Yo Yo HOME

Yo Yo HOME We Build Integrity, We Deliver Trust မြောက်ဒဂုံ အ​ရှေ့ဒဂုံ အိမ်ခြံ​မြေ ​ရောင်း၀ယ်​ရေး

03/01/2026

👉အမေးများတဲ့_Bankချိတ် ( )

📌 ပထမဆုံး မိမိ ဝယ်ချင်တဲ့ လုံးချင်း / Condo / တိုက်ခန်းပိုင်ရှင်က ဘဏ်နဲ့ Home Loan ချိတ်ဝယ်တာကို လက်ခံ မခံ အရင်ဆုံး မေးဖို့ လိုပါတယ်

📌 အဆင့်များပြီး အချိန်ပေးရတာမို့ အိမ်ရှင်တိုင်းက ဘဏ်ချိတ်ကို လက်မခံတတ်ကြပါဘူး

ချိတ် ဆိုတာက လုံးချင်း ၊ Condo ၊ တိုက်ခန်းဝယ်ယူဖို့ မိမိဘက်မှ 30% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ 70% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုး ဖြစ်ပါတယ်။

Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာ အနည်းဆုံး ( 10 ) သိန်း နှင့်် အထက် ရှိဖို့ လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေ၏ ( 3 ) ဆ ရှိရင် ရနိုင်ပါတယ်။

ဥပမာ - 4 သိန်း ဆပ်ရတယ်ဆိုရင် ( 3 )ဆ 12 သိန်း ရှိရင်ရပါပြီ။ တစ်ယောက်ထဲ လစာမလောက်ဘူး ဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ ရပါတယ်။

(က)။ #လူပုဂ္ဂိုလ်တစ်ဦးချင်း(သို့) #ဝန်ထမ်းတစ်ဦးချင်းအတွက်

လိုအပ်သော စာရွက်စာတမ်းများ

(1) မှတ်ပုံတင် မိတ္တူ (မူရင်းပြရန်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(5) ရပ်ကွက်ထောက်ခံစာ
(6) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(7) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ)
(သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(8) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(9) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(10) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(11) Bank Statement ( 6 ) လစာ တင်ပြရပါမည်

(ခ)။ #ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်

လိုအပ်သောစာရွက်စာတမ်းများ

(1) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(5) ရပ်ကွက် ထောက်ခံစာ
(6) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(7) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(8) ဘဏ္ဍာရေး ရှင်းတမ်း( 3 ) နှစ်စာ (တင်ပြနိုင်လျှင်)
(9) Bank statement ( 6 ) လစာ (ရှိလျှင်)
(10) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(1) မှတ်ပုံတင် မိတ္တူ (မူရင်းပြရမည်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(5) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(6) စရန်ပေးစာချုပ် မိတ္တူ (မူရင်းပြရမည်)
(7) ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(8) Form VI, Form XXVI, Form E
(9) ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း
( ဘဏ်တွင် Mortgage Loan (ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာ အားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ )
(10)ဘဏ္ဍာရေး ရှင်းတမ်း(3 နှစ်စာ)(တင်ပြနိုင်လျှင်)
(11) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(12) အခွန်ပြေစာ (3 နှစ်စာ) (ရှိလျှင်)

Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?
(1) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(2) ကန်ထရိုက်၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(3) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(4) မြေရှင်ရဲ့ မိတ္တူ
(5) BCC စာရွက်
(6) ဆောက်လုပ်ခွင့်စာရွက်
(7) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(8) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(9) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ

📌 အထက်ဖော်ပြပါ စာရွက်စာတမ်းအားလုံးကို မူရင်းပြပေးရပါမည်။

📌 ထိုအချက်အလက်တွေ အားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှ ဆင်းကြည့်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ မီးအာမခံ ဆင်းကြည့်မှာ ဖြစ်ပါတယ်။

📌 အချက်အလက်တွေ အကုန် ပြည့်စုံပြီ ဆိုရင်တော့ ဝယ်သူဘက်မှ 30% ထုတ်ပေးရမှာ ဖြစ်ပြီး bankဘက်မှ 70% ထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်

📌 ထုတ်ပေးလိုက်တဲ့ 70% ကိုတော့ အတိုးနဲ့ နှစ်ရှည် ပြန်ဆပ်ရမှာဘဲ ဖြစ်ပါတယ်။

📌 လိုအပ်သော စာရွက်စာတမ်းများ မိမိမှာ အပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူတာမှုဆိုတာ ပိုလွယ်ကူပြီး မြန်ဆန်ပါကြောင်း ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

Credit respectfully goes to Original Uploader

🏡 ရန်ကုန်မှာ အိမ်ဆောက်တော့မယ်ဆို မဖြစ်မနေသိထားရမည့် "မြေချန်" စည်းကမ်းများ🤷‍♀️ အိမ်တစ်လုံးစဆောက်တော့မယ်ဆိုရင် ဒီဇိုင်းလှ...
23/12/2025

🏡 ရန်ကုန်မှာ အိမ်ဆောက်တော့မယ်ဆို မဖြစ်မနေသိထားရမည့် "မြေချန်" စည်းကမ်းများ

🤷‍♀️ အိမ်တစ်လုံးစဆောက်တော့မယ်ဆိုရင် ဒီဇိုင်းလှဖို့လိုသလို စည်ပင် (YCDC) ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ကလည်း အဓိကကျပါတယ်။
ဒါမှ နောင်တစ်ချိန် အရှုပ်အရှင်းကင်းကင်းနဲ့ နေထိုင်နိုင်မှာပါ။

💁‍♀️ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လက်ရှိသတ်မှတ်ထားတဲ့ အဆောက်အအုံဆိုင်ရာ မြေချန် (Setback) စည်းကမ်းချက်တွေကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

🏗️ (၁) ၃ ထပ်နှင့်အောက် အဆောက်အအုံများအတွက်
✅ပေ (၄၀’ x ၆၀’) မြေကွက်များ

• ရှေ့ဘက် - ၁၂’ ချန်ရမည်။
• နောက်ဘက် - BDS (နောက်ဖေးလမ်းကြား) ရှိလျှင် ၁’ ၊ မရှိလျှင် ၆’ ချန်ရမည်။
• ဘေးနှစ်ဘက် - အမိုးစွန်းမှ ၃’ စီ ချန်ရမည်။

✅ မျက်နှာစာ ၂၅’ မှ ၃၉’ ကြား မြေကွက်များ
• ဘေးနှစ်ဘက် အမိုးစွန်းမှ ၁’-၆” (တစ်ပေခွဲ) စီ ချန်ရမည်။
• မျက်နှာစာ ၂၅’ အောက် မြေကွက်များ
• ဘေးနှစ်ဘက် အမိုးစွန်းမှ ၁’ စီ ချန်ရမည်။

🏗️ (၂) ၄ ထပ်နှင့်အထက် အဆောက်အအုံများအတွက်
🏢 Downtown ၆ မြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်)

• ရှေ့ဘက်နှင့် ဘေးနှစ်ဘက်ကို မြေပြည့်ဆောက်လုပ်ခွင့်ရှိပါသည်။
• သို့သော် ဘေးမြေပြည့်ဆောက်ပါက (ပြတင်းပေါက်မပါဘဲ) နံရံအပိတ် ဆောင်ရွက်ရပါမည်။

🏘️ ကျန်မြို့နယ်များ
✅ ပေ (၄၀’ x ၆၀’) မြေကွက်များ

• ရှေ့ဘက် - ၅’ (Clear) ချန်ရမည်။
• ဘေးနှစ်ဘက် - အမိုးစွန်းမှ အနည်းဆုံး ၃’ စီ ချန်ရမည်။
• နောက်ဘက် - BDS ရှိလျှင် ၁’ ၊ မရှိလျှင် ၆’ ချန်ရမည်။

✅ ရှေ့နောက်အရှည် ပေ (၅၀) မြေကွက်များ

• ရှေ့ဘက် (မြေညီထပ်) - ၅’ ချန်ရမည်။
• ကျန်အထပ်များ - Cantilever ၄’ ပြန်ထုတ်ပြီး ၁’ ချန်ရမည်။

✅ မျက်နှာစာ ၂၅’ မှ ၃၉’ ကြား မြေကွက်များ

• ဘေးနှစ်ဘက် အမိုးစွန်းမှ ၁’-၆” စီ ချန်ရမည်။ (Slide Window များသာ တပ်ဆင်ခွင့်ရှိ)
• မျက်နှာစာ ၂၅’ အောက် မြေကွက်များ
• ဘေးနှစ်ဘက် အမိုးစွန်းမှ ၁’ စီ ချန်ရမည်။ (Slide Window များ တပ်ဆင်ခွင့်ရှိ)

🛣️ (၃) အဓိက လမ်းမကြီးများ
(ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်း)

• အဆိုပါ လမ်းမကြီးများပေါ်တွင် ဆောက်လုပ်ပါက ပင်မအဆောက်အအုံ၏ ရှေ့ဘက် (မိမိပိုင်နယ်နိမိတ်မှ) ပေ ၂၀ ချန်၍ ဆောက်လုပ်ခွင့်တင်ပြရပါမည်။

🏙️ (၄) ၉ ထပ်နှင့်အထက် High-Rise အဆောက်အအုံများ

• ရှေ့ဘက် - အနည်းဆုံး ၁၂’ ချန်ရမည်။
• ဘေး (ဝဲ/ယာ) နှင့် နောက်ဘက် - အနည်းဆုံး ၆’ စီ ချန်ရမည်။

(Source: ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ)

Credit respectfully goes to Original Writer

13/12/2025

#သတိပြုရန်
(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။

အဘယ်ကြောင့်ဆိုသော်:-

(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။

(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။

(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။

(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။

(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။

(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။

Credit respectfully goes to Original Writer

️North Dagon  Coordinates: 16°53′0″N 96°10′0″E✅️Country  ✅️Region  ✅️District
21/11/2025

️North Dagon
Coordinates: 16°53′0″N 96°10′0″E

✅️Country
✅️Region
✅️District

20/11/2025

🏦 ၄၂ ရပ်ကွက် | ဦးဝိစာရ ကျောကပ် (၂၀' x ၆၀') မြေကွက်ကောင်း

ဤနေရာသည် ၄၂ ရပ်ကွက် တွင် တည်ရှိပြီး၊ ဦးဝိစာရလမ်းမကြီး ကျောကပ် ဖြစ်သည့်အတွက် နေထိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် အလွန်သင့်လျော်သော နေရာကောင်းဖြစ်ပါသည်။

မြေကွက် အချက်အလက်နှင့် ဝယ်ယူမှု အခွင့်အလမ်း:

တည်နေရား: ၄၂ ရပ်ကွက် (ဦးဝိစာရလမ်းမကြီး ကျောကပ်)

မြေအကျယ်: ၂၀ ပေ x ၆၀ ပေ (၂၀' × ၆၀')

ပိုင်ဆိုင်မှု: ဂရမ် အမည်ပေါက် (စာရွက်စာတမ်း အပြည့်အစုံ)

ဝယ်ယူမှု အထူးအခွင့်အရေး: #ဘဏ်ချိတ်ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ပါသည်။

ရင်းနှီးမြှုပ်နှံမှု တန်ဖိုး: ၅,၀၀၀ သိန်း (ဤတန်ဖိုးဖြင့် ပိုင်ဆိုင်ခွင့် ရရှိနိုင်ပါသည်။)

📲 အသေးစိတ် သိရှိလိုပါက:
ဤနေရာကောင်းကို လာရောက်ကြည့်ရှုလိုပါက သို့မဟုတ် တန်ဖိုးနှင့်ပတ်သက်၍ ဆွေးနွေးလိုပါက၊ အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

📞 ဆက်သွယ်ရန်: 09979010233
09262654001

20/11/2025

🛑 အိမ်ခြံမြေ ဝယ်ယူတော့မယ်ဆိုရင် ဒီအချက်တွေကို သတိထားပါ။

တန်ဖိုးကြီး အိမ်ခြံမြေ ဝယ်ယူရာတွင် အရှုပ်အရှင်းကင်းပြီး စိတ်ချရဖို့အတွက် မဖြစ်မနေ စစ်ဆေးရမည့် အဓိက (၄) ချက် ကို ဖော်ပြလိုက်ပါတယ်။

၁။ 📜 စာရွက်စာတမ်း စစ်မှန်ရေးစစ်ဆေးရန်။
လက်ရှိကာလမှာ စာရွက်စာတမ်း အတုတွေ ပေါများလာတဲ့အတွက် ဂရမ်/ပါမစ် စစ်မှန်မှု ကို အာမခံနိုင်ဖို့ အရေးကြီးဆုံးပါပဲ။

စစ်ဆေးရန်: သက်ဆိုင်ရာဌာန (ရုံး) တွင် ကန့်ကွက်မှုရှိမရှိနှင့် အချက်အလက်မှန်ကန်မှု မဖြစ်မနေ စစ်ဆေးပါ။

ကူညီနိုင်သူ: အတွေ့အကြုံရင့် အိမ်ခြံမြေ ကျွမ်းကျင်သူ နှင့် ရှေ့နေများ။

၂။ 📰 လူမှုရေး အရှုပ်အရှင်း ကင်းရှင်းရေး
ပိုင်ဆိုင်မှု အငြင်းပွားမှုများ မပေါ်ပေါက်စေရန်:

ကြော်ငြာ: ဥပဒေအရ ခိုင်မာစေရန် သတင်းစာကြော်ငြာ မဖြစ်မနေ ထည့်သွင်းပါ။

စုံစမ်း: အနီးပတ်ဝန်းကျင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် စုံစမ်းပါ။

၃။ ✍️ စာချုပ်စာတမ်း အပြည့်အစုံ ပြုလုပ်ခြင်း
စရံပေးစာချုပ်မှသည် ငွေကြေစာချုပ်အထိ စာချုပ်များတွင် လိုအပ်သည့် အချက်အားလုံး (ဥပမာ- အမည်ပေါက်ချိန်၊ လွှဲပြောင်းလုပ်ငန်းများ) ကို ငွေမကြေခင် ပြည့်စုံအောင် ထည့်သွင်းရေးသားချုပ်ဆိုပါ။

၄။ 🔑 အိမ်ခြံမြေ လက်ရောက် ရယူထားခြင်း
ငွေပေးချေပြီးသည်နှင့် မြေကို လက်ရောက် ရယူထားရန် အလွန်အရေးကြီးပါသည်။

လုပ်ဆောင်ရန်: မြေလွတ်ဆိုလျှင် ခြံခတ် ခြင်း၊ အမည်ပြောင်း ခြင်း၊ ရပ်ကွက်ရုံးတွင် မှတ်တမ်းတင်ခြင်း တို့ကို ချက်ချင်းလုပ်ဆောင်ပါ။

သတိပြုရန်: ဥပဒေအရ အမည်ပြောင်းမထားပါက သူတစ်ပါး ကျူးကျော်ပါက ပြန်လည်ဖြေရှင်းရန် အခက်အခဲရှိပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသည်။

🏠 အိမ်ခြံမြေ ပြဿနာတိုင်းအတွက် Yo Yo HOME ရှိပါတယ်။
အိမ်ခြံမြေ ဝယ်ယူရာတွင် ကြုံတွေ့ရနိုင်သည့် အလုပ်ရှုပ်စရာများနှင့် ဥပဒေဆိုင်ရာ ပြဿနာအားလုံးကို စိုးရိမ်စရာမလိုဘဲ ကျွန်တော်တို့ Yo Yo HOME အိမ်ခြံမြေအကျိုးဆောင် မှ အစအဆုံး တာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါသည်။

📌 ကျွန်တော်တို့ရဲ့ One-Stop ဝန်ဆောင်မှုများ:
ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန်ထမ်းများနှင့် အိမ်ခြံမြေရှေ့နေများမှ အောက်ပါ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အပြီးအစီး ဆောင်ရွက်ပေးပါသည်။

✅ စာရွက်စာတမ်း စစ်ဆေးခြင်း: ပါမစ်/ဂရမ် မှန်ကန်မှု စစ်ဆေးခြင်း။

✅ ပိုင်ဆိုင်မှု ပြောင်းလဲခြင်း: ဂရမ်အမည်ပြောင်း၊ ပါမစ်မှ ဂရမ် လျှောက်ထားခြင်း၊ ဂရမ်ခွဲခြင်း။

✅ စာချုပ်ချုပ်ဆိုခြင်း: မှတ်ပုံတင် စာချုပ်ကြီးများ ချုပ်ဆိုခြင်း။

✅ ဆက်စပ်ဝန်ဆောင်မှု: မြေပုံကူးခြင်း၊ သက်တမ်းတိုးခြင်း၊ ပါဝါလွှဲခြင်း၊ ဘဏ်ချေးငွေ လျှောက်ထားခြင်းနှင့် သတင်းစာကြေငြာခြင်း။

🤝 ဘာကြောင့် Yo Yo HOME ကို ရွေးချယ်သင့်သလဲ။
💯 တာဝန်ယူမှု အပြည့်: တိကျမှန်ကန်၊ မြန်ဆန်သော ဝန်ဆောင်မှု။

⚖️ ဥပဒေအရ ခိုင်မာစေခြင်း: သင်၏ပိုင်ဆိုင်မှုများကို ဥပဒေအရ ခိုင်မာအောင် လုပ်ဆောင်ပေးခြင်း။

⭐️ Review ကောင်းများ: ဝယ်သူ၊ ရောင်းသူများဆီမှ အသိအမှတ်ပြု Review များ ရရှိထားခြင်း။

မိမိတို့ရဲ့ တန်ဖိုးကြီး ပိုင်ဆိုင်မှုတွေကို တာဝန်ယူမှု အပြည့်နဲ့ စိတ်ချလက်ချ အပ်နှံဖို့ဆိုရင် ကျွန်တော်တို့ Yo Yo HOME ကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျာ။

ဆက်သွယ်ရန်: 📱09979010233
📱09262654001

ခြံမြေဝယ်ရင် ဘာကြောင့် သတင်းစာထည့်ကြေညာထည့်သွင်းကြရတာလဲ။=========================================အိမ်ခြံမြေ၊ တိုက်ခန်းဝယ...
18/11/2025

ခြံမြေဝယ်ရင် ဘာကြောင့် သတင်းစာထည့်ကြေညာထည့်သွင်းကြရတာလဲ။
=========================================

အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူကြရာတွင် သတင်းစာထဲထည့်သွင်းကြေညာလေ့ရှိတတ်ကြပါတယ်။ ဘာအကြောင်းကြောင့် ကြေညာကြတာလဲဆိုတာ မသိကြသူ များရှိကြသလို၊ သိရှိတဲ့သူများလည်း ရှိကြပါတယ်။

မရွေ့မပြောင်းနိုင်သည့်ပစ္စည်းများဖြစ်သည့် အိမ်ဝန်ခြံမြေ၊ တိုက်ခန်းများ အ ရောင်းအဝယ်ပြုလုပ်ရာတွင် အပြီးသတ်စာ ချုပ်မချုပ်ခင် စရံပေးစာချုပ် ချုပ်ဆိုလေ့ရှိတတ်ကြပါတယ်။ ယင်းစရံပေးစာချုပ် ချုပ်ဆိုပြီးနောက်-

- ဝယ်ယူသူမှ မိမိဝယ်ယူမည့်ပစ္စည်းဟာ ပိုင်ဆိုင်မှုပတ်သတ်၍ အရှုပ်အရှင်းရှိ မရှိသိရှိစေရန် ထိုက်သင့်သော လုံလပြုရပေမည်။

- စရံမချခင်ကတည်းက သတင်းစာထဲထည့်သွင်းကြေညာမယ်လို့ပြောလိုက်တာနဲ့ အဖြစ်အမှန်ကိုဖုံးကွယ်၍ လိမ်ညာရောင်း ချသူများအနေဖြင့်လည်း အနည်းနှင့်အများဆိုသလို အရောင်း အဝယ်အားပျက်သွားတတ်ကြသဖြင့်လိမ်လည်မှုရန်မှ အတော် အသင့်ကင်းဝေးသွားတတ်ပါတယ်။

- အကယ်၍ ရောင်းချသူသည် အခြားသူတစ်ဦးအား ရောင်းချထားပြီးဖြစ်လျှင် တစ်ဖက်မှကန့်ကွက်လာခဲ့ပါက အထိုက်အလျှောက်ရှင်းရလွယ်နိုင်ပြီး ဆုံးရူံးနစ်နာမှုကြီးကြီးမားမားမဖြစ်နိုင်ပေ။

- အရောင်းအဝယ်ပြီးမြောက်ပြီး လက်ရောက်ရရှိခဲ့သူဖြစ်ပါက နောင်တစ်ချိန်တွင် အမွေဆိုင်တစ်ဦးဦးမှ အဆိုပါအရောင်းအ ဝယ်သည်ကျန်အမွေဆိုင်များမသိရှိဘဲရောင်းချခြင်းဖြစ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ထားသည့် စာ ချုပ်အား ဖျက် သိမ်းပေးစေလိုမှုအနေဖြင့် တရားမမှုစွဲဆိုလာပါကကာလစည်း ကမ်းသတ်ဥပဒေအရ ဝယ်ယူသူ သတင်းစာကြေညာထည့်သွင်းသည့်နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါတယ်။

ထိုသို့ (၃)နှစ်အတွင်းတရားစွဲဆိုခဲ့ခြင်းမရှိဘဲကာလစည်းကမ်း သတ်ကျော်လွန် သွားခဲ့မည်ဆိုလျှင် အဆိုပါ အချင်းဖြစ်အိမ်ခြံမြေ၊ တိုက်ခန်းအတွက် တရားစွဲဆိုဆောင်ရွက်လို့ ရမည်မဟုတ်တော့ပါ။

စာဖတ်မိတ်ဆွေများလည်း အိမ်ခြံမြေ၊ တိုက်ခန်းဝယ်ယူပါက ဘာကြောင့် သ တင်းစားထဲထည့်သွင်းကြေညာသင့်သလဲဆိုတာ အထိုက်အသင့် သိရှိနားလည်းလောက်ပြီး ထင်ပါတယ်။

17/11/2025

#မိမိတို့ပိုင်ဆိုင်​သော​မြေကွက်များ အိမ်များရောင်းချမည်ဟုစိတ်ကူးရှိပါက..

✅️ ရပ်ကွက် ?
✅️ မြေကွက်အမှတ် ?
✅️ ပေအကျယ် ?
✅️ ပိုင်ဆိုင်မှုမြေအမျိုးအစား ?
✅️ ရောင်းချလိုသည့်ဈေး ?

အ​သေးစိတ် အချက်အလက်တို့အား North Empire ၏ messenger သို့​ စိတ်ချယုံကြည်စွာဖြင့်ပေးပို့နိုင်ပါသည်။


Responsibility is our business advantage.
09979010233
09262654001

 #မြောက်ဒဂုံ  - ၄၃ ရပ်ကွက်  #အကျယ်အဝန်း - ( 20' x 60' )  #အမျိုးအစား -  ​3RC၊ မင်းရဲတည့်​ပေါက် #စာရွက်စာတမ်း - ဂရံအမည်​ပ...
08/11/2025

#မြောက်ဒဂုံ - ၄၃ ရပ်ကွက်
#အကျယ်အဝန်း - ( 20' x 60' )
#အမျိုးအစား - ​3RC၊ မင်းရဲတည့်​ပေါက်
#စာရွက်စာတမ်း - ဂရံအမည်​ပေါက်
#ဈေးနှုန်း - သိန်း 9800 ညှိနှိုင်း

☎️09979010233
☎️09262654001

အိမ်၊ခြံ၊မြေကွက်များ လာရောက်ကြည့်ရှုပါက
တနာရီခန့် ကြိုတင်ပြီးဖုန်းဆက်ပေးပါရှင့်။

 #မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန် မြေပုံမြေရာဇဝင်ဆိုသည်မှာမရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြ...
30/08/2025

#မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်

မြေပုံမြေရာဇဝင်ဆိုသည်မှာ

မရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ။

မြေတစ်ကွက်ကိုဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို အရင်စစ်ဆေးရမယ်လို. ဥပဒေတွေမှာ ပါပါတယ်။
“မြေပုံစာရွက်ရယ်” ၊ “မြေရာဇဝင်စာရွက်ရယ်” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို. ခေါ်ကြတာပါ။

မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံအမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံးကတော့ အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်တဲ့အခါပေါ့။

စာချုပ်စာတမ်းမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၂၁) တွင်မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်၊ ပေးကမ်း၊ စွန်.လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလ ျှင် “မြေပုံမြေရာဇဝင်” မပါရှိခဲ့လ ျှင်လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။

မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော “မြို.ပြမြေစာရင်း” မှ ကောက်နုတ်ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ/မရှိဆိုတာကို အိုးအိမ်ဦးစီးဌာန (သို.) မြို.တော်စည်ပင်တို.တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။

မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ။ ပုံစံ ၁၀၆ ကမှမြေရာဇဝင်၊ အဲဒီ (၂)ရွက်ပေါင်းကိုမြေပုံမြေရာဇဝင်လို.ခေါ်ပါတယ်။ မြို.တော်စည်ပင်ကထုတ်ပေးတဲ့ မြေပုံကလေးပါတာကိုမြေပုံ။ မြေရာဇဝင်ပါတဲ့ စာရွက်ကိုမြေရာဇဝင်လို.ခေါ်ပြီး (၂)ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ်။

#အောက်ပါကိစ္စရပ်များအတွက် သက်သေခံ #မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။

- #အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်
- #အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်
- #ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်
- #အဝီစိတွင်းတူးခွင့် လျှောက်ထားရန်
- #ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
- #မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်
- #ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန်
- #အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- #မှတ်တမ်းအဖြစ်ထားရှိရန်

ဒီလိုအကန့်အသတ်တွေရှိတယ်


#ရွာမြေ၊ #ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။ မြေတိုင်းတားပေးသည်။
လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။
အဆောက်အဉီးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။

Credit goes to original uploader

မြို့နယ်အလိုက် ရောင်းခွန် ဝယ်ခွန်   နှုန်းထားများ
26/08/2025

မြို့နယ်အလိုက် ရောင်းခွန် ဝယ်ခွန် နှုန်းထားများ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yo Yo HOME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share