09/06/2023
☝️ အာမခံ ဝယ်နည်း ☝️
(𝗧𝗶𝗽𝘀 𝗶𝗻 𝗯𝘂𝘆𝗶𝗻𝗴 𝗶𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲)
ဘယ် Company မှာပဲ ဝယ်ဝယ်၊ ဘယ်သူ့ဆီကပဲ ဝယ်ဝယ် အာမခံ အမျိုးအစားအလိုက် အရေးကြီးတဲ့ မေးသင့် သိသင့်တဲ့အချက်လေးတွေ စုပေးထားပါတယ်။
မေးစရာရှိတာကို အားမနာပဲ ကိုယ့်ကိုအာမခံအကြောင်း ရှင်းပြတဲ့ Financial Advisor ကို သေသေချာချာမေးသင့်ပါတယ်။
ကျန်းမာရေးအာမခံ (𝗛𝗲𝗮𝗹𝘁𝗵 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲)
၁။ ဆေးရုံတက်ရရင် ရက်တွက်နဲ့ Fixed Amount ပေးတာလား၊ အမှန်တကယ် ကုန်ကျစရိတ်ကို ပြန်ပေးတာလား။
၂။ ကုန်ကျစရိတ်များနိုင်တဲ့ ပြင်းထန်သောအခြေအနေကြောင့် ပြင်ပလူနာပြရတာမျိုးမှာ Fixed Amount ပေးတာလား၊ အမှန်တကယ် ကုန်ကျစရိတ်ကို ပြန်ပေးတာလား။
၃။ Cashless (ကိုယ့်အိတ်ထဲက ကျန်းမာရေးကုန်ကျစရိတ်ကို စိုက်ထားစရာမလို) စနစ်နဲ့ ဆေးရုံတက် ကုသမှု ခံယူလို့ ရလား။
၄။ နိုင်ငံခြားမှာ သွားကုချင်ရင်ရော ရလား။ နိုင်ငံတွေ ဆေးရုံတွေ ကန့်သတ်ထားသေးလား။
အသက်အာမခံ (𝗟𝗶𝗳𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲)
၁။ ပေးသွင်းရတဲ့ တစ်နှစ်တာပရီမီယံကြေးနဲ့ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ရင် ပြန်ရမယ့် လျော်ကြေးပမာဏ ယှဉ်ကြည့်ရင် ဘယ်နှစ်ဆရှိလဲ။
၂။ တကယ်လို့ စီးပွားရေးအဆင်မပြေလို့ အာမခံ ပရီမီယံကြေးမသွင်းနိုင်ရင် ဘာဖြစ်မလဲ။
၃။ စစ်ဘေး၊ အဓိကရုဏ်းတွေနဲ့ ဆက်စပ်တဲ့သေဆုံးမှုတွေ လျော်ကြေးရနိုင်လား။
ပညာရေးအာမခံ (𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲)
၁။ သားသမီး နောက် ၅ နှစ်၊ နောက် ၁၀ နှစ် စသည်ဖြင့်မှာ ပညာရေးစရိတ်သုံးဖို့ ငွေစုဆောင်းတဲ့အာမခံ အမျိုးအစားလား။ (စုဆောင်းမှုကိုအသားပေး)
၂။ ကိုယ်မရှိနိုင်တော့တဲ့ အချိန်တွေမှာ သားသမီးပညာရေး အဆက်မပြတ်အောင် စီစဉ်ထားနိုင်တဲ့ အာမခံ အမျိုးအစားလား။ (ကာကွယ်မှုကို အသားပေး)
၃။ အခုလို ငွေကြေးဖောင်းပွမှုများတဲ့အချိန်မျိုးမှာ ဘယ်အမျိုးအစားက ပိုသင့်တော်လဲ
၄။ ပေးသွင်းရတဲ့ တစ်နှစ်တာပရီမီယံကြေးနဲ့ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ရင် ပြန်ရမယ့် လျော်ကြေးပမာဏ ယှဉ်ကြည့်ရင် ဘယ်နှစ်ဆရှိလဲ။
၅။ တကယ်လို့ စီးပွားရေးအဆင်မပြေလို့ အာမခံ ပရီမီယံကြေးမသွင်းနိုင်ရင် ဘာဖြစ်မလဲ။
၆။ စစ်ဘေး၊ အဓိကရုဏ်းတွေနဲ့ ဆက်စပ်တဲ့သေဆုံးမှုတွေ လျော်ကြေးရနိုင်လား။
𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗮𝗻𝗱 𝗖𝗹𝗮𝗶𝗺
၁။ 24/7 ဆက်လို့ရတဲ့ Hotline ရှိလား
၂။ Claim process ဘယ်လိုလုပ်လဲ၊ ဘယ်လောက်ကြာလဲ
၃။ အာမခံအကျိုးကျေးဇူးအပြင် တခြား Customer Benefit တွေရှိသေးလား။
𝗪𝗵𝗼 𝗶𝘀 𝗺𝘆 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗼𝗿?
၁။ ကိုယ့်ကို အာမခံအကြောင်း ရှင်းပြနေတဲ့သူက ဒီလုပ်ငန်းကို ဘယ်လောက် ကျွမ်းကျင်လဲ။ ကိုယ်နဲ့သင့်တော်တာကို အကြံပေးနိုင်လား။
၂။ ကိုယ့်ကို အာမခံအကြောင်း ရှင်းပြနေတဲ့သူက အာမခံ ကိုယ်စားလှယ်အလုပ်ကို ဘယ်လောက်အထိ စွဲစွဲမြဲမြဲ ဆက်လုပ်မှာလဲ။