BEST Insurance Services Group - Myanmar

BEST Insurance Services Group - Myanmar အိမ်အရောက်၊ ရုံး/လုပ်ငန်းခွင်အရောက် ပိတ်ရက်မရှိ (အခမဲ့)ဝန်ဆောင်မှုများဖြင့် ရယူနိုင်ပါပြီ

21/12/2021

တရုတ်ကား (လုံး၀) လုံး၀
၀န်ဆောင်မှု မပေးပါ။

ငွေထက် တန်ဘိုးထားရမဲ့
အရာတွေအတွက် ဖြစ်ပါတယ်။

ကိုတင်

ကြွယ်ချင်တာပေါ့ဘယ်ကာစတန်မာကိုဘယ်လို ၀န်ဆောင်မှုတွေ ပေးလိုက်တယ်ဆိုပြီးဘယ်လို ဘယ်လိုတွေ အောင်မြင်နေတာဆိုပြီးဒါပေမဲ့ မြိုသိ...
10/12/2021

ကြွယ်ချင်တာပေါ့

ဘယ်ကာစတန်မာကို
ဘယ်လို ၀န်ဆောင်မှုတွေ ပေးလိုက်တယ်ဆိုပြီး

ဘယ်လို ဘယ်လိုတွေ အောင်မြင်နေတာဆိုပြီး

ဒါပေမဲ့ မြိုသိပ်ထားတယ်။

ကာစတန်မာ အဟောင်းက လွဲရင်
၀န်ဆောင်မှုမပေးဖြစ်ခဲ့တာ

ရက်ပေါင်း ၃၀၀ ကျော်။

ယုံကြည်ချက်ကြောင့်

စွန့်လွှတ်လိုက်ရဲ့ ၀န်ထမ်းတွေ။

ရုံးခန်းတောင် အခန်းခ မတတ်နိုင်တော့လို့
ကြုံသလို ဖြေရှင်းနေရတဲ့ ဘ၀တွေ။

ဒီအချိန်မှာ တောင်းပန်တယ်ဆိုရုံကလွဲရင်
တကယ်ကို မတတ်နိုင်လို့ပါ လို့ပဲ
ပြောရင်း ။

အချို့၀န်‌ေဆာင်မှု အပြည့်အ၀ မပေးနိုင်တာ‌တောင်
၀င်ငွေရအောင် ကူညီပေး
နားလည်မှုပေးတဲ့ အကို အမ တွေကိုလည်း
မှတ်တမ်းထားရှိ ပါတယ်။

တချိန်က ကာစတန်မာတွေအတွက်
၂၄ နာရီ ၀န်ဆောင်မှုဆိုပြီး နေ့နေ့ညည
အာမခ‌ံ လောကကို ယှဉ်ပြိုင်မှုအားကောင်းစေ
အောင် တဖက်တလမ်းက ပါ၀င်အားဖြည့်ရင်း
ညနက်နက် လမ်းမီးတိုင်တွေနဲ့ ပျော်နေခဲ့ဘူးတာ။

ယုံကြည်နေပါတယ်။
ကျနော်တို့ အကောင်းဆုံး ၀န်ဆောင်မှုတွေနဲ့
မြို့ပြဆီ ပြန်လာနိုင်မဲ့ နေ့ကို။

အဲ့နေ့ကြ။

ဂုဏ်ယူစွာနဲ့ ပျော်ရွှင်စွာနဲ့။

ညနက်နက် မီးရောင်တွေကြားထဲ
လမ်းမထက် ကျနော် ပြန်ပြီး
ပျှော်ရွှင်ဘို့

admin Ko tin
ယုံကြည်ရင်းနဲ့

06/12/2021

December 10ရက်နေ့
ဆောင်ရွက်ရန် ကိစ္စများ
11ရက်နေ့သို့ ခေတ္တရွှေ့ဆိုင်းပေးပါရန် အနှုးညွှတ်
တောင်းပန်အပ်ပါသည်။

admin

05/12/2021

တရားမျှတမှုတွေ အမြန်ဆုံး
ပြန်လည် ထွန်းကားပါစေ။

admin

03/12/2021

ဆရာတော်တွေ ကိုယ်တိုင်ကားမောင်းတာတွေ များလာပြီးနောက်

RLG ဆို ဝေါင်ဝေါင်ရှေးတတ်လာ
ပြီ။

RLG
အသိ /သတိ

ကာစတန်မာများသို့ အသိပေးတင်ပြအပ်ပါသည်။https://www.facebook.com/1754188964814944/posts/3129248443975649/
25/11/2021

ကာစတန်မာများသို့ အသိပေးတင်ပြအပ်ပါသည်။
https://www.facebook.com/1754188964814944/posts/3129248443975649/

📜ယမ်းအာမခံ၏ မိတ်ဆွေများဆီ အသိပေးအကြောင်းကြားခြင်း

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်လိုင်စင် ၊ လုပ်ငန်းလိုင်စင် နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ခြင်းများကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်(၁၉) ကူးစက်ပြန့်ပွားမှု အခြေအနေအရ ခေတ္တရပ်ဆိုင်းခဲ့ခြင်းကြောင့် မော်တော်ယာဉ်လိုင်စင် နဲ့ ယာဉ်မောင်းလိုင်စင်များ သက်တမ်းလွန်ခဲ့သည်များ ရှိနေပါသည်. သို့ပါသောကြောင့် Young Insurance (GI) အနေဖြင့် မော်တော်ယာဉ် အာမခံထားရှိလိုသူများ နှင့် အာမခံသက်တမ်းတိုးလိုသူများ အဆင်ပြေစေဖို့အတွက် သက်တမ်းလွန် မော်တော်ယာဉ်များနဲ့ ယာဉ်မောင်းလိုင်စင်များကို ဖြေလျော့ကာ လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဤဝန်ဆောင်မှုကို (၃၁.၁၂.၂၀၂၁) အထိသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်…..

ယခုအခါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကနဦးမှတ်ပုံတင်ခြင်း၊နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်ခြင်း နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းတို့ကို ပုံမှန်ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်သောကြောင့် (၁.၁.၂၀၂၂) ရက်နေ့မှစပြီး အာမခံစဉ်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ကာ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ကြောင်း ယမ်းအာမခံမှ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်……

“တိကျမြန်ဆန်...ယမ်းအာမခံ”



#အာမခံ #ယမ်းအာမခံ

#ကားအာမခံ
#မော်တော်ယာဉ်အာမခံ

စက်မှုဇုန်ကားတွေရဲ့ ဒုက္ခ၊ ဂျင်းမမိအောင် မှတ်ထားကြ။ ကားတွေကြားထဲ ဇုံကတလည်လည်။ ဘယ်လောက်ပင် လည်တဲ့ ရန်ကုန်သားဖြစ်ပါစေ၊ အညှ...
20/11/2021

စက်မှုဇုန်ကားတွေရဲ့ ဒုက္ခ၊ ဂျင်းမမိအောင် မှတ်ထားကြ။ ကားတွေကြားထဲ ဇုံကတလည်လည်။ ဘယ်လောက်ပင် လည်တဲ့ ရန်ကုန်သားဖြစ်ပါစေ၊ အညှာသိရင် လုပ်မရဘူး။

WZF ကဖေါက်စွတ်။ Z တစ်လုံးတည်းဆိုရင် Burma (ဗမာလုံး)။

RTAက 11သိန်း 5သောင်း ဆောင်ထားရင် ကပ်ချိန်း။ တစ်စီးလုံးအော်​ခေါင်း၊ အော်ဖရိန်။

Zလုံးတည်းဖြစ်မယ် RTA တစ်သိန်းခွဲဆိုရင် ဗမာလုံး။

အက်ဒီ့မှာ RTA11သိန်း5သောင်းဆိုရင် ကပ်ချိန်းပေါက်ပြီနော်။

ဒီထဲမှာ ဝှီးတက် ပြထားတာက ကား2စီး 2ပုံတည်း။ ကျွန်နော် ပြောနေတာကား (3)စီးအကြောင်း ။ စာသေချာဖတ်ပါ။

ဒီထဲက အကောင်းဆုံးကားပြပါဆိုရင် Z တစ်လုံတည်း လာတဲ့ကားကို RTAအကြီး
။ 11သိန်း5သောင်း ဆောင်တဲ့ကားပိုကြိုက်ပါတယ်။ RTAအသေး တစ်သိန်းခွဲဆောင်တဲ့ကား မကြိုက်ပါ ခများ။

ဘယ်သူ 12ဘီး စက်မူ့ဇုံဝယ်ဝယ်၊ ligh truck စက်မူဇုံ ဝယ်ဝယ် Canter စက်မူ့ဇုံပဲဝယ်ဝယ် ဒါသိရင် ခင်များကားဝယ်တတ်ပြီ။

(ကညန) ဥပဒေကတော့ 2004နောက်ပိုင်းပြောင်းထားတာရှိပါတယ်။ ပြောင်းလဲတပ်ဆင်ခွင့်ပိတ်ထားတယ်။

ဒါ့ကြောင့် စက်မူ့ဇုံကားဝယ်တဲ့အခါ ကားကြည့်ဝယ်မရဘူးခမျ။

အုံနာဘုတ်စာမျက်နှာ၈ ဝှီးတက်နောက်ကျောစစ်ဆေးပြီးမှဝယ်ရတာပါ။

ပညာလည်းပါတယ်သိရင်မခက်ဘူး။အနာရှိသူများ စပ်ပါလိမ့်မယ်။ နောင်မျိုးဆက် ဒုက္ခမရောက်စေဖို့ ရည်ရွယ်ချက်နဲ့တင်ပေးလိုက်ပါတယ်။

တချို့လာမေးကြတယ်ပေအရှည်မှန်မမှန်မတွက်တတ်ဘူး လွယ်တယ်။

အုံနာဘုတ်စာမျက်နှာ၂မှာမီလီမီတာ ပါဘာတယ် အာ့ဒိမီလီမိတာကို 300နဲ့စားလိုက် ထွက်လာရင်ပေအရှည်က ရှေ့နံပတ်ပြားနောက်နံပါတ်ပြား အရှည်ထွက်လာပါတယ်။

ဟုတ်ပြီ ဘောဒီပေအရှည်အတီအကျသိချင်တာဆို အစောန300နဲ့စား ပိုတဲ့ဟာကို ဂေါင်း6ပေနုတ်လိုက် ကျန်တာဘော်ဒီပေအရှည်ပဲပေါ့ဗျာ။

(ကွင်းစ/ ကွင်းပိတ်) မှတ်ထားရမှာက ဝှီးတက်မှာ Z တလုံးတည်းလာတယ်။ RTAအသေးဆိုရင် မှတ်ထားလိုက်ပါ။ တစီးလုံး ဗမာရိုက်လုံးပါ။ ရုပ်ဗမာ/ဖရိန်ဗမာ ပါ။

crd canter kaung kaung

ခုဆို အာဆီယံကို တောင် ကျော်ပြီးလျပ်စစ်ရထားတွေကို ရှောင်နေရတာဖတ်ဖတ်ကို မောနေပါပြီနော့။
14/11/2021

ခုဆို အာဆီယံကို တောင် ကျော်ပြီး

လျပ်စစ်ရထားတွေကို ရှောင်နေရတာ
ဖတ်ဖတ်ကို မောနေပါပြီနော့။

08/11/2021

ခုလိုချိန်မှာ ခက်ခဲမှန်း သိရဲ့သားနဲ့အာမခံတွေက
ဘာကြောင့် ရဲစခန်းထောက်ခံစာကို အတင်းတောင်းနေကြတာလဲ။

ကာစတန်မာတွေက မယုံကြည်ရလို့လား။

ကိုတင်
#အာမခံ ကိုယ်စားလှယ်

31/10/2021

တရားမျှတမှုအတွက် ရဲရင့်ပါ။
မတရားမှုကို မစင်ကဲသို့
သဘောထားပါ။

သင်တို့သည် နိုင်ငံတော်များဖြစ်သည်။

မတရားမှုသည် ကျဆုံးရမည်။

ကိုတင်
#အာမခံ ကိုယ်စားလှယ်

29/10/2021

မှတ်တမ်း ထားရှိပါတယ်။

အလိုကြီးသောသူ
အတ္တကြီးသောသူ

ပြည်သူ့မျက်ရည်ကို
ဂရုမစိုက်သောသူ။

ိိထိုသူများ အနာဂါတ်နိုင်ငံတော်အတွက်
နေရာ မရှိစေရ။

ကိုတင်
#အာမခံ ကိုယ်စားလှယ်

25/10/2021

အာမခံ ကုမ္ပဏီ ထဲမှာ
GGI ဟာ အရင်ကနဲ့ မတူတော့ပါ။

အသံဖိုင်ပါ ရှိပါသည်။

GGI ဘာလဲ ဘယ်လဲ။

GGI နဲ့ JV လုပ်ထားတဲ့
japan company Tokio marine
ကရော မြန်မာပြည်သူတွေကို
ဘယ်လို သဘောထားပါလဲ။

အရမ်းကို သိချင်နေပါတယ်။

အာမခံ လော က ကိုလည်း

အင်မတန် စိတ်ပျက်နေမိပါပြီ။

အခြားအာမခံတွေလည်း ထိုနည်းတူပါပဲ။

တိုင်းပြည် စုတ်ပြတ်သတ်နေချိန်
သူဌေးတွေ ရဲ့ စိတ် ဘယ်လို ရှိနေပါလဲ
သိချင်မိပါတယ်။

ဘဏ်တွေလည်း ဓါးပြ တိုက်ရင် သိန်းထောင်
ကျော် ရပြီး

ရိုးသားစွာ ထုတ်ရင် နှစ်သိန်း‌ေလာက်တောင်
booking ခရိုနီ စနစ်နဲ့ ထုတ်နေရပါတယ်။

ဘဏ်နဲ့ အာမခံ လုပ်ငန်း များရဲ့
ပိုင်ရှင်(သူဌေးများ)ရဲ့ နောက်ကြောင်းရာဇ၀င်နဲ့
ယခု ရပ်တည်မှုကို ကြည့်ပြီး သုံးသပ်ရရင်
ပြည်သူတွေအတွက် ရင်လေးစရာပါ။

ကားလောကမှာလည်း တိုင်းပြည်ကို
ီမီးတောက်တွေနဲ့ လောင်ကျွမ်းစေအောင်
ပြုစားပြီးမှ စီးပွား ရှာနေတဲ့ တရုတ်တွေနဲ့
တရုတ်အကျိုးစီးပွားကို တိုက်ရိုက် အကျိုးဖြစ်ထွန်း
စေမဲ့ တရုတ်ကားတွေကို မြန်မာ့ သွေးစက်တွေကို
ဥပေက္ခာပြုပြီး ရောင်းချ‌စတေးနေတဲ့
စီးပွားရေးသမား လူယုတ်မာတွေအကြောင်းကို
လည်း စဉ်းစားနေမိတယ်။

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့
လူတွေ ဘယ်လောက်တောင်များနေပြီလား။

ကိုတင်
#အာမခံ ကိုယ်စားလှယ်

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when BEST Insurance Services Group - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BEST Insurance Services Group - Myanmar:

Share