𝗬𝗘 𝗡𝗔𝗜𝗡𝗚 𝗜𝗻𝗻𝗼 𝗕𝗶𝘇 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁

  • Home
  • Myanmar
  • Yangon
  • 𝗬𝗘 𝗡𝗔𝗜𝗡𝗚 𝗜𝗻𝗻𝗼 𝗕𝗶𝘇 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁

𝗬𝗘 𝗡𝗔𝗜𝗡𝗚 𝗜𝗻𝗻𝗼 𝗕𝗶𝘇 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁 YeNaingInnoBizArchitect

သူဌေးဝါဒ (၁၀)---------------၁၉၉၇ ခုနှစ်တွင် ပြင်သစ်မဂ္ဂဇင်းတစ်စောင်က ဘီလ်ဂိတ်ကို အင်တာဗျူးရာ၌“ခင်ဗျားအနေနဲ့ ကမ္ဘာ့အချမ်းသာ...
31/10/2023

သူဌေးဝါဒ (၁၀)
---------------
၁၉၉၇ ခုနှစ်တွင် ပြင်သစ်မဂ္ဂဇင်းတစ်စောင်က ဘီလ်ဂိတ်ကို အင်တာဗျူးရာ၌

“ခင်ဗျားအနေနဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်ရတာဘယ်လိုနေသလဲဗျ” ဟု မေးဖူးသည်။

ဘီလ်ဂိတ်က

“ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် အချမ်းသာဆုံးလို့ မထင်ပါဘူးဗျာ” ဟု ပြန်ဖြေသည်။

“ခင်ဗျားထက် ချမ်းသာတဲ့သူ ဒီလောကမှာ ရှိဦးမှာလားဗျာ”

“တစ်ယောက်တော့ ရှိတယ်ဗျ”

သူထက်ချမ်းသာသူရှိသည်ဆိုသဖြင့် မေးသူက အံ့အားသင့်သွားသည်။ ဘီလ်ဂိတ်က ရှင်းပြသည်။

“ကျွန်တော် အလုပ်မရှိချိန်ကပေါ့ဗျာ ကျွန်တော် နယူးယော့ခ်လေဆိပ်ကို ရောက်လာတယ်။ အဲဒီအချိန်မှာ သတင်းစာ ရောင်းတဲ့ဆိုင်မှာ သတင်းစာခေါင်းစီးကိုကြည့်ပြီးတော့ ဖတ်ချင်လာတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ သတင်းစာဝယ်ဖို့ အကြွေလည်း မရှိဘူးဗျ။ ကျွန်တော်က လှည့်ထွက်လိုက်ချိန်မှာ လူမည်းလေး တစ်ယောက်က ကျွန်တော့်နောက် လိုက်လာပြီး ရော့ပါ ... ခင်ဗျားဖတ်ဖို့ပါဆိုပြီး သတင်းစာတစ်စောင် လိုက်ပေးတယ်။ ကျွန်တော်က ငါ့မှာ မင်းကိုပေးစရာ အကြွေမပါဘူးလို့ ပြောလိုက်တော့ သူက ကိစ္စမရှိပါဘူး ကျွန်တော် ခင်ဗျားကို အလကား ပေးတာပါတဲ့”

“နောက်သုံးလလောက်ကြာတော့ ကျွန်တော် နယူးယော့ခ်လေဆိပ်ကို ရောက်လာပြန်တယ်။ အဲဒီတော့လည်း သတင်းစာဖတ်ချင်တယ် အကြွေမရှိဘူး ဖြစ်ပြန်ရော။ ဒီတစ်ခါလည်း အဲဒီလူမည်းကောင်လေးကပဲ ကျွန်တော့်ကို သတင်းစာ လိုက်ပေးပြန်တယ်။ ကျွန်တော်ကလည်း အကြွေမရှိကြောင်း ပြောတော့ သူက အလကားပေးတာပါတဲ့။ ကျွန်တော်က မလိုချင်ပါဘူးပြောတော့ ကောင်လေးက အဲဒီသတင်းစာကို ကျွန်တော့် အမြတ်ငွေထဲက စိုက်ပေးတာပါတဲ့”

“နောက် ၁၉ နှစ်အကြာမှာ ကျွန်တော် သူဌေးဖြစ်နေပြီ။ ကျွန်တော် လေဆိပ်ထဲကို ပြန်သွားပြီး အဲဒီ ကောင်လေးကို ပြန်ရှာတယ်။ ကျွန်တော် သူ့ကိုအတော်လေးရှာလိုက်ရတယ်။ သူ့ကိုတွေ့တော့ ကျွန်တော်က မေးလိုက်တယ်။ မင်းငါ့ကို သိလားလို့။ အဲဒီကောင်လေးက ကျွန်တော့်ကို ပြောတယ်။ ခင်ဗျားကို ဘာဖြစ်လို့ မသိရမှာလဲတဲ့။ ခင်ဗျားက နာမည်ကျော် ဘီလ်ဂိတ်ပဲတဲ့”

“ကျွန်တော်က သူ့ကို ပြောလိုက်တယ်။ မင်းလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့ကို သတင်းစာနှစ်စောင် အလကား ပေးခဲ့ဖူးတယ်။ ဒါကြောင့် ခု ငါကို မင်းကို ကျေးဇူးဆပ်ချင်တယ်ကွာလို့ ပြောလိုက်မိတယ်”

“ငါကွာ မင်းကိုကျေးဇူးတင်လို့ ကျေးဇူးဆပ်ပါရစေ။ မင်းလိုချင်တာပြောကွာ”

“ခင်ဗျား ကျွန်တော့်ကို ကျေးဇူးဆပ်စရာ မလိုပါဘူးဗျာ”

“ဘာဖြစ်လို့လဲကွာ”

“ကျွန်တော်က ဆင်းရဲနေချိန်မှာ ခင်ဗျားကို ပေးခဲ့တာပဲဗျ”

“အေးလေ ... ငါအခု မင်းကို အဲဒါကြောင့် ကျေးဇူးပြန်ဆပ်ချင်တာပေါ့”

“ခု ခင်ဗျားက မဆင်းရဲတော့ဘူးလေ ... ချမ်းသာနေပြီပဲ။ ဒီလိုအချိန်မှာ ပြန်ပြီး ကျေးဇူးဆပ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဘီလ်ဂိတ်တစ်ယောက် ငိုင်သွားသည်။

သူက သူ့ကို အင်တာဗျူးသူကို ပြောပြလိုက်သည်မှာ

“ကျွန်တော့်ထက် အဲဒီ လူမည်းကောင်လေးက ပိုပြီးချမ်းသာတယ်လို့ ထင်သဗျာ။ ကျွန်တော်လည်း နောင်တ ရသွားတယ်။ တစ်ခုခုကို ပြန်ပေးဖို့ဆိုတာ ချမ်းသာမှ ပေးလို့ရတာ မဟုတ်ဘဲ။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည် ဖြစ်စေ ပေးလိုစိတ် လှူလိုစိတ် ရှိခြင်းကသာ တကယ့်ချမ်းသာတဲ့ စိတ်ပဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး နားလည်သွားပါတယ်”

ချမ်းသာခြင်းနှင့် ပျော်ရွှင်ခြင်းသည် တစ်ထပ်တည်းကျချင်မှ ကျပေလိမ့်မည်။ အလွန်ချမ်းသာသော သူဌေးကြီးက ပိုက်ဆံတွေ၊ ဝင်ငွေတွေအများကြီး ရှိနေသော်လည်း သတင်းစာရောင်းနေသည့် ကောင်လေး တစ်ယောက်လောက် ပျော်ချင်မှလည်း ပျော်ပေလိမ့်မည်။ ထို့ပြင် သတင်းစာရောင်းသည့် ကောင်လေး တစ်ယောက်လို စေတနာပါပါဖြင့် သူတစ်ပါးကို ကူညီချင်သော စိတ်ထားလည်း ရှိချင်မှ ရှိပေလိမ့်မည်။

သတင်းစာတစ်စောင်တစ်ဖိုးသည် ၂၅ ဆင့်လောက်သာ ဖြစ်ပါသည်။ သူဌေးတစ်ယောက်အတွင် ၂၅ ဆင့်သည် ဘာမျှ မဖြစ်လောက်သော်လည်း သတင်းစာရောင်းသမားလေးအတွက်တော့ ၂၅ ဆင့်သည် သူ၏ ကြီးမားသော စွန့်လွှတ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ဘီလ်ဂိတ်က ချမ်းသာမှုကိုဖွင့်ဆိုရာတွင် ငွေကြေးနှင့်ပိုင်ဆိုင်မှုသည် အဓိကမဟုတ်။ မိမိတွင် ရှိသမျှကို ပေးလှူ စွန့်လွှတ်ရဲသော စိတ်ထားကသာလျှင် ချမ်းသာမှု အစစ်အမှန်ဖြစ်သည်။ ရှိသူက မရှိသူကို ကူညီလိုက်ခြင်းဖြင့် ထိုခဏတာအတွင်း ဖြစ်ပေါ်လာသော ခံစားစိတ်သည် အမှန်တကယ်ချမ်းသာမှု အစစ်အမှန်ဖြစ်သည်။

ပြန်လည်ရယူလိုခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ မျှော်လင့်ခြင်းကင်းသည့် စွန့်လွှတ်ပေးဆပ်မှုများသည်သာ အမှန်တကယ် ချမ်းသာခြင်းအစစ်အမှန်ဖြစ်ကြောင်း ဘီလ်ဂိတ်က သင်ခန်းစာပေးခဲ့သည်။

Ref: Bill Gates and Newspaper Seller Boy

Credit to ဆရာတင်ညွန့်

၃၀.၁၀.၂၀၂၃

An Airbus 380 ✈ is on its way across the Atlantic. It flies consistently at 800 km/h at 30,000 feet. When suddenly a Eur...
29/10/2023

An Airbus 380 ✈ is on its way across the Atlantic. It flies consistently at 800 km/h at 30,000 feet. When suddenly a Eurofighter with a Tempo Mach 2 appears!

The pilot of the fighter jet slows down, flies alongside the Airbus, and greets the pilot of the passenger plane by radio: "Airbus, boring flight isn’t it? Now have a look here!"

He rolls his jet on its back, accelerates, breaks through the sound barrier, rises rapidly to a dizzying height, and then swoops down almost to sea level in a breathtaking dive. 😱✈ He loops back next to the Airbus and asks: "Well, how was that?" 🛩

The Airbus pilot answers: "Very impressive, but watch this!"

The jet pilot watches the Airbus, but nothing happens. It continues to fly straight, at the same speed. After 15 minutes, the Airbus pilot radios, "Well, how was that?"

Confused, the jet pilot asks, "What did you do?"

The AirBus pilot laughs and says: "I got up, stretched my legs, walked to the back of the aircraft to use the washroom, then got a cup of coffee and a chocolate fudge pastry." ☕🍫

The moral of the story is: When you’re young, speed and adrenaline seem great. But as you get older and wiser, you learn that comfort and peace are more important. ✌🌅

This is called S.O.S.: Slower, Older, and Smarter. 🧘‍♂️🧠

Dedicated to all my senior friends ~ it’s time to slow down and enjoy the rest of the trip. 🤗❤

29/10/2023

‘’If you don’t fail you’re not even trying’’.
American actor, director and producer,

Denzel Washington continues to provide us with thought provoking and inspiring advice both within his movies and through his words

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================

⛔️ အလုပ်တစ်ခုကို
ငါ….မလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

⛔️ ကိုယ့်ကိုစွန့်ခွာသွားသူတစ်ယောက်ကို
ငါ….မေမ့နိုင္ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

⛔️ သူများအလုပ် လုပ်ကိုင်နေရတော့
ငါ….လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

⛔️ ကိုယ့်မှာတီးတိုးဖော်မရှိတော့လို့
ငါ….တစ်ယောက်တည်း မနေနိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

⛔️ ကိုယ်တန်ဖိုးထားရသူတွေဆုံးရှုံးသွားလို့
ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

⛔️ ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

⛔️ ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့…..

⛔️ ရောဂါဝေဒနာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့.....

✅ အဲဒီလို တွေးလိုက်မိပြီဆိုတာနဲ့
သင့်ဘဝက တစ်ဝက်သေသွားတာ
သေချာသွားပြီလေ.....

✅ ပိုးစုန်းကြူးလို
အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့
လောကကြီးကို အလင်းရောင်ပေးစွမ်းနေကြတယ်...

✅ အဆင်မပြေမှုတွေ
နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း
ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက
မင်းကို ကောင်းကြီးပေးလာမှာမဟုတ်ဘူးလေ…..

✅ သူငယ်ချင်း...
မင်း…..ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ…
တန်ဖိုးမဲ့တဲ့လူသားတစ်ယောက်
ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့
မင့်မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ….

✅ ငါမလုပ်နိုင်ဘူး
မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့
မင်း…..သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်…..

✅ ခံစားချက်တွေများလွန်းလို့
မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ…..
ပြီးရင်တော့
ပြုံးနိုင်အောင် ကြိုးစားပါနော်…..

"ဂျူးလူမျိုးများရဲ့ ကလေးပျိုးထောင်နည်း"ဂျူးများကို အစ္စရေးလူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံး ...
19/10/2023

"ဂျူးလူမျိုးများရဲ့ ကလေးပျိုးထောင်နည်း"

ဂျူးများကို အစ္စရေးလူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံး လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတလျှောက်မှာလည်း အမျိုးမျိုး ဖိနိပ်ခံရပြီး တိုင်းပြည်ပါ ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမယ့် ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာ အကောင်းဆုံးလူမျိုးလို့ သတ်မှတ် ထားကြပါတယ်။ ၂၀၁၅ခုနှစ် ကမ္ဘာတခွင်မှာ ဂျူးလူမျိုး လူဦးရေ (၁၄.၂)သန်းရှိပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ (၀.၂%)သာရှိတဲ့ ဂျူးလူမျိုးဟာ (၂၀)ရာစုအတွင်း နိုဘယ်ဆုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံရဲ့ သြဇာအရှိဆုံးသူများ စာရင်းထဲမှာ ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောကမှာ ၆၀%၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ်(၄၀)ထဲမှာ (၁၈)ဦးဟာ ဂျူးလူမျိုးများ ဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင်တို့ဟာ ဂျူးလူမျိုးများ ဖြစ်ကြပါတယ်။

သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်း အားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစု ပျိုးထောင်တဲ့ နည်းလမ်းများဟာ အဓိကကျတယ်လို့ ဆိုပါတယ်။ သူတို့က ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုများ သင်ကြား ပျိုးထောင် ပေးကြပါသလဲ။

(၁) ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မှု အားလုံး၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ထားပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့ တွေးခေါ်မှုနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မှု၊ မိမိကိုယ်ကို အားကိုးတတ်မှုကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝ ဆန့်ကျင်ကြပါတယ်။ သူတို့ စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “(၅)နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ (၁၀)နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ (၁၅)နှစ်ကလေးဟာ အဖေနဲ့တန်းတူ ဖြစ်သွားပြီ”တဲ့။ ဆိုလိုတာက (၅)နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ (၁၀)နှစ်ကလေးဆို သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ (၁၅)နှစ်အရွယ်ဆိုရင် ကိုယ်ပိုင် ဆုံးဖြတ်တတ်စေရမယ်။

(၂) ဂျူးကလေးများ သိတတ်ခါစအရွယ်မှာပဲ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအား နမ်းရှုံ့စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံနဲ့တင် မပြီးဘဲ လေးစားရတဲ့ သဘော ပါရှိပါတယ်။ သူတို့ကိုယ် သူတို့လည်း စာအုပ်ချစ်တဲ့ လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက်(၁၄)နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ပြီးတယ်လို့ ဆိုပါတယ်။

(၃) ဂျူးမိသားစုထဲမှာ ကလေးများ နည်းနည်း အသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလို မေးမြန်းလေ့ ရှိတယ်။ “တကယ်လို့ သားရဲ့အိမ် မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သား ဘာကိုယူပြီး ထွက်ပြေးမလဲ”တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားဦး ၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ ကလေးက “ဥာဏ်ပညာ”လို့ ဖြေဆိုနိုင်တဲ့အထိ ဥာဏ်ပညာကို အလေးထားတတ်အောင် မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ကျနော်တို့က ကလေးတွေ သူဘာသာသူ သိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက် ပြောပြတာ များနေပါတယ်။

(၄) ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့တဲ့ စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတည်းက စာဖတ်အောင် သွန်သင်ပေးခဲ့ပြီး စဉ်းစားတတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်း တစ်မျိုးသာ ဖြစ်ပြီး စဉ်းစား တွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင် ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ်။ ဗဟုသုတကြွယ်ပြီး ဘာမှ မလုပ်တတ်တဲ့သူကို စာအုပ်ကို ၀န်တင်ထားတဲ့ “လား”လို့ စကားပုံနဲ့ ခိုင်းနှိုင်းထားပါတယ်။

(၅) တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။ ဒါလည်း သူတို့ရဲ့ နာမည်ကြီး စကားပုံပါ။ မိဘစကား၊ ဆရာ့စကား အပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန် ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွဲပါတယ်။

မိဘများ အထောက်အကူဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။

မူရင်းအား လေးစားစွာဖြင့်

15/10/2023

ဆရာအောင်သင်း

 #လက်အုပ်ချီတိုင်း_ရှိခိုးတယ်မထင်ပါနဲ့လက်အုပ်ချီနည်းက (၃)မျိုးရှိတယ်လို့ မှတ်သားရပါတယ်။(၁)က လက်အုပ်ကို ရင်ညွန့်တည့်တည့်မ...
10/09/2023

#လက်အုပ်ချီတိုင်း_ရှိခိုးတယ်မထင်ပါနဲ့

လက်အုပ်ချီနည်းက (၃)မျိုးရှိတယ်လို့ မှတ်သားရပါတယ်။

(၁)က လက်အုပ်ကို ရင်ညွန့်တည့်တည့်မှာထားရင်
#အဉ္စလီပဏာမ လို့ခေါ်ပါတယ်။
ငယ်သူက ကြီးသူကိုရော ကိုယ့်ထက် ငယ်သူကိုပါ ရိုးရာယဉ်ကျေးမှုအရ ဂါရဝပြုခြင်းဖြစ်ပါတယ်။ နှုတ်ဆက်ခြင်းပါ

(၂)က ချီထားတဲ့လက်အုပ်ရဲ့ လက်မကို နှာခေါင်းတည့်တည့်မှာ ထားရင်
#အဉ္စလီဂါရဝ လို့ခေါ်ပါတယ်။
မိမိထက် အသက်သိက္ခာကြီးတဲ့ ဆရာသမား ကျေးဇူးရှင်များကို ဂါရဝပြုခြင်းဖြစ်ပါတယ်။

(၃)က လက်အုပ်ကို နဖူးထက် ဦးခေါင်းထိပ်တင်ချီလျက် ထားရင်
#အဉ္စလီဝန္ဒန လို့ခေါ်ပါတယ်။
လောက၏ အထွဋ်အထိပ် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ရှိခိုးခြင်းဖြစ်ပါတယ်။

ဒါလေးသိထားရင် ကိုယ်တွေလည်း လက်အုပ်ချီတတ်ပြီပေါ့နော်။

ကိုးကား။ ။
ဆရာကြီး ဦးအုန်းမြင့် (ဇဝနလုလင် ဗြူဟာရှင်) ၏ လက်အုပ်ချီခြင်း သုံးမျိုး ဆောင်းပါးမှ

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပေးလို...
10/09/2023

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပေးလိုက်ပါတယ်။ ငယ်သေးတော့ စာမဖတ်တတ်သေးခင်မှာ အမေဟာ စာအိတ်ကို ဖွင့်လိုက်ပြီးတော့ အယ်ဒီဆင်ကို ဖတ်ပြလိုက်ပါတယ်။

သူ့အမေဖတ်ပြတာက ...

“အမရဲ့ သားဟာ အလွန်ဥာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”

လို့ပြောပြီး အမေက အိမ်မှာပဲ စာသင်ပေးပါတယ်။ သူ့အမေ ကွယ်လွန်သွား ပြီးနောက် အယ်ဒီဆင်ဟာ ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်တဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

တစ်ရက်မှာ သူဟာ သူ့အမေရဲ့ သေတ္တာတစ်လုံးထဲမှာ ဝါကျင့်ကျင့်ဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။
ရေးထားတာက ...

“အမရဲ့ သားဟာ ဥာဏ်ရည်အလွန်နိမ့်ပါးနေပါတယ်။ သူ တစ်သက်လုံး စာတတ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့က စပြီး ကျောင်းထုတ်လိုက်ပါပြီ”

အယ်ဒီဆင်ဟာ စာကို ဖတ်ပြီး ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုလိုက်ပါတယ်။ သူ့အမေကြောင့် အခုလို ထင်ရှားကျော်ကြားတဲ့ တီထွင်ပညာရှင်ကြီး ဖြစ်လာ တယ်ဆိုတာကို သူ ကောင်းကောင်းသိပါတယ်။

‘သောမတ်စ်အယ်ဒီဆင်ဟာ ဥာဏ်ရည် အလွန်နိမ့်ပါး သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အမေက သူ့ကို ကမ္ဘာပေါ်မှာ အလွန်ဥာဏ်ထက်မြက်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင် ကြီး တစ်ယောက် ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်’။

မိဘတွေကို ပြောချင်ပါတယ်။ ကလေးတွေကို ကျောင်းက ဆရာ ဆရာမတွေ၊ တခြားလူတွေက ဥာဏ်ထိုင်းတယ်၊ စာသင်လို့ မရဘူးလို့ပြောပေမဲ့ ကလေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပြောင်းလဲပေးလို့ ရတယ်ဆိုတာကိုပါ။

ဗန်းမော်သိန်းဖေ

မနက်က ဘဏ်ဓားပြ တိုက်တဲ့ သတင်း တွေ့တော့ MBA ဟာသလေး တစ်ခု သတိရမိသေးတယ်။ တစ်ချို့လည်း ဖတ်ဖူးမှာပါ။တစ်ခါက ဘဏ်ဓားပြ နှစ်ယောက်...
01/09/2023

မနက်က ဘဏ်ဓားပြ တိုက်တဲ့ သတင်း တွေ့တော့ MBA ဟာသလေး တစ်ခု သတိရမိသေးတယ်။ တစ်ချို့လည်း ဖတ်ဖူးမှာပါ။

တစ်ခါက ဘဏ်ဓားပြ နှစ်ယောက် ဘဏ်တစ်ခုကို ဓားပြ ဝင်တိုက်သတဲ့။ ဓားပြ တစ်ယောက် သေနတ်ပြပြီး အခုလို အော်တယ်။

"ဟေ့။ တစ်ယောက်မှ မလှုပ်နဲ့။ အကုန်ဝပ်စမ်း။ ဒီပိုက်ဆံတွေက အစိုးရနဲ့ ဆိုင်တယ်။ အသက် တွေကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်ဟေ့"

သူ့စကား အဆုံးမှာ ဘယ်သူမှ လှုပ်ဖို့ မကြိုးစားတော့ဘူး။

◾ အဲဒါကို လူတွေရဲ့ အတွေးအခေါ် ပြောင်းလဲ ပေးတာ Mind Changing Concept လို့ ခေါ်တယ်။

ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်က စားပွဲပေါ်မှာ မပေါ့တပေါ် ဆွဲဆောင်မှု ရှိရှိ ပုံစံနဲ့ ဝပ်နေပါတယ်။ ဓားပြ တစ်ယောက်က အခုလို ပြောပြန်ပါတယ်။

"ကိုယ့်ကိုယ်ကို ဆင်ခြင်ပါ။ ကျုပ်တို့က ဓားပြ တိုက်နေတာ။ မုဒိန်းကျင့်မှာ မဟုတ်ဘူး"

◾ ဒါကတော့ ကိုယ့်အလုပ် အပေါ်မှာ ပရို ပီသတာ Being Professional ပါ။

ဓားပြတွေ အောင်မြင်စွာ ဓားပြ တိုက်ပြီးတဲ့ အချိန်မှာ MBA တက်ဖူးတဲ့ ပညာတတ် ဓားပြ အငယ်က ငွေတွေကို ရေတွက်ဖို့ လုပ်ပါတယ်။

ဒီအခါမှာ မူလတန်း ပညာသာ သင်ဖူးတဲ့ အသက်ကြီးကြီး ဓားပြက "ထားလိုက်စမ်းပါ။ ဒီလောက် ပိုက်ဆံ အများကြီးကို ရေမနေနဲ့။ ညကျရင် ဘယ်လောက် ပါသွားတယ် ဆိုတာ သတင်းထဲ ပါလာမှာပဲ" လို့ ဆိုပါတယ်။

◾ ဒါကတော့ အတွေ့အကြုံ experience က စကား ပြောတာပါ။ ပညာ ဘယ်လောက် တတ်တာနဲ့ မဆိုင်ပါဘူး။

တစ်ဘက်မှာလည်း ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှူးကို ရဲခေါ်ဖို့ ပြောပါတယ်။

ကြီးကြပ်ရေးမှူးက " ခဏနေဦး။ ဓားပြတိုက် ခံရတဲ့ ငွေစာရင်းထဲမှာ ငါးသန်းလောက် ပိုထည့်ဦးမယ်" လို့ ပြောပါတယ်။

◾ အဲဒါကတော့ ဖြစ်လာတဲ့ အကြပ်အတည်းကို အခွင့် အလမ်း အဖြစ် ပြောင်းလဲဖို့ မီးစင်ကြည့် ကခြင်း Swim With The Tide ပါ။

"ဒီလို ဘဏ်ဓားပြ တိုက်တာမျိုး တစ်လ တစ်ခါလောက် ဖြစ်နေရင် သိပ်ကောင်းမှာပဲ" လို့ ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှူးကို အရွှန်းဖောက် ပါတယ်။

◾ ဒါကတော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် နေထိုင်ခြင်း Killing Boredom ဖြစ်ပါတယ်။

အဲဒီညက တီဗီမှာ ဘဏ်ဓားပြမှု အကြောင်း သတင်း ပါလာတော့ ဒေါ်လာ သန်း ၄၀ ပါသွားကြောင်း ကြေညာပါတယ်။ ဒါပေမယ့် ဓားပြ တွေက ဘယ်လို ရေရေ သန်း ၂၀ ထက် ပိုမလာပါဘူး။

ဒေါသထွက်နေတဲ့ ဓားပြတစ်ဦးက အခုလို ပြောပါတယ်။

"ငါတို့ကတော့ အသက်နဲ့ရင်းပြီး ဓားပြ တိုက်မှ သန်း ၂၀ ရတယ်။ ဘဏ်မန်နေဂျာက စာလေး နည်းနည်း ရေးလိုက်ရုံနဲ့ သန်း ၂၀ ရတယ်။ ဒါကြောင့် သူခိုး ဖြစ်ရတာထက် ပညာတတ် ဖြစ်ရတာ ပိုကောင်းတယ်လို့ ပြောကြတာ"

◾ ဒါကတော့ ဗဟုသုတဟာ ရွှေလို တန်ဖိုး ရှိတယ် Knowledge is worth as much as gold ဆိုသလိုပါ။

ဘဏ်မန်နေဂျာက ကတော့ ပျော်လို့ ရွှင်လို့ပေါ့။ သူ စတော့ရှယ်ယာ ကစားရင်း ရှုံးထားတဲ့ ဒေါ်လာ ၁၅ သန်း တစ်ချီတည်းနဲ့ ပြန်ရ သွားတာကိုး။

◾ ဒါကတော့ အခွင့်အရေးကို အမိအရ ရယူခြင်း Seizing the opportunity ဖြစ်ပါသတဲ့။

အခုလည်း ဘယ်သူတွေ အခွင့်အရေး ရယူ သွားသေးလဲ မသိဘူး

" တာဝန်နှစ်ခု "=========မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်မင်းတို့ရဲ့ဘဝကိုမင်းတို့မိဘတွေထက်ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုး...
15/08/2023

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရွိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့နှလုံးသားမရွိလို့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။

The Value, a Father to his Daughter
05/08/2023

The Value, a Father to his Daughter

The Critical Issue of Between Knowledge Versus Experience
05/08/2023

The Critical Issue of Between Knowledge Versus Experience

အလုပ်မှာ တအား လုပ်မပြပါနဲ့...======================တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။သူမှာနွားပိန်တစ်ေ...
02/07/2023

အလုပ်မှာ တအား လုပ်မပြပါနဲ့...
======================

တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။

သူမှာနွားပိန်တစ်ကောင်ပဲရှိတယ်

လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။

သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ
တယ်။

သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး
ယောင်ဆောင်ပြီး နေတယ်။

သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။

အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။

လိုက်တောင်တရွတ်ဆွဲနေသေး ၊
နွားလားဥဿဖ သိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။

တစ်နေ့တစ်နေ့ အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီး ကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။

၃ ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့

ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော
ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။

ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊

အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။

သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။

မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း

အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန်
တွေရွိတယ်။

အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ
ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့

အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့
ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊

ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊

သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။

Address

Mayangone
Yangon
31011

Alerts

Be the first to know and let us send you an email when 𝗬𝗘 𝗡𝗔𝗜𝗡𝗚 𝗜𝗻𝗻𝗼 𝗕𝗶𝘇 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share