Chubb Life Myanmar

Chubb Life Myanmar Chubb သည် အာမခံလုပ်ငန်းတွင် ကမ္ဘာ့ထိပ်တန်းဦးဆောင်သူ တစ်ဦးဖြစ်ပါသည်။

၂၀၁၉၊ ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံအတွင်း၌ (၁၀၀) ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခုကို ဖွဲ့စည်းရန် ကနဦးလိုင်စင်ကိုင်ဆောင်သူ တစ်ဦးအဖြစ် မိမိတို့ကုမ္ပဏီအား ရွေးချယ်ခဲ့ပါသည်။

Chubb သည် အာမခံလုပ်ငန်းတွင် ကမ္ဘာ့ထိပ်တန်းဦးဆောင်သူ တစ်ဦးဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ဖိလာဒယ်ဖီးယားမြို့တွင် ၁၇၉၂ နှစ်ခုကတည်းက စတင်တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်ပေ

ါင်း ၂၀၀ ကျော် သမိုင်းကြောင်းရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံနှင့် ဒေသ‌ပေါင်း ၅၄ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်မူ မတော်တဆထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံနှင့် အသက်အာမခံများကို လူတန်းစားမျိုးစုံအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အသေးစိတ်သိရှိလိုပါက https://www.chubb.com/mm-mm/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။​

အသက်အာမခံဆိုတာ အိမ်ထောင်ကျ၊ ကလေးရမှပဲ ပိုလိုမယ် ထင်တယ်နော်...တစ်ကိုယ်တည်းတောက်ပမယ့်သူတွေအတွက်၊ အမွေပေးစရာ မလိုတဲ့သူတွေအတ...
01/12/2025

အသက်အာမခံဆိုတာ အိမ်ထောင်ကျ၊ ကလေးရမှပဲ ပိုလိုမယ် ထင်တယ်နော်...
တစ်ကိုယ်တည်းတောက်ပမယ့်သူတွေအတွက်၊ အမွေပေးစရာ မလိုတဲ့သူတွေအတွက်ကတော့ ကိုယ်ရှာ ကိုယ်သုံးပဲ။
ရှင်နေတုန်း အကုန်သုံးသွားမှာ၊ Labubu လည်း ဝယ်မှာ၊ ပိုက်ဆံစုဖို့ စိတ်ကူးမရှိဘူး...

လူတစ်ယောက်ဟာ ကိုယ်ရော၊ စိတ်ပါ ကျန်းမာသန်စွမ်းစွာနဲ့ ဘယ်အသက်အရွယ်အထိ အလုပ်လုပ်ကိုင်နိုင်မယ်ထင်ပါသလဲ? ထက်မြက်တဲ့သူ တစ်ယောက်အနေနဲ့၊ ဘယ်သူ့ကိုမှ မှီခိုအားကိုးဖို့ မတွေးထားတဲ့သူအနေနဲ့ စိတ်သွားတိုင်း ကိုယ်မပါတဲ့အခါ၊ မမျှော်လင့်ထားတဲ့အခြေအနေကြောင့်လူနေမှုအဆင့်အတန်းတွေ လျှော့ချလိုက်ရတဲ့အခါ ပိုပြီးခက်ခဲသွားစေတာမို့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုလို့တောင် လိုအပ်ပါသေးတယ်။

ချက်ဘ်အသက်အာမခံမြန်မာရဲ့ ၆နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ ကလေးငယ်ပေါင်း ၁၄၀ကျော်အတွက် ပျော်ရွှင်စရာ မ...
28/11/2025

ချက်ဘ်အသက်အာမခံမြန်မာရဲ့ ၆နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ ကလေးငယ်ပေါင်း ၁၄၀ကျော်အတွက် ပျော်ရွှင်စရာ မမေ့နိုင်တဲ့နေ့လေးတစ်နေ့ ဖန်တီးပေးဖြစ်ခဲ့ကြပါတယ်။ ကလေးတွေနဲ့တူတူ ပျော်ပျော်ပါးပါးဆော့ကစားရင်း၊ ကျောင်းသုံးပစ္စည်းတွေကို လက်ဆောင်မျှဝေရင်း၊ အနာဂတ်ပိုမိုလင်းလက်စေဖို့ စာကြည့်တိုက်လေးကိုလည်း တူတူမတည်ပေးခဲ့ကြတာမို့ ယခု ၆နှစ်တိုင်တဲ့အထိ မိသားစုတိုင်း၊ ကလေးငယ်တိုင်းရဲ့ စိတ်ကူးအိပ်မက်တွေပြည့်ဖို့ ချက်ဘ်အသက်အာမခံမြန်မာရဲ့ ချန်ပီယံကြီးများနဲ့ အတူတကွ ကူညီဖေးမခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

For our 6th Anniversary, we spent the day creating joyful experiences and meaningful support for more than 140 children from partner community homes.
With new school supplies and a dedicated mini library, we aim to nurture curiosity and open doors to brighter opportunities.
Thank you for being part of our journey as we continue securing every future.

28/11/2025

၂၀၁၉ခုနှစ်မှ စတင်၍ မိသားစုတွေ အလိုအပ်ဆုံးအချိန်မှာ ဖေးမစီမံပေးရင်း၊ အသက်အာမခံချန်ပီယံကြီးများရဲ့ စေတနာတွေကို ချီးကျူးအသိမှတ်ပြုရင်း ချက်ဘ်အသက်အာမခံမြန်မာ ၆နှစ် တိုင်ခဲ့ပါပြီ။
ဂုဏ်ယူရတဲ့ ၆နှစ်တာကာလဟာ ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ ကာကွယ်စီစဥ်ပေးခဲ့တဲ့ မိသားစုအိပ်မက်တွေ၊ ချက်ဘ်အသက်အာမခံမြန်မာရဲ့ စောင့်ရှောက်တည်မြဲခဲ့တဲ့ ကတိတွေနဲ့ ပြည့်နှက်နေတဲ့ နေ့ရက်တွေ ဖြစ်ခဲ့တာမို့ နောက်လာမယ့်နှစ်ပေါင်းများစွာမှာလည်း မြန်မာနိုင်ငံက မိသားစုတွေ၊ စိတ်ကူးအိပ်မက်တွေအတွက် ဆက်လက်အကာအကွယ်ပေးသွားဖို့ ဆန္ဒပြုလိုက်ရပါတယ်။

What a journey these six years have been.
We expanded our positive impact, supported families when they needed us most, celebrated our Champions’ achievements, and grew a culture we are proud of — one that continues to be recognized year after year.
This milestone is not just a number. It is the story of lives protected, promises kept, and a team that kept moving forward hand in hand.
Here is to carrying that momentum into the year ahead.

အသက်အာမခံဆိုတာ ဘယ်အရွယ်က စထားလို့ရတာလဲ? ချက်ဘ်အသက်အာမခံမြန်မာရဲ့ ထာဝရသုခအသက်အာမခံမှာဆိုရင် ကလေးအသက် ၅နှစ်မှစတင်ပြီး ပညာရ...
25/11/2025

အသက်အာမခံဆိုတာ ဘယ်အရွယ်က စထားလို့ရတာလဲ?

ချက်ဘ်အသက်အာမခံမြန်မာရဲ့ ထာဝရသုခအသက်အာမခံမှာဆိုရင် ကလေးအသက် ၅နှစ်မှစတင်ပြီး ပညာရေးအတွက်၊ ဘဝရည်မှန်းချက်တွေအတွက် မိဘက စီမံပြင်ဆင်ပေးထားလို့ ရနေပါပြီ။ ငယ်ကတည်းက စီစဥ်ထားပေးမယ်ဆိုရင် ပရီမီယံနှုန်းထားတွေလည်း သက်သာပြီး၊ ထပ်ပေါင်းအကျိုးအမြတ်တွေလည်း တက်နေမှာမို့ မိဘတွေ စိတ်အေးရစေဖို့ ချက်ဘ်အသက်အာမခံမြန်မာရဲ့ ချန်ပီယံအသက်အာမခံကိုယ်စားလှယ်တော်ကြီးများက အဆင်သင့်ရှိနေပါတယ်။

အသေးစိတ် အချက်အလက်များကို https://www.chubb.com/mm-mm/products/chubb-lifetime-elite.html မှာ ဖတ်ရှု့လေ့လာနိုင်ကြပါပြီ။

ကုမ္ပဏီလုပ်ငန်းနဲ့ အရောင်းအတွေ့အကြုံမရှိဘဲ အသက်အာမခံကိုယ်စားလှယ် လုပ်လို့ရလား? လိုင်စင်ရအသက်အာမခံကိုယ်စားလှယ်တစ်ယောက်အနေ...
24/11/2025

ကုမ္ပဏီလုပ်ငန်းနဲ့ အရောင်းအတွေ့အကြုံမရှိဘဲ အသက်အာမခံကိုယ်စားလှယ် လုပ်လို့ရလား?

လိုင်စင်ရအသက်အာမခံကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မိသားစုတွေကို အပြည့်အဝကူညီနိုင်ဖို့အတွက် လုပ်ငန်းအတွေ့အကြုံမလိုပါဘူး။ စေတနာနဲ့ အချိန်ပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်။ မိမိမိသားစုကို ကြည့်ရှုစောင့်ရှောက်နေရင်း၊ ကုမ္ပဏီဝန်ထမ်းလုပ်နေရင်း၊ အငြိမ်းစားဘဝမှာ အနားယူနေရင်း လိုအပ်တဲ့အသက်အာမခံဗဟုသုတတွေဖြည့်တင်းပြီး တွဲလုပ်လို့ရတာမို့ ချက်ဘ်အသက်အာမခံမြန်မာက သင့်ကို လက်ကမ်းကြိုနေပါတယ်။

အသက်အာမခံကိုယ်စားလှယ်ဆိုတာ ဘာလုပ်ရတာလဲ? ပွဲတွေလည်း ဖိတ်ပြီး၊ အပြင်မှာတွေ့ဖို့လည်း ခဏခဏပြောနေလို့။ အာမခံတွေ အတင်းထိုးရောင...
18/11/2025

အသက်အာမခံကိုယ်စားလှယ်ဆိုတာ ဘာလုပ်ရတာလဲ? ပွဲတွေလည်း ဖိတ်ပြီး၊ အပြင်မှာတွေ့ဖို့လည်း ခဏခဏပြောနေလို့။ အာမခံတွေ အတင်းထိုးရောင်းဖို့လား?

အသက်အာမခံအကာအကွယ်လိုအပ်နေတဲ့ မိသားစုတွေ နိုင်ငံနဲ့အဝှမ်းမှာ ၉၉ရာခိုင်နှုန်းတောင် ကျန်နေသေးတာမို့... ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ သေချာခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု၊ မိသားစုရည်မှန်းချက်၊ မရေရာမှုတွေကို ကြိုတင်ကာကွယ်ထားဖို့ စတဲ့ အသိပညာတွေကို မျှဝေပေးရပြီး အသက်အာမခံလျှောက်ထားတဲ့အဆင့်တိုင်းမှာ အကြံပေးတဲ့သူကို အသက်အာမခံကိုယ်စားလှယ်လို့ ခေါ်ဆိုပါတယ်။

ခုတလောကတော့ ဝယ်စရာလေးတွေ ရှိသေးလို့ နှစ်ကုန်မှပဲ၊ နောက်နှစ်မှပဲ အသက်အာမခံ စထားလို့ရလား? ခုလည်း အသက် ၃၀ကျော်ဝန်းကျင် ကျန်...
17/11/2025

ခုတလောကတော့ ဝယ်စရာလေးတွေ ရှိသေးလို့ နှစ်ကုန်မှပဲ၊ နောက်နှစ်မှပဲ အသက်အာမခံ စထားလို့ရလား? ခုလည်း အသက် ၃၀ကျော်ဝန်းကျင် ကျန်းမာရေးကောင်းနေတာပဲဆိုတော့၊ လိုရင် ပြန်ဆက်သွယ်လိုက်မယ်လေ...

ကိုယ့်ကို ထိုင်စောင့်မနေကြတဲ့အထဲမှာ အချိန်၊ ငယ်ရွယ်နုပျိုမှုနဲ့ ငွေကြေးဖောင်းပွမှုတွေအပြင် ဘဝရဲ့မရေရာမသေချာမှုတွေပါ ရောပါနေပါတယ်။
ကိုယ် တကယ်လိုအပ်တဲ့အချိန်မှာ ရှိနေဖို့ ကိုယ်မလိုတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်ထားရတဲ့ အသက်အာမခံအကာအကွယ်ကို အချိန်မဆွဲစေချင်တာမို့ တိုင်ပင်ဆွေးနွေးပေးဖို့ ချက်ဘ်အသက်အာမခံမြန်မာရဲ့ ချန်ပီယံကြီးများက အဆင်သင့်ရှိနေပါတယ်။

အသေးစိတ် အချက်အလက်များကို https://www.chubb.com/mm-mm/products/chubb-lifetime-elite.html မှာ ဖတ်ရှု့လေ့လာနိုင်ကြပါပြီ။

ချစ်ခင်ကြင်နာမှုဆိုတာ တစ်ရက်တည်းနဲ့ မလုံလောက်ပါဘူး။ချစ်ရသူတွေရဲ့ တစ်ဘဝစာအတွက် လုံလောက်တဲ့ ကြင်နာမှုတွေ ပေးနိုင်ဖို့ ချက်...
13/11/2025

ချစ်ခင်ကြင်နာမှုဆိုတာ တစ်ရက်တည်းနဲ့ မလုံလောက်ပါဘူး။
ချစ်ရသူတွေရဲ့ တစ်ဘဝစာအတွက် လုံလောက်တဲ့ ကြင်နာမှုတွေ ပေးနိုင်ဖို့ ချက်ဘ်အသက်အာမခံမြန်မာမှ အသက်အာမခံကိုယ်စားလှယ်ကြီးများမှ ကူညီပေးပါရစေ။

Kindness is caring beyond today—life insurance is love that lasts a lifetime.

အသေးစိတ် အချက်အလက်များကို https://www.chubb.com/mm-mm/products/chubb-lifetime-elite.html မှာ ဖတ်ရှု့လေ့လာနိုင်ကြပါပြီ။

မနက်ဖြန် ကျန်းမာရေးမကောင်းဘူးဆိုရင် ရှိတာတွေ မရောင်းဘဲနဲ့ ဆေးကုသစားရိတ်အပါ မိသားစုတစ်စုလုံး ဘယ်နှရက်၊ ဘယ်နှပတ်၊ ဘယ်နှလလေ...
11/11/2025

မနက်ဖြန် ကျန်းမာရေးမကောင်းဘူးဆိုရင် ရှိတာတွေ မရောင်းဘဲနဲ့ ဆေးကုသစားရိတ်အပါ မိသားစုတစ်စုလုံး ဘယ်နှရက်၊ ဘယ်နှပတ်၊ ဘယ်နှလလောက် ထိုင်စားလို့ရမလဲ?

အစမ်းစာမေးပွဲမှာတောင် ဒီမေးခွန်းအတွက် အဖြေမရှိဘူးဆိုရင် တကယ့် ဘဝစာမေးပွဲမှာ ပိုအခက်အခဲတွေ့နိုင်ပါတယ်။ ကြိုမမြင်နိုင်တဲ့အရာတွေ၊ မဖြစ်ချင်တဲ့အရာတွေ ဖြစ်လာတဲ့အခါ တစ်ဘဝလုံး ကြိုးစားရှာဖွေထားခဲ့ရသမျှ ထုတ်ရောင်းရတာမျိုး မဖြစ်ရလေအောင် အကာအရံအနေနဲ့ ကာကွယ်ထားကြဖို့ ချက်ဘ်အသက်အာမခံမြန်မာရဲ့ ထာဝရသုခအသက်အာမခံက အသင့်ရှိနေပါတယ်။

အသေးစိတ် အချက်အလက်များကို https://www.chubb.com/mm-mm/products/chubb-lifetime-elite.html မှာ ဖတ်ရှု့လေ့လာနိုင်ကြပါပြီ။

နောက်နှစ်မှာ ဧဝရက်တောင်တက်မယ် ဆိုကြပါစို့။ ဘာတွေ အဆင်သင့်ပြင်ကြမလဲ? ကျန်းမာကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ လိုအပ်တဲ့ ပစ္စ...
10/11/2025

နောက်နှစ်မှာ ဧဝရက်တောင်တက်မယ် ဆိုကြပါစို့။ ဘာတွေ အဆင်သင့်ပြင်ကြမလဲ?

ကျန်းမာကြံ့ခိုင်မှု၊ သက်လုံကောင်းမှု၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ အစားအသောက်၊ တောင်တက်ခွင့်၊ လမ်းပြ စသည်ဖြင့် အကုန် လနဲ့ချီပြီး စီမံပြီးမှသာ စိတ်ပြင်ဆင်ပြီး တက်ရဲတာပါ။ ဒါတောင် ရာသီဥတုကြောင့် မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်လာခဲ့ရင် တောင်ပေါ်ထိရောက်တာတောင် အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆင်းလာနိုင်ဖို့ ခဲယဥ်းပါတယ်။
ဘဝလို ခရီးလမ်းအရှည်ကြီးသာဆို ဘယ်လောက်များ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်လိုက်မလဲ...

ချက်ဘ်အသက်အာမခံမြန်မာရဲ့ အောက်တိုဘာလမှာ ထွက်ရှိလာသော Ambassadors of Protection ၄ ဦးကို ဂုဏ်ယူလေးစားစွာ ဖော်ပြလိုက်ရပါတယ...
06/11/2025

ချက်ဘ်အသက်အာမခံမြန်မာရဲ့ အောက်တိုဘာလမှာ ထွက်ရှိလာသော Ambassadors of Protection ၄ ဦးကို ဂုဏ်ယူလေးစားစွာ ဖော်ပြလိုက်ရပါတယ်။
အသိမှတ်ပြုမှုတိုင်းရဲ့ နောက်ကွယ်မှာ မိသားစုတွေကို ဂရုတစိုက်မျှဝေပေးနေတဲ့၊ အလုပ်ထက်ပိုသော စေတနာတွေကို မြင်နိုင်တာမို့ မိမိချစ်ရတဲ့သူတွေအတွက် ယနေ့ကစလို့ တိုင်ပင်ဆွေးနွေးနိုင်ကြပါပြီ။

Four more Ambassadors of Protection join our growing circle of MDRT achievers this October and we are Celebrating the Purpose, not just numbers!
Behind every recognition lies countless moments of care — ensuring families stand strong no matter what life brings.
Here is to those who make protection their passion, not just their profession.

ဆီမီးထိန်ထိန်ညီး၍ ချမ်းမြေ့ဖွယ်ရာအတိပြီးသော လှူဒါန်းဝေမျှနိုင်သည့် တန်ဆောင်တိုင်အခါသမယဖြစ်ပါကြောင်း ချက်ဘ်အသက်အာမခံမြန်မ...
04/11/2025

ဆီမီးထိန်ထိန်ညီး၍ ချမ်းမြေ့ဖွယ်ရာအတိပြီးသော လှူဒါန်းဝေမျှနိုင်သည့် တန်ဆောင်တိုင်အခါသမယဖြစ်ပါကြောင်း ချက်ဘ်အသက်အာမခံမြန်မာမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

May this Tazaungdaing Festival inspire the spirit of selfless giving with love.

Address

18F, Myanmar Centre Tower 2, 192 Kabar Aye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 12:30

Telephone

+959750066908

Alerts

Be the first to know and let us send you an email when Chubb Life Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chubb Life Myanmar:

Share

ကျွန်ုပ်တို့အကြောင်း

၂၀၁၉၊ ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံအတွင်း၌ (၁၀၀) ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခုကို ဖွဲ့စည်းရန် ကနဦးလိုင်စင်ကိုင်ဆောင်သူ တစ်ဦးအဖြစ် မိမိတို့ကုမ္ပဏီအား ရွေးချယ်ခဲ့ပါသည်။

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ အာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။ Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီနှင့် လုပ်ငန်းအရွယ်အစားအစုံအတွက် အကောင်းဆုံး အာမခံဝန်ဆောင်မှု ပေးနေပါသည်။ စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ ကုမ္ပဏီသည် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ၊ အလတ်စားနှင့် အသေးစား လုပ်ငန်းများအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ နှင့် Risk Engineering services များကိုလည်းကောင်း၊ ချမ်းသာကြွယ်ဝသောသူတို့၏ ပိုင်ဆိုင်မှုပစ္စည်းများအား အာမခံပေးခြင်း၊ အသက်အာမခံ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ အိုးအိမ်၊ ကားနှင့် အထူးသီးသန့် ပုဂ္ဂလိကအာမခံဝန်ဆောင်မှုများကို ဝယ်ယူသည့် တစ်ဦးချင်း လူပုဂ္ဂိုလ်များကို လည်းကောင်း၊ ၎င်းတို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များအတွက် မတော်တဆထိခိုက်မှု၊ ကျန်းမာရေး အာမခံအစီအစဉ်များနှင့် အသက်အာမခံများကို ပေးအပ်ရန် (သို့) ကမ်းလှမ်းသည့် ကုမ္ပဏီများနှင့် ယင်းတို့နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများကို လည်းကောင်း၊ တစ်ဆင့်အာမခံများ ထားရှိခြင်းဖြင့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်များကို ကာကွယ်ရန် စီမံဆောင်ရွက်သည့် အာမခံလုပ်ငန်း လုပ်ကိုင်သူများကိုလည်းကောင်း ဝန်ဆောင်မှုပေးသည်။ Chubb သည် ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၇ ဘီလျံကြွယ်ဝပြီး Chubb ၏ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာအရ စုစုပေါင်း အာမခံပရီမီယံကြေးမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံအထိရှိသည်ဟု ဖော်ပြပြီးဖြစ်သည်။ Chubb ၏ အဓိက လုပ်ငန်း ဆောင်ရွက်လျက်ရှိသော အာမခံ ကုမ္ပဏီများသည် ဘဏ္ဍာရေး တောင့်တင်းမှု အဆင့်သတ်မှတ်ချက်တွင် Standard & Poor's ၌ AA အဆင့်နှင့် A.M.Best ၌ A++ အဆင့်ကို ထိန်းသိမ်း ထားရှိသည် Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။

Chubb သည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃၃ဝဝဝ ဝန်းကျင်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။