15/04/2018
သင်္ကြန်အတက်နေ့အတွက် အထူးသတင်းလေးကြေငြာချင်ပါတယ်
God’s Theatre + Exodus ပေါင်းစပ်မှုအစီအစဉ်လေးပါ
မနက်ဖြန် သင်္ကြန်အတက်နေ့တရက်ပဲကျန်ပါတော့တယ်နော်
ဒီတရက်ပြီးရင် သင်္ကြန်ဆိုတဲ့အရသာကို ပြန်ခံစားဖို့ တစ်နှစ်ကြီးများတောင်ထပ်စောင့်ရဦးမှာပါ
ဒါကြောင့် မနက်ဖြန်အပီအပြင်ကဲနိုင်ဖို့အတွက် God’s Theatre မှာလဲကဲမယ် တခြားမဏ္ဍပ်မှာလဲသွားကဲမယ်လေ အဲ့လိုကဲနိုင်ဖို့အတွက် ဘာမှထပ်မလိုပါဘူးနော်
ထူးထူးခြားခြားအစီအစဉ်အနေနဲ့ God’s Theatre ticket ကိုသုံးပြီး Exodus မဏ္ဍပ်မှာ သွားရောက်ရေကစားနိုင်ပါပြီ
Exodus မှာရေကစားဖို့လက်မှတ်ဝယ်ထားတဲ့သူတိုင်းကိုလဲ God’s Theatre မဏ္ဍပ်မှာ လာရောက်ပြီးရေကစားနိုင်တယ်ဆိုတော့ မနက်ပိုင်းလေးမှာ Exodus ဘက်ကိုသွားပြီး ရေကစားမယ် နေ့လည်ပိုင်း God’s Theatre ရဲ့ဖျော်ဖြေရေးအစီအစဉ်တွေကို မဏ္ဍပ်သိမ်းတဲ့အချိန်ထိ non stop အမုန်းဆွဲမယ်ဆိုတော့ ပျော်ပြီပေါ့လေ
ဘယ်လိုတွေဝုန်းရမလဲဆိုတော့ မနက်ဖြန်အတွက် schedule လေးတချက် show လိုက်နော်
မနက်ပိုင်းကို Exodus မှာရေသွားပက်မလား ဒါမှမဟုတ် ၉နာရီကနေ ၁၀နာရီခွဲထိ DJ နဲ့ဒွန့်မလား ok နော်
နေ့ခင်းပိုင်း ၁:၀၀ မှာ Fokker wanted နဲ့အတူ ဖျော်ဖြေရေးတွေပြန်စမယ် အပီဝုန်းကြမယ်
၂:၀၀ ကနေ ၃:၀၀ထိ DJ နဲ့ငြိမ့်မယ်
၃:၀၀ ကနေ ၄:၀၀ ထိကို Maze of Mara, Eternal Gosh
၎:၀၀ကနေ ၅:၀၀ထိ SOA နဲ့ Nightmare တို့နဲ့ဆက်ဝုန်းကြမယ်နော်
ညနေ ၅:၀၀ ကနေ ၆:၀၀ ထိကတော့ အမျိုးတို့ရဲ့အချစ်တော် Idiots ရဲ့ အလှည့်ကျဖျော်ဖြေမှုတွေကို အားပါးတရအားပေးကြပါဦးနော်
ပြီးရင်တော့ ညနေ ၆:၀၀ကနေ ည၈:၀၀ထိ မြူးမြူးကြွကြွ DJ Music နဲ့အတူကခုန်ပြီး 2K18 အတာသင်္ကြန်ကာလကို နှုတ်ဆက်ကြပါစို့လားခင်ဗျာ