13/12/2017
အသက်အာမခံ (Life Insurance)
အသက်အာမခံဆိုသည်မှာ လူ့အသက်အတွက်ထားရှိသော အာမခံစာချုပ်အရ ဆုံးရှုံးမှုဖြစ်ပေါ်ပါက အာမခံငွေထုတ်ပေးရန် တာဝန်ယူခြင်းဖြစ်ပါသည်။
FNI က လက်ခံဆောင်ရွက်လျှက်ရှိသော အသက်အာမခံလုပ်ငန်းများမှာ
(၁) စုပေါင်းအသက်အာမခံ (Group Life Insurance)
(၂) ငွေပင်ငွေရင်းအသက်အာမခံ (Endowment Life Insurance)
(၃) မြွေအန္တရာယ်အသက်အာမခံ (Snake Bite Life Insurance)
(၄) အားကစားသမားအသက်အာမခံ (Sportsmen Life Insurance)
(၅) တောင်သူလယ်သမားအသက်အာမခံ (Farmer Life Insurance)
(၆) ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Personal Accident Insurance)
တို့ဖြစ်ပြီး ယခုတစ်ပတ်တွင် စုပေါင်းအသက်အာမခံအကြောင်းအား မိတ်ဆက်ပေးမည်ဖြစ်ပါသည်။
(၁) စုပေါင်းအသက်အာမခံ (Group Life Insurance)
ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် စက်ရုံများမှ ဝန်ထမ်းများနှင့် အလုပ်သမားများအတွက် ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှဖြစ်စေ စုပေါင်းထားနိုင်သော အသက်အာမခံအမျိုးအစားဖြစ်ပြီး မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ရရှိနိုင်မည့် စုပေါင်းအသက်အာမခံ (Group Life Insurance) နှင့် မိတ်ဆက်ပေးလိုပါသည်။
စုပေါင်းအသက်အာမခံထားခွင့်ရှိသူ
- အသက် (၁၈) နှစ်မှ (၆၀) နှစ်အထိ သူများ
- အနည်းဆုံး (၅) ဦး (သို့မဟုတ်) (၅) ဦးနှင့်အထက် ရှိရပါမည်။
အာမခံထားငွေ
- တစ်ဦးလျှင် အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး ကျပ်သိန်း (၅၀) အထိ ထားရှိနိုင်ပါသည်။
စုပေါင်းအသက်အာမခံသက်တမ်း
- (၁) နှစ် ထားရှိနိုင်ပြီး
စုပေါင်းအသက်အာမခံကြေး (Premium) ကို
- အာမခံထားငွေ၏ (၁%) ကောက်ခံပါသည်။
စုပေါင်းအသက်အာမခံထားခြင်းအားဖြင့် ရရှိနိုင်သော အကျိုးခံစားခွင့်များ
အာမခံထားသူတစ်ဦးထိခိုက်ဒဏ်ရာရလျှင် အောက်ပါအချိုးအစား (အာမခံထားငွေပေါ်တွင်) အတိုင်း လျော်ကြေးရရှိမည်ဖြစ်ပါသည်။
(၁) ထာဝစဉ်မသန်စွမ်း၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း (၁၀၀%)
(၂) မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း (၅၀%)
(၃) လက်တစ်ဖက်လုံးဝပြတ်ခြင်း (၅၀%)
(၄) ခြေတစ်ဖက်လုံးဝပြတ်ခြင်း (၅၀%)
(၅) နားတစ်ဖက်လုံးဝပင်းခြင်း (၂၅%)
(၆) လက်တစ်ဖက်ကျိုးခြင်း (၂၅%)
(၇) ခြေတစ်ဖက်ကျိုးခြင်း (၂၅%)
(အထက်ဖော်ပြပါဒဏ်ရာများမှအပ အခြားထိခိုက်ဒဏ်ရာများအတွက် ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ရာခိုင်နှုန်းဖြင့် ပေးလျော်မည်ဖြစ်ပါသည်။)
စုပေါင်းအသက်အာမခံနှင့် ပတ်သက်၍ အသေးစိပ်သိရှိလိုပါက FNI ၏ Hot Line ဖုန်းနံပါတ် - 01 8610661 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
စုပေါင်းအသက်အာမခံအတွက် FNI နှင့် အတူလက်တွဲလုပ်ကိုင်လိုသော အာမခံကိုယ်စားလှယ်များ၊ မိမိဝန်ထမ်းများနှင့် အလုပ်သမားများအတွက် စုပေါင်းအသက်အာမခံထားပေးမည့် ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် စက်ရုံလုပ်ငန်းရှင်များကို ဝမ်းမြောက်စွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI