02/10/2023
ဒီနေ့မှာတော့ ကျနော် ဆောင်ရွက်နေတဲ့အာမခံ လုပ်ငန်းအကြောင်းတင်လိုက်ပါတယ်
အာမခံမှာ အထွေထွေ အာမခံနဲ့ အသက်အာမခံ ဆိုပြီး ၂မျိုး ရှိပါတယ်။
ကျနော် အသက်အာမခံကိုယ်စားလှယ် အလုပ်ကို Chubb Life Insurance Myanmar မှာ စလုပ်ပါတယ်။
အဲ့ဒီနောက် မြန်မာ့အာမခံ လုပ်ငန်း ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Dr စန္ဒာဦး ရဲ့ဖိတ်ခေါ်မှုအရ အထွေထွေအာမခံ ကိုယ်စားလှယ် အဖြစ် မြန်မာ့အာမခံလုပ်ငန်းမှာ ဆောင်ရွက်နေပါတယ်
Dr စန္ဒာဦး ကလဲ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆင်း ပါမောက္ခ ဌာနမှူး စီမံခန့်ခွဲမှုပညာဌာန ဒုတိယပါမောက္ခချုပ် ရန်ကုန်စီးပွားရေးတက္ကသိုလ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့မြန်မာ်အာမခံ လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ် မြန်မာနိုင်ငံ အာမခံအသင်းရဲ့ ဥက္ကဌ ဖြစ်ပါတယ် ကျနော်နဲ့ကတော ရန်ကုန်စီးပွားရေးတက္ကသိုလ် မှာ နှစ်ပေါင်း ၂၀ ကျော်ဆရာဘဝ အရာထမ်းဘဝ မှာ ခင်မင်ရင်းနီးလားသူလဲဖြစ်ပါတယ်
မြန်မာ့အာမခံလုပ်ငန်းမှာ သင်တန်းတွေတက်ရတော့ မြန်မာ့အာမခံ လောကက အတွေ့အကြုံ ရင့် ဆရာကြီးဆရာမကြီး တွေရဲ့ သင်ကြားမှုတွေကြောင့် အာမခံလုပ်ငန်း ရဲ့ သဘောသဘာဝ တွေ ပရဟိတဆန်မှုတွေ ကိုပိုမိုသိရှိလာရပါတယ် ကျနော်ကလဲ လူမှုရေး စိတ်ဝင်စားသူဆိုတော့ ကျနော်နဲ့ကိုက်ညီတဲ့အလုပ်လို့ ခံယူမိပါတယ်
ဒါကြောင့်လဲ လူတိုင်းအတွက်အာမခံလို့ ပြောပါရစေ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဘာပဲလုပ်လုပ် အာမခံထားပြီးမှလုပ်ကြတာပါ အာမခံရဲ့ မူလသဘောသဘာဝကလဲ လူသားတွေ မိမိပိုင်ဥစ္စာပစ္စည်းတွေဆုံးရှုံးရင် မိမိကျန်းမာရေးညံ့ဖျင်းလို့ဆေးကုရရင် မိမိအသက် ဆုံးပါခဲ့ရင် ငွေကြေးအားဖြင့် မနစ်နာရအောင်စုပေါင်းလုပ်ဆောင်တာဝန်ယူမှု ကနေ စတင်ပေါ်ပေါက်လာခဲ့တာပါ
မိတ်ဆွေများ ဆွေမျိုး များ သူငယ်ချင်းများ တပည်များတို့ကို အာမခံ အကြာင်း ပိုမိုသိလိုတယ်ဆိုရင် ကျနော့ထံဆက်သွယ်ကြပါလို့ပြောပါရစေ
မီးအာမခံ
ကားအာမခံ
ရေကြောင်းကုန်ပစ္စည်းအာမခံ
ရေယာဥ်ကိုယ်ထည်အာမခံ
ကုန်တင်တန်ဆာခ အာမခံ
ကုန်းလမ်းကုန် ပစ္စည်းအာမခံ
ခရီးသွားအာမခံ
ကမ္ဘာလှည့်ခရီးသွားအာမခံ
စုပေါင်းအသက်အာမခံ
( စက်ရုံများ Company များ)
အသက်အာမခံ
ကျန်းမာရေးအာမခံ
ကိုယ် အင်္ဂါထိခိုက်မှု အာမခံ
တို့ ကို အာမခံထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
U Tin Aung(Eco)
Licensed General and Life Agent
Phone 09261001875
Viber 09261001875
E mail [email protected]