Myat Noe Khin Real Estate Services

Myat Noe Khin Real Estate Services Trust & Profits for you

 # # #မြေကွက်ကိုဝယ်ယူပြီးမှ အရှုပ်အရှင်းမဖြစ်လာစေရန် ဘယ်လိုအချက်တွေသိထားရမလဲ။=============================(၁) ဝယ်ယူမယ့် ...
25/01/2024

# # #မြေကွက်ကိုဝယ်ယူပြီးမှ အရှုပ်အရှင်းမဖြစ်လာစေရန် ဘယ်လိုအချက်တွေသိထားရမလဲ။

=============================

(၁) ဝယ်ယူမယ့် မြေကွက်က ပိုင်ဆိုင်မှု ခိုင်မာရမယ်။

မြေကွက်ကို ဝယ်တော့မယ်ဆိုရင်
ငွေပိုငွေလျှံရှိလို ဝယ်သည်ပဲဖြစ်စေ၊
နေထိုင်ရန်ရည်ရွယ်၍ ဝယ်သည်ပဲဖြစ်စေ၊
မိမိမှ ဆုံးရှုံးမှု တစ်စုံတစ်ရာ မဖြစ်စေရန် ‌
အောက်ပါအချက်တွေ သိထားဖို့လိုမည်။

ဝယ်ယူမယ့်မြေကွက်ရဲ့ ပိုင်ရှင်အမည်ပေါက်
မြေပိုင်ဆိုင်မှု အထောက်အထား
ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ အစုံအလင်ရှိ/မရှိ။
မြေခွန်/အိမ်ခွန် ကြွေးကျန်ရှိ/မရှိ။
မြေပုံ/မြေရာဇဝင်
မြို့တော်စည်ပင်သာယာရေးကော်မတီ
(သို့မဟုတ်) မြေစာရင်းရုံးရဲ့
နောက်ဆုံးမှတ်တမ်းမှာ
မည်သို့ ရေးသွင်းမှတ်သားထားသလဲ? ဆိုတာ
တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
***********************

(၂) မြေအမျိုးအစားကို သေချာစွာစစ်ဆေးပါ။

မိမိဝယ်မယ်မြေကွက်ဟာ
ဘိုးဘွားပိုင်မြေလား
ဂရန်မြေလား
မြေချမိန့်ရထားတဲ့မြေလား
လယ်ယာမြေလား
မီးလောင်ချထားမိန့်နဲ့မြေလား ပုံစံ(၇)ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။
***********************

(၃) မြေကွက်ကိုရောင်းချသူဟာ အဆိုပါမြေကွက်ကို ဘယ်လိုပိုင်ဆိုင်လဲဆိုတာကို စစ်ဆေးပါ။

မြေကွက်ကိုရောင်းချသူပိုင်ရှင်ဟာ
ထိုမြေကွက်ကို အမွေရခဲ့တာလာ:အမွေရခဲ့တာဆိုရင် ကျန်အမွေဆိုင်ညီမကို
မောင်နှမများရဲ့
သဘောတူညီချက်ပါရှိရဲ့လား။
တခြားရောင်းသူထံမှ
ကိုယ်တိုင်ဝယ်ယူခဲ့တာလားဆိုတာ
သေချာအောင် စုံစမ်းဖို့ လိုအပ်ပါမယ်။
********************************

(၄) စာချုပ်စာတမ်းအပြည့်အစုံရှိ/မရှိစစ်ဆေးပါ။

စာချုပ်စာတမ်း စစ်ဆေးတော့မယ်ဆိုရင် ပထမအချက်က -

ဂရန်မြေဆိုရင်
မြေချထားမိန့်မူရင်း
ငွေသွင်းပြေစာမူရင်း
ဂရန်စာချုပ်မူရင်း
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင် စာချုပ်အဆက်ဆက်
အမွေဆက်ခံ ပိုင်ဆိုင်တယ်ဆိုပါက အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ(တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ် လွှဲစာများ
အိမ်ခွန်/မြေခွန်ပြေစာများ

**ဘိုးဘွားပိုင်မြေဆိုရင်**
ဘိုးဘွားပိုင် မြေမှတ်တမ်းစာချုပ်
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင် စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံ မှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
ကိုယ်စား ချုပ်ဆိုဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ

**ပုံစံ(၇)ရထားတဲ့မြေဆိုရင်**
ပုံစံ(၇)မူရင်း
မြေပုံ/မြေရာဇဝင်
ရပ်/ကျေးမှတ်တမ်း
စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံ မှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်များကို စုံလင်စွာ စစ်ဆေးရပါမယ်။
******************

(၅) စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်‌ဆေးပြီးပါက
စရန်ပေးစာချုပ် (ကတိစာချုပ်)ချုပ်ဆိုခြင်း၊
အရောင်းအဝယ် ပြုလုပ်ခြင်းအား
ကန့်ကွက်လိုသူရှိ/မရှိ
သတင်းစာတွင် ကြေငြာခြင်း။
သတင်းစာတွင်ထည့်ပြီး
စောင့်ကြည့်နေစဥ်အတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊
မြေပုံ/မြေရာဇဝင်‌ ရေးသားခြင်းတို့ကို
ဆောင်ရွက်ရပါမည်။
ကန့်ကွက်သူ မပေါ်လာပါက
အပြီးသတ်ငွေချေ စာချုပ်ချုပ်ဆိုကာ
မြေလက်ရောက် လွှဲပြောင်းရယူခြင်း
ဝယ်ယူတဲ့မြေနဲ့ သက်ဆိုင်တဲ့
ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း)အားလုံး၊
အခွန်ဆောင်ထားသော
မှတ်တမ်းမှတ်ရာများ၊
စာချုပ်စာတမ်းများ၊
ဂရန်မူရင်း (သို့မဟုတ်) ပုံစံ(၇)မူရင်း
အစရှိတဲ့ စာရွက်စာတမ်းတွေ
တစ်ခါတည်းအရ ယူထားရပါမယ်။

အထက်ပါ အဆင့်ဆင့်တွေ
အားလုံး လုပ်ဆောင်ပြီးပါက
မှတ်ပုံတင် အရောင်းအဝယ်
စာချုပ် မိမိလက်ဝယ်ရရှိပါက
မိမိအမည်ပေါက် ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှု အဆင့်ဆင့်ကို
ဆက်လက် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

&ဥပဒေရေးရာ

 #တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ ======================= တိုက်ခန်းဝယ်တော့မယ်ဆိုရင်. တိုက်ခန်း ...
23/01/2024

#တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ =======================

တိုက်ခန်းဝယ်တော့မယ်ဆိုရင်.
တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။
အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။
ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။
စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။
ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။
တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။
ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။
ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ။
တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။
အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး (တစ်ရာခိုင်နှုန်း/နှစ်ရာခိုင်နှုန်း)ပေးရပါတယ်။
မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။
စာကြွင်း(မြေရှင်လက်မှတ်ပါမှ တရားဝင်သည်ဟု
မည်သည့်ဥပဒေမှာမှမသတ်မှတ်ထားပါ
မြေရှင်လက်မှတ်မပါလည်း အရောင်းဝယ်ပြီးမြောက်ပါ တယ်

 #သိန်း၇၀၀ အလျှော့တင်းနဲ့သာ စရံဦးသူယူ 👏🏻👏🏻🤩အရမ်းတန်လို့ ​ ါ ဂရံမြေ ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မော်တာ စာရွတ်စာတမ်းအပြည့်အစ...
11/01/2024

#သိန်း၇၀၀ အလျှော့တင်းနဲ့သာ စရံဦးသူယူ 👏🏻👏🏻🤩

အရမ်းတန်လို့ ​

ါ ဂရံမြေ ကိုယ်ပိုင်မီတာ ကိုယ်ပိုင်မော်တာ

စာရွတ်စာတမ်းအပြည့်အစုံနဲ့

#ပထမထပ် တိုက်ခန်းရောင်းမည်

ပြင်ဆင်ပြီး အသင့်တက်နေရုံ

အိပ်ခန်း ၁ ခန်းဖွဲ့ သံဗန်းဆန်းရှိတ်တပ်ဆင်ပြီး

Aircon ၂လုံးပါ အလယ်ခန်းဖယောင်းပုဆိုးခင်း

မီးဖိုချောင်ကြွေပြားခင်းကပ်

ပေအကျယ် 12ခွဲပေ50

မရမ်းကုန်းမြို့နယ် သမိုင်း ၁ရပ်ကွက်

သမိုင်းမြို့သစ် ၄လမ်း အောက်ဗဟိုလမ်းမအနီး

အသေးစိတ်ကို ဆသရ 09263700445 ☎️

 #ပေအကျယ် ၁၈ ပေ ၅၀ 😱  #ပထမထပ် တိုက်ခန်း ရောင်းမည် ရှယ်ပြင်ပြီး 😱 #သိန်း၉၅၀ အလျှော့တင်းရှိသည်  ပါ ကိုယ်ပိုင်မီတာ မော်တာ စ...
11/01/2024

#ပေအကျယ် ၁၈ ပေ ၅၀ 😱

#ပထမထပ် တိုက်ခန်း ရောင်းမည် ရှယ်ပြင်ပြီး 😱

#သိန်း၉၅၀ အလျှော့တင်းရှိသည်

ပါ ကိုယ်ပိုင်မီတာ မော်တာ စာရွက်စာတမ်းစုံ

ပါကေးခင်း အိပ်ခန်း ၁ ခန်းဖွဲ့
အဲကွန်း
နံရန်ကပ် ပန်ကာ ၄လုံး
အရှေ့ဝရန်တာ အနောက်ဝရံတာ
မီးဖိုခန်း ကြွေပြားခင်း
စတီးသံဗန်း ဆန်းရှိတ်တပ်ဆင်ပြီး

သမိုင်းမြို့ဟောင်း ၂လမ်း ၁ရပ်ကွက် မရမ်းကုန်း

ဆသရ 09263700445

♥️♥️♥️♥️♥️♥️🦋♥️♥️♥️♥️♥️♥️'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ ကရင် တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ နိ...
11/01/2024

♥️♥️♥️♥️♥️♥️🦋♥️♥️♥️♥️♥️♥️
'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။
ကရင် တိုင်းရင်းသားများနှင့်တကွ
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး
ကျန်းမာ ချမ်းသာ၊ စီးပွားဥစ္စာများ တိုးတက်၍​ ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော
နှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ...

🌟🌟မြို့ဟောင်း မှ ၅လွှာ အခန်းသန့်ရှယ်လေး  🌟🌟> ၁၂ ပေခွဲ x ၅၀ ပေ (အပြည့်)> ၅လွှာ (မြေညီအပါ)> သမိုင်းမြို့ဟောင်း ၂ လမ်းသွယ် ...
21/12/2023

🌟🌟မြို့ဟောင်း မှ ၅လွှာ အခန်းသန့်ရှယ်လေး 🌟🌟

> ၁၂ ပေခွဲ x ၅၀ ပေ (အပြည့်)
> ၅လွှာ (မြေညီအပါ)
> သမိုင်းမြို့ဟောင်း ၂ လမ်းသွယ် ၂
> တအိမ်လုံး ပါကေး ခင်း /
ဆေးသုတ်ပီး
> အခန်း ၁ခန်း ပါပီး
> ရှေ့/နောက် ဝရံတာပါ ကြွေပြားခင်းပြီး
> ရှေ့/နောက် ဝရံတာ နှင့် တအိမ်လုံး သံပန်းတပ်ပီး
> မီးဖိုချောင်/ရေချိုးခန်း/အိမ်သာ
ကြွေပြားခင်း/ကပ်
>စည်ပင်ခွင့်ပြုမိန့်ကျပီး /
ကိုယ်ပိုင်မီတာ/မော်တာ
>ကားနှစ်စီးဝင်လို့ရ လမ်းကျယ်
> ဈေးနီိး ကျောင်းနီး ကားဂိတ်နီး

ဈေး ( 580)..သိန်း

အကျိုးဆောင် 09263700445 သို့ဆက်သွယ်ပေးပါရှင်။

အိမ် တအိမ် အတွက် ထားသင့်​သော ဖုန်း​ရွှေ ယတြာများဆိုင်တစ်ဆိုင် ​ငွေသိမ်း​ကောင်တာ ​နောက်တွင် ကြည့်မှန်တချပ် ထားခြင်း သည် ဝ...
19/12/2023

အိမ် တအိမ် အတွက် ထားသင့်​သော ဖုန်း​ရွှေ ယတြာများ

ဆိုင်တစ်ဆိုင် ​ငွေသိမ်း​ကောင်တာ ​နောက်တွင် ကြည့်မှန်တချပ် ထားခြင်း သည် ဝင်​ငွေနှစ်ဆတိုး​စေပါသည်။

အိမ်တစ်အိမ်တွင် အိမ်​မွေး​ခွေး ​ကြောင် ​မွေးထားခြင်းသည် ဇီဝဓါတ်ဆို​သောရှင်သန်ခြင်းကို အား​ပေး​သော​ကြောင်ွ ယင် ..ယန်
အချိူးစား balance မျှ​စေပါတယ်။

အိမ်တခါးအဝင်ဝတွင် ​လေတိုက်တိုင်းလှူပ်ရှား​စေ​သော သာယာသည့်အသံထွက်သည့် ​ခေါင်း​လောင်း​လေးများချိတ်ဆွဲ​ပေးပါ။

အိမ်တအိမ်၏ဧည့်ခန်းမတွင် အင်ကြင်း​ကျောက်တုံးများထား​ပေးခြင်းဖြင့် အိမ်သူအိမ်သားများ စီးပွား​ရေး ကျမ္မာ​ရေး​ကောင်းမွန်လာ​စေသည်။

​မွှေးကြိုင်သင်းပျံ့​သော ရနံ့​တွေပျံ့လွှင့်​နေ​အောင် အသုံးပြုခြင်းသည် Yin&Yang ကို ညီမျှ​စေသည်။

သန့်ရှင်းကြည်လင်​နေ​သော ​ရေ ထည့်ထားသည့် ဖန်အိုး​လေးများထား၍ရပါသည်။

ဖုန်း​ရွှေယတြာများအသုံးပြုခြင်းဖြင့် သြဇာအာဏာတိုး​စေပြီး စီးပွား​ရေး ကျမ္မာ​ရေး အိမ်​ထောင်​ရေး သာယာ​စေပါသည်။

Credit

သမိုင်း 1 ရပ်ကွက်  #မြို့ဟောင်း💥💥💥7 လမ်း  လမ်းသန့်ကျယ် ပေ 12 ‌/50 အရှေ့လှည့် ရှေ့/ နောက်ဝရန်တာပါ သံပန်း ဆန်းရိုက်အစိမ်းဘ...
12/12/2023

သမိုင်း 1 ရပ်ကွက် #မြို့ဟောင်း💥💥💥

7 လမ်း လမ်းသန့်ကျယ် ပေ 12 ‌/50 အရှေ့လှည့်

ရှေ့/ နောက်ဝရန်တာပါ သံပန်း ဆန်းရိုက်
အစိမ်းဘုတ် တိုက်သက်တမ်း 6 နှစ် အရူပ် အရှင်းကင်း စာရွက်စာတန်းအစုံ

🥰🥰🥰 သိန်း700 ✨

ပါးပါးလျော့မည်။ ဆသရ ရန်ဖုန်း
Ph 09263700445

ချမ်းသာသုခရရှိဖို့အတွက် ဆိုရင် ဆင်းရဲစေတဲ့ အကြောင်းရင်းတွေကို ရှောင်ဖယ်ရမှာ သဘာဝပါ။Feng Shui ဟာ လူမှုပတ်ဝန်းကျင်ကို ဘယ်လ...
07/12/2023

ချမ်းသာသုခရရှိဖို့အတွက် ဆိုရင် ဆင်းရဲစေတဲ့ အကြောင်းရင်းတွေကို ရှောင်ဖယ်ရမှာ သဘာဝပါ။
Feng Shui ဟာ လူမှုပတ်ဝန်းကျင်ကို ဘယ်လိုသက်ရောက်ပါသလဲ?

မိတ်ဆွေတို့ ကျွန်တော်တို့ဟာ နေ့စဉ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေနဲ့ လုံးပမ်းနေကြရတာမှာ နေရာတနေရာ၊ အိမ်တစ်အိမ် ရောက်သွားတယ်..အဲ့ဒီနေရာလေးဟာ သာမန်ထက်လှနေတယ်၊ စိတ်ချမ်းသာမှုရစေတယ်လို့ ထူးထူးခြားခြား ခံစားမိတဲ့ နေရာလေးတွေ ရှိကြတယ်...ဟုတ်?

ဥပမာ-
မိသားစု နှစ်ခုက ချမ်းသာမှုက သိပ်မကွာဘူး။

မိသားစု တခုက နောက်တခုထက် ပိုပျော်ရွှင်နေတယ် စိတ်ချမ်းသာနေရတယ်။

သူတို့အိမ်သွားရင် အမြဲပျော်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာ ဘာကြောင့်ပါလဲ?

သူတို့အိမ် သွားလည်ရင် ကိုယ်ပါကြည်နူးပျော်ရွှင်မှုရတာ ဘာကြောင့်ပါလဲ?

ဟိုမိသားစု အမြဲ ပူလောင်ပြီး သူတို့အိမ် သွားလည်ရင် အပူကူးတယ်လို့ ခံစားနေရတာ ဘာကြောင့်ပါလဲ?

ဒီလိုခံစားချက်တွေ ရဖူးကြပါသလား?

ဒါတွေက ဖုန်းရွှေပညာနဲ့ ဆက်စပ်ပါတယ်။ ဖုန်းရွှေပညာကို လူတွေက မျိုးစုံ ခေါ်ဝေါ်သမုတ်ကြပေမယ့် ဖုန်းရွှေ ပညာရပ် ဆိုတာ လူတွေကို စိတ်ချမ်းသာစေတဲ့ ပညာရပ်ပဲ ဖြစ်ပါတယ်။

ဖုန်း ဆိုတာ လေ
ရွှေ ဆိုတာ ရေ

လေနဲ့ရေ ဆိုတဲ့အတိုင်း အိမ်တအိမ် ရဲ့ လေနဲ့ရေ စီးကြောင်းဟာ ဖုန်းရွှေပညာမှာ အဓိကပါဝင်နေပါတယ်။

ဒီလို ရေနဲ့လေ စီးကြောင်း ပိတ်ဆို့မှုတွေကို ရှင်းလင်း နိုင်ရင် အိမ်တအိမ်ရဲ့ ကျက်သရေ အိမ်သားတွေရဲ့ ကျက်သရေတိုး ဘုန်းကံတက်ပြီး ချမ်းသာသုခ ရရှိစေပါတယ်။

ဆင်းရဲသားအိမ်ဖြစ်စေတဲ့ အကြောင်းရင်းကို သိရင် ချမ်းသာသုခဖြစ်တဲ့ အိမ်ကိုတည်ဆောက်နိုင်ပြီပေါ့။

''ဆင်းရဲသားအိမ်ဖြစ်စေတဲ့အရာများ''

Clutter

ရှုပ်ပွသော အိမ်၊ အမှိုက်ပုံများ ဟိုတစ်စု၊ ဒီတစ်စု စုထားခြင်း

Leakes

မီးဖိုချောင် (သို့) ရေချိုးခန်း၊ အိမ်သာတွင် ရေစိမ့်ယို၊ ရေမလုံခြင်း။

Toilet & Trash cans

ဘိုထိုင်အိမ်သာဖြစ်လျှင် အဖုံးကို အစဉ်ဖုံးထားရမည်။ အမှိုက်ပုံး ကို အဖုံး ဖုံးထားရမည်။

Kitty litter boxes

အိမ်မွေးတိရိစ္ဆာန် များ မစင်စွန့်သောခွက်များ အိမ်တွင်း ထားရှိခြင်း။

Broken Objects

ကျိုးပျက်အက်ကွဲသော ပစ္စည်းများကို နှမြောသဖြင့် မပစ်ဘဲ ဆက်လက်ထားရှိခြင်း၊ ဓာတ်ခဲထည့်မှ လည်ပတ်မည့်အရာများကို မထည့်ဘဲ မေ့မေ့လျော့လျော့နေခြင်း၊ ကျွမ်းနေသော မီးသီး မီးချောင်းများကို မစွန့်ပစ်ခြင်း၊ မလဲလှယ်ခြင်း။

Dead or Witering Plants

သေနေ၊ ညှိုးနေသော အပင်များကို မစွန့်ပစ်ဘဲ အိမ်တွင်ထားရှိခြင်း

Images of poverty or want

မိမိဓာတ်ပုံ (သို့) ကောင်းသော နိမိတ်နှင့် ဓာတ်ပုံပန်းချီပုံများကို နိမ့်ကျသောနေရာများတွင် မတော်တဆ ထားရှိမိခြင်း။ကိစ္စမျိုးတွေကို ပြုပြင်နိုင်ရင် ဝင်စရာရှိတဲ့ ငွေတွေ လွယ်လွယ်ကူကူဝင်လာပြီး ဝင်ပြီးတဲ့ငွေလည်း လျှောခနဲ ပြန်မထွက်သွားဘူးလို့ ဆိုပါတယ်။

ဒီအချက်များဟာ အိမ်တအိမ်ကို ကျက်သရေတိုး လာဘ်လာဘရွှင်လန်းအောင် ဖန်တီးနိုင်တာဖြစ်တာကြောင့် သတိထားပြီး ဆောင်ရွက်နိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်။

နောက်ပိုစ့်တွေမှာလည်း ဖုန်းရွှေပညာနဲ့ အတွေးခေါ် ပညာရေး၊ ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ပေးသောအရာများ၊ ဘယ်အရာတွေက နှောက်ယှက်ဟန့်တားနေတာလဲ ဆိုတာတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကျက်သရေတိုး စည်းစိမ်တိုးပွားကြပါစေ

မေတ္တာဖြင့်
မေမာလာဝင်း

 #အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် စာရွက်စာတမ်း သေချာစစ်ဖို့ လိုအပ်ပါတယ်။ 💝💥                                                 ...
03/12/2023

#အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် စာရွက်စာတမ်း သေချာစစ်ဖို့ လိုအပ်ပါတယ်။ 💝💥
✅စာရွက်စာတမ်းစစ်မှန်ဖို့ ပြည့်စုံဖို့
✅အရှုပ်အရှင်းကင်းဖို့
✅ ပိုင်ဆိုင်မှု လက်ရောက်ရဖို....လိုအပ်ပါတယ်

၁။ အတုအရမ်းပေါတဲ့ကာလကြီးမှာ အစစ်အမှန်ရဖို့ အရေးကြီးဆုံး💯

❓ ဘယ်လိုစစ်ရမလဲ ❓
❓ ဘယ်သူတွေကအတုအစစ်ခွဲနိုင်သလဲ ❓

⚖👧 အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ခြံမြေကျွမ်းကျင်သူ၊ ရှေ့နေ တို့က စစ်ဆေးပေးနိုင်ပါတယ်။ ဒါတင်မပြီးသေးပါဘူး။ သက်ဆိုင်ရာရုံးမှာ အချက်အလက်မှန်မမှန်၊ ကန့်ကွက်ထားတာရှိမရှိ ကို မဖြစ်မနေ သေချာစစ်ဆေးပါ။☑

ရောင်းသူလက်ထဲက စာချုပ်စာတမ်းတွေ ဆက်စပ်မှု ပြည့်စုံသလား ဆိုတာ အရေးပါပါတယ်😊

ထိုနည်းတူ ကိုယ့်ဖက်က စပြီးချုပ်ရမဲ့ စရံပေးစာချုပ် ချြပ်တဲ့ ချိန်မှာလည်း အရေးကြီးပါတယ်။
................................................
😕😕 တိုက်ခန်း အိမ်ခြံမြေဝယ်တာ ဒီလောက် အလုပ်ပိုသလား ဆိုပြီး စိတ်မရှုပ်သွားပါနဲ့။

လူကြီးမင်းတို့ ကြုံတွေ့နေရတဲ့ ပြသနာအားလုံးကို အစအဆုံး ကူညီဖြေရှင်းပေးဖို့ ကျမ ကနေ အကျိုးဆောင် ပေးနိုင်ပါတယ်ရှင်။ 👩🏼‍💼

အတွေ့ကြုံရှိ တိုက်ခန်း‌‌အိမ်ခြံမြေ မကျိုးဆောင် / ရှေ့နေများမှ အိမ်ခြံမြေ ရောင်း၀ယ်ငှား အပြင်

📌 ပါမစ်/ဂရန် မှန်ကန်မှု စစ်ဆေးခြင်း
📌 ပါမစ် မှ ဂရန်လျှောက်ထားခြင်း
📌 ဂရန်အမည်ပြောင်း၊ အသစ်လျောက်၊ ဂရန်ခွဲခြင်း ၊ 📌မြေပုံရာဇဝင်ကူးခြင်း၊ သက်တမ်းတိုးခြင်း
📌 ပါဝါလွဲခြင်း ၊ ပါဝါရုပ်သိမ်းခြင်း၊ ကျမ်းကျိန်ခြင်း
📌 မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုခြင်း၊
📌 အဆောက်အအုံဆောက်လုပ်ခွင့် လျောက်ထားခြင်း
📌 ဘဏ်ချေးငွေလျောက်ထားခြင်း
📌 သတင်းစာကြေငြာခြင်း စတဲ့ ဆက်စပ်ဝန်ဆောင်မှုတွေကိုပါ one-stop service နဲ့ ဆောင်ရွက်ပေးနေပါတယ်။

လူကြီးမင်းတို့ အနေနဲ့

💯 တိကျ၊မှန်ကန်၊မြန်ဆန်ပြီး တာဝန်ယူမှုအပြည့်နဲ့ အကျိုးဆောင်ကို ရှာနေတယ်
💯 မိမိတို့ရဲ့ တန်ဖိုးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ပိုင်ဆိုင်မှုတွေ ကို တရားဉပ‌ဒေအရ ခိုင်မာအောင် လုပ်ချင်တယ်၊ 💯 အိမ်အရောင်းအဝယ်တင်မဟုတ်ပဲ ဆက်စပ် ဥပဒေ ပိုင်း ဝန်ဆောင်မှုတွေကိုပါ အပ်နှံချင်တယ် ဆိုရင်တော့ ကျမ ကိုဆက်သွယ် မေးမြန်း ညှိနှိုင်းနိုင်ပါတယ်ရှင်။ စိတ်ချရတဲ့ အထက်တန်းရှေ့နေလည်း ရှိပါတယ်။

👉 စစ်မှန် စိတ်ချ စိတ်အေးရမယ့် အပီးစီး ဝန်ဆောင်မှု ပိုရစေဖို့ အာမခံပါတယ် ရှင်။
👉ပြည်တွင်းသာမက ပြည်ပက လူကြီးမင်းများအတွက်ပါ video ဖြင့် အိမ်လိုက်ကြည့် Info Detail လိုက်ပေးဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖူးတဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်။

💯လူကြီးမင်း၏ရွေးချယ်မှုမှန့်ကန်စေဖို့ ကျမ နဲ့ ချိတ်ဆက် လုပ်ကိုင်နိုင်ပါတယ်ရှင် 💯

စိတ်ဝင်စားလို့ အပ်နှံလိုပါက 🙏
မိတ်ဟောင်းမိတ်သစ်များကို နွေးထွေးစွာကြိုဆိုလျက်ပါရှင် 👩🏻‍💻 ☺️
- - - - - - - - - - ♦ - - - - - - - - - -

Myat Noe Khin Real Estate Services
Ph / Viber 09263700445
ရန်ကုန်မြို့။

 #တိုက်သစ် မှ တိုက်သစ် 💥💥💥💥💥😁✌🏻BCC လဲ လက််ဝယ်ရှိမှ ဆို ဒါယူBCC ကျပြီး တိုက်သစ် ၅လွှာ တိုက်ခန်းရောင်းမည် အပေါ်မှာ တစ်လွှာ...
02/12/2023

#တိုက်သစ် မှ တိုက်သစ် 💥💥💥💥💥😁✌🏻

BCC လဲ လက််ဝယ်ရှိမှ ဆို ဒါယူ

BCC ကျပြီး တိုက်သစ်

၅လွှာ တိုက်ခန်းရောင်းမည် အပေါ်မှာ တစ်လွှာကျန်

စျေးနူန်း #၆၀၀သိန်း အလျှော့တင်းနဲ့ယူ 😱

နေရာကောင်း

ဂရံမြေ

ပေအကျယ် ၁၂ ပေခွဲ ၅၀ Hall

မရမ်းကုန်းမြို့နယ် ​အောက်ဗဟိုလမ်းမနီး
သမိုင်း ၁ရပ်ကွက်
သမိုင်းမြို့သစ် မနောဟရီလမ်းမ လမ်းထိပ်

အသေးစိတ်သိရှိလိုပါက ဆသရ 09263700445

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်...
01/12/2023

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်

(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်

(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်

(ဃ) ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။
ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ သို့သော် တိုက်ခန်းအရောင်းအဝယ်စာချုပ်တွင် မြေရှင်လက်မှတ်ရေးထိုးရမည်ဟု ဥပဒေပြဌာန်းချက်မရှိပါ
ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် လက်မှတ်ထိုးခပေးခြင်း ဖြစ်ပါသည်

(င) အဝယ်စာချုပ်၌ ဝယ်ယူသည့်တိုက်ခန်းကို မည်သည့်နေ့ရက်၌ နောက်ဆုံး​ထားပေးအပ်ရမည်ဟု ပါရှိရမည် သတ်မှတ်ရက်၌ တိုက်ခန်းလွဲပြောင်းမပေးပါက တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်

(စ) ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၄၈အရ ပထမ ရောင်းချ၍ ဝယ်ယူခြင်းကို ဦးစားပေးရမည်ဟု ဆိုထားသော်လည်း ကြိုပွိုင့်စနစ်ဖြင့် အရစ်ကျ ငွေပေးချေ၍ ထုံးစံနှင့်အညီ တိုက်ခန်းဝယ်ယူသူက လက်ဝယ်ထားပိုင်ခွင့်ရှိကြောင်း မြွက်ဟကြေညာ၍ လက်ရောက်ရခွင့်ရှိသည်။

#မူရင်ရေသူအား ဂါရဝပြုပါတယ်ခဗျ

Address

Mayangone
Yangon

Telephone

+959263700445

Website

Alerts

Be the first to know and let us send you an email when Myat Noe Khin Real Estate Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Noe Khin Real Estate Services:

Share