟုတ်လောက်ပါဘူးလို့ " ဝင့်ကြွားရေးသားခဲ့ပါတယ်။

ဒီလိုအနေအထားတွေကြောင့်လည်း ကုန်သွယ်ရေးစစ်ဟာ အမေရိကန် သက်တမ်း ဝက်ရွေးကောက်ပွဲမတိုင်မီ ဆက်မြင့်တက်နေဖို့ ရှိပြီးဒီစစ်ပွဲဂယက်ဟာ အမေရိကန်ပြင်ပဈေးကွက်တွေ အထူးသဖြင့် အာရှဈေးကွက်အပေါ်သက်ရောက်မှု့နည်းပါစေလို့သာ ဆုတောင်းလိုက် ရပါကြောင်း။

ဆြာထွဋ်ခေါင်ကျော်သူ

ကိုးကားသတင်းရင်းမြစ် --- ဘလွမ်းဘတ်

17/09/2018

“Coffee for your soul”

ဘာလုပ်ရမှန်းမသိအောင်ဘေးကျပ်နံကျပ်တွေဖြစ်တဲ့အခါ

-စိတ်ကိုအတည်ငြိမ်ဆုံးထားပါ

-အာရုံတွေစုစည်းပါ

-ပြဿနာတွေကိုစာရင်းချရေးပါ

-အဝေးဆုံးမှတ်တိုင်ကို ပစ်မှတ်အရင်ထားပါ

-အနီးဆုံးပြဿနာတွေကိုဖြည်းဖြည်းချင်းတစ်စဆီရှင်းပါ

-ရှင်းရင်းနဲ့အဝေးဆုံးကပစ်မှတ်ကိုရောက်အောင်သွားပါ

-အနီးဆုံးပြဿနာကိုဖြေရှင်းခြင်းသည်အဝေးဆုံးပြဿနာဖြေရှင်းခြင်း၏အစိတ်ပိုင်းတစ်ခုဖြစ်အောင်နည်းဗျူဟာဆွဲပါ

-မကြောက်ပါနဲ့

-မိမိကိုယိကိုယုံကြည်ပါ

-သူတစ်ပါးကိုတတ်နိုင်သလောက်မှီခိုမှုနည်းအောင်ကြိုးစားပါ

-လူတွေရဲ့မှတ်ချက်တွေဝေဖန်တာတွေကိုအသိမှတ်ပြုပါဆန်းစစ်ပါ,ဒါပေမဲ့ကိုယ့်စိတ်ကိုလေးလံစေမဲ့အရာတွေကိုထုတ်ပစ်ပါ

-မိမိကိုယိကိုယ်အားကိုးပါ သူတစ်ပါးကိုမှီလို့စိတ်မောရမဲ့အမောတွေကိုမိမိကိုယ်ကိုယ်ကြိုးစားရလို့မောရတဲ့အမောတွေနဲ့အစားထိုးပါ

-စေတနာကောင်းစိတ်ကောင်းကိုဂရုတစိုက်ထိန်းသိမ်းပါ

-ဘာမှမမျှော်လင့်ပဲကူညီနိုင်ခြင်းမျိုးဖြင့်ကူညီပါ

-မှန်ကန်တဲ့နည်းလမ်းနဲ့ပန်းတိုင်ကိုမျက်ခြေပြတ်မခံပဲကြိုးစားပါ

-သူတစ်ပါးနဲ့မယှဉ်ပါနဲ့ ကိုယ့်ကိုယ်ပိုင်နာရီအချိန်ဇယားနဲ့ကိုယ့်ဟာကိုယ်လျှောက်ပါ

-မနေ့ကနောက်ကျမှုကိုပြန်မကြည့်ပါနဲ့ မနက်ဖြန်အတွက်ကြည့်ပြီးဒီနေ့ကြိုးစားပါ

-ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့ ကိုယ်ဒီနေ့ရောက်နေခဲ့တဲ့နေရာဟာလည်းမနေ့ပေါင်းများစွာရဲ့အစီစဉ်တွေကြိုးစားမှုတွေကြောင့်ဆိုတာ ကိုယ့်ကိုယ်ကို အသိမှတ်ပြုပေးပါ

-ကိုယ့်ကိုယ်ကိုယ်ကိုရောသူတစ်ပါးကိုပါခွင့်လွှတ်နားလည်ပေးပါ

-ကြိုးစားတိုင်းရတယ်လို့မပြောနိုင်ပေမဲ့ဝီရိယဆိုတာအတိုင်းတာတစ်ခုထိအောင်မြင်တာကိုအသိမှတ်ပြုပါ

Synergy MM

11/09/2018

Inflation rate က Real interest rate ထက် အဆမတန် ထိုးတက်သွားသောအခါ ...

ကိုယ်တွေလို နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေအတွက် တလတလ အသုံးစရိတ်လေးဖယ်ပြီး saving လေးများကျန်ရင် ဘာလုပ်ကြမလဲ စဉ်းစားရတယ်...

ကိုယ်တွေအပါအဝင် အများစုကတော့ saving လေးများကျန်ရင် အခြားလဲမလုပ်တတ်မကိုင်တတ်မို့ မြန်မာပြည်က ဘဏ်တွေထဲ ငွေစုကြတယ်. အတိုးနှုန်းကလဲ ၈% ဆိုတော့ ဒီနိုင်ငံထက်စာရင် မက်လောက်စရာကိုး ...

ကဲ ထားပါတော့ ...
2017 August လောက်က S$10,526 လောက်ကို exchange rate 1S$~950 ဝန်းကျင်နဲ့ မြန်မာငွေလဲပြီး သိန်း၁၀၀ ပုဂ္ဂလိကဘဏ်တခုမှာ အပ်လိုက်တယ်...
ဟော ဒီနှစ် 2018 August တနှစ်ပြည့်လို့ Account ထဲစစ်တော့ 108 သိန်းကျော်ဖြစ်နေပါရော ...

၈ သိန်းမြတ်နေပြီပေါ့ ... အဲဒါကို ကျေနပ်လိုက်ရမှာလား..🤔

တကယ်တော့ အဲဒီငွေနဲ့ ကိုယ်ခုနေS$ ပြန်ဝယ်ရင် S$9,800 ပဲရတော့မှာလေ... exchange rate က 1S$~1,100 ဖြစ်နေပြီကိုးးး

ဘာမှလဲမလုပ်ရပဲ နေရင်းထိုင်ရင်း S$ 700 ကျော် ရှုံးသွားပြီ .. ဒီကဘဏ်မှာပဲထားပြီး ထိုင်နေရင် အကောင်းသား 😬

ဒီလိုဖြစ်ရတာဟာ ဘာကြောင့်လဲလို့ အရင်းစစ်လိုက်ရင် inflation rate က nominal interest rate ထက် အဆမတန် များနေလို့ပဲ ...

Nominal interest rate ဆိုတာ ပေးမယ်လို့သတ်မှတ်ထားတဲ့ အတိုးနှုန်းပါ. သူ့မှာ inflation rate ကို ထည့်သွင်းစဉ်းစားခြင်း မရှိပါဘူး ( ဥပမာ - ဘဏ်တိုးနှုန်း ၈%)

Inflation rate ဆိုတာကတော့ ငွေကြေးဖောင်းပွမှုပါ.
( ဥပမာ 2017 Aug 1S$~ 950 kyats , 2018 Aug 1S$ ~1,100 kyats ) ဒါဆို inflation rate က 15 % ကျော် ဖြစ်သွားပြီ ..

ဒီတော့ ကိုယ်တွေ savingလုပ်ရင်ပဲဖြစ်ဖြစ် investment လုပ်ရင်ပဲဖြစ်ဖြစ် Real interest rate နဲ့ တွက်ဖို့လိုမယ်..

Real interest rate ဆိုတာကတော့ inflation ကိုပါထည့်စဉ်းစားတယ် .
( Real interest rate=Norminal interest rate- Inflation Rate ) ပေါ့..

ဒါကြောင့် ကိုယ်ဘာလုပ်လုပ် Real interest rate နဲ့ အရင်ဆုံး အမှန်တကယ် မြတ်မမြတ် ချိန်ဆကြည့်ဖို့လိုတယ်.

ကိုယ့်အမျိုးတွေ အမှန်တကယ် အမြတ်များများ
ရကြပါစေ😊

ကိုယ်စဉ်းစားမိသလောက် share တာမို့ အမှားအယွင်း
ပါနိုင်ပါတယ်..

မျိုးသန့်သန့်
၁၁.၁၀.၁၈

25/07/2018
နိုင်ငံတကာစာရင်းစစ်စံများ လိုက်နာကျင့်သုံးရန် ပြငှာန်းခြင်း ...
11/07/2018

နိုင်ငံတကာစာရင်းစစ်စံများ လိုက်နာကျင့်သုံးရန် ပြငှာန်းခြင်း ...

20/06/2018

လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။
အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲတော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာ
လူတစ်ယောက်ကတော်တယ်ဆိုရင်အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား”
ဆိုပြီးတချို့ကမေးကျတယ်။

အဖြေက “မဟုတ်ပါဘူး။”
တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်းလေ့ကျင့်လို့၊
* အရာမှန်သမျှသင်ယူလေ့လာလို့၊
* သူများထက်ပိုဖတ်လို့ ၊
* သူများထက်ပိုကြည့်လို့၊
* သူများထက်ပိုကြုံတွေ့ရလို့၊
* သူများထက်ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကိုသူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။
ဒါဆိုရင်နောက်မေးခွန်းတစ်ခုက
“ပါရမီကတကယ်ရှိလား”လို့ မေးလိမ့်မယ်။
အဖြေက “တကယ်ရှိပါတယ်။”
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကို
အကြောင်းပြချက်မရှိပဲအရာတစ်ခုကို
နှစ်သက်အောင်လုပ်ပေးရုံပဲရှိပါတယ်။

ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအရာကိုအာရုံစိုက်ပြီး
လုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို
ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။

ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။

ဒါကြောင့်ဘယ်အရာမဆိုကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်ရမှအဲ့ဒီအရာအပေါ်တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။
လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။

ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။

အဲ့ဒီကနေ ကျွန်တော်တို့လူတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာလျှောက်ရမှာပါ။

သူများလိုမလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
“ “ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။” ”
ဒါကြောင့်
တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။

ဒါကြောင့်ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ
"သူဘာဖြစ်လို့တော်တာလဲ?”
ဆိုတဲ့မေးခွန်းကိုထုတ်ထားလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့အဖြေကတစ်ခုပဲရှိပါတယ်။

“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

Credit :Black Bin

Professional ဟူသည်
10/06/2018

Professional ဟူသည်

တွေရဲ့ စရိုက်လက္ခဏာ ၁၀ ချက်

၁။ လုပ်ရည်ကိုင်ရည်၊ အစွမ်းအစရှိမှု (Competence)
- မိမိအလုပ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့
ကျွမ်းကျင်မှုနဲ့ အသိပညာဗဟုသုတရှိပြီး
အလုပ်ကောင်းအောင်လည်း လုပ်နိုင်သူဖြစ်တယ်။

၂။ ယုံကြည်အားထားရမှု (Reliability)
– အလုပ်ပြီးစီးပြီး အဆင်သင့်ဖြစ်ဖို့
လိုအပ်တဲ့အချိန်မှာ အဆင်သင့်ဖြစ်နေပြီး
လူတွေက ယုံကြည်စိတ်ချ အားထားရသူဖြစ်တယ်။

၃။ ရိုးသားမှု (Honesty)
– အမှန်တရားကိုသာ ပြောတတ်ပြီး
အကြောင်းအရာကိစ္စတွေနဲ့ပတ်သက်ပြီး
ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူ ဖြစ်ပါတယ်။

၎။ တည်ကြည်ဖြောင့်မတ်မှု ((Integrity)
– ကိုယ်ပိုင်ချမှတ် ထားတဲ့စည်းမျဉ်းတွေကို
တစ်သမတ်တည်း မယိမ်းမယိုင်လိုက်နာသူအဖြစ်
အများက အသိအမှတ်ပြုခြင်းခံရသူဖြစ်တယ်။

၅။ သူတစ်ပါးကို လေးစားမှု (Respect For Others)
– လူတိုင်းကို တစ်လေးတစ်စားနဲ့
အရေးတယူပြောဆို ဆက်ဆံသူ ဖြစ်တယ်။

၆။ မိမိကိုယ်ကိုယ်တိုးတက်အောင် မြှင့်တင်မှု
(Self-Upgrading)
– မိမိရဲ့ကျွမ်းကျင်မှုတွေနဲ့ အသိပညာတွေ
သံချေးတက်မသွားအောင် စဉ်ဆက်မပြတ်
လေ့လာ သင်ယူတတ်သူဖြစ်တယ်။

၇။ အကောင်းမြင်တတ်မှု (Being Positive)
– အကောင်း မြင်စိတ်ထားရှိပြီး ပြဿ နာကို
ဖြေရှင်းတတ်သူ (Problem Solver) ဖြစ်တယ်။

၈။ သူတစ်ပါးကိုကူညီတတ်မှု (Supporting Others)
-ကိုယ်က ချီးကျူးဂုဏ်ပြုခံရရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့
ဝေမျခံယူတတ်သူဖြစ်တယ်။
ဘာကို ဘယ်လိုလုပ်ရမယ် ဆိုတာကို
သူများကို သေသေချာချာသင်ပြပေးတတ်ပြီး
လိုအပ်ရင် သူတစ်ပါးပြောတာကို
ဂရုတစိုက်နားထောင် ပေးသူဖြစ်တယ်။

၉။ အလုပ်အပေါ် အာရုံစူးစိုက်မှု
(Staying Work-Focused)
– မလိုအပ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်
အလုပ်ကို ထိခိုက်တာမျိုးမဖြစ်စေဘဲ
အလုပ် အချိန်တွေကိုလည်း ကိုယ်ရေးကိုယ်တာကိစ္စနဲ့
ဖြုန်း တီးတတ်သူ မဟုတ်ပါဘူး။

၁၀။ ဂရုတစိုက်နားထောင်တတ်မှု
(Listening Carefully)
- လူတွေက သူတို့ပြောတာကို
နားထောင်ပေးစေချင်တယ်ဆိုတာကို သိရှိသူဖြစ်ပြီး
သူများရဲ့ စိတ်ကူးစိတ်သန်းတွေကို ရှင်းပြဖို့
အခွင့်အရေးပေးသူဖြစ်တယ်။

Credit CEO Magazine

Big 4 ...
09/06/2018

Big 4 ...

Address

851, Thumana 3rd Lane, Thingangyun
Yangon

Telephone

+959441856539

Website

Alerts

Be the first to know and let us send you an email when Synergy MM Consultancy Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share