Myanmar Astrology

Myanmar Astrology Follow လုပ်ထားခြင်းဖြင့်နေ့စဉ်တင်ဆက်ပေးနေသောဟောစာတမ်းများ ရယူနိုင်ပါတယ်။

01/05/2026

သောကြာသားသမီးများအတွက်
#ဗေဒင် #စံဇာဏီဘို #ဟောစာတမ်း #ယတြာ #သောကြာ

နိုဘယ်လ် ဆု ----------------နိုဘယ်ဆုဆိုတာ ကမ္ဘာပေါ်တွင် အလွန်ပင် ဂုဏ်သိက္ခာကြီးမြတ်သောဆုကြီးဖြစ်ပါတယ်..ထိုဆုကို ဒိုင်းနမိုက...
25/10/2017

နိုဘယ်လ် ဆု
----------------
နိုဘယ်ဆုဆိုတာ ကမ္ဘာပေါ်တွင် အလွန်ပင် ဂုဏ်သိက္ခာကြီးမြတ်သောဆုကြီးဖြစ်ပါတယ်..
ထိုဆုကို ဒိုင်းနမိုက်တီထွင်သူ သူဌေးကြီး အဲဖရက်နိုဘယ်က တီထွင်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်...
အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာမွေးဖွားခဲ့ပါတယ်..
နိုဘယ်သည် ၁၂သားအရွယ်တွင် ပေါက်ကွဲစေတတ်သော ဓာတုပစ္စည်းတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်
ထိုပစ္စည်းဟာပေါက်ကွဲလွယ်ပီး သယ်ယူရာမှာပေါက်ကွဲစေတတ်လို့ ပြုပြင်ဖို့ကြိုးစားခဲ့ပါတယ်...
အဲ့လိုကြိုးစားနေတုန်းမှာပဲ ပေါက်ကွဲပီး နိုဘယ်ရဲ့ ညီနဲ့မိတ်ဆွေသုံးဦးကွယ်လွန်ခဲ့ပါတယ်..
နိုဘယ်ဟာဇွဲမလျော့ပဲ ဆက်လက်ကြိုးစားရာမှာ ဒိုင်းနမိုက်ကိုတီထွင်အောင်မြင်ခဲ့ပါတယ်...
ဒိုင်းနမိုက်တီထွင်ပီးချိန်မှစပြီး နိုဘယ်ဟာ လမ်းဖောက်ခြင်း.ကျောက်တောင်များဖောက်ခွဲခြင်း..ရထားလမ်းများဖောက်ခြင်းအတွက် ဒိုင်းနမိုက်ကို ရောင်းချပီး သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ပါတယ်...
၁၈၆၇တွင် ဆွီဒင် သိပ္ပံအကယ်ဒမီက နိုဘယ်ကို ရွှေတံဆိပ်ချီးမြှင့်ခဲ့ပါတယ် ...
ထိုကာလအတွင်းမှာ ဥရောပ၌ စစ်အကြီးကျယ်ဖြစ်ပွားနေခဲ့တယ်..
စစ်ပွဲတွေမှာ ဒိုင်းနမိုက်ကို လူသတ်လက်နက်တွေအဖြစ်သုံးလာတဲ့အတွက် နိုဘယ်လ် ဟာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်...
ထိုအချိန်မှာ ဘာသာ ဆိုသောသူဟာ (Lay Down Arms) အမည်ရှိတဲ့ ၀တ္တုကိုရေးသားခဲ့ရာ ကမ္ဘာကျော်ခဲ့ပါတယ်..
ဘာသာ ဟာနိုဘယ်လ်ကို ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်ရန် တိုက်တွန်းခဲ့ပီး...
၁၈၉၃ခုနှစ်မှာ နိုဘယ်ဟာ နိုဘယ်ဆုပေးရးအတွက် စတင်စဉ်းစားမိခဲ့တယ်...
၁၈၉၆-ခု ဒီဇင်ဘာလ ၁၀ရက်နေ့ နိုဘယ်လ်ကွယ်လွန်တဲ့အချိန်မှာ သူ့စားပွဲအတွင်းမှ နိုဘယ်လ်ဆုပေးရေးအတွက်သေတမ်းစာကို တွေ့ရှိခဲ့ပါတယ်..
၎င်းသေတမ်းစာထဲတွင် သူပိုင်ပစ္စည်းများကို ငါးပုံပုံပီး ရူပဗေဒ.ဓာတုဗေဒ.ဆေးပညာ.စာပေနှင့်..ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းတို့တွင်စွမ်းဆောင်ခဲ့သူများကို ဆုပေးအပ်ရန်ရေးသားခဲ့ပါတယ်...
နှစ်စဉ် ဆုများကို နိုဘယ် ကွယ်လွန်သည့် ဒီဇင်ဘာ၁၀ရက်နေ့တွင် စတော့ဟုမ်းမြို့မှာ ပေးအပ်ပါတယ်
နိုဘယ်လ် ဆုရရှိထားတဲ့မြန်မာနိုင်ငံသားဟာ ဒေါ်အောင်ဆန်းဆုကြည်ဖြစ်ပီးတော့ ငြိမ်းချမ်းရေးအတွက်ဘနိုဘယ်လ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်...
/Internet
---------------------------------------
သိပ္ပံအရေးနဲ့ပတ်သတ်နဲ့ ဗဟုသတွေရဖို့ ဒီpageကို Like and Follow နဲ့ Share လုပ်ထားကြပါနော်...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Astrology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Astrology:

Shortcuts

Share