30/09/2026
အနာဂတ်တစ်ခုကို ပြောင်းလဲဖို့ ဆုံးဖြတ်ချက်တစ်ခုကနေ စတင်နိုင်ပါတယ်။
စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပခဲ့တဲ့ NextGen Partners Event မှာ ကိုယ့်ရဲ့နောက်တစ်ဆင့်အတွက် ဘာတွေလိုချင်လဲ၊ ဘယ်လိုအနာဂတ်ကို ကိုယ်တိုင်တည်ဆောက်ချင်လဲဆိုတာ အတူတကွ ဆွေးနွေးခဲ့ကြပါတယ်။
အချိန်ကို လွတ်လပ်စွာ စီမံခန့်ခွဲရင်း၊ ကိုယ်တိုင်သတ်မှတ်ထားတဲ့ ပန်းတိုင်တွေအတိုင်း လျှောက်လှမ်းနိုင်သလို အခြားသူတွေရဲ့ အနာဂတ်ကို အကာအကွယ်ပေးနိုင်တဲ့ Insurance Solutions Advisor အဖြစ် လက်တွဲလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေအကြောင်းကိုလည်း မျှဝေဆွေးနွေးခဲ့ပါတယ်။
ဘာဖြစ်ချင်လဲဆိုတာ သိပြီးရင် နောက်တစ်ဆင့်က စတင်ဖို့ပါပဲ။
NextGen Partners Event မှာ ပါဝင်ခဲ့ကြပြီး ကိုယ့်ရဲ့အနာဂတ်အတွက် အတွေးသစ်တွေ၊ လမ်းကြောင်းသစ်တွေကို အတူတကွ ဆွေးနွေးပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။
ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ကို စောင့်မနေဘဲ ကိုယ်တိုင် စတင်ဖန်တီးလိုက်ပါ။
AYA SOMPO နဲ့အတူ Insurance Solutions Advisor အဖြစ် လက်တွဲပြီး ကိုယ့်ရဲ့ Next Step ကို ဒီနေ့ကစပြီး စတင်နိုင်ပါတယ်။
🔗 https://ayasompo.com/our-partners/
AYA SOMPO Insurance - Your Partner for Life