Myanma Insurance

Myanma Insurance 627/635, Merchant St., Yangon, Myanmar

မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသည့်  U Kyu Family Grains & Manufacturing Co.,Ltd ပိုင် ကုန်ပစ္...
23/07/2026

မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသည့် U Kyu Family Grains & Manufacturing Co.,Ltd ပိုင် ကုန်ပစ္စည်း (ဂျုံအိတ်များ) သယ်ဆောင်လာသည့် MV- ATK Nyein သင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်သွားပြီး ရေယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအားလုံး နစ်မြုပ်ဆုံးရှုံးသွားပါသဖြင့် လျော်ကြေးငွေကျပ် - ၃၆,၆၃၀,၀၀၀/- ( ကျပ် သုံးရာခြောက်ဆယ့်ခြောက်သိန်း သုံးသောင်း တိတိ) အား ( ၂၃.၇.၂၀၂၆ ) ရက်နေ့တွင် လျော်ကြေးပေးချေခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသည့် Proven Distribution Co.,Ltd ပိုင် ကုန်ပစ္စည်း (Battery) မျ...
22/07/2026

မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသည့် Proven Distribution Co.,Ltd ပိုင် ကုန်ပစ္စည်း (Battery) များ သယ်ဆောင်လာသည့် MV- ATK Nyein သင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်သွားပြီး ရေယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအားလုံး နစ်မြုပ်ဆုံးရှုံးသွားပါသဖြင့် လျော်ကြေးငွေကျပ် - ၇၃,၂၉၄,၀၀၀/-( ကျပ် ခုနစ်ရာ သုံးဆယ့် နှစ်သိန်း ကိုးသောင်း လေးထောင် တိတိ) အား ( ၂၁.၇.၂၀၂၆ ) ရက်နေ့တွင် လျော်ကြေးပေးချေခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသည့် Green Land International Co.,Ltd ပိုင် ကုန်ပစ္စည်း(ဂျုံအိတ...
22/07/2026

မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းကုန်ပစ္စည်း အာမခံထားရှိသည့် Green Land International Co.,Ltd ပိုင် ကုန်ပစ္စည်း(ဂျုံအိတ်များ နှင့် မုန့်ပွဆေးများ ) သယ်ဆောင်လာသည့် MV- ATK Nyein သင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်သွားပြီး ရေယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအားလုံး နစ်မြုပ်ဆုံးရှုံးသွားပါသဖြင့် လျော်ကြေးငွေကျပ် - ၅၀,၉၉၅,၀၀၀ /- ( ကျပ် ငါးရာ့ကိုးသိန်း ကိုးသောင်း ငါးထောင် တိတိ) အား ( ၂၁.၇.၂၀၂၆ ) ရက်နေ့တွင် လျော်ကြေးပေးချေခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် ရေယာဉ်ကိုယ်ထည် အာမခံထားရှိခဲ့သည့် အောင်ဆုပြည့် ရေယာဉ်သည် တရုတ်လှ ကျေးရွာအနီးရှိ မြစ်အတွင်း သဲစု...
21/07/2026

မြန်မာ့အာမခံလုပ်ငန်းတွင် ရေယာဉ်ကိုယ်ထည် အာမခံထားရှိခဲ့သည့် အောင်ဆုပြည့် ရေယာဉ်သည် တရုတ်လှ ကျေးရွာအနီးရှိ မြစ်အတွင်း သဲစုပ်နေစဉ် သောင်ငြိ၍ နစ်မြုပ်သွားသည့်အတွက် လျော်ကြေးငွေကျပ် ၂၃၅,၄၀၅,၀၀၀/- (ကျပ် နှစ်ထောင့်သုံးရာ ငါးဆယ့် လေးသိန်း ငါးထောင် တိတိ) အား ( ၂၁.၇.၂၀၂၆) ရက်နေ့တွင် လျော်ကြေးပေးချေခဲ့ပါသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၆ ခုနှစ် မေလ ၂ ရက်နေ့ ဖြစ်ပွါးခဲ့သော မိုဆွေ-လွင်သာယာလမ်း၌ ဝါးကားတိမ်းမှောက်မှုကြောင...
08/07/2026

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၆ ခုနှစ် မေလ ၂ ရက်နေ့ ဖြစ်ပွါးခဲ့သော မိုဆွေ-လွင်သာယာလမ်း၌ ဝါးကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ မိသားစုဝင်များကို သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင်လ ၈ ရက်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က အောင်ချမ်းသိမ်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ ဥတ္တသီရိခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၊ နေပြည်တော်တိုင်းရုံးမှ တိုင်းတာဝန်ခံ ဒေါက်တာချောစုမြတ်သန္တာလွင်က သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူတို့က ထိခိုက်သေဆုံးခဲ့ရသူ ၁၇ ဦးတို့အတွက် အာမခံနစ်နာကြေးငွေ စုစုပေါင်း ကျပ်သိန်း ၅၁၀ အား အကျိုးခံစားခွင့်ရှိသူများထံ ပေးအပ်ကြရာ လက်ခံရရယူကြပြီး နစ်နာကြေးငွေရရှိကြသူများကိုယ်စား အကျိုးခံစားခွင့်ရရှိခဲ့သူတစ်ဦးက ကျေးဇူးတင်စကားပြော ကြားခဲ့ကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံထားရှိသော Create Beauty (Myanmar) Knitted Wear Co.,Ltd (ပိုင်) Transformer များသည် ဝါယာ...
09/06/2026

မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံထားရှိသော
Create Beauty (Myanmar) Knitted Wear Co.,Ltd (ပိုင်) Transformer များသည် ဝါယာရှော့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် ၇၇၅.၆၇ သိန်းအား (၈-၆-၂၀၂၆) ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

သထုံမြို့နယ်၌ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပသထုံ    ဇွန်    ၃မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်...
03/06/2026

သထုံမြို့နယ်၌ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

သထုံ ဇွန် ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း၊ သထုံခရိုင်တာဝန်ခံ ဒေါ်မျိုးသဉ္ဇာလင်းက သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ထိခိုက်သေဆုံးခဲ့ရသူ ၁၃ ဦးတို့အတွက် အာမခံနစ်နာကြေးငွေ စုစုပေါင်း ကျပ်သိန်း ၃၉၀ အား အကျိုးခံစားခွင့်ရှိသူများထံ ပေးအပ်ကြရာ လက်ခံရရယူကြပြီး နစ်နာကြေးငွေရရှိကြသူများကိုယ်စား အကျိုးခံစားခွင့်ရရှိခဲ့သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံထားရှိသော May Fair (Myanmar) Industry Co.,Ltd (ပိုင်) ကုန်ပစ္စည်းများသည် မီးလောင်ကျွမ်း...
29/05/2026

မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံထားရှိသော
May Fair (Myanmar) Industry Co.,Ltd (ပိုင်)
ကုန်ပစ္စည်းများသည် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် တစ်စိတ်တစ်ဒေသပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၆၇၅.၂၃ သိန်းအား (၂၉-၅-၂၀၂၆) ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးများကို စက်တပ်ယာဥ်ထိခိုက်မှုကြောင့်သေဆုံးလျှင် ကျပ်သိန်း၃၀ ဒဏ်ရာရလျှင်အများဆုံး၂၄သိန်း က...
27/05/2026

သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးများကို စက်တပ်ယာဥ်ထိခိုက်မှုကြောင့်သေဆုံးလျှင် ကျပ်သိန်း၃၀ ဒဏ်ရာရလျှင်အများဆုံး၂၄သိန်း ကို နယ်ရုံးခွဲများတွင်လည်း လျောက်ထားထုတ်ယူနိုင်ပါသည်။နေပြည်တော်ရုံးလိပ်စာ-မြဉ္ဇူလမ်းနှင့် ၂၂လမ်းထောင့် ၊ အောင်သာယာရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်

မြန်မာ့အာမခံလုပ်ငန်းမှ ၂၈.၁.၂၀၂၆ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊နေပြည်တော်-ချောင်းနက်လမ်း၊မိုင်တိုင်အမှတ်(၃၈/၄)အနီးတွင် ဇော...
21/05/2026

မြန်မာ့အာမခံလုပ်ငန်းမှ ၂၈.၁.၂၀၂၆ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊နေပြည်တော်-ချောင်းနက်လမ်း၊မိုင်တိုင်အမှတ်(၃၈/၄)အနီးတွင် ဇော်လေးနိုင် ဇာတ်အဖွဲ့သားများလိုက်ပါသော မော်တော်ယာဥ်သည် အရှိန်မထိန်းနိုင်ပဲ ချောက်အောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဥ်ပေါ်ပါ ကျား၁၉ဦး၊မ၈ဦး ပေါင်း(၂၇)ဦးလိုက်ပါလာရာတွင် (၈)ဦးသေဆုံးခဲ့ခြင်းအတွက် သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးတစ်ဦးလျှင်ကျပ်သိန်း(၃၀) စုစုပေါင်းကျပ်သိန်း (၂၄၀)ကို အကျိုးခံစားခွင့်ရှိသူမိသားစုဝင်များအားပေးအပ်ခဲ့ပါသည်။

Address

Merchant Street
Yangon
11181

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+951379696

Alerts

Be the first to know and let us send you an email when Myanma Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share