Dagon Sake Kan

Dagon Sake Kan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dagon Sake Kan, Property investment firm, Dagon, Yangon.

07/11/2015

အို ထလော့ မြန်မာ မြန်မာ ထလော့ တို့အနာဂတ်တွေလှပဖို့ မဲရုံကိုသွားပြီး မဲပေးကြပါစို့

14/10/2015

အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံကြတဲ့ မိတ်ဆွေတွေအနေနဲ့ ၂၀၁၅ ဒီဇင်ဘာလောက်မှာ ဖွင့်လှစ်တော့မယ့် ရန်ကုန်စတော့အိတ်ချိန်းနဲ့ အကျွမ်းတစ်ဝင်ရှိစေဖို့၊ စတော့အိတ်ချိန်းဆိုတာဘာလဲ၊ ဘယ်လိုတွေ အလုပ်လုပ်ကြလဲ ဆိုတာတွေသိရှိနိုင်ဖို့ Mahar Yangon Securities Page လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Page လေးကို Like လုပ်ထားခြင်းအားဖြင့် ရန်ကုန်စတော့အိတ်ချိန်းမှာ အကျုံးဝင်မယ့် ဥပဒေ၊ နည်းဥပဒေတွေအပြင် ဘယ်လိုမျိုး ရင်းနှီးမြှုပ်နှံသင့်လဲဆိုတဲ့ အခြေခံသင်ခန်းစာ ဗီဒီယိုဖိုင်တွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/mysec2015

To share about the stock market to our community.
To advice the most suitable investment strategy to our clients.

06/04/2015

အခုပြဋ္ဌာန်းလိုက်တဲ့ အခွန် နှုန်းထားတွေက မနှစ်ကထက်စာ ရင်ပိုပြီး အဆင်ပြေတယ်။ အခွန် ဆောင်မှုတွေလည်း တိုးလာနိုင် တယ်

03/02/2015
စပါပြီ
08/01/2015

စပါပြီ

လာပါပြီ ဒီလိုဘဲဖြစ်ရမှာပေါ့
25/11/2014

လာပါပြီ ဒီလိုဘဲဖြစ်ရမှာပေါ့

ရန်ကုန်မြို့ ဒဂုံမြို့သစ်လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိခဲ့သည့် မြေဧက ၁၆၀၀၀ ပေါ်လာမည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် မြို့ပြစီမံကိန်းများစတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြမြေစီမံခန့်ခွဲမှုအကြံပေး ဦးသန်းကပြေ…

30/09/2014

ပြန်လှုပ်ပါပြီခင်ဗျာ။

01/09/2014
ရန်ကုန်မြို့သစ် စီမံကိန်းက လိုအပ်နေတဲ့ မြေတွေကို တစ်ကွက်ကို သိန်း ၂၀ သာ အလျော်ပေးမယ်လို့ကြားထားပါတယ်။ သတိနဲ့ ၀ယ်ကြပါ။ က...
30/08/2014

ရန်ကုန်မြို့သစ် စီမံကိန်းက လိုအပ်နေတဲ့ မြေတွေကို တစ်ကွက်ကို သိန်း ၂၀ သာ အလျော်ပေးမယ်လို့ကြားထားပါတယ်။ သတိနဲ့ ၀ယ်ကြပါ။ ကိုယ်က သိန်း ၂၀၀, ၃၀၀ ပေးဝယ်ထားပြီး အလျော်က နည်းနေရင် ဒုက္ခရောက်မှာ စိုးလို့ပါ။

30/08/2014

သူများတွေလို မအအောင် မနေ့က တွံတေးဘက် ခြေဆန့်ခဲ့တယ်။ သိန်း ၃၀၀ လောက်နဲ့ အကွက်တစ်ကွက် ရလို့ လိုက်ကြည့်မိပါတယ။် ကားနဲ့သွားလို့ မရလို့ ဆိုင်ကယ်နဲ့လိုက်တာ လူကိုသေချင်စော်နံသွားတာပဲ စိတ်လေတယ်။ တွံတေးရောက်ဖူးတဲ့ ဆရာတွေ အတွေ့အကြုံလေး Share ပေးပါအုံ့း့

28/08/2014

ကြောက်တတ်သူတွေအတွက် ကြောင်ပါးကြီး ကျွန်တော် အချောင်စောင့်နေတယ်လို့ အာ့လှမ်းပြောတာ။
ခိခိ
ပဲခူးမြစ်လမ်းပေါ် ။ ကနောင်လမ်းပေါ်။ ရှိသမျှအားလုံး အကွက်မရွေး ဂျီးမများဘူး သိန်း ၁၀၀ အောက် အားလုံး ကောက်မည်။

နားနားပြီးဆဲကျနော်...

26/08/2014

ဒဂုံဆိပ်ကမ်းက New Yangon City project သတင်းထွက်အပြီးမှာ နည်းနည်းဈေးတန်းသွားတယ်။ ဒီနည်းနည်းဈေးတန်းသွားတာကို ထပ်ပြီးအားဖြည့်တဲ့သတင်းတွေက ငွေမည်းခ၀ါချမှုတို့၊ မြေလွတ်တွေကို အိမ်မဆောက် အသုံးမပြုရင် အခွန်ကောက်မယ်ဆိုတဲ့ နောက်ဆက်တွဲ သတင်းတွေက ပံ့ပိုးတယ်။
အဲ့ဒီမှာ ဈေးကွက်ထဲမှာ မေးခွန်းတွေအများကြီးထွက်လာတယ်။ မေးခွန်းတွေဘယ်လိုပြောင်းမေးမေး အဓိပ္ပါယ်က တစ်ခုထဲပဲ လူတွေစိုးရိမ်နေတာ ဈေးကျသွားမလား၊ အခွန်တစ်ကယ်ပဲကောက်မလားပေါ့။

ဒဂုံဆိပ်ကမ်း Vs New Yangon City project
=============================
ဒဂုံဆိပ်ကမ်းက Project တွေက တစ်ချို့တွေက စနေတာ ၁နှစ်၊ ၂နှစ်လောက်ရှိပြီ။ New Yangon City က စဖို့ Announce လုပ်တာ မနှစ်က ဒလ အနေနဲ့ နံမည်ထွက် ကိုရီးယား တံတားအခမဲ့ဆောက်ပေးမယ်ဆိုတာတောင် ပြန်ပျက်သွားတယ်။
ခုလို မြို့သစ်တည်တဲ့ Project ဆို ဘယ်နှစ်နှစ်လောက်စောင့်ရမလဲ စဉ်းစား။ သီလ၀ါ အများပိုင်လုပ်ပြီး အစုရှယ်ယာတွေထုတ်ရောင်းပြီးတာတောင် ဘယ်လောက်ကြာပြီလဲ လုပ်ငန်းတစ်ကယ်စနိုင်တာ မှန်းထားသလိုဖြစ်လာရဲ့လား။
အစိုးရက အင်ပြည့်အားပြည့်နဲ့ဆောက်တဲ့ နေပြည်တော်ကြီးတောင် ၆ နှစ်လောက်အချိန်ယူခဲ့ရတယ်။ လပိုင်း အတွင်းပြီးမယ်လို့ကြွေးကြော်ထားတဲ့ ကုန်းပေါ်က တံတားလေး ၃စင်းတောင် ဘယ်လောက်အချိန်ယူလိုက်ရသလဲ။

ဒဂုံဆိပ်ကမ်းကမြေက Permit အကွက်ရိုက်ပြီးသား NYC က လယ်မြေ။ ခိုင်မာမှုကိုစဉ်းစားပါ။

ဒဂုံဆိပ်ကမ်းရဲ့ ပတ်ဝန်းကျင်မှာ ဘူတာကြီးဆိုတာရှိတယ်။ ဆိပ်ကမ်းမြို့ဖြစ်တယ်။ သီလ၀ါနဲ့နီးတယ်။

NYC ကပတ်ဝန်ကျင်မှာ ဆိပ်ကမ်းမြို့တယ်မယ်။ ရန်ကုန်ကြည့်မြင်တိုင်ရဲ့ တစ်ဖက်ကမ်းဆိုတော့ ဒဂုံဆိပ်ကမ်းထက်တော့ ရန်ကုန်နဲ့ ပိုနီးလိမ့်မယ်။

ဒဂုံဆိပ်ကမ်းက Project တွေကို အကောင်အထည်ဖော်နေသူတွေက Japan တွေ Singapore က လုပ်ငန်းရှင်တွေ၊ NYC ကို အကောင်အထည်ဖော်မယ့်သူက မြန်မာ့စေတနာဆိုတဲ့ ဘယ်သူတွေပါမှန်းမသိရသေးတဲ့ အများပိုင်ကုမ္ပဏီတစ်ခုဆိုတော့........

ငွေမည်းခ၀ါချမှု
==========
မှန်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့လယ်တွေမှာ သိန်းသောင်းချီတဲ့ မြေတွေကို ၀ယ်နိုင်တဲ့သူတွေက အဓိကကတော့ ငွေမည်းတွေကိုင်ထားတဲ့ သူတွေအများဆုံးဖြစ်နိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းရဲ့ဘူး။
ဒါပေမဲ့ ဒဂုံဆိပ်ကမ်းမှာ ဈေးအမြင့်ဆုံး မြေကွက်က သိန်း ၈၀၀၀ မကျော်ပါဘူး။ သိန်းသောင်းနဲ့ချီတဲ့ မြေကွက်တွေကို ငွေမည်းခ၀ါချလိုမှုနဲ့ ၀ယ်နေတာကို သိသိချည်းနဲ့ ဘာမှ Action ယူတာ မတွေ့ဘူးသေးဘူး။ စာဖတ်သူများထဲမှ တွေ့ဘူးရင် အောက်မှ Comment ရေးပေးပါ။ တစ်ကယ်သိချင်လို့ပါ။
ငွေမည်းခ၀ါချတဲ့သူတွေက ဒီလို သိန်း၂၀၀ တန် သိန်း၃၀၀ တန် သိန်း၅၀၀ တန် လေးတွေကို စိတ်ဝင်စားပါ့မလားဗျာ။ မြန်မာပြည်မှာ ငွေမည်းခ၀ါချလို့ရနိုင်တဲ့ နည်းလမ်းတွေ တစ်ပုံကြီး..........

မြေကွက်တွေအသုံးမပြုရင် အခွန်ကောက်မယ်ဆိုဘဲ
================================
ခုရက်ပိုင်းထွက်လာတဲ့ သတင်းတွေထဲမှာရယ်စရာ ပျက်လုံးတစ်ခုပဲ မြေကွက်တွေအသုံးမပြုရင် အခွန်ကောက်မယ်ဆိုဘဲ။ မြေကွက်တွေ အသုံးပြုလို့ရအောင် ဘာတွေများလုပ်ပေးနေလို့လဲ။ မီးတွေရပြီးလား၊ ရေတွေကောင်းအောင်လုပ်ပြီးပြီးလား။ မီးရေမရတဲ့ မြေပေါ်မှာ လူဘယ်လိုသွားနေမလဲ။
ဈေးတွေဆောက်ပေးပြီးပြီးလား၊ အထက်တန်းကျောင်းတွေရော ဖွင့်ပြီးပြီလား။ တစ်ချိန်ချိန်မှာ မီးရေ ရရင်တော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၀ယ်အောင်းထားတဲ့သူတွေအများကြီးပဲ။ မီးရေရမှ ၀ယ်ရင်တော့ Inflation 5% To 6% ကြားထိမြင့်နေတဲ့ တိုင်းပြည်မှာ မြေကွက်ဆိုတဲ့ ကုန်ပစ္စည်းတစ်ခုထဲရဲ့ Consumer Price Index တစ်ခုတည်းဆိုရင် Percentage ရာကျော် တဲ့တိုင်းပြည်မှာ ဈေးတွေဘယ်လိုဖြစ်နေမလဲ။ မြေတွေအသုံးပြုလို့ရအောင်မလုပ်ပေးဘဲနဲ့ မြေတွေအသုံးမပြုသူကို အသုံးမပြုမှုနဲ့ အခွန်ကောက်မယ်ဆိုရင် ...............

Market
=====
မြေကွက်တွေ ၀ယ်ပြီး ရင်းနှီးမြှပ်နှံတယ်ဆိုတာ မြန်မာပြည်ရဲ့လက်ရှိမှာ ရင်းနှီးမြှုပ်နှံလို့ အကောင်းဆုံးနေရာ Market တစ်ခုပဲ
ရွှေ၊ ကား၊ ဒေါ်လာ၊ တွေမှာ ဘယ်သူတွေ ရင်းနှီးရဲသေးလဲ။ နိုင်ငံတကာမှာ လို Stock Share တွေကလည်း မရှိသေးတဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ သူတို့လက်ထဲမှာ ရှိတဲ့ ငွေပိုငွေလျံလေးတွေကို ဘဏ်မှာ တစ်နှစ်လုံး စုမှ ၈.၂၅% (ဥပမာ ၁၀၀ ကျပ်စုမှ ၈.၂၅ ကျပ်ရမယ့်) ဘဲ return ရမယ့်နေရာမှာ မှိုအတက်ခံ သွားသိမ်းထားမလား...........

ဝိုင်းပြီးဆွေးနွေးမှုကို အတိုင်းမသိကြိုဆိုပါတယ်ခင်ဗျာ။

Address

Dagon
Yangon
11011

Website

Alerts

Be the first to know and let us send you an email when Dagon Sake Kan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share