Better Life Plan with Khinzarphyu

Better Life Plan with Khinzarphyu ပိုမိုကောင်းမွန်တဲ့ဘဝ၊ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ကြဖို့
AIA life & international health insurance
AYASOMPO

26/08/2026

ပါကစ္စတန် မွေးကင်းစကလေးအဆောင် မီးလောင်တာ ကလေး ၁၄ ယောက်ပါသွားတယ်။

မွေးထားတဲ့အမေ မခံစားနိုင်လောက်ဘူး။
ကလေးတွေလည်း ကံတရားက ကြောက်စရာကြီး။ မီးလောင်တဲ့အထဲ ပါသွားရတယ်။



https://www.facebook.com/share/r/19dTCLysEU/?mibextid=wwXIfr

26/08/2026

So impressive she is very strong to fight cancer.

May god bless you 💐
Wish you Get well soon ❤️

26/08/2026

လပွတ္တာမြို့နယ်၊ ကျောက်တန်းလေးရွာနားက တံတား တဲ့၊ ကားဖြတ်နေတဲ့အချိန် ကျိုးကျတာ
ကားက အတည့်မို့ တော်သေးတယ်။

လူအထိအခိုက် နည်းတာ အဆိုးထဲက အကောင်း

နေရာစုံက သူတွေ နည်းမျိုးစုံနဲ့ စိတ်ရော လူရော ဒုက္ခတွေ များလိုက်တဲ့နှစ်

အန္တရာယ်ကင်းကြပါစေ။






https://www.facebook.com/share/r/1ZEnEAEZtB/?mibextid=wwXIfr

26/08/2026

နီပေါနိုင်ငံနှင့် တိဗက်နယ်စပ်တဲ့။

ရုတ်တရက် ၅ထပ်တိုက်လောက်ရေတွေ ရောက်လာတာ လူ ၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ သိရတယ်။

သတင်းအရ ၈ ဦးသေဆုံးလို့သိရတယ်။
ဒီနှစ်ရေကြီးတာ စံချိန်တင်ပဲ။ 🥺

အန္တရာယ်ကင်းကြပါစေ။

🅰️ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာနေနေ
ကိုယ်ကိုယ်ကိုယ်နဲ့ ချစ်တဲ့မိသားစုကို
နဲ့

ကာကွယ်ထားဖို့ အဓိကလိုတယ်။

Khin zar phyu khine
📲09796429956






https://www.facebook.com/share/v/18CTabEArf/?mibextid=wwXIfr

25/08/2026

အဖြစ်များတဲ့

ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊
အသည်းကင်ဆာ၊ သွေးကင်ဆာ

ဗမာပြည်လောက် အဖြစ်များတဲ့ကင်ဆာ
ဖြစ်သွားရင် မျိုးရိုးလိုက်တတ်သေးတယ်။

ဆံပင်ဆိုး၊ ကောက်၊ အရောင်ချွတ်တဲ့သူတွေက ဆံပင်စောစောဖြူပါတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။





https://www.facebook.com/share/v/1HuDXyRnDa/?mibextid=wwXIfr

ဘယ်သူရေးမှန်းမသိပေမဲ့ ကိုကိုင်ဇာဆုံးတာ အဆုတ်ထဲ ပိုးဝင်လို့ပါတဲ့။ အသက်လုဖို့ခက်တာမို့ သတိထားစရာ ဖတ်ကြည့်ပါ)   (အဆိုတော်မိ...
24/08/2026

ဘယ်သူရေးမှန်းမသိပေမဲ့ ကိုကိုင်ဇာဆုံးတာ
အဆုတ်ထဲ ပိုးဝင်လို့ပါတဲ့။ အသက်လုဖို့ခက်တာမို့ သတိထားစရာ ဖတ်ကြည့်ပါ)



(အဆိုတော်မို့ လူသိသွားတာပါ။

(ပြီးခဲ့တဲ့ ရက်က
Gymက trainner တစ်ယောက် လည်း
ထိုရောဂါနဲ့ကွယ်လွန်သွားပါတယ်။

ရောဂါအစက
ဖြစ်တာက ပီးခဲ့တဲ့ လကုန်ပိုင်းက
ရုပ်ရှင်သွားကြည့်ရာမှာ
မိုးမိပါတယ်တဲ့။
ရေစိုနေတဲ့ဝတ်စုံနဲ့ရုပ်ရှင်ရုံထဲဝင်ပီး
ရုပ်ရှင်ဆက်ကြည့် လိုက်ပါတယ်တဲ့
ပြန်လာတော့ အပြင်းဖျားပါတယ်။

ဖျားတာရက်ရှည် ချောင်းဆိုးတာ မရပ်ပါဘူး။
ရက် ရှည်ကြာပါတယ်။
ဆေးခန်းပြတယ်လို့ပြောပါတယ်။
သူ့ကိုယ်သူ covidဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပိုင်း လုံးဝ ပြန်မကောင်း တစ်ကိုယ်လုံးရောင်
အဆုတ်ထဲရည်ဝင် ပိုးဝင် ရာကနေကျောက်ကပ်ထိသွားတယ်
ထင်ပါတယ်။ ဒါကိုလည်း
ဆေးသေချာ မကုခဲ့၊ ဆေးရုံလည်း မသွားခဲ့ပါ။

၅ရက်လောက်အကြာမှာ အသက်ရှူ မရတော့ဘူးဆို ပီး
ထပ်ဖြစ်ပီး
မြောက်ဥက္ကလာ ဆေးရုံတင် အောက်စီဂျင်ပေး
icuအခန်းထဲထည့်ထားလိုက်ရတယ်လို့ ကြားပါတယ်။

နောက်တစ်နေ့မနက်
21-8-26 မှာ ဆုံးပါးသွားပါတယ်။
တစ်လ မကြာတဲ့အချိန်မှာပဲ ဆုံးပါးခဲ့တာပါ။

အရင်က ထိုဆရာသည် မည့်သည့်ရောဂါမျှ မရှိခဲ့ပါ။
ရောဂါဖြစ်ရင် စောစီးစွာကုသမှု့ခံယူပါ။
ကျန်းမာရေးအထူးဂရုစိုက်ပါ
မပေါ့ဆပါနဲ့လို့ ပြောချင်ပါတယ်။)

to original uploader & photo

ရေးထားတာလေး သဘောကျလိုက်တာ။ ကိုယ့်ကိုယ်ကိုယ်ချစ်မှ သူများတွေကို ချစ်ပေးနိုင်မှာ၊ ကူညီပေးနိုင်မှာ၊ ဖြည့်ပေးနိုင်မှာ။ကိုယ့်...
23/08/2026

ရေးထားတာလေး သဘောကျလိုက်တာ။

ကိုယ့်ကိုယ်ကိုယ်ချစ်မှ သူများတွေကို ချစ်ပေးနိုင်မှာ၊ ကူညီပေးနိုင်မှာ၊ ဖြည့်ပေးနိုင်မှာ။

ကိုယ့်ခွက်လေး အရင်ပြည့်အောင် စိတ်ရောလူရော ဖြည့်ကြပါလို့။

ဖန်ခွက် အလွတ်ထဲကနေ သင်ဘာကိုမှ အခြားသူကို ငှဲ့ပေးလို့ မရပါဘူး ... ဒါ့ကြောင့် ကိုယ့် ဖန်ခွက်လေးကို အရင်ဖြည့်ပြီးမှ အခြားလူတွေကို ငှဲ့ပေး ဝေမျှပေးလို့ ရမှာပါ ...

ကိုယ့်ဘေးက လူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်ပေးချင်တာလား ... ကိုယ်က အရင်ဆုံး ကျန်းမာနေမှ ရပါမယ် ...

ကိုယ့်ဘေးက လူတွေကို ငွေကြေးထောက်ပံ့မှု, လှူဒါန်းမှုတွေ လုပ်ချင်တာလား ... ကိုယ့်မှာ ငွေကြေးနဲ့ ပတ်သက်ပြီး လောက်ငှနေမှ, ပိုလျှံနေမှ ထောက်ပံ့ လှူဒါန်းလို့ ရပါမယ် ...

ကိုယ့်ဘေးက လူတွေကို အေးချမ်းစေချင်တာလား ... ကိုယ်က အရင်ဆုံး ပူလောင်နေလို့ မရပါဘူး ... ကိုယ့် အပူတွေက ကိုယ်နဲ့ ဆက်စပ်နေတဲ့ ကိုယ့် ပတ်ဝန်းကျင်က လူတွေကို ကူးစက်စေနိုင်ပါတယ် ...

ကိုယ်က အခြားသူကို စိတ်လုံခြုံစေချင်တာလား, ကိုယ်နဲ့ပတ်သက်ပြီး ခံစားချက်ကောင်းစေချင်တာလား ... ကိုယ့်မှာ အရင်ဆုံး စိတ်ဒဏ်ရာ Trauma တွေ ကင်းစင်နေမှ ရပါမယ် ...

ကိုယ်က စတင်ထားတဲ့ ကိုယ့်ရဲ့ ငြိမ်းအေးမှုတွေဟာ ကိုယ့် ပတ်ဝန်းကျင်ကို တကယ် အေးချမ်းစေနိုင်ပါတယ် ...

အသိပညာ ဗဟုသုတတွေ ဝေမျှပေးချင်တာ ဆိုရင်လဲ ကိုယ့်ကိုယ်ကို အရင်ဆုံး ပြည့်ဝအောင် ဖြည့်ထားမှ ရမှာပါ ...

ဒီတော့ ကိုယ်က ကိုယ့်ပတ်ဝန်းက လူတွေကို, လောကကြီး ကောင်းကျိုးတွေကို ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းချင်ရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ် ...

အချစ်ဆိုတဲ့ အရာမှာလဲ ကိုယ့်ကိုယ်ကို နည်းမှန်လမ်းမှန်နဲ့ ချစ်တတ်မှသာ သူတပါးကိုလဲ မှန်ကန်သေချာစွာ ချစ်တတ်မှာပဲ ဖြစ်ပါတယ် ...

ဒီလိုမှ မဟုတ်ရင် အခြားလူအပေါ်မှာ ချစ်တယ် ဆိုတာက ကိုယ့်ရဲ့ အတ္တတွေ, လိုချင်တပ်မက်မှုတွေ, ချုပ်ချယ်မှုတွေ, ကန့်သတ်ထားမှုတွေနဲ့ သွားပြီး လွှမ်းမိုးနေမိတတ်ပါတယ် ...

~ Randy

ဒီလိုဆိုရင် တဖက်လူကလဲ ရေရှည်မှာ စိတ် အဆင်မပြေစရာတွေနဲ့ ကြုံလာပြီး ကိုယ့်အပေါ် စိတ်ကုန် သွားနိုင်ပါတယ် ...

မေတ္တာပို့တယ် ဆိုရင်တောင် ပထမဉီးစွာ မိမိကိုယ်ကို အေးချမ်းဖို့ မေတ္တာပိုပြီးမှ အခြားလူတွေ အပေါ် သတ္တဝါတွေ အပေါ် မေတ္တာပို့ပေးရတာပါ ...

ကိုယ့်ရဲ့ အေးချမ်းကြည်လင်မှု အကြည်ဓါတ်လေးကနေ စပြီး အခြားသူတွေစီကို အကြည်ဓါတ်‌လေးတွေ ဖြန့်ကျက်ပေး ဆုတောင်းပေး လို့ရတာပါ ... ကိုယ်က စပြီး ကြည်လင်ကာ မေတ္တာပြည့်ဝနေဖို့ လိုအပ်ပါတယ် ...

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့, ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့ Self Love, Self Care အကြောင်းပြောရင် အတ္တကြီး ခိုင်းတာ မဟုတ်ပါဘူး ...

Self Love, Self Care ဆိုတာကလဲ စိတ်အလိုကို လိုက်ပြီး လုပ်ချင်ရာတွေ လျောက်လုပ်တာ, စားချင်ရာတွေ လျောက်စားတာ, ဝယ်ချင်ရာတွေ အကုန်ဝယ်ပစ်တာ, နေချင်သလို နေတာ စတာတွေ မဟုတ်သလို အကောင်းစား Branded တွေ, Luxuries ပစ္စည်းတွေ သုံးရမှ မဟုတ်ပါဘူး ...

တကိုယ်ကောင်း ဆန်တဲ့ Selfish ဘက်ကို မရောက်သွားအောင် သေသေချာချာလေး Remind လုပ်ပေးရမှာပါ ...

ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ ထိန်းကြောင်းခြင်းမျိုးနဲ့ ဂရုစိုက် စောင့်ရှောက်ပြီးမှသာ အခြားသူတွေ အတွက် လုပ်ပေးသင့်, လုပ်ပေးထိုက်တာတွေ, လုပ်ပေးစရာ ရှိတာတွေကို သေချာကောင်းမွန်စွာ လုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ...

ကိုယ်ရဲ့ ဖန်ခွက်လေးဟာ ကောင်းမွန်တဲ့ ချစ်ခြင်း မေတ္တာ, အသိဉာဏ် ပညာ, အကြည်ဓါတ် Energy တွေနဲ့ ပြည့်နေမှသာ အခြားသူ လိုအပ်လာတိုင်း ငှဲ့ပေးလို့ ရမှာ ဖြစ်ပါတယ် ...

ဒီနေရာမှာ အမှတ် မှားတတ်တာက ကိုယ့်ရဲ့ ဖန်ခွက်လေးကို လုံးဝ ပြည့်သွားအောင် ဖြည့်ပြီးမှ ငှဲ့ပေးရမှာမျိုး မဟုတ်ပဲ ကိုယ့်အတွက် လိုအပ်သလောက် ဖြည့်တင်းပြီးတာနဲ့ ငှဲ့ပေးလိုက် ပြန်ဖြည့်တင်းလိုက် ဆိုတာမျိုးကို ထပ်ကာ ထပ်ကာ လုပ်နေရမှာပဲ ဖြစ်ပါတယ် ...

အခြားက လိုအပ်လာတိုင်း ဖြည့်ပေး ငှဲ့ပေးနိုင်မဲ့ ဖန်ခွက်လေးတစ်လုံး ဖြစ်နိုင်ကြပါစေ ... ကိုယ်တိုင်လဲ မပြည့်စုံသေးသူမို့ ကြိုးစားနေရဆဲပါ ...

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …

23/08/2026

မိသားစုနဲ့ဝေး၊ ပင်လယ်ထဲ ပင်ပန်းရတဲ့အထဲ ကျည်တွေ၊ ဒုံးတွေက တမျိုး။

အန္တရာယ်ကင်းကြပါစေ။

(သင်္ဘောသားတွေ၊
ကုန်တင်သင်္ဘောတွေ၊
အရပ်သား ရေကြောင်းလုပ်သားတွေ ကို
အပြည့်အဝကာကွယ်သင့်ပါတယ်။ )




https://www.facebook.com/share/r/1F8gimZ7BK/?mibextid=wwXIfr

Address

Junction City
Yangon
11141

Website

Alerts

Be the first to know and let us send you an email when Better Life Plan with Khinzarphyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share