24/04/2026
IT Engineer တစ်ယောက်လို Professional ဖြစ်ချင်ရင် ဘာတွေကို သိရမလဲ❓
Technology နဲ့ ပတ်သက်တဲ့ International Certification တွေအကြောင်း အသေးစိတ် သိချင်တာလား❓
ကွန်ပျူတာ အစိတ်အပိုင်းတွေကိုသိပေမဲ့ သီအိုရီအရ စနစ်တကျ အစိတ်အပိုင်းတွေ အကြောင်း ထဲထဲဝင်ဝင် မသိဘူးဖြစ်နေသလား❓
🔸Network ဆိုတာ စိတ်ဝင်စားပေမဲ့ IP, Subnet, Security တွေက ဘာလဲ မသိဘူး။
🔸Cyber Security ဆိုတာ ကြားဖူးပေမယ့် အခြေခံမရှိလို့ မစနိုင်ဘူး။
🔸AI က ခေတ်စားလာတယ်… ဒါပေမယ့် အလုပ်မှာဘယ်လိုသုံးရမလဲ မသိဘူး။
အဲ့ဒီလိုတွေ ခံစားနေရရင်…
ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး 🙂↔️
IT နယ်ပယ်ကို Career စတင်ချင်သူအများစုက “မစနိုင်တာ” မဟုတ်ဘဲ “ဘယ်ကနေစရမလဲ မသိတာ” ကြောင့် လမ်းလွဲသွားတာပါ။
📌တချို့က YouTube နဲ့ လေ့လာကြတယ်…
📌တချို့က Course တွေစမ်းတက်ကြတယ်…
⚠️ဒါပေမယ့် အခြေခံ Foundation မခိုင်သေးရင် တစ်ခုသိ တစ်ခုမသိ ဖြစ်ပြီး အလုပ်အကိုင်လမ်းကြောင်းမှာ တော်တော်များများက ရပ်တန့်သွားကြတာပါ။
ဒါကြောင့်… အရေးကြီးတဲ့ Foundation ကို တည်ဆောက်ဖို့ ဒီ Program ကိုဖန်တီးထားပါတယ်
🎓Certified IT Associate Engineer Class
ဒီ Program က IT Beginner တစ်ယောက်ကို Professional IT Engineer Path ထဲကို တစ်ဆင့်ချင်း တင်ပေးမယ့် Career Starter Program ဖြစ်ပါတယ်။
ဒီသင်တန်းက
⭐️IT နည်းပညာရှင်အဖြစ် ရပ်တည်လုပ်ကိုင်လိုသူတွေ
⭐️IT Professional Certification တွေကို သေချာစနစ်တကျ စတင်ချင်သူတွေ
⭐️Diploma / International College တွေမှာ IT Subject တွေကို အလွယ်တကူ လိုက်မီချင်သူတွေ
⭐️IT ကို Career အဖြစ်တည်ဆောက်ချင်သူ မည်သူမဆို
တက်ရောက်နိုင်တဲ့ အခြေခံမှစတင်လေ့လာနိုင်မဲ့ အထိရောက်ဆုံး Program တစ်ခုပါ။
ဒီ Course ကို ပြီးသွားတဲ့အချိန်မှာ သင်ဟာ…
✅ PC Hardware ကို အပြည့်အစုံ သိပြီး Troubleshooting ကို လက်တွေ့လုပ်နိုင်လာမယ်။
✅ Windows Operating System ကို User Level မဟုတ်ဘဲ Admin Level နဲ့ စနစ်တကျ ထိန်းချုပ်နိုင်လာမယ်။
✅ Networking ကို ကြောက်စရာမဟုတ်တော့ဘဲ အခြေခံ Concepts တွေကို Logic နဲ့ နားလည်လာမယ်
✅ Cyber Security ကို လေ့လာသင့်တဲ့အချက်တွေ၊ သတိထားသင့်တဲ့အချက်တွေကို
Foundation Level မှာ တိတိကျကျ သိလာမယ်
✅ AI ကို Trend အနေနဲ့မဟုတ်ဘဲ အလုပ်လုပ်ရာမှာ တကယ်အသုံးချနိုင်မယ့် Skill အဖြစ် ရရှိလာမယ်။
ဒီ Program က CompTIA, Microsoft, Sybex တို့ရဲ့ ခိုင်မာတဲ့ Curriculum တွေကို အခြေခံထားပြီး Industry Standard နဲ့ ကိုက်ညီအောင် Module (4) ခုနဲ့ တည်ဆောက်ထားပါတယ်။
🖥️Module 1
Mastering Hardware PC Components
PC တစ်လုံးတွင်ပါဝင်သော အစိတ်ပိုင်းများအကြောင်းအသေးစိတ်သင်ကြားရမည်ဖြစ်ပြီး မည်သို့မည်ပုံ တပ်ဆင်ခြင်း၊မည်သို့မည်ပုံ အဆင့်ဆင့် troubleshooting လုပ်ဆောင်ရမည်ကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
⚙️ Module 2
Mastering Operating System, System configurations & Optimizing Utilities
မိမိအသုံးပြုနေသော Operating System (OS) ၏ အဓိက လုပ်ဆောင်ချက်များနဲ့ System Tools များကို Microsoft ရဲ့ လမ်းညွှန်ချက်များနဲ့အညီ သင်ကြားရမှာ ဖြစ်ပါတယ်။
🌐Module 3
Networking & Cyber Security Foundation
ကွန်ယက်ချိတ်ဆက်ခြင်းနဲ့ စနစ်ကျပြီး လုံခြုံသည့် စနစ်တစ်ခုကို ဖန်တီးနိုင်ရန် အတွက် မသိမဖြစ်အခြေခံလေ့လာသင်ကြားရမှာဖြစ်တဲ့ Traditional Networking and Modern Networking အကြားကွာခြားမှုများ၊ Safe Browsing Techniques များအကြောင်း Extension များအကြောင်း၊ Virus အမျိုးစားများ၊ Cyber Attack အမျိုးစားများနှင့် Cyber Security အခြေခံများကိုပါ လေ့လာရမှာ ဖြစ်ပါတယ်။
🤖Module 4
What is AI & ITSM Concepts
ယနေ့ခေတ် လုပ်ငန်းခွင်များမှာ တွင်ကျယ်စွာအသုံးပြုလာတဲ့ AI အကြောင်းရာများ၊ AI ကို အသုံးပြုပြီး နေ့စဉ်လုပ်ငန်းသုံး အကြောင်းရာများ အတွက် အသုံးပြုပုံ၊ Project Plan များ ရေးဆွဲရာတွင် AI ကို အသုံးချပုံများနှင့် ITSM (IT Service Management) ရဲ့ အခြေခံသဘောတရားများကို ပေါင်းစပ်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်ခန်းစာများအလိုက် စာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပြီး၊ သင်ယူထားတဲ့အကြောင်းအရာများကို လက်တွေ့အသုံးချနိုင်ရန် Industry Visit များကိုလည်း စီစဉ်ပေးထားတာကြောင့် စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး ထိရောက်စွာ လေ့လာသင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
သင်ကြားပြသပေးမဲ့ Professional Trainer ကတော့ Ko Kyi Thet Han ဖြစ်ပါတယ်။ ဆရာ ကြည်သက်ဟန်က IT Industry နယ်ပယ်မှာ Senior Engineer, Project Manager, ISP Manager တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပြီး Banking Project များ၊Telecom Industry များနဲ့ Enterprise IT လုပ်ငန်းခွင်များမှာ အတွေ့ကြုံများစွာရှိခဲ့ပြီး သင်ကြားရေးအပိုင်းတွင်လည်း နိုင်ငံတကာ IT Academic အဖွဲ့စည်းများမှ မြန်မာနိုင်ငံသို့ Franchise ပြုလုပ်ထားသော Organization များတွင် Academic Advisor, BD Manager, Training Head နှင့် CLO တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ မြောက်များစွာသော လုပ်ငန်းခွင်ဝင် IT နည်းပညာရှင်များ၊ Certified Engineer များကိုသင်ကြားမွေးထုတ်ပေးခဲ့ရုံသာမက နည်းပညာတက္ကသိုလ်များ နဲ့ Company အဖွဲ့စည်းကြီးများတွင်လည်း Training Plan များ၊ နည်းပညာသစ်များ နှင့် Curriculum ထည့်သွင်းခြင်းများကို အကြံပေးဝေမျှမှုများ ပြုလုပ်ပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ International Certification များအနေနဲ့ Microsoft မှ MCP, MCTS, MCSE, MCITP နှင့် Cisco.inc မှ CCNA ၊ EC-Council မှ CEH (Certified Ethical Hacker ) လက်မှတ်များကိုပါရရှိထားသူတစ်ဦးလည်းဖြစ်ပါသည်။ Master of Business Administration in IT ကိုရယူထားပြီး Singapore Informatics မှ International Diploma In Network and Cybersecurity ဘာသာရပ် ကိုလည်း အထူးပြုရယူထားသူတစ်ဦး ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဆရာကြည်သက်ဟန်က မြန်မာနိုင်ငံရဲ့ Top Leading Bank ကြီး တစ်ခုမှာ Head တစ်ဦးအဖြစ်သော်လည်းကောင်း၊ Resource Development ဌာန၏ DGM တစ်ဦးအဖြစ်သော်လည်း ကောင်း တာဝန်ယူလုပ်ကိုင်လျှက်ရှိပါသည်။
IT ကို စချင်တဲ့သူအတွက် အရေးကြီးဆုံးက…
📌 ဘယ်ကနေစမလဲ
📌 ဘာတွေကို အရင်တည်ဆောက်ရမလဲ
📌 ဘယ်လို Roadmap နဲ့ တက်သွားရမလဲ
အဲ့ဒါတွေကို မှန်မှန်ကန်ကန် သိဖို့ပါ။ ဒီ Program က သင့်ကို Foundation တည်ဆောက်ပေးရုံမက Career ပါလမ်းညွှန်ပေးမဲ့ အကောင်းဆုံး Start Point ဖြစ်ပါတယ်။
ဒီ အတန်းလေးက သင့်ကို
✔️အလုပ်လုပ်နိုင်တဲ့ Skill
✔️Certification ဆက်တက်နိုင်တဲ့ Foundation
✔️IT Career တည်ဆောက်နိုင်တဲ့ Confidence
အားလုံးကို တစ်နေရာတည်းမှာ စနစ်တကျ ပေးနိုင်မယ့် Program ပါ။
ကဲ... ဒါဆို ဘယ်ကစတင်ရမလဲမသိရင် BIM Trainings ရဲ့ Certified IT Associate Engineer Class ကနေစတင်ပါ။ 💁♀️
၁၂ တန်းဖြေဆိုထားတဲ့ မောင်ငယ်၊ ညီမငယ်လေးများနဲ့ IT Starter Class ကို တက်ရောက်ထားသူတွေအတွက် 15% Off promotion လည်း ရှိပါတယ်
📌Class Details
📅 Class Start : May
⏳ Duration - 2.5 Months ( SAT, SUN )
💰Fee - 250,000 Ks
သင်တန်းကြေးကို Installment နဲ့လည်း ပေးသွင်းနိုင်မှာပဲဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုပါက Chat Box - m.me/bimtrainings မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။