Kyaw Sitt - Financial and Life Advisor

Kyaw Sitt - Financial and Life Advisor Licensed Financial Service Consultant to provide the best and responsive service to people of Myanmar

"နေ့စဥ်ကော်ဖီ​​လေးတစ်ခွက်က တစ်​​နေ့တာအတွက် စိတ်​ကျေနပ်မှု​​ပေးနိုင်သလို ​​နေ့စဥ်​ကော်ဖီတစ်ခွက်စာ​ငွေပမာဏ​လေးကလဲ မိသားစုအ...
04/02/2025

"နေ့စဥ်ကော်ဖီ​​လေးတစ်ခွက်က တစ်​​နေ့တာအတွက် စိတ်​ကျေနပ်မှု​​ပေးနိုင်သလို ​​နေ့စဥ်​ကော်ဖီတစ်ခွက်စာ​ငွေပမာဏ​လေးကလဲ မိသားစုအနာဂတ်အတွက် စိတ်လုံခြုံမှု​ပေးနိုင်ပါတယ်"

သာမန်ကြည့်ရင် ဒီစကားကဖြစ်နိုင်ပါ့မလားဆိုပြီး ​တွေးစရာရှိပါတယ်။ ​ကျွန်​တော်တို့ ဒါ​လေးကိုနည်းနည်း​လေး breakdown လုပ်ကြည့်ရ​အောင် !!

​​ကော်ဖီကြိုက်တဲ့သူ​တွေအတွက် ​နေ့စဥ်​ကော်ဖီတစ်ခွက်က သိပ်ကိုတန်ဖိုးရှိလှပါတယ်

​ကော်ဖီတစ်ခွက် ဘယ်​လောက်​စျေး​ပေးရပေးရ ​ကော်ဖီတစ်ခွက်​သောက်လိုက်ရရင်ကိုပဲ တစ်​နေ့တာက သိပ်ကို​ကျေနပ်စရာ​ကောင်းပြီး အလုပ်မှန်သမျှလဲပြီး​​အောင်လုပ်နိုင်တယ် အရာအားလုံးလဲပြီးပြည့်စုံတယ်လို့ခံစားရပါတယ်​

အခု​ခေတ်​စျေးနဲ့ Cappuccino ကော်ဖီ​လေးတစ်ခွက်က ဆိုင်​ပေါ်မူတည်ပြီး ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားမှာရှိပါတယ်

ဒါဆို ​​နေ့စဥ်ကော်ဖီတစ်ခွက်စာ ပျမ်းမျှ ၅၀၀၀ ကျပ်နဲ့ အသက်အာမခံဝယ်လို့ရလားလို့​မေးလာခဲ့မယ်ဆိုရင် "ဟုတ်ကဲ့ လုံလုံ​လောက်​လောက်ရပါတယ်" လို့ တထစ်ချ​​​ပြောပြချင်ပါတယ်

ဒါဆို ​​ကော်ဖီ​​သောက်ရသလို စိတ်​ကျေနပ်မှု​ပေးနိုင်မလားလို့​မေးခဲ့ရင်လဲ "​ဟုတ်ကဲ့ စိတ်​ကျေနပ်မှုတင်မဟုတ်ပဲ စိတ်လုံခြုံမှုပါ​ပေးနိုင်ပါတယ်" လို့ ​ဖြေရမှာပါပဲ

လူ​တော်​​တော်များများက အသက်အာမခံက​ ​စျေးအရမ်းကြီးတယ်၊ အသက်အာမခံက​နေပြန်​​ပေးတဲ့ အကာအကွယ်ပမာဏတစ်ခုကိုရဖို့ ​ငွေအများကြီးနဲ့ဝယ်မှ ပြန်ရနိုင်မယ်လို့ ထင်တတ်ကြပါတယ်

​​အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ​​​နေ့စဥ်​ကော်ဖီတစ်ခွက်စာ ၅၀၀၀ ကျပ်နဲ့ အသက်အာမခံဝယ်မယ်ဆိုပါစို့...

၅၀၀၀ ကျပ် × ၃၆၅ ရက် = ၂,၁၉၀,၀၀၀ကျပ်ကို တစ်နှစ်စာအ​နေနဲ့​ပေးသွင်းရပါမယ်

ဒါဆို ဘာ​တွေပြန်ရမလဲ?

✅️ အသက်အာမခံအကာအကွယ် သိန်း ၁၀၀၀ ကျပ်ကို ချက်ချင်းအနာဂါတ်အတွက်ပြင်ဆင်ပြီးသွားဖြစ်သွားပါပြီ

✅️ ကင်ဆာ​ရောဂါအကာအကွယ်အ​ဖြစ် သိန်း ၁၀၀၀ ရဲ့ ၂၅% ဖြစ်တဲ့ သိန်း ၂၅၀ ကျပ် ကို ကြိုတင်စီမံပြီးသားဖြစ်သွားပါတယ်

✅️ မ​တော်တဆမသန်မစွမ်းဖြစ်သွားနိုင်တဲ့ အ​ခြေအ​နေများအတွက်လဲ အသက်အာမခံအကာအကွယ် သိန်း ၁၀၀၀ ကျပ်က အဆင်သင့်ရှိ​နေပြီးသားဖြစ်သွားပါတယ်
ဒါတင်မဟုတ်​သေးပါဘူး

Saving feature ပါတဲ့ AIA ရဲ့ Universal Life လို အာမခံမျိုးဆိုရင်​တော့ နှစ်ကြာကြာစုထားနိုင်ရင် စုထားသလို သိသာကြီးမားတဲ့ ​ငွေပင်​ငွေရင်းတစ်ခုကိုလဲ ပိုင်ဆိုင်ပြီးသားဖြစ်သွားပါလိမ့်မယ်

​နေ့စဥ်ကျပ် ၅၀၀၀ သုံးရုံနဲ့ အသက်အာမခံအကာအကွယ် + savings ကို တစ်ပြိုင်တည်းရရှိခံစားရမှာဖြစ်ပါတယ်

ကော်ဖီရဲ့အနှစ်သာရကို ​ကော်ဖီ​​မသောက်ဖူးတဲ့သူ​တွေထက် ​သောက်ဖူးတဲ့သူ​တွေက ​သေချာပိုပြီးသိသလို အသက်အာမခံရဲ့အနှစ်သာရကိုလဲ မခံစားဖူးတဲ့သူ​တွေထက် ကိုယ်တိုင်ဝယ်ယူထားပြီး ခံစားတတ်တဲ့သူ​တွေကပဲ သိနိုင်ပါတယ်

ဒါ​ပေမယ့် မြည်းစမ်းကြည့်ဖို့ အခွင့်အ​ရေးက​တော့ လူတိုင်းမှာရှိပါတယ်။ လက်တစ်ကမ်းနဲ့ ဖုန်းတစ်​ call စာ အကွာအ​ဝေးမှာပါပဲ။

​​သေချာ​​ပြော​ပြ ရှင်းပြ​ပေးတဲ့သူ​တွေက​နေတဆင့် အခုလို မတင်မကျဖြစ်​နေတာ​တွေရှင်းသွား​အောင် အကူအညီရယူလိုက်ရင် အသက်အာမခံဝယ်ရတာ အရမ်းကိုလွယ်ကူသက်သာတယ်ဆိုတာ သိမြင်သွားပါလိမ့်မယ်

​ကြေးအိုးကြိုက်တဲ့သူအတွက် ​ကြေးအိုးတစ်ပွဲစာ၊ မာလာရှမ်း​ကောကြိုက်တဲ့သူအတွက် မာလာရှမ်း​ကောတစ်ပွဲစာ၊ Burger ကြိုက်တဲ့သူအတွက် Burger တစ်လုံးစာ​လေးပဲ ​နေ့စဥ်အာမခံအတွက်ပြင်ဆင်ကြည့်ပါ

အမှန်တကယ် အနာဂါတ်အတွက် အကျိုးရှိပါလိမ့်မယ်

✅️ ဝယ်ယူဖို့လဲ တိုက်တွန်းပါရ​စေ
✅️ မြည်းစမ်းကြည့်ဖို့လဲ အကြံ​ပေးပါရ​စေ
✅️ ခံစားကြည့်နိုင်ဖို့လဲ ကူညီ​ပေးပါ​ရ​စေ

"အသက်အာမခံဝယ်ရတာဟာ ​စျေးမကြီးပါဘူး"

Kyaw Sitt Thway
Financial Service Consultant
AIA MYANMAR

နေ့စဥ်တိုင်းလိုလို ကျွန်​​တော်တို့အားလုံးဟာ ​ကောင်းဆိုး​လောကဓံ​တွေ မထင်မှတ်တဲ့စိန်​ခေါ်မှု​ပေါင်းများစွာကို ပုံစံအမျိုးမ...
06/01/2025

နေ့စဥ်တိုင်းလိုလို ကျွန်​​တော်တို့အားလုံးဟာ ​ကောင်းဆိုး​လောကဓံ​တွေ မထင်မှတ်တဲ့စိန်​ခေါ်မှု​ပေါင်းများစွာကို ပုံစံအမျိုးမျိုးနဲ့ကြုံ​​တွေ့နေကြရပါတယ်။ ​ဒီလို​မထင်မှတ်​တာ​တွေကြားမှာ insurance က financial safety pin တစ်ခုလို safety net တစ်ခုလို အ​ရေး​ပေါ်အားကိုးလို့ရတဲ့ အရာတစ်ခုပါပဲ။

Insurance ဆိုတာ ​သမရိုးကျအာမခံငွေသွင်းရတာ နဲ့ လျော်​ကြေးပြန်ရတာ​လေးပဲမဟုတ်ပါဘူး။ သူ့ရဲ့အ​ရေးအကြီးဆုံးအနှစ်သာရက peace of mind (စိတ်နှလုံး​အေးချမ်းရခြင်း)နဲ့ protection (ကိုယ်​ရောစိတ်​ရောအကာအကွယ်ရခြင်း) တို့ကို​ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

အဓိကအားဖြင့် -

(1) Financial Security လို့​ခေါ်တဲ့ မထင်မှတ်ထားတဲ့​ငွေ​ကြေးကုန်ကျမှု​တွေ (ဆေးရုံစရိတ်​တွေ၊ မ​မျှော်လင့်ပဲ ထိခိုက်နာကျင်မှု​တွေ ၊ ဆုံးရှုံးမှု​တွေ) ကို အတိုင်းအတာတစ်ခုထိ cover ဖြစ်​စေတယ်၊ လုံခြုံ​စေတယ်။

(2) ကျန်းမာ​ရေးအာမခံ​ကြောင့် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရသူ​တွေ လိုအပ်တဲ့​ဆေးကုသမှု​တွေကို အပြည့်အဝခံယူနိုင်ဖို့၊ ​ကျန်းမာ​ရေးစရိတ်​ကြောင့် ​ဘယ်အရာကိုမှ နောက်ဆံမတင်း​နေ​စေဖို့ ​သေချာ​စေတယ်။

(3) အသက်အာမခံ​ကြောင့် စွန့်စားမှု​တွေကိုတိုးပြီးလုပ်လို့ရတယ်၊ စီးပွား​ရေးအသစ်​တွေကို စတင်လို့ရနိုင်မယ်၊ အနာဂါတ်အတွက်ကြိုတင်ပြင်ဆင်နိုင်မယ်၊ ကိုယ့်ရဲ့အိပ်မက်​တွေကို အသက်ဆက်လို့ရနိုင်မယ်။

(4) တစ်စုံတစ်ရာ​သောအ​ကြောင်း​ကြောင့်ဘဝမှာဆုံးရှံံးမှု​တွေ ကြုံလာရတဲ့အခါ အာမခံဝယ်ထားမိလို့ ဘဝကို point တစ်ခုက​​နေ ပြန်တည်​ဆောက်လို့ရမယ်၊ ​ရှေ့ဆက်ပြီးသွားလို့ရမယ်။ ​​ပြောရရင် speedy recovery တစ်ခုကို မြန်မြန်ရနိုင်တယ်​။

အဲ့ဒါ​တွေက တကယ်​ရောဖြစ်ရဲ့လားလို့​မေးရင် တိကျမှန်ကန်တဲ့ သာဓက​တွေ အမှန်တရား​တွေက ​ပြောမကုန်​အောင်ရှိ​နေပြီးသားပါ။

Insurance ဆိုတာ စာရွက်​လေးတစ်ရွက်နဲ့ စာချုပ်​လေးတစ်ခုပဲမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်ယုံကြည်မှု​တွေကို mutual လုပ်ပြီး ကြားချထားတဲ့ ကတိကဝတ်​တွေပါ။ အဲ့ဒီ့ကတိကဝတ်​တွေ​ကြောင့်ပဲ ဘဝရဲ့အ​ရေးအကြီးဆုံးသူ​​​တွေ၊ အရာ​ဝတ္တု​တွေ၊ အချိန်အခါ​​တွေကို ထိန်းသိမ်း​စောင့်​ရှောက်သွားနိုင်ကြတာပါပဲ။

အာမခံနဲ့ပတ်သက်ပြီး သိလိုတာအကုန်​မေးလို့ရပါတယ်။ စိတ်နှလုံး​အေးချမ်းသည်အထိ ဝန်​ဆောင်မှု​ပေးနိုင်ဖို့ ကျွန်​တော်အမြဲရှိ​နေပါတယ် 🙏

Kyaw Sitt
IA ( N ) LI-05597
09782868013
[email protected]

#ကျော်စစ်

#ကျန်းမာရေးအာမခံ #အသက်အာမခံ

အားလုံး စိတ်လက်ကျန်းမာ ချမ်းသာစွာနဲ့ 2025 တစ်နှစ်လုံးကို ​ကျော်ဖြတ်နိုင်ကြပါ​စေအာမခံရဲ့အနှစ်သာရကို ပိုပြီးနားလည်လာကြပြီး...
01/01/2025

အားလုံး စိတ်လက်ကျန်းမာ ချမ်းသာစွာနဲ့ 2025 တစ်နှစ်လုံးကို ​ကျော်ဖြတ်နိုင်ကြပါ​စေ
အာမခံရဲ့အနှစ်သာရကို ပိုပြီးနားလည်လာကြပြီး ​နောင်​ရေးအတွက် ​သေချာ​ရေ​ရောတဲ့ အနာဂါတ်မိသားစုဘဝတစ်ခုအတွက် အကာအကွယ်​တွေကိုလဲ လျင်မြန်စွာရယူနိုင်ကြပါ​စေ 🙏

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်လဲ AIA MYANMAR ရဲ့ထိ​ရောက်တဲ့ဝန်​​ဆောင်မှု 🙏
16/09/2024

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်လဲ AIA MYANMAR ရဲ့ထိ​ရောက်တဲ့ဝန်​​ဆောင်မှု 🙏

တိုင်ဖွန်းယာဂီ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးအတွက် လုံခြုံဘေးကင်းစေဖို့ဆုတောင်းရင်း တတ်စွမ်းတဲ့ကဏ္ဍမှ ပံ့ပိုးကူညီပေးဖို့ AIA Myanmar က အသင့်ရှိနေပါတယ်။

ယခုလိုခက်ခဲတဲ့ကာလမှာ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုရရှိရန် အလွန်အရေးကြီးကြောင်း နားလည်သဘောပေါက်တာကြောင့် မုန်တိုင်းဒဏ်ခံစားရတဲ့ AIA Members များအတွက် အာမခံပေါ်လစီနဲ့ သက်ဆိုင်တဲ့ အာမခံအကျိုးခံစားခွင့်မှန်သမျှကို လိုအပ်တဲ့ စာရွက်စာတမ်းများ ပြည့်စုံပါက ၂၄ နာရီအတွင်း စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အာမခံပေါ်လစီနဲ့သက်ဆိုင်တဲ့ ပံ့ပိုးကူညီမှုများကို ရယူရန်အတွက် SHER ရဲ့ 24/7 Hotline နံပါတ် ဖြစ်တဲ့ 09944705440 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လူမှုအသိုက်အဝန်းနှင့် ပြည်သူများအကျိုးအတွက် အခြားလိုအပ်တဲ့ပံ့ပိုးကူညီမှုများထပ်မံပေးစွမ်းနိုင်ဖို့ AIA Myanmar က ဆက်လက် ကြိုးပမ်းသွားမှာပါ။

Our hearts go out to people across Myanmar affected by Typhoon Yagi and AIA Myanmar is here as always, to support those unfortunately impacted.

We understand how important it is to receive financial support during a stressful time, and for any of our valued AIA members impacted by the typhoon, we will process and payout any policy related claim requests within 24 hours of receiving the required documents. Please reach out to our 24/7 AIA Customer Hotline SHER at 09944705440 for any insurance policy related support.

Given the impact to communities and people across Myanmar, we will also continue to monitor and identify areas where we can help in providing the much-needed support.

ငွေစျေးတွေ တက်တယ် ရွှေစျေးတွေ တက်တယ် ဒါပေမယ့် ကျွန်တော်ကျောတခြမ်းလုံတယ် ဘာလို့လဲဆို​တော့ ကျွန်တော်နှစ်စဥ်​ပေးသွင်း​နေရတဲ...
10/07/2024

ငွေစျေးတွေ တက်တယ် ရွှေစျေးတွေ တက်တယ်

ဒါပေမယ့် ကျွန်တော်ကျောတခြမ်းလုံတယ်

ဘာလို့လဲဆို​တော့ ကျွန်တော်နှစ်စဥ်​ပေးသွင်း​နေရတဲ့အာမခံကြေးတွေက မတက်သွားလို့ပါပဲ

နေ့စဉ် ရွှေစျေးပြောင်းလို့ ငွေစျေးပြောင်းလို့ဆိုပြီလဲ နှစ်စဥ်အာမခံ​ကြေးက မပြောင်းလဲသွားဘူး

Insurance ဝယ်ထားလို့ ပြန်ရလာမယ့် Benefits တွေက ကျန်ခဲ့တဲ့ကိုယ့်မိသားစုကို ချက်ချင်းကြီးချမ်းသာသွားအောင်မလုပ်ပေးနိုင်ပေမယ့် သူတို့ကို ချက်ချင်းမပြိုလဲသွားအောင် လက်ရှိအ​နေအထားတစ်ခုက​နေယိုင်နဲ့မသွားရ​လေအောင် အချိန် အတိုင်းအတာတစ်ခုထိ အ​ကောင်းဆုံးကူညီပေးနိုင်ပါတယ်

အဲ့ဒါကြောင့် Insurance ဝယ်တာဟာ မနိုင်ဝန်ထမ်းတာမဟုတ်ပဲ နိုင်ရာတာဝန်ကို​ နောက်ဆုံးထိကျေပွန်​အောင်လုပ်​ဆောင်သွားခြင်းပါပဲ

ကိုယ်မျက်စိမှိတ်သွားတဲ့အချိန်ထိ ကျောတခြမ်းလုံနေနိုင်မယ့် ခံစားချက်မျိုးကလဲ မိသားစုတိုင်းမှာ လိုအပ်ပါတယ်

ဟုတ်ကဲ့ ကျွန်​တော်​ကျောတခြမ်းလုံခဲ့ပါပြီ

ကိုယ့်အသက်နဲ့ ကျန်းမာ​ရေးအတွက် ငွေ​ကြေးစီမံခန့်ခွဲမှု​တွေလိုအပ်လာရင် 24/7 ဆက်သွယ်​​စုံစမ်း​မေးမြန်းနိုင်ပါတယ်

​ကျော်စစ်​သွေး (Kyaw Sitt Thway)
IA ( N ) LI-05597
09782868013
[email protected]



#ကျန်းမာရေးအာမခံ #အသက်အာမခံ

အခု July လမှစ နှစ်​ပေါင်းများစွာ စိတ်လုံခြုံမှုအပြည့်နဲ့ ကိုယ့်အနာဂါတ်ကို ကိုယ်လိုသလိုပုံ​ဖော်ထုဆစ်နိုင်ကြပါ​စေအသက်အာမခံ...
01/07/2024

အခု July လမှစ နှစ်​ပေါင်းများစွာ စိတ်လုံခြုံမှုအပြည့်နဲ့ ကိုယ့်အနာဂါတ်ကို ကိုယ်လိုသလိုပုံ​ဖော်ထုဆစ်နိုင်ကြပါ​စေ

အသက်အာမခံနဲ့ ကျန်းမာ​ရေးအာမခံတို့​ကြောင့် "အသက်ကိုဥာဏ်​စောင့် အနာဂါတ်မ​ပျောက်" ​စေဖို့လဲထပ်​လောင်းဆန္ဒပြုလျှက် 🙏

ဒီ​နေ့လုပ်​ပေးဖြစ်တဲ့ အသက်အာမခံ policy ​လေးတစ်ခုပါClient ညီမ​လေးက ကိုယ်တိုင်အာမခံအ​ကြောင်းကို ​သေချာ​မေးမြန်း​စုံစမ်းလေ့...
06/05/2024

ဒီ​နေ့လုပ်​ပေးဖြစ်တဲ့ အသက်အာမခံ policy ​လေးတစ်ခုပါ

Client ညီမ​လေးက ကိုယ်တိုင်အာမခံအ​ကြောင်းကို ​သေချာ​မေးမြန်း​စုံစမ်းလေ့လာနား​ထောင်ပြီးမှ ကိုယ့်လစဥ်​ income ထဲက​နေ 5% - 10% ကို အသက်အာမခံအတွက် ပြင်ဆင်ထားတာပါ

Beneficaries (အာမခံအကျိုးဆက်ခံသူ) ​နေရာမှာလဲ မိခင်ကိုထည့်ထားတဲ့အတွက် အသက်အာမခံလျော်​ကြေး​ငွေ​တွေကို မိခင်ဖြစ်သူကို တစ်လုံးတစ်ခဲထဲ AIA က ​သေချာ​ပေးအပ်​ပေးသွားမှာပါ

ဒီအလုပ်လုပ်ရင်း သိလာရတာတစ်ခုက သားသမီးနဲ့ မိဘ​တွေရဲ့ကြားမှာရှိ​နေတဲ့ ချစ်ခြင်း​မေတ္တာကို Policy တစ်​စောင်ချင်းစီတိုင်းမှာ ခံစားရ​စေတာပါပဲ

မိဘကလဲ သားသမီး​တွေကို လုံခြုံ​စေချင်တယ်
သားသမီးကလဲ မိဘ​တွေကို ​ကျေးဇူးဆပ်ချင်တယ်

အပြန်အလှန်သက်​ရောက်မှုတိုင်းမှာ အသက်အာမခံ policy ​တွေကို​ဆောင်ရွက်​ပေးရတာဟာ ကျွန်​တော်ကိုယ်တိုင်မှာလဲ ကုသိုလ်​တွေအများကြီးရပါတယ်

အခုချိန်ထိ အာမခံနယ်ပယ်မှာကြိုးစား​နေရ​ပေမယ့်လဲ အခုလိုမျိုး​​တွေ ​ဆောင်ရွက်​ပေးခွင့်ရ​နေတာကလဲ ​ကောင်းခြင်းတစ်ခုပါပဲ

ကိုယ့်အသက်နဲ့ ကျန်းမာ​ရေးအတွက် ငွေ​ကြေးစီမံခန့်ခွဲမှု​တွေလိုအပ်လာရင် 24/7 ဆက်သွယ်​​စုံစမ်း​မေးမြန်းနိုင်ပါတယ်

​ကျော်စစ်​သွေး (Kyaw Sitt Thway)
IA ( N ) LI-05597
09782868013
[email protected]



#ကျန်းမာရေးအာမခံ #အသက်အာမခံ

"​ရေဘူးနဲ့ဖိနပ်မပါ ​နွေခါမှသိ"စဥ်းစားကြည့်ပါ ​နွေရာသီအရမ်းပူပြင်းတဲ့အချိန်မှာ အပြင်ကိုသွားဖို့ ဖိနပ်မစီးမိဘူးဆိုရင် ​​နေ...
06/05/2024

"​ရေဘူးနဲ့ဖိနပ်မပါ ​နွေခါမှသိ"

စဥ်းစားကြည့်ပါ ​နွေရာသီအရမ်းပူပြင်းတဲ့အချိန်မှာ အပြင်ကိုသွားဖို့ ဖိနပ်မစီးမိဘူးဆိုရင် ​​နေပူရှိန်​ရဲ့အပူဒဏ်ကို အပြင်းအထန်ခံစားရနိုင်ပါတယ်

ခရီး​​ဝေး​ဝေးကိုသွားချင်တဲ့သူတစ်​​ယောက်အတွက်ကလဲ အပူရှိန်​ကြောင့် လမ်းမှာ​မောပန်းလာတဲ့အခါ ​​​ရေ​အေး​အေးတစ်ခွက်ကို​သောက်လိုက်မိရင်ကိုပဲ အားအင်​တွေပြည့်ပြီး လိုရာခရီးကို လွယ်လွယ်ကူကူဆက်နိုင်ပါတယ်

ထို့အတူပဲ ဘဝခရီးမှာ အသက်အာမခံနဲ့ ကျန်းမာ​ရေးအာမခံကိုဝယ်ထားတယ်ဆိုတာ ​ဖိနပ်နဲ့​ရေဘူးကို​​ဆောင်ထားရသလိုပါပဲ

ကျန်းမာ​ရေးအာမခံလို့ခေါ်တဲ့ ဖိနပ်ကိုစီးလိုက်ရင် ကိုယ့်ကျန်းမာ​ရေးအတွက် ​​ဆေးရုံ​ဆေးခန်းတက်ရတဲ့အခါ ငွေ​​​ကြေးအတွက်စိုးရိမ်ပူပန်ရမှု​တွေကို ကာကွယ်ပြီးသားဖြစ်သလို အသက်အာမခံလို့​ခေါ်တဲ့​ရေဘူးတစ်ဘူးကို ​ဆောင်သွားလိုက်ရင်ကိုပဲ ဘဝမှာတစ်စုံတစ်ရာအ​ပြောင်းအလဲ​ကြောင့် မ​မျှော်လင့်ထားတဲ့​အ​ခြေအ​နေအရပ်ရပ်ဖြစ်လာခဲ့တဲ့အခါ ဘဝအ​မော​​တွေ​ပြေ​စေဖို့ ​ကောင်း​ကောင်းအ​ထောက်အကူပြုနိုင်မှာပါ

ကျန်းမာ​ရေးအာမခံ​နဲ့ အသက်အာမခံနှစ်မျိုးလုံးကို​ဆောင်ထားလိုက်ပြီဆိုရင်​တော့ ကိုယ်တိုင်အတွက်​ရော ကိုယ့်မိသားစုရဲ့အနာဂါတ်အတွက်ပါ ​​ငွေ​ကြေးအတွက် စိတ်လုံခြုံရခြင်း​​တွေ စိတ်​အေးချမ်းခြင်း​တွေဟာ ထီးတစ်​​ချောင်းလို အရိပ်​ကောင်း​ကောင်းလဲ​ပေးနိုင်ပါလိမ့်မယ်

ကိုယ့်အသက်နဲ့ ကျန်းမာ​ရေးအတွက် ငွေ​ကြေးစီမံခန့်ခွဲမှု​တွေလိုအပ်လာရင် 24/7 ဆက်သွယ်​​စုံစမ်း​မေးမြန်းနိုင်ပါတယ်

​ကျော်စစ်​သွေး (Kyaw Sitt Thway)
IA ( N ) LI-05597
09782868013
[email protected]



#ကျန်းမာရေးအာမခံ #အသက်အာမခံ

အသက်အာမခံနဲ့ ကျန်းမာ​ရေးအာမခံဆိုတာ အချိန်မရွေးဝယ်လို့လဲမရသလို ပိုက်ဆံရှိတိုင်းလဲဝယ်ရအဆင်မပြေတော့တဲ့ အချိန်အခါတွေရှိပါတယ်...
27/04/2024

အသက်အာမခံနဲ့ ကျန်းမာ​ရေးအာမခံဆိုတာ အချိန်မရွေးဝယ်လို့လဲမရသလို ပိုက်ဆံရှိတိုင်းလဲဝယ်ရအဆင်မပြေတော့တဲ့ အချိန်အခါတွေရှိပါတယ်

ကျွန်တော်တို့ AIA ရဲ့ အသက်အာမခံနဲ့ ကျန်းမာ​ရေးအာမခံမှာလဲ ဝယ်လို့မရတော့တဲ့အချိန်တွေဆိုတာ ရှိပါတယ်

(1) အသက်အားဖြင့် 60 နှစ်နဲဲ့အထက်ဖြစ်သွားခဲ့ပြီဆိုရင်
(2) မည်သည့်အသက်အရွယ်မှာမဆို ကျန်းမာရေးနဲ့ပတ်သတ်သည့်ရောဂါများဖြစ်လာပြီး ကိုယ့်မှာရောဂါအခံရှိနေခဲ့ပြီဆိုရင်
(3) အသက်အရွယ်နဲ့ ခန္ဓာကိုယ် IBM မညီမျှသဖြင့် အာမခံကုမ္ပဏီမှ လက်မခံ​တော့ရင်

အထက်ပါအခြေအနေများအနက်မှ No (2) နဲ့ (3)က အာမခံဝယ်ယူ၍ရနိုင်သည့် အခြေအနေများရှိသော်လဲ ကိုယ်ကကျန်းမာ​ရေး​ကောင်းတဲ့သူ​တွေထက် အာမခံ​ကြေးပိုမိုသွင်းရနိုင်မှုများလဲ ရှိလာနိုင်ပါတယ်

အာမခံဆိုတာ ငယ်လေကောင်းလေ အချိန်မလင့်ခင်ဝယ်ထားသင့်တယ်ဆိုတာ
- ငယ်ရင် ရောဂါဖြစ်နိုင်​ချေပိုနည်းတယ်
- ငယ်ရင် သွင်းရမယ့် အာမခံသွင်းရ​​​ငွေပိုနည်းမယ်
- အခြား​သော အာမခံရဲ့ benefit ​တွေကို အချိန်ကြာကြာပိုခံစားရနိုင်တယ်
- ​​စော​စောစီးစီးပြင်ဆင်ထားလိုက်ခြင်းဖြင့် မမြင်ရတဲ့ အ​ပြောင်းအလဲ​တွေအတွက် အကာအကွယ်တစ်ခုရထားနိုင်မယ်

အဲ့ဒါ​ကြောင့်အာမခံဆိုတာ အချိန်နဲ့ အသက်အရွယ်မလွန်ခင် အမြန်ဆုံးဝယ်ယူထားသင့်ပါတယ်

ကိုယ့်အသက်နဲ့ ကျန်းမာ​ရေးအတွက် ငွေ​ကြေးစီမံခန့်ခွဲမှု​တွေလိုအပ်လာရင် 24/7 ဆက်သွယ်​​စုံစမ်း​မေးမြန်းနိုင်ပါတယ်

​ကျော်စစ်​သွေး (Kyaw Sitt Thway)
IA ( N ) LI-05597
09782868013
[email protected]



#ကျန်းမာရေးအာမခံ #အသက်အာမခံ

Address

Yangon

Telephone

+959782868013

Website

Alerts

Be the first to know and let us send you an email when Kyaw Sitt - Financial and Life Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Sitt - Financial and Life Advisor:

Share