Pann Mo Mo- Financial Insurance Advisor - MDRT 2023

Pann Mo Mo- Financial Insurance Advisor - MDRT 2023 MDRT Member - 2023/ Financial Consultant Club Diamond Member - 2022 / Top Producer - 2022

23/04/2024

အာမခံကရမယ့်အတိုးဟာ
ဘဏ်တိုးလောက် ( ဘယ်တော့မှ)မများပါ။
ဒါကိုသေချာသိဖို့လိုပါတယ်။

လူတွေရဲ့တွက်ချက်မှုအရ
" ငါတော့အာမခံဝယ်ထားတယ်
ဘာမှမဖြစ်သေးရင် ဘဏ်တိုးလောက်ပေးပြီး
တခုခုဖြစ်ရင် အဆများများလျော်ပါ" လို့ မျှော်လင့်ကြပါတယ်။

ဒါဟာမဖြစ်နိုင်ပါဘူး။

လက်ရှိပြည်တွင်းဘဏ်တွေမှာ
လုံးဝပြန်မထုတ်ဘဲ အသေအပ်ထားရင်တောင်
အတိုးနှုန်းက တနှစ်လုံးကို ၉% ဝန်းကျင်ထက်မပိုပါဘူး။
ပြန်ထုတ်လိုက်ရင် အဲဒီအတိုးနှုန်းမရတော့ပါဘူး
ထုတ်ချင်တဲ့အချိန်ထုတ် ထည့်ချင်တဲ့အချိန်ပြန်ထည့် စိတ်ကြိုက်လုပ်နေမယ်ဆိုရင်တောင်
တနှစ်လုံးစာ ၆% ၇% ထက်မပိုပါဘူး
( အတိုးနှုန်းကို ၃၆၅ နဲ့ပြန်စား
ထည့်ထားတဲ့ရက်နဲ့ပြန်မြှောက်ပြီး
အတိုးထည့်ပေးတဲ့ပုံစံပါ
ဘဏ်တစ်ခုနဲ့တစ်ခု အတိုးနှုန်းအနည်းငယ်ကွာပါတယ်)

ဘဏ်မှာအပ်တဲ့အခါ ကိုယ့်ငွေဟာစိတ်ချလုံခြုံပါတယ်
သတ်မှတ်အတိုးရနေပါတယ်
ပြန်ထုတ်ရင် ကိုယ့်ငွေကိုယ်ပြန်ရပြီး
ထိုက်သင့်တဲ့အတိုးပြန်ရပါတယ်။

**********

အာမခံက ဘဏ်လောက်အတိုးမပေးပါဘူး
( အတိုးအများကြီးရတယ်လို့ပြောရင်
တခုခုလွဲမှားနေပါပြီ သေချာမေးပါ )

အာမခံဟာ ငွေတိုးပွားဖို့လုပ်တဲ့လုပ်ငန်းလည်းမဟုတ်ပါဘူး
ဒါကိုသေချာနားလည်ရပါမယ် ။

အာမခံဟာယူထားတဲ့ကာလအတွင်း
ဘာဖြစ်ရင် ဘယ်လောက်လျော်မယ်
ဘာမှမဖြစ်ရင် ဘာပြန်ရမယ်
ဒီပုံစံနဲ့သွားပါတယ်။

တခုသတိထားရမှာက
အတိုးပိုပေးတဲ့အာမခံဟာ
လျော်ကြေးကိုလျှော့ပြီးလျော်ပါတယ်။
လျော်ကြေးများတဲ့အာမခံဟာ
အတိုးကိုလျှော့ထားပါတယ်။

လူတွေရဲ့အမြင်မှာ
" ငါဘာမှမဖြစ်လောက်ပါဘူး" လို့အမြဲထင်တတ်ကြတဲ့အတွက် အတိုးလိုချင်ကြပါတယ်။
ဒါဟာ သဘာဝကျပါတယ်။

ဒါပေမယ့် အာမခံရဲ့မူလသဘောကိုက
ကိုယ်တခုခုဖြစ်ခဲ့ရင် ကိုယ့်မိသားစုအတွက်
Financial cover ရပြီး အခြေအနေဆိုးမသွားအောင်
ကြိုတင်ပြင်ဆင်ရတဲ့အလုပ်ဖြစ်တဲ့အတွက်
လျော်ကြေးများများရနိုင်တဲ့အာမခံအမျိုးအစားကိုသာ ရွေးချယ်သင့်ပါတယ်။

အားလုံးပဲ ရှင်းလင်းစွာနားလည်နိုင်ကြပါစေ။

Min Yel Kyaw Swar

အသက်အာမခံထားထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံဆက်ပေးသွင်းဖို့ အခက်အခဲရှိခဲ့ရင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်း (၃) မျ...
27/03/2024

အသက်အာမခံထားထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံဆက်ပေးသွင်းဖို့ အခက်အခဲရှိခဲ့ရင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်း (၃) မျိုး

- အမ်းငွေထုတ်ယူခြင်း (Surrender Value)
- ချေးငွေယူခြင်း (Policy Loan)
- ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)

1️⃣ အမ်းငွေထုတ်ခြင်း (Surrender Value)

အာမခံပေါ်လစီကို ရပ်စဲပြီး သွင်းထားတဲ့ ပရီမီယံငွေကို သက်တမ်းပြည့်တဲ့ထိ မစောင့်ဘဲ ပြန်လည်ထုတ်ယူတာ ဖြစ်ပါတယ်။
အရေးပေါ် ငွေကြေးလိုအပ်မှသာ ရွေးချယ်သင့်ပါတယ်။ အမ်းငွေအနေနဲ့ ပြန်ထုတ်ရမှာက ပေးသွင်းပြီးသား ငွေပမာဏအတိုင်း အပြည့်ရမှာ မဟုတ်ပါ။ စာချုပ်သက်တမ်းမပြည့်မီ ထုတ်တာဖြစ်လို့ (တနည်း) ရှုံးပါလိမ့်မယ်။ သွင်းထားတဲ့ ပရီမီယံသက်တမ်း ရင့်ရင်တော့ အရှုံးသက်သာပါလိမ့်မယ်။ ပေါ်လစီရပ်သွားလို့ အာမခံအကာအကွယ်လည်း ပြီးဆုံးပါလိမ့်မယ်။

သက်တမ်းမပြည့်ခင် ပေါ်လစီ ဖျက်သိမ်းပြီး အမ်းငွေထုတ်ရင် ဘာကြောင့် အပြည့်မရရတာလဲဆိုတော့ ...
တစ်ဖက်ကကြည့်ရင် ..
ယခု အသက်အာမခံများဟာ ငွေကြေးစုဆောင်းခြင်းနဲ့ Protection အာမခံအကာအကွယ် ပေါင်းစပ်ထားတာဖြစ်လို့ ... လက်ခံတဲ့ အာမခံကုမ္ပဏီဘက်မှာလည်း Risk အနည်းနဲ့အများ ထမ်းပေးထားရပါတယ်။ (ဥပမာ- အာမခံထားသူက ပရီမီယံကြေး ၇၀,၀၀၀/- ပမာဏလောက်ကို ၃ လလောက်သွင်းပြီးချိန်မှာ မမျှော်လင့်ဘဲ ဆုံးပါး (သို့) မသန်စွမ်း ဖြစ်ခဲ့သည်ရှိသော် အာမခံကုမ္ပဏီဘက်က သိန်း ၃၀၀ လောက် အကျိုးခံစားခွင့် ပေးရဖို့ တာဝန်ယူပေးထားရပါတယ် ... ပရီမီယံကြေးများရင် များသလို သိန်း ထောင်ချီ တဲ့ အကျိုးခံစားခွင့်မျိုးတွေ ထုတ်ပေးခဲ့ရတာတွေ ရှိပါတယ်)။ ဒီလို လက်ခံထားတဲ့ Risk ကို အာမခံသက်တမ်းတလျှောက်လုံး ထမ်းပေးထားရပါတယ်။ ဒါ့အပြင် Management Cost, Agent Commission နဲ့ အခြား Overhead Cost များ ရှိပါတယ်။

ဆိုတော့ (သက်တမ်းမပြည့်ခင် ပြန်ထုတ်ခြင်း) က ပေးသွင်းလာတဲ့ နှစ်သက်တမ်းတိုသေးရင် များများနှုတ်ဖြတ်ပြီး၊ သွင်းလာတဲ့သက်တမ်း ရှည်လာရင် နည်းနည်းပဲ ဖြတ်ပါတယ်။ နိုင်ငံတကာ အသက်အာမခံစနစ်မှာလည်း ဒီလိုပဲ ကျင့်သုံးပါတယ်။ Product တစ်ခုနဲ့တစ်ခုတော့ အမ်းငွေပြန်ရတဲ့ ပမာဏချင်း မတူကြပါဘူး။

2️⃣ ချေးငွေယူခြင်း (Policy Loan)

ကိုယ်က
- အမ်းငွေထုတ်ယူသလိုမျိုး မရှုံးချင်ဘူး
- လတ်တလောမှာ အရေးပေါ် ငွေလိုနေတယ်
- ရေရှည်မှာတော့ အာမခံသက်တမ်းပြည့်တဲ့ထိ ပုံမှန် ဆက်သွင်းစုဆောင်းသွားဖို့ ဆန္ဒလည်း ရှိတယ်
- မိမိနဲ့ မိသားစုအတွက် အာမခံအကာအကွယ်လည်း ရှိနေစေချင်သေးတယ်... ဆိုရင်
အမ်းငွေမထုတ်ဘဲ ချေးငွေယူလို့ ရပါတယ်။ အမ်းငွေတန်ဖိုး (Surrender Value) ရဲ့ ၉၀% လောက်ထိ ချေးယူလို့ ရနိုင်ပါတယ်။ အတိုးနှုန်းက တစ်နှစ်အတိုးနှုန်း 8% p.a နဲ့ 15% p.a ကြားလောက် ရှိပါတယ်။ (အာမခံအမျိုးအစားပေါ် ပြောင်းလဲနိုင်)

သွင်းနေကျ ပရီမီယံကတော့ ပုံမှန်အတိုင်း ဆက်သွင်းသွားရုံပါပဲ။ ချေးယူထားတဲ့ငွေကတော့ အနည်းဆုံး ၆ လ ယူထားရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အဆင်ပြေတဲ့ချိန် တစ်လုံးတည်း ပြန်ဆပ်လို့ရသလို ခွဲဆပ်လို့လည်း ရပါတယ်။ (အာမခံအမျိုးအစားပေါ် မူတည်)
အကယ်၍ မဆပ်ဖြစ်ရင်လည်း အာမခံသက်တမ်းပြည့်တဲ့ချိန်ကျရင် ချေးယူထားတဲ့ပမာဏကို ခုနှိမ်ပြီး အာမခံထားငွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

3️⃣ ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)

အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံပေးသွင်းဖို့ အဆင်မပြေဘူး... ဒါပေမယ့် လတ်တလော ငွေတော့ မလိုအပ်သေးဘူးဆိုရင် စာရင်းပိတ်ထားလို့ ရပါတယ်။ ဒီနည်းလမ်းကတော့ မရှုံးပါဘူး.. သွင်းထားပြီးတဲ့ ပရီမီယံသက်တမ်းရင့်ရင် အမြတ်လည်း ရှိနိုင်ပါတယ်။ စာရင်းပိတ်ထားတဲ့ငွေကိုတော့ ချက်ချင်းထုတ်လို့ရမှာ မဟုတ်ဘဲ အာမခံသက်တမ်းပြည့်တဲ့ချိန်မှသာ ထုတ်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။
ဒီနည်းလမ်း ၃ မျိုးလုံးဟာ ပေါ်လစီ စတင်အသက်ဝင်ပြီး (Policy issued) နောက် (အနည်းဆုံး တစ်နှစ် သွင်းပြီးမှသာ ... အချို့ Product တွေဆို သုံးနှစ် သွင်းပြီးမှသာ) လုပ်လို့ရမှာ ဖြစ်ပါတယ်။

အသက်အာမခံအမျိုးအစားအလိုက် မတူညီတဲ့ အချက်အလက် အသေးစိတ် တချို့ကိုတော့ မိမိထားရှိထားတဲ့ အသက်အာမခံကုမ္ပဏီ (သို့မဟုတ်) အသက်အာမခံကိုယ်စားလှယ်နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

ငွေကြေးစုဆောင်းခြင်း ပါဝင်တဲ့ ငွေပင်ငွေရင်းအသက်အာမခံတွေဟာ အာမခံသက်တမ်း ၅ နှစ်ကနေ နှစ် ၂၀ ကြားမှာ ရှိကြပါတယ်။ အသက်အာမခံ ထားတယ်ဆိုတာ ကိုယ့်ရဲ့ ပုံမှန်ဝင်ငွေတစ်ခုပေါ် အခြေခံပြီး တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို ခွဲဝေပြီး မိသားစုနောင်ရေးအတွက် ငွေကြေးအကာအကွယ်မျိုးနဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုးပါ။
ဒါကြောင့် ခုလို ကိစ္စရပ်မျိုးတွေ အတက်နိုင်ဆုံး မဖြစ်ရလေအောင် အသက်အာမခံ မထားခင်မှာတည်းက အာမခံသက်တမ်း၊ လစဥ်/နှစ်စဥ် သွင်းရမယ့် ပရီမီယံကို ကိုယ့်အတွက် ရေရှည်အဆင်ပြေတာမျိုးရွေးချယ်ဖို့ ... ထားမယ့်သူတွေကို အကြံပြုရတာပါ။

တချို့တွေက Inflation ငွေတန်ဖိုးကျတာတွေ၊ ရှုံးတာ မြတ်တာတွေ ဦးစားပေး ထည့်ပြောကြပါတယ်။ ဒါဆိုရင်တော့ ကျွမ်းကျင်တဲ့ စီးပွားလုပ် Investment လုပ်ပါ။ အဲ့တာတွေက တိုးပွားဖို့အရေးပါ။ အသက်အာမခံကတော့ ကာကွယ်ဖို့အရေး လုပ်တာပါ။ အာမခံဆိုတာ Financial Planning, Financial Protection လုပ်ဆောင်ချက်တစ်ခုပါ။ အာမခံအတွက် သုံးရမယ့် လစဉ် (သို့) နှစ်စဉ် ပရီမီယံငွေကို အာမခံ မဝယ်ဘဲ ကိုယ့်ဘာသာ ရည်မှန်းထားတဲ့ ဒီ ငွေကြေး Amount တစ်ခုအတိုင်း ပြည့်မြောက်အောင် စုဖြစ်ပါ့မလား။ မဟုတ်ရင်လည်း ကိုယ် စားလိုက် သုံးလိုက်တဲ့ထဲ ပါသွား ပျောက်သွားမယ့် ငွေကြေးပမာဏတစ်ခုကို အသုံးပြုလိုက်တဲ့ နေရာ (အာမခံ) ဘက်ကို ပြောင်းသုံးလိုက်ခြင်းအားဖြင့် ... စိတ်အေးလုံခြုံစေမှုတစ်ခုကို ရရှိစေနိုင်ပါတယ်။

အသက်အာမခံထားခြင်းဟာ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုအနာဂတ်အတွက် လုံခြုံစိတ်အေးရစေတဲ့ အစီအစဥ်၊ ငွေကြေးအကာအကွယ် ပေးထားခြင်း ဖြစ်တာမို့ ခဏတာ အခက်အခဲအချို့ကို ကျော်လွှားပြီး သက်တမ်းပြည့်တဲ့ထိ ရှိစေချင်ပါတယ်။ ဒီကြားထဲကမှ မဖြစ်မနေ အခြေအနေမျိုး ကြုံလာခဲ့သော် ခုပြောပြတဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေရာ ဆုံးဖြတ်ရွေးချယ်လို့ ရပါတယ်။

အာမခံအကျိုးခံစားခွင့်ငွေတွေ ရှိလို့ စိတ်သက်သာရာ ရခဲ့ကြတဲ့ မိသားစုပေါင်းလည်း မနည်းပါဘူး။ မမျှော်လင့်ထားတဲ့ အရေးပေါ်အဖြစ်အပျက်မျိုးတွေ ကြုံလာတဲ့ အခါမျိုးမှာ မိသားစု ရှေ့ရေး ကောင်းကောင်းခရီးဆက်နိုင်ဖို့ ငွေကြေးအတွက်နဲ့ အပူအပင်မရှိစေဘဲ စိတ်အေးချမ်းသာရစေပါတယ်။

Planning ဆိုတဲ့ ကြိုတင်စီမံမှုဟာ စီးပွားရေးမှာဆိုလည်း အရေးကြီးပြီး ... ဘဝအရေး (သားရေး သမီးရေး မိသားစုအရေး) ဆိုရင်တော့ Financial Planning နဲ့ Financial Protection ကို ပိုပြီး ဂရုတစိုက် ပြင်ဆင်ထားသင့်တယ် မဟုတ်လား။

အာမခံမထားခင်မှာဖြစ်ဖြစ်၊ ထားပြီး ခုလိုကိစ္စတွေမှာဖြစ်ဖြစ်၊ လျော်ကြေးတောင်းခံခြင်းတွေမှာဖြစ်ဖြစ် အသက်အာမခံကိုယ်စားလှယ် (Insurance Agent) တွေနဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့ အာမခံအကြံပေးကိုယ်စားလှယ်အနေနဲ့ ဆွေးနွေးတိုင်ပင် လုပ်ဆောင်လို့ ရပါတယ်။

#ကျော်ကျော် (တောင်ငူ)

လူသေရင် ရမယ် ပန်းသေး ပန်းသေရင် မရဘူးထက်ဆိုးနေပါ့လား ဟယ် 😂
09/03/2024

လူသေရင် ရမယ် ပန်းသေး ပန်းသေရင် မရဘူးထက်ဆိုးနေပါ့လား ဟယ် 😂

01/03/2024

ဘာပေါက်ကွဲတယ် ညာပေါက်ကွဲတယ်
ဘယ်စက်ရုံမီးလောင်တယ်ဆိုတဲ့သတင်းတွေကြားရင်
အရင်ကဆို ဪ သူအတော်ဆုံးရှုံးမှာပဲ
သိန်းကိုသိန်းနဲ့ချီဆုံးရှုံးမှာပဲဆိုပြီး
စိတ်မကောင်းဖြစ်မိတယ်

အခုတော့ သိပ်ကြီးမားတဲ့စက်ရုံတွေဂိုထောင်တွေ
မီးလောင်တယ် ပေါက်ကွဲတယ်ဆိုရင်
သူ general insurance ထားထားသလား
မထားထားဘူးလားဆိုတာပဲစိတ်ဝင်စားတော့တယ်

Investment တွေဘယ်လောက်ပဲထည့်ထားထည့်ထား
Security တွေဘယ်လိုပဲဖြည့်ထားဖြည့်ထား
မီးဘေးအတွက် မီးသတ် system တွေ
ဘယ်လောက်ပဲထားထား
စက်ရုံလိုက်ပျက်စီးပြီဆိုရင် မီးအာမခံထားမှ
ဆုံးရှုံးမှုကို ၇၀%လောက် ပြန်ရနိုင်တာ
(အပြည့်ရချင်ရင် အမြင့်ဆုံး plan ယူရပါတယ်)
နိုင်ငံတကာမှာတော့ စက်ရုံကိုပါမစ်ချပေးဖို့
သူနဲ့သက်ဆိုင်တဲ့ insurance အကုန်(မထားမနေရ)
ထားထားပြီးမှ ပါမစ်ချပေးတာမျိုးပါ။

သိပ်ကြီးမားတဲ့ဆုံးရှုံးမှုတွေဆို
ကုမ္ပဏီတွေက လျော်လို့မနိုင်ရင်
မြန်မာ့အာမခံနဲ့ပေါင်းလျော်ပါတယ်

( ကိုယ်က မီးအာမခံမလုပ်ပါဘူးနော်
ကြိုပြောထားတာ )

အများအမြင်မှာတော့
ဟယ် စက်ရုံပိုင်ရှင်တော့သနားပါတယ်
သူတော့မွဲသွားပြီ ထင်ကြမှာပဲ

ကိုယ်တွေလို အာမခံသမားတယောက်ရဲ့အမြင်က
ဒီလောက်ကြီးတဲ့စက်ရုံ/လုပ်ငန်းပိုင်တဲ့လူက
သူ့ရဲ့ဆုံးရှုံးနိုင်ချေရှိတဲ့ risk factors တွေကို
တယောက်ထဲထမ်းမထားဘူး
အာမခံတွေ မျှထားလိုက်တာ
( မထားတဲ့သူတွေလည်းရှိပါတယ် )

မီးတွေအကြီးအကျယ်လောင်
လူတွေကသနားနေချိန်
ပိုင်ရှင်က အာမခံကိုဖုန်းဆက်ပြီး
လျော်ကြေးများများရဖို့ ပြင်ဆင်နေပြီ
ဘယ်သူဌေးက အပြေးအလွှားလာပြီး
ရေပက်မီးငြှိမ်းတာ မြင်ဖူးလို့လဲ 😅

Crd
MinYel Kyaw Swar

16/02/2024

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင်
မြန်မာပြည်က သူဌေးတွေက income rich ဆိုတဲ့
ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကျပါဘူး။
ပိုင်ဆိုင်မူအရချမ်းသာတဲ့
property rich ပါ။

ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ
အိမ်ခြံမြေစျေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ် ၉၀ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။
ဈေးတက်သွားလို့ပါ။

property rich သမားတွေက ဓနခွဲဝေမူ
နည်းတတ်ပါတယ်။
အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။
နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။

နောက်ပြီး property rich တွေက
ပိုချမ်းသာကြတဲ့အတွက် သူတို့က
သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။
ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး
အလည်သွားတာမျိုး ဆေးကုတာမျိုး
ကလေးကျောင်းထားတာမျိုးပါ။

income rich ကတော့ အလုပ်ကိုင်သစ်
ဖန်တီးပေးတတ်ပါတယ်။
ဓနခွဲဝေမူလည်းဖြစ်ပါတယ်။
ထုတ်ကုန်လည်းထုတ်ပါတယ်။
ဒါကြောင့် ကာယကံရှင်ရော
အလုပ်သမားရော
နိုင်ငံရောကောင်းပါတယ်။

credit ☺
#ဖြိုးဝေထက်

15.2.2024

🛑သိန်း ၃ သောင်း၊ သိန်း၄ သောင်းတန် ယောဂီ ၂၀၀၀ ၊ ၃၀၀၀ ဆန့် အဆောက်အဦးတွေလှူဖို့ တိုးဝှေ့ တန်းစီစောင့်နေကြတဲ့ သူဌေးများကို အ...
26/01/2024

🛑သိန်း ၃ သောင်း၊ သိန်း၄ သောင်းတန် ယောဂီ ၂၀၀၀ ၊ ၃၀၀၀ ဆန့် အဆောက်အဦးတွေလှူဖို့ တိုးဝှေ့ တန်းစီစောင့်နေကြတဲ့ သူဌေးများကို အနူးအညွန့် မေတ္တာရပ်ခံချင်ပါတယ်😔

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဓာတ်ကင်ဌာန ကို တခဏလေးဖြစ်ဖြစ် ရောက်အောင် သွားကြည့်ကြစေချင်ပါတယ်။

ဆေးသွင်းဖို့ ငွေမတတ်နိုင်တော့လို့ ဆက်မကုတော့ပဲ ကျောခိုင်း အိမ်ပြန်သွားကြရသူတွေ၊
ဓာတ်ကင်ဖို့ တနှစ်ခွဲ အလှည့်စောင့်ရတဲ့ လူနာတွေ အပြည့်ပါ။

ငွေကြေးနိုင်သူတချို့ က ပုဂ္ဂိလဆေးရုံဖက်ကူး ပြီး သိန်းရာချီကုန် ကုသကြပင်မဲ့ ၊ ငွေကြေးမနိုင်တဲ့သူ အများစုက ဓာတ်ကင်ဖို့ နှစ်ချီစောင့်ရင်း အလှည့်မရောက်ခင် ကွယ်လွန်ကုန်ကြတာ ၊ ရောဂါပျံ့နှံ့ နူန်းတိုးလို့ အလူးအလဲခံစားရရင်း ကွယ်လွန်ကုန်ကြသူတွေ မနည်းပါဘူး။

သေနေ့စောင့်နေရမဲ့သူအချင်းချင်း ဝေဒနာ ပြင်းထန် နာကျင်နေရတာကို မကြည့် နိုင်ကြသူ လူနာ ရှင်များကိုယ်တိုင်အလှည့်ကျော်ခွင့် ပေးပြီး ဓာတ်ကင်စေကြသူတွေတောင်ရှိပါတယ် …

အင်မတန် စိတ်မကောင်းဖြစ်ရသလို ၊ မြင်ရ ကြားရတာ တကယ် စိတ်မချမ်းသာစရာပါ။ 💔

နာမည်ကြီး ဆရာတော်တွေနဲ့ သူဌေး သီလရှင် များကို နိုင်ငံခြားမှာ စရိတ်ခံ ကုပေးမဲ့ အလှူရှင်တွေ အလုအယက်တန်းစီ နေကြချိန်မှာ
သာမာန် စာသင်သား ရဟန်းသံဃာများနဲ့ မယ်သီလများ ကင်ဆာ ရောဂါဖြစ်ရင် တကယ် ကို ခက်ခဲလှပါတယ်။

သာမာန်လူပုဂ္ဂိုလ်တွေမှာပို၍ဆိုးပါတယ် ။

သူတို့ရဲ့ ညိူးငယ်တဲ့ မျက်နှာလေးတွေ ကို တခဏလေးပဲဖြစ်ဖြစ် မြင်ဖူးအောင် သူဌေးများ သွားကြည့်ကြည့်ကြပါ။

လွန်ခဲ့တဲ့ ၄နှစ်ကျော်က စက်တလုံး အသစ်ထည့် ထားလို့ တနှစ်ကျော်စောင့်ရတာဟုသိရပါတယ်။ အရင်စက်အဟောင်းက အတော်လေး ဟောင်းနေပါပြီ။

တောင်ကြီးမှာ ရှိတဲ့ စက်နဲ့ ကင်မယ်ဆိုရင် ၆ လ တနှစ်လောက်နဲ့ အလှည့်ကျနိုင်ပါသတဲ့ ဟုဆိုကြတယ်။

မပြည့်စုံတဲ့ ဘဝတွေ၊ အစစအရာရာ စျေးတက်နေတဲ့ခေတ်မှာ တောင်ကြီးမှာ သွားကုဖို့က နေစရိတ် စားစရိတ် ရှိပါသေးတယ်။
ဘယ်လို ကုနိုင်ကြပါ့မလဲ!!

ကင်ဆာ ရောဂါဟာ ချမ်းသာ ဆင်းရဲ မရွေး၊
လူ ပုဂ္ဂိုလ် ရဟန်း သီလရှင် ၊ ပညာတတ် ပညာမွဲ လူတန်းစားအစုံ အလွှာပေါင်းစုံမှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ ရောဂါဆိုးပါ။

အချိန်ယူရတယ်၊ ငွေကုန်များတယ်။

ဓာတ်ကင် ဆေးသွင်းပြီး သက်တမ်းစေ့အသက်ရှင် နေထိုင်သွားရသူတွေလည်းရှိပါတယ်။

ဒါ့ကြောင့်…

သိန်းသောင်းချီ သိန်းချီ ပြီး ဘုရားတွေတည် ၊ ကျောင်းတွေဆောက်ဆလှူ နေတာကို မလှူရ မဆိုလိုပါ ။ ဝေဒနာတွေခံစားငြီးညူ ရင်း တနေကုန် ဓာတ်ကင်ဖို့ အလှည့်စောင့်နေရသူတွေ သက်သောင့် သက်သာရှိဖို့
ဓာတ်ကင်ဖို့ အလှည့်စောင့်ရင်း သေဆုံးသွားသူတွေ ၊ ဆေးဆက်မသွင်းနိုင်လို့ အပူသောကတွေနဲ့ မျက်ရည်များကြား အထုပ်သိမ်းကာ အိမ်ပြန်ရသူတွေ နည်းသွားဖို့ အမှန်တကယ် ဒုက္ခဝေဒနာခံစားနေကြရသူတွေ ချမ်းသာ သက်သာစေဖို့ ဓာတ်ကင်စက် ကြီး ကို တဦးတည်းအလှူရှင်ဖြစ်ဖြစ်၊ သူဌေးများစုပေါင်းကာ ဖြစ်ဖြစ် လှူလိုက်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

အလှူရှင်နာမည်လည်း အကြီးကြီးထိုးပေးပါ့မယ်။

လူတွေအများကြီးရဲ့ အသက်ကို ကယ်နိုင်မှာမို့ ကူနိုင်သူ သူဌေးများ ကူကြ လှူကြပါဦး ။

ဘောလုံးကွင်းလောက်ရှိတဲ့ သိမ်တွေ ယောဂီဆောင်တွေ ဘုရားအကြီးကြီးတွေ ကားအကောင်းစားတွေ လှူမှ အလှူမဟုတ်ပါဘူး။

လူ့အသက်တွေ အများကြီးကယ်နိုင်မဲ့ တကယ် လိုအပ်နေတဲ့ အလှူမို့ သူဌေးအပေါင်း သူတော်ကောင်းအပေါင်းကူကြပါ ...

နိဗ္ဗာန်ဆော် လော်ဘီအပေါင်း သူတော်ကောင်းများကလည်း ဒီလို အလှူတွေအတွက်လည်း ဆော်ဩပေးကြပါဦး ။

ညိူးငယ်စွာဖြင့်…
မအေးပု ….

ဆေးရုံ က ပေးမဆငိးပဲ ခွဲဖို့ ငွေစောငိ့နေသလိုဖြစ်နေပါတယ်တဲ့ ကိုယိတိုင် တတ်နိုင်သလောက်လေး ပါဝင် လှုဒါန်းရင်း တကယ်လိုအပ်နေတာ...
11/01/2024

ဆေးရုံ က ပေးမဆငိးပဲ ခွဲဖို့ ငွေစောငိ့နေသလိုဖြစ်နေပါတယ်တဲ့ ကိုယိတိုင် တတ်နိုင်သလောက်လေး ပါဝင် လှုဒါန်းရင်း တကယ်လိုအပ်နေတာ မို့လို့ share ပေးတာပါ
ပြန်share ပေးလို့လဲရပါတယိ 🙏🙏

ရန်ကုန်တိုင်း လှိုင်မြို့နယ် ကန်လမ်းရှိ ကိုးတွင်းကျောင်းတိုက်တွင် ​​ခေတ္တသီတင်းသုံးနေထိုင်လျက်ရှိသည့်ဆရာတော် ဉူးဓမ္မပါလ သက်တော် ၆၅ နှစ် ဝါတော် ၂၅ ဝါ သည် ​​ေဆးစစ်ချက် များ အရ နှလုံးသွေးကြောပိတ်​ ပြီး အသက်အန္တရာယ်ရှိ​ နေပါသည်။အ​ ရေး​ေပါ် အကြီးစား နှလုံးခွဲစိတ်ကုသရန်အတွက် ငွေ ကြေး အခက်အခဲ ရှိ နေပါသဖြင့် သဒ္ဓါတရား နည်းများမဆို ကုသိုလ်ပါဝင်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်

0943143379

05/01/2024

Grand kick off 2024

05/12/2023
ငါပဲ ငါပဲ ငါပဲ 😁😝
22/11/2023

ငါပဲ ငါပဲ ငါပဲ 😁😝

Address

Yangon

Telephone

+95943150967

Website

Alerts

Be the first to know and let us send you an email when Pann Mo Mo- Financial Insurance Advisor - MDRT 2023 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pann Mo Mo- Financial Insurance Advisor - MDRT 2023:

Share