Superb Real Estate & Insurance Agent

Superb Real Estate & Insurance Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Superb Real Estate & Insurance Agent, Insurance Agent, Nanthar Street, Ahlone Township, Yangon.

11/11/2025

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို
မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း
အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.
ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်

Credit

08/08/2023

#မြေအမျိုးအစားကိုအလွယ်တကူသိစေရန်

မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅)မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်

၁။ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်

၂။ ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်

၃။ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်

၄။ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပြီးတော့

၅။ သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း

ဘာမြေအမျိုးအစားဖြစ်နိူင်တယ်

၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား

၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်

ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊

ကျနော်လည်း စုပီးသားဖြစ်သွားအောင်

သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပြီး

ပထမတန်းစားဆိုရင် R1

ဒုတိယတန်းစားဆိုရင် R2

တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3

တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

Credit Sayar Gyi U KYI SOE IC

 #ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ။။။။။။။။ #ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊  #ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမ...
07/08/2023

#ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ
။။။။။။။။

#ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ #ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကို လက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင် ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့် အ၀ရှိပေမယ့် (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်း ခံရပါမယ်။

လက်ဝယ်ထားရှိပိုင်ခွင့်မြေ (ဘိုးဘပိုင်မြေနဲ့တူ)။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင် ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေ ကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်၀ယ်ထားရှိရတဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ် ထား ခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

ဘိုးဘပိုင်မြေဆိုတာ ဘယ်လိုမြေလဲဆိုတာ အခြေခံလေးသိရအောင် ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဟိုး အရင် ရှင်ဘုရင်ခေတ်ကနေ ခုချိန်ထိက မြေမှန်သမျှရဲ့ ပင်ရင်းပိုင်ရှင်ဟာ မင်း၊ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း "ရေမြေသနင်း ပြည့်ရှင်မင်း"လို့ ခေါ်ခဲ့ကြတာပါ။ မြေအမျိုးအစားတွေကို..

(၁) အရာတော်မြေ (နိုင်ငံပိုင်မြေ) ( Royal Land)၊
(၂) ဘိုးဘပိုင်မြေ (ခ) အမှုထမ်းမြေ (Official Land)၊
(၃) လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ (Land holder right)၊
(၄) ဝတ္တကမြေ (သာသနာ့မြေ) ဆိုပြီး မြေ(၄)မျိုးပိုင်းခြားခဲ့ကြပါတယ်။

ဘိုးဘပိုင်မြေတွေရဲ့အစက ဓါးမဦးချ မြေတွေပါပဲ။ ဓါးမဦးချမြေလို့ ဘာလို့ခေါ်ကြတာလဲဆိုတော့ ရှေးတုန်း ကတည်းက တောကိုထွင်ပြီး လယ်တည်ခဲ့ကြပါတယ်။ ဓါးမနဲ့ တောကိုရှင်းပြီး စိုက်ပျိုးလို့ရအောင် မြေထွင် ရာမှာ ဓါးမရဲ့ဦးချွန်ဟာ မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်းလင်းထားရတာကို တင်စားပြီး "ဓါးမဦးချ" မြေလို့ ခေါ်ကြောင်း ကျနော်လည်း မှတ်သားမိပါတယ်။ အဘိုးလက် ထက်ကမြေကို အဘလက်ထက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ကြတော့ အဲလိုမြေတွေကို "ဓါးမဦးချ ဘိုးဘပိုင်မြေ"လို့ ခေါ်ခဲ့ကြပါတယ်။

စိုက်ပျိုးမြေများ တိုင်းတာ၊ စီမံခန့်ခွဲတာကို ပုဂံခေတ်ကတည်းက ရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေ တွေ့ခဲ့ရပြီး၊ မြို့မြေများနဲ့ ပတ်သက်ပြီးတော့ မြို့စား၊ နယ်စား၊ ရွာစား၊ ပယ်စား အဖြစ် တိုက်ရိုက် အပိုင်စား ပေး တဲ့စနစ်တွေနဲ့ စီမံခန့်ခွဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မြို့စားမင်း၊ နယ်စားမင်း ဆိုပြီးရှိကြပြီး ဆက်ခံခွင့် အဆက်အဆက်ပေးခဲ့လို့ "မင်းပေးမြေ " လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီ မင်းပေးမြေ တွေကို တစ်ယောက်နဲ့တစ်ယောက် လွှဲပြောင်းရောင်းချပေါင်နှံကြလို့ "ငွေဝယ်ငွေပေါင်မြေ"လို့ ခေါ်ကြပါ သေးတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ ရခိုင်နဲ့ တနင်္သာရီကို ပေး လိုက်ရတယ်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက် ၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ မြန် မာနိုင်ငံအောက်ပိုင်းကို ပေးလိုက်ရတယ်။ သီပေါမင်းလက်ထက် ၁၈၈၅ မှာ တတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုလုံး ပေးလိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ ကုန်းဘောင် ခေတ် အလောင်းမင်းတရားကြီးလက်ထက် ဒဂုံကို ရန်အပေါင်းကုန်စင်လို့ ရန်ကုန်လို့ ပြောင်းဆိုတဲ့ ခေတ် ကတည်းက သားစဉ်မြေးဆက်နေထိုင်ခဲ့သော မြေများရှိခဲ့ရာ သူတို့နေထိုင်ပိုင်ဆိုင်သောမြေများမှာ "ဘိုးဘ ပိုင်မြေ"များ ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်သိမ်းပိုက်ပြီး ပထမဆုံးမြို့ကွက်သစ်ရိုက်တာတော့ ရန်ကုန်မြို့လို့ လေ့လာသိရှိရပါတယ်။ ၁၈၅၂ ခုနှစ်မှာပဲ ရန်ကုန်မြို့သစ်တည်ရန်ဆိုပြီး ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံမောင်ဂိုမာရီ (Montgomery) က စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာ(Frazer)က မြို့သစ်ပုံစံရေးဆွဲခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီမြေတွေကို အင်္ဂလိပ်အစိုးရက အကွက်ရိုက်ပြီး ဝယ် ယူလိုသူတွေကို အပိုင်ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် "မြေပိုင်မြေ"လို့ ခေါ်ကြပါတယ်။ ဘိုးဘပိုင်မြေနဲ့ တစ်တန်းစားထဲဖြစ်လို့ မြေခွန်ပေးစရာမလိုပါဘူး။

မန္တလေးမြို့မှာတော့ ယခင်ကုန်းဘောင်ခေတ် နေပြည်တော်အဖြစ် မန္တလေး နန်းမြို့ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင်တို့သတ်မှတ်ပြီး မင်းဆွေမင်းမျိုး၊ အရာထမ်းအမှုထမ်းတွေကို စီမံခန့်ခွဲချထား ပေးခဲ့ပြီး အစဉ် အဆက် လွှဲပြောင်း ပိုင်ဆိုင်လာခဲ့ကြတဲ့မြေများဟာ ဘိုးဘပိုင်မြေကွက်များ ဖြစ်ပါတယ်။

ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ်အက္ခရာ B (Bobabaing or Landholder's rights) နဲ့ပြပါတယ်။ ဘိုးဘပိုင်မြေဟာ ဂရန်မြေကဲ့သို့ သက်တမ်းကုန်တယ် ဆိုတာ မရှိတဲ့အတွက် သက်တမ်းလည်း တိုးစရာမလိုပါဘူး။ ဒါကြောင့် သက်တမ်းတိုးခလည်း မကုန် တော့ ပါဘူး။ အပိုင်ရထားတဲ့မြေဖြစ်လို့ ဂရန်မြေကဲ့သို့ မြေခွန်လည်း ဆောင်စရာမလိုပါဘူး။ ဂရန်မြေကဲ့သို့ ဂရန် စာရွက်မရှိပေမဲ့ မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အဆက်နဲ့ မိမိအမည်ပေါက်သက်ဆိုင်ရာ (မြေစာရင်း)ရုံးမှာ စာရင်းဝင်နေရင် လုံလောက်ပါတယ်။

မန္တလေးမြို့မှာတော့ ပိုင်ဆိုင်မှုထိန်းသိမ်းရတာ လွယ်ကူစေရန် ဘိုးဘပိုင်မြေတွေကိုလည်း (၄-၄-၂၀၁၁) နောက်ပိုင်းလောက်ကတည်းက ဂရန်စာအုပ်ပေးသလိုပဲ အမည်ပေါက်မြေပုံများနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်နဲ့ ပြောင်းလဲထုတ်ပေးနေလို့ ယခုအချိန်မှာ ဘိုးဘစာအုပ်ဆိုပြီး တွေ့ရပါတယ်။
ဒီတော့ ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာတွေ ကျန်သေးလား၊ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေ တင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့်အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ လေ့လာကြည့်ပါမယ်။

ရှေးယခင်က ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ် မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်းဌာနရဲ့ မြေပုံ စာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ် ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။

မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေ ယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ် တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက် တည်း လုပ် ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။

ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေက နေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက် လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ် မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။

မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက် တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။

ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့် ဆိုပါတယ်။ ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ် ယောက် တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။
Credit

ဒေါပုံ နွယ်အေးတွင် လုံးချင်းတိုက်ရောင်းမည်။၁၂ ပေခွဲ ၅၀ ပေ ၊ဂရံမြေ( ၆ လစီကိုင်) ၊Streel structure  နှစ်ထပ် ၊အပေါ်ထပ်  ရေခ...
14/07/2023

ဒေါပုံ နွယ်အေးတွင် လုံးချင်းတိုက်ရောင်းမည်။

၁၂ ပေခွဲ ၅၀ ပေ ၊
ဂရံမြေ( ၆ လစီကိုင်) ၊

Streel structure နှစ်ထပ် ၊
အပေါ်ထပ် ရေချိုးခန်းဗိုလ်ထိုင်အိမ်သာတွဲလျှက် ၊
အောက်ထပ် ရေချိုးခန်းနှင့် အိမ်သာ ၊
မီးဖို ချောင် သပ်သပ် ။
မီးဖိုခုံ ၊ ရေချိုးချန်း ၊ အိမ်သာ ၊ဝရံသာ ကြွေပြားခင်းပြီး ။

အနောက်ဘက်တွင် မြေပို ၁၅ပေခန့်ရှိပါသည်။

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် ၊နွယ်နီ လမ်း ။
( သဇင်နွယ်လမ်း မှ ဝင်)
( ၁) စျေးကွေ့ မှတ်တိုင်နှင့် သဒ္ဒါရုံ မှတ်တိုင်ကြား
သိန်း ၁၃၀၀
09975555927

21/01/2023

အစိုးရဆေးရုံများ ၏ အရေးပေါ် ဖုန်းနံပါတ်များ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး

01256112

ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး

01384493

ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး

01222860

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး

01292835

မြောက်ဥက္ကလာဆေးရုံကြီး

019699422

အင်းစိန်ဆေးရုံကြီး

01640132

သင်္ဃန်းကျွန်းစံပြဆေးရုံကြီး

01579890

အလုပ်သမားဆေးရုံကြီး ( ရန်ကုန် )

01554455

ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်)

01222807

ရန်ကုန်ကလေးဆေးရုံကြီး

01222807

ရန်ကင်းကလေးဆေးရုံ

018550684

အမျိုးသမီးနှင့်ကလေးဆေးရုံ (တောင်ဥက္ကလာ)

01562522

နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ (ရန်ကုန်)

01544000

မန္တလေးပြည်သူ့ဆေးရုံကြီး

0239001

ကုတင် ၅၅၀ ကလေးဆေးရုံ ( မန္တလေး )

0224915

ကုတင် ၃၀၀ ကလေးဆေးရုံ ( မန္တလေး )

0233965

ဗဟိုအမျိုးသမီးဆေးရုံ (မန္တလေး)

0221106

အလုပ်သမားဆေးရုံ ( မန္တလေး )

0239070

မျက်စိ၊နား၊ နှာခေါင်း ၊ လည်ချောင်း ဆေးရုံ (မန္တလေး)

0231200

အသုံးတည့်ကြပါစေ။

crd - OnDoctor

19/01/2023

မနေ့က မြေစာချုပ်လေး ချုပ်ပေးရင်း
မြေအမျိုးစားများအကြောင်း ရေးရန်စိတ်ကူးရသဖြင့်ရေးသားဖော်ပြပေးလိုက်ပါတယ်။
ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်း
အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထား
သော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာ
မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို
ဝယ်ယူခြင်း ဖြစ်ပါသည်။
ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ
စိုက်ပျိုး ဂရံမြေ
စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်
သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။
စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။
စက်မှုဇုံဂရံမြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။
လူနေထိုင်အိမ်ဂရံ
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။
ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊
မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊
အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ
မြေ များလည်း ရှိသည်။
မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။
ပါမစ်မြေ
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာ
ထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေး
သော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။
ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
စ/ ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)
G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။
R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်
မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်
ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်
ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။
L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ
ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ
သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊
ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။
စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်
ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်
သိမ်းယူ နိုင်ပါသည်။
ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်
ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ
တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)
ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေ
အမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း
ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ
၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။
R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစား
သို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။
လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်
အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။
ဘိုးဘပိုင်မြေ
မျက်မြင်အထောက်ထား တွေ့ရန် အလွန်
ခက်ခဲပါသည်။
ဘိုးဘပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်
စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်
စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေ
ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်
အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌
အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။
အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။
မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်
လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား
စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး
မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်
ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်
( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်
ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

credit - #ဥပဒေရေးရာ

06/01/2023

ယနေ့ရွှေစျေးနှုန်း(အကယ်ဒမီ မီးလင်း)
2733000 (Buy)
2743000 (Sell)

ဒေါ်လာ ပြင်ပပေါက်ဈေး
2835 (Buy)2855 (Sell)

အရောင်းအဝယ်မလုပ်ပါ။
သတင်းတင်ပေးတာဖြစ်ပါသည်။
06.1.2023

05/01/2023

05 , Jan , 2023

ယနေ့ရွှေစျေးနှုန်း
(အကယ်ဒမီ မီးလင်း)
2734000 (Buy)
2739000 (Sell)

ဒေါ်လာ ပြင်ပပေါက်ဈေး
2835 (Buy)
2855 (Sell)

သိသမျှတင်ပေးတာပါ
အရောင်းအဝယ်မလုပ်ပါ
credit

လောင်စာဆီ ဖြည့်နေတဲ့ အချိန်မှာ Ph ပြောတာ အန္တရာယ်ကြီးပါတယ်။လောင်စာဆီ တွေမှာ Handphone မသုံးရ စတေကာတွေ ကပ်ထားပါတယ်။အခုရော...
04/01/2023

လောင်စာဆီ ဖြည့်နေတဲ့ အချိန်မှာ Ph ပြောတာ အန္တရာယ်ကြီးပါတယ်။
လောင်စာဆီ တွေမှာ Handphone မသုံးရ စတေကာတွေ ကပ်ထားပါတယ်။
အခုရောင်းသူက စသုံးနေတာ မလုပ်သင့်ပါ။

28/12/2022

-အရှုပ်အရှင်း ရှိနေသောပါမစ် စလစ်တို့ဖြင့် လျှောက်ထားခြင်း

-မြေပိုထည့်၍လျှောက်ထားခြင်း၊ ဘေးဘယ်ညာမြေကွက်နှင့်အငြင်းပွားနေခြင်း

-ပိုင်ဆိုင်မှု ဆက်စပ် စာချုပ်များမမှန်ကန်ခြင်း

-ဖန်တီးထားသော စာချုပ်တို့ဖြင့် လျှောက်ထားခြင်း အစရှိသည်များ ကြောင့် ဂရန်လျှောက်တိုင်းမကျနိုင်ပါဘူး။

ဂရန်မှာမိမိအမည်ပြောင်းဖို့ဆိုရင်

-မိမိပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်မူရင်း

-မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း

-မိမိရဲ့နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ အဓိကလိုအပ်ပါတယ်။

ဂရန်တစ်ခုကိုသက်တမ်းတိုးလိုလျှင်

-ဂရန်မူရင်း နဲ့ မြေပုံ

-ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်မူရင်း

-မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း

-မိမိ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ အဓိကလိုအပ်ပါတယ်။

ဂရန်မူရင်းပျောက်ဆုံး၍မိတ္တူလျှောက်လျှင်

-မိမိပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ် (သို့) တရားရုံးဒီကရီ(သို့) ကျမ်းကျိန်လွှာ မူရင်း

-ရဲစခန်းထောက်ခံချက်

-မိမိ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ လိုအပ်ပါတယ်

Credit ဆရာကြည်စိုးIC

တနင်္လာနေ့ ၃/၁၀/၂၀၂၂ ကရေလုပ်သားတစ်ယောက်ဖုန်းဆက်သတင်းပေးတယ်မြစ်ရေကျလာနေတယ် လင်းပိုင် ၁၀ကောင်ကျော်အုပ်ရွာ(အင်ဒေါင်းရွာ)နား...
05/10/2022

တနင်္လာနေ့ ၃/၁၀/၂၀၂၂ ကရေလုပ်သားတစ်ယောက်ဖုန်းဆက်သတင်းပေးတယ်မြစ်ရေကျလာနေတယ် လင်းပိုင် ၁၀ကောင်ကျော်အုပ်ရွာ(အင်ဒေါင်းရွာ)နားရောက်နေပြီသားပေါက်လေးပါတယ်တဲ့ ဒီနှစ်ပေါက်လို့ယူဆရတယ်တဲ့
credit Bagyi Han

Address

Nanthar Street, Ahlone Township
Yangon

Website

Alerts

Be the first to know and let us send you an email when Superb Real Estate & Insurance Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share