13/10/2026
အာမခံကိုယ်စားလှယ်တော်ကြီးများနှင့်အတူ အပြန်အလှန်နှီးနှောဖလှယ်ခြင်း Sailing to Success ကျင်းပပြုလုပ်ခဲ့
FNI (General) နှင့် အာမခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ (၉) ရက်နေ့က Royal Green River Prince ၌ Agent Meeting ကျင်းပပြုလုပ်ခဲ့ရာ FNIG မှ ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) ၊ ဒေါ်မိုးသန္တာထွဋ် (Chief of Operations) ၊ ဒေါ်အိကလျာလှိုင် (Deputy Head of Agency) နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရအာမခံကိုယ်စားလှယ်တော်ကြီးများ ၊ ဖိတ်ကြားထားသော အာမခံကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) မှ နူတ်ခွန်းဆက် အမှာစကားပြောကြားပေးပြီး၊ ဒေါ်အိကလျာလှိုင် (Deputy Head of Agency) မှ ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားပေးခဲ့ပါသည်။
FNIG နှင့်လက်တွဲဆောင်ရွက်ခဲ့ကြသော Yangon Region မှ အာမခံကိုယ်စားလှယ် (၃)ဦး နှင့် Corporate Agency ( ၂ ) ခုတို့အား 2nd Quarter အတွက် ဂုဏ်ပြုမှတ်တမ်းလွှာဆုများချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ညနေခင်း ရန်ကုန် မြစ်ရှုခင်းများကိုခံစားရင်း ဂုဏ်ပြုညစာ သုံးဆောင်ခဲ့ကြကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI