10/04/2026
Stock Taking ဘာကြောင့်ကောက်သင့်သလဲ 🤔
လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ကြည့်တဲ့အခါမှာ stock လို့ခေါ်တဲ့ inventory ပမာဏကလည်း ပါဝင်နေတာဖြစ်တာကြောင့် လုပ်ငန်းအတွက် decision ချတဲ့နေရာမှာ အရေးကြီးကြောင်း တွေ့မြင်ရပါတယ်
အရောင်းဝယ် လုပ်ငန်းတွေမှာ အရောင်းပစ္စည်းတွေ ပုံမှန်ရောင်းထွက်နေတာလား ဒါမှမဟုတ် ရောင်းမထွက်ပဲ အရောင်းထိုင်း dull items တွေဖြစ်နေတာလား ဒါမှမဟုတ် damage items တွေဖြစ်နေတာလား
အလားတူပဲ Service ပေးရတဲ့ လုပ်ငန်းမှာလည်း လုပ်ငန်းက inventory သုံးပြီး service ပေးရတဲ့နေရာမှာ ပိုသုံးလိုက်တဲ့အတွက် cost တွေပိုသွားတာလား ဒါမှမဟုတ် လျော့သုံးလိုက်မိတဲ့အတွက် ပစ္စည်း Quality ကျသွားတာလား
➡️ဒီအချက်တွေအားလုံးဟာ inventory ကို control လုပ်ပြီး ပုံမှန် ကောက်ယူနေမှသာ သိရှိနိုင်မှာဖြစ်ပြီး လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ကြည့်သည့်အချိန် decision ချတဲ့အခါမှာလည်း မှန်ကန်စွာ သုံးသပ်နိုင်မှာဖြစ်ပါတယ်