TNS Life Insurance

TNS Life Insurance Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TNS Life Insurance, Insurance Agent, Yangon.

08/08/2026

၂မှာရပ်ထားတယ်လေ ဘယ်မှာလဲ

💚 Manulife Policy Owner တွေအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်!အခုဆိုရင် ကိုယ်ဝယ်ယူထားတဲ့ ပေါ်လစီအချက်အလက်တွေကို သိဖို့အတွ...
16/07/2026

💚 Manulife Policy Owner တွေအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်!

အခုဆိုရင် ကိုယ်ဝယ်ယူထားတဲ့ ပေါ်လစီအချက်အလက်တွေကို သိဖို့အတွက် Policy Document တွေကြည့်စရာမလို
မိမိရဲ့ Insurance Advisor ကိုလည်း
ဖုန်းဆက်မေးနေစရာ မလိုတော့ပါဘူးနော်။

"Manulife MM Application "တစ်ခုတည်းနဲ့တင်
မိမိဖုန်းထဲကနေ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါပြီ။

App ထဲမှာ ဘာတွေကြည့်လို့ရမလဲဆိုတော့... 👇

📄 Policy Information: ကိုယ်ဝယ်ထားတဲ့ ပေါ်လစီအချက်အလက်များ

💳 Payment History: ပရီမီယံကြေး ပေးသွင်းထားတဲ့ မှတ်တမ်းများ

📝 Claim Information: အာမခံတောင်းခံမှုဆိုင်ရာ အချက်အလက်များ

🏃‍♂️ MOVE Program: ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို ပံ့ပိုးပေးမယ့် အစီအစဉ်

ဘယ်လို Login ဝင်ရမလဲ? 🔑 အာမခံဝယ်ယူစဉ်က ပေးထားခဲ့တဲ့ မိမိရဲ့ ဖုန်းနံပါတ် သို့မဟုတ် Email ရယ်၊ မိမိသတ်မှတ်ထားတဲ့ Password ရယ် ရှိရုံနဲ့ အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

အခုပဲ Manulife MM App ကို ဒေါင်းလုဒ်ဆွဲပြီး အသုံးပြုကြည့်လိုက်ပါဦးနော်။ 👇

Playstore Link - https://play.google.com/store/apps/details?id=com.manulifemm.customerapp

Apple store Link - https://apps.apple.com/sg/app/manulife-myanmar/id6758692536

#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

08/06/2026

အင်းစိန်ဖော့ကန်နားရောက်ပြီ ပြန်လာနေပြီဆိုပြီး ဖုန်းဆက်ခဲ့တဲ့မောင်လေး အခုထိ ပျောက်ဆုံးနေလို့ ကူကျပါဦး

အိမ်ပြန်ရောက်တော့မယ်ဆိုပြီး မိသားစုကို မျှော်လင့်ချက်တွေ ပေးခဲ့တဲ့ သားတစ်ယောက်၊ ညီတစ်ယောက် ရုတ်တရက်ကြီး အစအနမရ ပျောက်ဆုံးသွားလို့ မိသားစုဝင်တွေခမျာ သောကမီးဝိုင်းပြီး ရင်ကွဲမတတ် ခံစားနေရတဲ့ သနားစရာ လူပျောက်သတင်းလေးတစ်ခုကို အရေးတကြီး ကူညီ မျှဝေပေးလိုက်ပါတယ်။

💼 အလုပ်သွားရာကနေ ပျောက်ဆုံးသွားတဲ့ မောင်လေး
အခုလို ရုတ်တရက် ပျောက်ဆုံးနေတဲ့ မောင်လေးရဲ့ နာမည်ကတော့ "မောင်ခန့်ကျော်ဇံ (ခ) မောင်သီဟ" လို့ ခေါ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄) ရက်နေ့ (4.5.2026) မနက် (၇) နာရီ ဝန်းကျင်လောက်မှာ လှည်းတန်းအနီး ဗဟိုလမ်းဘက်ကို အလုပ်သွားမယ်ဆိုပြီး နေအိမ်ကနေ ပုံမှန်အတိုင်း ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

📱 အိမ်ကို မျှော်လင့်ချက်ပေးခဲ့တဲ့ နောက်ဆုံးဖုန်းကောလ်
မိသားစုတွေ အသည်းနာရဆုံး အချက်ကတော့... အဲဒီနေ့ ည (၈) နာရီ (၃၇) မိနစ် ဝန်းကျင်လောက်မှာ မောင်လေးဆီကနေ "ပြန်လာနေပြီ... အင်းစိန်ဖော့ကန်နား ရောက်ပြီ" ဆိုပြီး ဖုန်းဆက်ခဲ့ပါသေးတယ်။ မကြာခင် အိမ်ပြန်ရောက်တော့မယ်ဆိုပြီး ပျော်ရွှင်စွာနဲ့ စောင့်နေခဲ့ကြပေမယ့်... အဲဒီအချိန် နောက်ပိုင်းကစလို့ ဖုန်းလည်း လုံးဝ ဆက်လို့မရတော့သလို၊ စာပို့လို့လည်း မရတော့ဘဲ ဒီကနေ့အချိန်ထိ အဆက်အသွယ် လုံးဝ (လုံးဝ) ပြတ်တောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

☎️ ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါသည်
လမ်းမှာ ဘာအခက်အခဲတွေ၊ ဘာအန္တရာယ်တွေနဲ့များ ကြုံနေရလဲဆိုတာ တွေးကြည့်ရုံနဲ့တင် မိသားစုတွေခမျာ နေ့ရောညပါ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရပါပြီ။ ဒါကြောင့် ဒီပိုစ့်လေးကို တွေ့မြင်ရတဲ့ ပြည်သူတွေအနေနဲ့ မောင်လေး မောင်ခန့်ကျော်ဇံ (ခ) မောင်သီဟ ကို လမ်းမှာဖြစ်ဖြစ် တွေ့ရှိခဲ့ရင်ပဲဖြစ်ဖြစ်၊ သဲလွန်စ တစ်စုံတစ်ရာ သိရှိခဲ့ရင်ပဲဖြစ်ဖြစ်... အောက်ပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ချက်ချင်း ဆက်သွယ် အကြောင်းကြားပေးကြဖို့ အထူးပဲ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

09 796 343 422

09 519 1159

မောင်လေး ဘေးကင်းကင်းနဲ့ မိသားစု ရင်ခွင်ဆီ အမြန်ဆုံး ပြန်လည်ရောက်ရှိလာအောင်... အားလုံးပဲ ဖုန်းလေးပွတ်ရင်း တစ်ယောက် တစ်ချက်စီ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကုသိုလ်ယူ ကူညီရှာဖွေပေးသွားကြပါဦးခင်ဗျာ။ 🙏✨

မင်္ဂလာပါ  မိဘပြည်သူအပေါင်းတို့🎉👉မသေချာတဲ့အနာဂါတ်ခရီးမှာ  ချစ်ခြင်းမေတ္တာတွေနဲ့ သင့်ရဲ့ မိသားစုကို ကာကွယ်ပေးချင်တယ်ဆိုရင...
09/08/2024

မင်္ဂလာပါ မိဘပြည်သူအပေါင်းတို့🎉

👉မသေချာတဲ့အနာဂါတ်ခရီးမှာ ချစ်ခြင်းမေတ္တာတွေနဲ့ သင့်ရဲ့ မိသားစုကို ကာကွယ်ပေးချင်တယ်ဆိုရင်

👉 ဒါမှမဟုတ် မိတ်ဆွေက ချစ်ခြင်းမေတ္တာတွေအရင်းခံနဲ့ မြန်မာပြည်သူပြည်သားအပေါင်း ကို အာမခံရဲ့ အကာအကွယ်ရစေဖို့ အကြံပေးရင်း
ဝင်ငွေရှာလိုလျှင်

Manulife မှ 11.8.2024 Sunday တွင် ကျင်းပပြုလုပ်မယ့် Care Your Future With Love ဆိုတဲ့ Life Planning Seminar ပွဲသို့ တက်ရောက်ဖို့ လေးစားစွာ အကြံပြုအပ်ပါတယ်ရှင့်

တက်ရောက်လေ့လာလိုသူအားလုံး နွေးထွေးစွာ ကြိုဆိုပါတယ်။ 👉ပွဲတက်Register လုပ်ဖို့အတွက် အချိန်အကန့်အသတ် လေးရှိလို့ စောစောစာရင်းပေးကြပါနော်....cb/comment/phone call👌

👩‍💻 Thin Nwe Soe
09899304472
IA (N)LI - 06809
[email protected]




မင်္ဂလာပါ မိတ်ဆွေမိတ်ဆွေတို့ရဲ့ ချစ်ရတဲ့  မိသားစုအတွက် အာမခံအကာအကွယ် ဘယ်လိုယူရတာလဲ ?မိတ်ဆွေက လူတွေကိုကူညီရင်း ဝင်ငွေတဘက်...
13/07/2024

မင်္ဂလာပါ မိတ်ဆွေ

မိတ်ဆွေတို့ရဲ့ ချစ်ရတဲ့ မိသားစုအတွက် အာမခံအကာအကွယ် ဘယ်လိုယူရတာလဲ ?

မိတ်ဆွေက လူတွေကိုကူညီရင်း ဝင်ငွေတဘက်တလမ်းကနေ ရှာချင်တာလား ?

ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေ ကျွန်မတို့ Manulife Company က ကျင်းပပြုလုပ်မယ့် Life Planning Seminar ကို...လာရောက်လေ့လာဖို့လိုအပ်ပါတယ် လို့ အကြံပြုပါရစေ။

Seminar သို့ လာတက်ရောက်လေ့လာဖိူ့အတွက် ကလှိုက်လှဲပျူငှါစွာ ဖိတ်ခေါ်အပ်ပါတယ်။

Seminar သို့ လာတက်ရောက်ရန် မိတ်ဆွေ၏ နာမည် နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်လေးသာ Comment မှာ ရေးထားခဲ့ပါ။

အခကြေးငွေပေးရန် လုံးဝ မလိုအပ်တဲ့အပြင်
Manulife Company မှ မိတ်ဆွေကို အစားအသောက်များဖြင့် ဧည့်ခံမှာဖြစ်ပါတယ်။

သိလိုသည်များကိုလည်း မိမိကို ဖိတ်ကြားသော Advisor မှ အသေးစိတ် ​ရှင်းပြပေးမှာဖြစ်ပါတယ် ။

Seminar သို့ အောက်ပါ Invitation Card ထဲမှ
အချိန် နှင့် နေရာ အတိုင်း တက်ရောက်ပေးရမှာဖြစ်ပါတယ်။

မှတ်ချက် ။ ။ မိတ်ဆွေက လေ့လာဖို့ တွန့်ဆုတ် အားနည်းသူ မဖြစ်စေဖို့ အကြံပြုပါရစေ။

ဖိတ်ကြားသူ
Thin Nwe Soe
09899304472
[email protected]

အသက်အာမခံထားထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံဆက်ပေးသွင်းဖို့ အခက်အခဲရှိခဲ့ရင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်း (၃) မျ...
27/05/2024

အသက်အာမခံထားထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံဆက်ပေးသွင်းဖို့ အခက်အခဲရှိခဲ့ရင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်း (၃) မျိုး

- အမ်းငွေထုတ်ယူခြင်း (Surrender Value)
- ချေးငွေယူခြင်း (Policy Loan)
- ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)

1️⃣ အမ်းငွေထုတ်ခြင်း (Surrender Value)

အာမခံပေါ်လစီကို ရပ်စဲပြီး သွင်းထားတဲ့ ပရီမီယံငွေကို သက်တမ်းပြည့်တဲ့ထိ မစောင့်ဘဲ ပြန်လည်ထုတ်ယူတာ ဖြစ်ပါတယ်။
အရေးပေါ် ငွေကြေးလိုအပ်မှသာ ရွေးချယ်သင့်ပါတယ်။ အမ်းငွေအနေနဲ့ ပြန်ထုတ်ရမှာက ပေးသွင်းပြီးသား ငွေပမာဏအတိုင်း အပြည့်ရမှာ မဟုတ်ပါ။ စာချုပ်သက်တမ်းမပြည့်မီ ထုတ်တာဖြစ်လို့ (တနည်း) ရှုံးပါလိမ့်မယ်။ သွင်းထားတဲ့ ပရီမီယံသက်တမ်း ရင့်ရင်တော့ အရှုံးသက်သာပါလိမ့်မယ်။ ပေါ်လစီရပ်သွားလို့ အာမခံအကာအကွယ်လည်း ပြီးဆုံးပါလိမ့်မယ်။

သက်တမ်းမပြည့်ခင် ပေါ်လစီ ဖျက်သိမ်းပြီး အမ်းငွေထုတ်ရင် ဘာကြောင့် အပြည့်မရရတာလဲဆိုတော့ ...
တစ်ဖက်ကကြည့်ရင် ..
ယခု အသက်အာမခံများဟာ ငွေကြေးစုဆောင်းခြင်းနဲ့ Protection အာမခံအကာအကွယ် ပေါင်းစပ်ထားတာဖြစ်လို့ ... လက်ခံတဲ့ အာမခံကုမ္ပဏီဘက်မှာလည်း Risk အနည်းနဲ့အများ ထမ်းပေးထားရပါတယ်။ (ဥပမာ- အာမခံထားသူက ပရီမီယံကြေး ၇၀,၀၀၀/- ပမာဏလောက်ကို ၃ လလောက်သွင်းပြီးချိန်မှာ မမျှော်လင့်ဘဲ ဆုံးပါး (သို့) မသန်စွမ်း ဖြစ်ခဲ့သည်ရှိသော် အာမခံကုမ္ပဏီဘက်က သိန်း ၃၀၀ လောက် အကျိုးခံစားခွင့် ပေးရဖို့ တာဝန်ယူပေးထားရပါတယ် ... ပရီမီယံကြေးများရင် များသလို သိန်း ထောင်ချီ တဲ့ အကျိုးခံစားခွင့်မျိုးတွေ ထုတ်ပေးခဲ့ရတာတွေ ရှိပါတယ်)။ ဒီလို လက်ခံထားတဲ့ Risk ကို အာမခံသက်တမ်းတလျှောက်လုံး ထမ်းပေးထားရပါတယ်။ ဒါ့အပြင် Management Cost, Agent Commission နဲ့ အခြား Overhead Cost များ ရှိပါတယ်။

ဆိုတော့ (သက်တမ်းမပြည့်ခင် ပြန်ထုတ်ခြင်း) က ပေးသွင်းလာတဲ့ နှစ်သက်တမ်းတိုသေးရင် များများနှုတ်ဖြတ်ပြီး၊ သွင်းလာတဲ့သက်တမ်း ရှည်လာရင် နည်းနည်းပဲ ဖြတ်ပါတယ်။ နိုင်ငံတကာ အသက်အာမခံစနစ်မှာလည်း ဒီလိုပဲ ကျင့်သုံးပါတယ်။ Product တစ်ခုနဲ့တစ်ခုတော့ အမ်းငွေပြန်ရတဲ့ ပမာဏချင်း မတူကြပါဘူး။

2️⃣ ချေးငွေယူခြင်း (Policy Loan)

ကိုယ်က
- အမ်းငွေထုတ်ယူသလိုမျိုး မရှုံးချင်ဘူး
- လတ်တလောမှာ အရေးပေါ် ငွေလိုနေတယ်
- ရေရှည်မှာတော့ အာမခံသက်တမ်းပြည့်တဲ့ထိ ပုံမှန် ဆက်သွင်းစုဆောင်းသွားဖို့ ဆန္ဒလည်း ရှိတယ်
- မိမိနဲ့ မိသားစုအတွက် အာမခံအကာအကွယ်လည်း ရှိနေစေချင်သေးတယ်... ဆိုရင်
အမ်းငွေမထုတ်ဘဲ ချေးငွေယူလို့ ရပါတယ်။ အမ်းငွေတန်ဖိုး (Surrender Value) ရဲ့ ၉၀% လောက်ထိ ချေးယူလို့ ရနိုင်ပါတယ်။ အတိုးနှုန်းက တစ်နှစ်အတိုးနှုန်း 8% p.a နဲ့ 15% p.a ကြားလောက် ရှိပါတယ်။ (အာမခံအမျိုးအစားပေါ် ပြောင်းလဲနိုင်)

သွင်းနေကျ ပရီမီယံကတော့ ပုံမှန်အတိုင်း ဆက်သွင်းသွားရုံပါပဲ။ ချေးယူထားတဲ့ငွေကတော့ အနည်းဆုံး ၆ လ ယူထားရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အဆင်ပြေတဲ့ချိန် တစ်လုံးတည်း ပြန်ဆပ်လို့ရသလို ခွဲဆပ်လို့လည်း ရပါတယ်။ (အာမခံအမျိုးအစားပေါ် မူတည်)
အကယ်၍ မဆပ်ဖြစ်ရင်လည်း အာမခံသက်တမ်းပြည့်တဲ့ချိန်ကျရင် ချေးယူထားတဲ့ပမာဏကို ခုနှိမ်ပြီး အာမခံထားငွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

3️⃣ ပေါ်လစီစာရင်းပိတ်ခြင်း (Paid-up Benefit)

အကြောင်းအမျိုးမျိုးကြောင့် ပရီမီယံပေးသွင်းဖို့ အဆင်မပြေဘူး... ဒါပေမယ့် လတ်တလော ငွေတော့ မလိုအပ်သေးဘူးဆိုရင် စာရင်းပိတ်ထားလို့ ရပါတယ်။ ဒီနည်းလမ်းကတော့ မရှုံးပါဘူး.. သွင်းထားပြီးတဲ့ ပရီမီယံသက်တမ်းရင့်ရင် အမြတ်လည်း ရှိနိုင်ပါတယ်။ စာရင်းပိတ်ထားတဲ့ငွေကိုတော့ ချက်ချင်းထုတ်လို့ရမှာ မဟုတ်ဘဲ အာမခံသက်တမ်းပြည့်တဲ့ချိန်မှသာ ထုတ်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။
ဒီနည်းလမ်း ၃ မျိုးလုံးဟာ ပေါ်လစီ စတင်အသက်ဝင်ပြီး (Policy issued) နောက် (အနည်းဆုံး တစ်နှစ် သွင်းပြီးမှသာ ... အချို့ Product တွေဆို သုံးနှစ် သွင်းပြီးမှသာ) လုပ်လို့ရမှာ ဖြစ်ပါတယ်။

အသက်အာမခံအမျိုးအစားအလိုက် မတူညီတဲ့ အချက်အလက် အသေးစိတ် တချို့ကိုတော့ မိမိထားရှိထားတဲ့ အသက်အာမခံကုမ္ပဏီ (သို့မဟုတ်) အသက်အာမခံကိုယ်စားလှယ်နဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

ငွေကြေးစုဆောင်းခြင်း ပါဝင်တဲ့ ငွေပင်ငွေရင်းအသက်အာမခံတွေဟာ အာမခံသက်တမ်း ၅ နှစ်ကနေ နှစ် ၂၀ ကြားမှာ ရှိကြပါတယ်။ အသက်အာမခံ ထားတယ်ဆိုတာ ကိုယ့်ရဲ့ ပုံမှန်ဝင်ငွေတစ်ခုပေါ် အခြေခံပြီး တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို ခွဲဝေပြီး မိသားစုနောင်ရေးအတွက် ငွေကြေးအကာအကွယ်မျိုးနဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုးပါ။
ဒါကြောင့် ခုလို ကိစ္စရပ်မျိုးတွေ အတက်နိုင်ဆုံး မဖြစ်ရလေအောင် အသက်အာမခံ မထားခင်မှာတည်းက အာမခံသက်တမ်း၊ လစဥ်/နှစ်စဥ် သွင်းရမယ့် ပရီမီယံကို ကိုယ့်အတွက် ရေရှည်အဆင်ပြေတာမျိုးရွေးချယ်ဖို့ ... ထားမယ့်သူတွေကို အကြံပြုရတာပါ။

တချို့တွေက Inflation ငွေတန်ဖိုးကျတာတွေ၊ ရှုံးတာ မြတ်တာတွေ ဦးစားပေး ထည့်ပြောကြပါတယ်။ ဒါဆိုရင်တော့ ကျွမ်းကျင်တဲ့ စီးပွားလုပ် Investment လုပ်ပါ။ အဲ့တာတွေက တိုးပွားဖို့အရေးပါ။ အသက်အာမခံကတော့ ကာကွယ်ဖို့အရေး လုပ်တာပါ။ အာမခံဆိုတာ Financial Planning, Financial Protection လုပ်ဆောင်ချက်တစ်ခုပါ။ အာမခံအတွက် သုံးရမယ့် လစဉ် (သို့) နှစ်စဉ် ပရီမီယံငွေကို အာမခံ မဝယ်ဘဲ ကိုယ့်ဘာသာ ရည်မှန်းထားတဲ့ ဒီ ငွေကြေး Amount တစ်ခုအတိုင်း ပြည့်မြောက်အောင် စုဖြစ်ပါ့မလား။ မဟုတ်ရင်လည်း ကိုယ် စားလိုက် သုံးလိုက်တဲ့ထဲ ပါသွား ပျောက်သွားမယ့် ငွေကြေးပမာဏတစ်ခုကို အသုံးပြုလိုက်တဲ့ နေရာ (အာမခံ) ဘက်ကို ပြောင်းသုံးလိုက်ခြင်းအားဖြင့် ... စိတ်အေးလုံခြုံစေမှုတစ်ခုကို ရရှိစေနိုင်ပါတယ်။

အသက်အာမခံထားခြင်းဟာ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုအနာဂတ်အတွက် လုံခြုံစိတ်အေးရစေတဲ့ အစီအစဥ်၊ ငွေကြေးအကာအကွယ် ပေးထားခြင်း ဖြစ်တာမို့ ခဏတာ အခက်အခဲအချို့ကို ကျော်လွှားပြီး သက်တမ်းပြည့်တဲ့ထိ ရှိစေချင်ပါတယ်။ ဒီကြားထဲကမှ မဖြစ်မနေ အခြေအနေမျိုး ကြုံလာခဲ့သော် ခုပြောပြတဲ့ နည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေရာ ဆုံးဖြတ်ရွေးချယ်လို့ ရပါတယ်။

အာမခံအကျိုးခံစားခွင့်ငွေတွေ ရှိလို့ စိတ်သက်သာရာ ရခဲ့ကြတဲ့ မိသားစုပေါင်းလည်း မနည်းပါဘူး။ မမျှော်လင့်ထားတဲ့ အရေးပေါ်အဖြစ်အပျက်မျိုးတွေ ကြုံလာတဲ့ အခါမျိုးမှာ မိသားစု ရှေ့ရေး ကောင်းကောင်းခရီးဆက်နိုင်ဖို့ ငွေကြေးအတွက်နဲ့ အပူအပင်မရှိစေဘဲ စိတ်အေးချမ်းသာရစေပါတယ်။

Planning ဆိုတဲ့ ကြိုတင်စီမံမှုဟာ စီးပွားရေးမှာဆိုလည်း အရေးကြီးပြီး ... ဘဝအရေး (သားရေး သမီးရေး မိသားစုအရေး) ဆိုရင်တော့ Financial Planning နဲ့ Financial Protection ကို ပိုပြီး ဂရုတစိုက် ပြင်ဆင်ထားသင့်တယ် မဟုတ်လား။

အာမခံမထားခင်မှာဖြစ်ဖြစ်၊ ထားပြီး ခုလိုကိစ္စတွေမှာဖြစ်ဖြစ်၊ လျော်ကြေးတောင်းခံခြင်းတွေမှာဖြစ်ဖြစ် အသက်အာမခံကိုယ်စားလှယ် (Insurance Agent) တွေနဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့ အာမခံအကြံပေးကိုယ်စားလှယ်အနေနဲ့ ဆွေးနွေးတိုင်ပင် လုပ်ဆောင်လို့ ရပါတယ်။

"နှစ်ရှည်အသက်အာမခံနဲ့ ငွေကြေးဖောင်းပွမှု”မိတ်ဆွေတချို့တဲ့တွေ့ဆုံတဲ့အခါ အသက်အာမခံနဲ့ ငွေကြေးဖောင်းပွမှု( inflation) ကိစ္စ...
19/05/2024

"နှစ်ရှည်အသက်အာမခံနဲ့ ငွေကြေးဖောင်းပွမှု”

မိတ်ဆွေတချို့တဲ့တွေ့ဆုံတဲ့အခါ အသက်အာမခံနဲ့ ငွေကြေးဖောင်းပွမှု( inflation) ကိစ္စကိုအမြဲပြောဖြစ်ပါတယ်။

ဥပမာ
လူတစ်ယောက်ဟာ သိန်း၂၀၀တန် အသက်အာမခံတစောင် ဝယ်ထားတယ်ဆိုပါစို့ ....

လူအများစုမြင်တဲ့အမြင်ဟာ
" ဆယ်နှစ်အတွင်း ကိုယ်ကဘာမှမဖြစ်လို့
နောက်ဆယ်နှစ်ကြာလို့ ငွေပြန်ထုတ်တဲ့အခါ
အဲဒီသိန်း ၂၀၀ ဟာ ဘာတန်ဖိုးမှမရှိတော့ဘူး "
ဒီလိုအမြင်ပဲ မြင်ကြပါတယ်။

ဒါဟာ မမှားပါဘူး

ငွေကြေးဖောင်းပွခြင်း (inflation) ကိစ္စဟာ
နိုင်ငံတိုင်းလိုလိုမှာရှိကြပြီး အထူးသဖြင့်ဒီလိုနိုင်ငံမျိုးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် အသက်အာမခံရဲ့အနှစ်သာရဟာ
အဲဒီအကြောင်းပြချက်တစ်ခုထက် အများကြီးပိုပါတယ်။

🔵 ဥပမာ အသက်အာမခံသိန်း၂၀၀တန်ယူမယ်ဆို
အဲဒီသိန်း၂၀၀ကို တခါထဲအပြီးသွင်းလိုက်ရတာမဟုတ်ပါဘူး။
တခါသွင်း ၅သိန်း /၁၀ သိန်းစသဖြင့် မိမိအဆင်ပြေသလို ခွဲပြီးသွင်းရတာမျိုးပါ။

🔵လက်ထဲမှာ သိန်း၂၀၀ ရှိတယ်ဆိုရင်တော့
Investment တစ်ခုအနေနဲ့ ရွှေဝယ်ထားမှာပေါ့
( အိမ်ခြံမြေကတော့ အနည်းဆုံး သိန်း၇၀၀လောက်ရှိမှ ဝယ်နိုင်တဲ့အ‌နေအထားဖြစ်သွားပါပြီ )

🔵ခုလိုအခြေအနေမျိုးမှာ လက်ထဲကိုင်ထားရင်ကို
ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး စီးပွားရေးလုပ်မယ်ဆိုရင်တောင် အမြတ်/အရှုံး/ အရင်း ၃ခုထဲက
တခုခုကြုံရမှာပါ။

🔵 နောက်တခုအမြဲကြုံရလေ့ရှိတာက
အာမခံထားသူဘက်က
" ဘာမှမဖြစ်ရင်" ဆိုတာကို အရင်စဉ်းစားပါတယ်
အာမခံရုံးဘက်က
" တခုခုဖြစ်ခဲ့ရင်" ဆိုတာကို စတင်တွေးပါတယ်
ဒီနှစ်ခုက အမြဲဆန့်ကျင်ဘက်ဖြစ်လေ့ရှိပါတယ်။

ကာစတမ်မာဘက်က ဘာမှမဖြစ်ရင်
နောက်ဆယ်နှစ်ကြာမှာပြန်ရမယ့် သိန်း၂၀၀က
ဘာတန်ဖိုးမှမရှိဘူးလို့တွေးပြီး
ရုံးဘက်က တခုခုဖြစ်ရင် သိန်း၈၀၀အထိလျော်ပေးဖို့ ပြင်ဆင်ထားရပါတယ်။

🔵နောက်တစ်ခုက နှစ်စဉ်ပေးချေရမယ့်ပရီမီယမ်
၂သိန်း/၅သိန်း/၁၀သိန်းစတာတွေဟာ ရွှေအတိုအစဝယ်ထားရုံကလွဲရင် ဘာလုပ်ငန်းမှလုပ်လို့မရဘဲ
လက်ထဲကိုင်ထားရင်လည်း inflation မိနေမှာဖြစ်ပါတယ်။
အသက်/ကျန်းမာရေးအာမခံဝယ်ထားရင်တော့
Emergency fund အနေနဲ့ ခုသာခံသာရှိနေမှာဖြစ်ပါတယ်။

🔵အများအားဖြင့်တော့ စီးပွားရေးလုပ်လို့ရတဲ့ငွေပမာဏကြီးကြီးမားမားကို အသက်အာမခံထဲပစ်ထည့်ပြီး ဘယ်သူကမှမဝယ်ကြပါဘူး
ခြေနိုင်လက်နိုင်ငွေပမာဏလောက်ကိုပဲ အရေးပေါ်ရံပုံငွေသဘောနဲ့ အာမခံယူကြတာများပါတယ်။

🔵 Inflation အကြောင်းကိုဦးတည်စဉ်းစားကြတဲ့
မိတ်ဆွေတွေနဲ့ကြုံရတဲ့အခါ inflation ဆိုတာ
အသက်အာမခံထဲမှာရောက်နေတဲ့ငွေတစ်ခုထဲအပေါ်မှာသက်ရောက်နေတာမဟုတ်ဘဲ
ကျန်းမာရေးစားရိတ် ဆေးရုံဆေးခန်းစားရိတ်တွေမှာပါ အကုန်သက်ရောက်နေတာဖြစ်ကြောင်း အကြံပြုပေးရပါတယ်

🔵 အသက်အာမခံအားလုံးက product design ကိုစတင်ရေးဆွဲကတည်းက
တခုခုဖြစ်လာတဲ့အခါ ပေးရမယ့်လျော်ကြေးဟာ inflation ကိုကာမိအောင်ဆွဲကြပါတယ်။

🔵 နိဂုံးချုပ်အတိုပြောရရင်
အရေးပေါ်ကိစ္စအတွက်
အိမ်/ခြံ/မြေ/ရွှေ/ကားတွေဝယ်နိုင်ရင်ဝယ်ပါ
မဝယ်နိုင်ရင်တော့ အဲဒါတွေနဲ့တန်ဖိုးတူတဲ့
အသက်အာမခံတစောင်ကို
ငွေအနည်းငယ်ပေးသွင်းပြီးဝယ်ယူလိုက်ပါ။

မိသားစုအတွက် ဆွေးနွေးတိုင်ပင်လိုလျှင်
Ph /Messenger ကိုလာခဲ့နိုင်ပါတယ်။

Thin Nwe Soe
09899304472



Credit with THANKS: Min Yel Kyaw Swar

💚မင်္ဂလာပါရှင့် 💖အလုပ်အကိုင် အခွင့်အလမ်းပြပွဲ နှင့် အသက်အာမခံအကြောင်းသိကောင်းစရာများ ဟောပြောပွဲ 👉အသက်အာမခံရဲ့ အကာအကွယ်ကိ...
31/03/2024

💚မင်္ဂလာပါရှင့် 💖

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ နှင့် အသက်အာမခံအကြောင်းသိကောင်းစရာများ ဟောပြောပွဲ

👉အသက်အာမခံရဲ့ အကာအကွယ်ကို ဘယ်လိုယူရတာလဲဆိုတာ သိလိုလျှင်ဖြစ်စေ

👉မြန်မာနိုင်ငံသားတွေရဲ့ အသက်အာမခံ အကာအကွယ် အကြံပေးပုဂ္ဂိုလ်အနေနဲ့
Insurance Advisor အလုပ်ကို လုပ်ကိုင်လိုသူတွေအတွက်ဖြစ်စေ

Manulife Myanmar Company ကြီးမှ Park Royal Hotel မှာ ကျင်းပပြုလုပ်မယ့် Life Planning Awareness Seminar သို့ လာတက်ရောက် လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်

မိတ်ဆွေတို့ချစ်ရတဲ့မိသားစုတွေအတွက်❓နှင့် သေချာတဲ့အနာဂတ်တစ်ခုကို ဖန်တီးဖို့
�ခိုင်မာတဲ့ အလုပ်အကိုင်ဝင်ငွေလမ်းကြောင်းပေါ် လျှောက်လှမ်းရင်း နဲ့ ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်နဲ့ နိုင်ငံတကာ" Best Company" ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Manulife နဲ့ လက်တွဲလုပ်ကိုင်ရင်း
မြန်မာနိုင်ငံမှ မိသားစုပေါင်းများစွာကိုပါ
အကာအကွယ်ပေးချင်တယ်ဆိုရင်တော့ အခုပဲ Manulife နဲ့လက်တွဲပြီး Insurance Advisor အဖြစ် စတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဖိတ်ကြားသူ

Thin Nwe Soe
09899304472



မှတ်ချက် 👉 လာရောက်လေ့လာလိုသူများ Cb/messenger မှတဆင့် ဆက်သွယ် စာရင်း ပေးသွင်းနိုင်ပါတယ်ရှင့်

⭐ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ   📢 မိတ်ဆွေတို့ရေ  ယနေ့ခေတ်မှာ အသက်အာမခံ အကာအကွယ် ပေးနေတာ မိတ်ဆွေတို့လည်း သိသင့်တာဖြစ...
05/03/2024

⭐ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ

📢 မိတ်ဆွေတို့ရေ ယနေ့ခေတ်မှာ အသက်အာမခံ အကာအကွယ် ပေးနေတာ မိတ်ဆွေတို့လည်း
သိသင့်တာဖြစ်တဲ့အတွက် လေ့လာဖို့လိုအပ်ပါတယ်။

✅ အာမခံလောကတွင် ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ အယုံကြည်ရဆုံးကုမ္ပဏီဆု ကို ရရှိထားတဲ့
Manulife Myanmar ရဲ့ Insurance Market မှာ
မိတ်ဆွေတို့အတွက် ဘယ်လို အာမခံအကာအကွယ်
တွေပေးနေသလဲ ? ဆိုတာကို မိတ်ဆွေ လေ့လာ သိရှိလိုတယ်ဆိုရင်

👉 အောက်ပါ FUTURE & LOVED ones ဆိုတဲ့
" Invitation Card " ဖိတ်စာကတ်ထဲက အစီအစဥ္ နဲ့ နေရာ အတိုင်း Life Planning Awareness Seminar ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။

မှတ်ချက်👉 Seminar သို့ လေ့လာတက်ရောက်လိုသူများ Comment မှာ လူကြီးတို့ နာမည် နဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေး ရေးခဲ့ပေးစေလိုပါသည်။ (ကျေးဇူးတင်ပါတယ်ရှင့်)

စေတနာမေတ္တာအပြည့်အဝနှင့် ဖိတ်ကြားအပ်ပါတယ်ရှင့်💖

✅အသေးစိတ်သိရှိလိုပါက
Thin Nwe Soe
09899304472
[email protected]
Advisor
Myanmar

ယခု Post လေးကို မိတ်ဆွေ ပြီးဆုံးအောင် ဖတ်ပေးပါလို့ ပြောပါရစေ⭐အသက်အာမခံဆိုတာပုံမှန်ဝင်ငွေရှိနေတဲ့ လူလတ်တန်းစားကိုအဓိက ရည်...
05/03/2024

ယခု Post လေးကို မိတ်ဆွေ ပြီးဆုံးအောင် ဖတ်ပေး
ပါလို့ ပြောပါရစေ

⭐အသက်အာမခံဆိုတာ
ပုံမှန်ဝင်ငွေရှိနေတဲ့ လူလတ်တန်းစားကို
အဓိက ရည်ရွယ်ပါတယ်။

⭐အဓိကဝင်ငွေရှာနေတဲ့အိမ်ထောင်ဦးစီးတွေက
ပိုပြီးထားသင့်ပါတယ်။ (သို့)
အိမ်တအိမ်မှာ အဓိက ဝင်ငွေကို ရှာဖွေနေတဲ့သူတိုင်းက အသက် အာမခံအကာအကွယ်ကို ယူထားဖို့ လိုအပ်ပါတယ်။

⭐ဘာကြောင့်လဲဆိုတော့ အဓိကဝင်ငွေရှာပေးသူသာတခုခုဖြစ်သွားခဲ့ရင် သူ့ကိုမှီခိုနေရတဲ့ ဇနီး၊ သားသမီး၊ မိဘတွေအနေနဲ့ အဓိကဝင်ငွေရှာနေတဲ့ဒေါက်တိုင်မရှိတော့တဲ့အခါ မိသားစုအတွင်း စီးပွားရေးအရအဆင်မပြေမှုတွေဖြစ်ပြီး ပြိုလဲနိုင်ချေရှိလို့ပါ။

⭐နောက်တခုက
အိမ်ထောင်ဦးစီးကိုယ်တိုင်၊ အဓိကဝင်ငွေ ရှာပေးသူကိုယ်တိုင် ဆိုးဝါးတဲ့ရောဂါတွေဖြစ်လာတဲ့အခါ
သူ့ကိုဆေးကုသဖို့ အိမ်မှာရှိတဲ့ရွှေငွေပစ္စည်းတွေကို
ရောင်းချပေါင်နှံလိုက်ရပါတယ်။
လူမသေသော်ငြား ရောဂါကိုကုသနေရတဲ့အတွက်
အိမ်တွင်းမှာငွေကြေးအကြပ်အတည်းတွေ့လာရပါတယ်။

⭐ဒါ့ကြောင့်
အသက်အာမခံနဲ့ ပြင်းထန်ရောဂါအာမခံ
နှစ်မျိုးတွဲယူနိုင်တဲ့ နှစ်မျိုးစပ်အာမခံကိုယူဖို့
မိတ်ဆွေတွေကို အကြံပြုလိုပါတယ်။

⭐အသက်အရွယ်အပေါ်မူတည်ပြီး
တနှစ်လုံး ၂သိန်းခွဲဝန်းကျင်ကနေစတင်ပြီး
မိမိစိတ်ကြိုက်ပမာဏနှင့်အာမခံထားရှိနိုင်ပါပြီ။

👉 အာမခံ အကာအကွယ် ထားမယ်လို့ မိတ်ဆွေ
စဥ္းစားပြီးသွားလျှင်

1. အကာအကွယ် ပေးတဲ့ အသက်အာမခံ ကုမ္ပဏီ
က ခိုင်မာလား ?
👌Manulife Insurance Company ဟာဆိုရင်
နှစ်ပေါင်း 130 ကျော် အခိုင်အမာ Global
Company အနေနဲ့ ဂုဏ်သိက္ခာရှရှိ ရပ်တည် နေ
တဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက် မိတ်ဆွေ
အကာအကွယ်ယူဖို့ ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီ
တစ်ခု ဖြစ်ကြောင်း အကြံပြုပါရစေ။

2. အသက်အာမခံ အကာအကွယ်ယူလျှင် အာမခံ
ထားသူအနေနဲ့ ဘယ်လို ( return benifit )
အကျိုးအမြတ် ရနိုင်တာလဲ ?
👌 Manulife Company မှာ မိတ်ဆွေ
အကာအကွယ် ယူခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့
Insurance Market အာမခံနယ်ပယ်မှာ အမြင့်
ဆုံးအကာအကွယ် ပေးထားသော 200 % /400%
တို့ကို ရရှိမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

3. အသက်အာမခံ အကြောင်းသင်လေ့လာသိရှိပြီး
လျှင် ဘယ်အချိန်မှာ အာမခံရဲ့ အကာအကွယ်ကို
စယူတာလဲ ?
👉 မိတ်ဆွေ သင် သိလျှင်သိပြီးခြင်း မိတ်ဆွေရဲ့
ဝင်ငွေထဲက ငွေစုချင်သည့် ပမာဏ တစ်ခုနှင့် ချ
အချိန်မဆွဲဘဲ ချက်ချင်းအကာအကွယ် ယူ
လိုက်ပါလို့ အကြံပြုပါတယ်။

4.အသက်အာမခံ အကာအကွယ်က မကျန်းမာသော
အချိန်မှ အကာအကွယ်ယူလျှင် အကာအကွယ်ရ
နိုင်ပါသလား?
😢 So sorry par မကျန်းမာသောအချိန်အခါမှ
အကာအကွယ်ယူချင်ပါက အသက်အာမခံရဲ့
အကာအကွယ်မရနိုင်တော့ပါကြောင်း သတိပေး
ပြောကြားအပ်ပါတယ်။

အခြားသိလိုသည်များကို ph /messenger တို့မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Thin Nwe Soe
09899304472
[email protected]

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TNS Life Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share