28/09/2026
💡 Collective Strength (စုပေါင်းအင်အား) ကို စနစ်တကျ အသုံးချပြီး စီးပွားရေးကို အရှိန်အဟုန်ဖြင့် တည်ဆောက်ခြင်း
လုပ်ငန်းတစ်ခုကို တစ်ဦးတစ်ယောက်တည်း သွားခြင်းထက် စုပေါင်းအင်အားဖြင့် လုပ်ဆောင်ခြင်းက မတည်ရင်းနှီးငွေ၊ အတွေးအခေါ်၊ အတွေ့အကြုံနှင့် အကြံဉာဏ်များကို ပေါင်းစပ်နိုင်သည့်အတွက် Synergy အပြည့်ရရှိကာ လုပ်ငန်းကို မြန်ဆန်စွာ Growth ဖြစ်စေပြီး ပိုမိုတောင့်တင်းခိုင်မာ စေပါသည်။
သို့သော် စုပေါင်းအင်အား၏ ခြားနားချက်မှာ "စနစ်တကျ တည်ဆောက်ထားမှု" ပေါ်တွင် မူတည်ပါသည်။
ကြိုတင်ပြင်ဆင်မှုမရှိဘဲ စုပေါင်းပါက လူများပြီး မလိုလားအပ်သော ပဋိပက္ခများ ကြုံတွေ့ရနိုင်သဖြင့် အောက်ပါ အချက်များကို အစကတည်းက သေချာစွာ စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်ပါသည် -
၁။ Investment Term Sheet & Shareholder Agreement ကို သေချာစွာ စနစ်တကျ ရေးဆွဲပြင်ဆင်ခြင်း
၂။ Shareholders, Executive Directors နှင့် Board of Directors (BOD) တို့၏ အခန်းကဏ္ဍ (Roles) နှင့် တာဝန်များကို ရှင်းလင်းပြတ်သားစွာ ခွဲခြားခြင်း
၃။ Do and Don’t (ပြုလုပ်ရန်နှင့် မပြုလုပ်ရန်) စည်းကမ်းချက်များကို တိကျစွာ သတ်မှတ်ထားခြင်း
ခိုင်မာသော ကုမ္ပဏီဖွဲ့စည်းပုံအခြေခံဥပဒေ (Company Constitution / Articles of Association) ဖြင့် စနစ်တကျ မူဘောင်ချမှတ် ပူးပေါင်းဆောင်ရွက်မှသာ Collective Strength ၏ အနှစ်သာရကို အပြည့်အဝ အသုံးချနိုင်ပြီး မျှော်မှန်းထားသည့် ပန်းတိုင်သို့ မြန်ဆန်ခိုင်မာစွာ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။