This is Yoma Bank's Official Page.
(7)
Address
Yangon
Alerts
Be the first to know and let us send you an email when Yoma Bank Careers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Yoma Bank Careers:
Category
Our Story
မြန်မာနိုင်ငံရဲ့ အကောင်းဆုံးလုပ်ငန်းခွင်ထဲက တစ်ခုဖြစ်တဲ့ ရိုးမဘဏ်မှာ အလုပ်လုပ်ဖို့ အခုပဲ လျှောက်ထားလိုက်ပါ။ သင့်အနေနဲ့ နိုင်ငံတကာအဆင့်မီလုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်တယ်ဆိုရင်၊ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး အတွေ့အကြုံသစ်တွေ လိုချင်တယ်ဆိုရင်၊ အောင်မြင်မှုတွေ ရယူချင်တယ်ဆိုရင် ရိုးမဘဏ်က သင့်အတွက် အသင့်တော်ဆုံး လုပ်ငန်းအဖွဲ့အစည်းဖြစ်ပါတယ်။ ရိုးမဘဏ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘဏ်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပြီး ၀န်ထမ်းပေါင်း ၃၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းမှာ ဘဏ်ခွဲပေါင်း ၇၄ ခု ဖွင့်လှစ်ထားပါတယ်။
ဒီနှစ်မှာတော့ ရိုးမဘဏ် စတင်တည်ထောင်တာ ၂၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ရိုးမဘဏ်က ၂၀၁၇ ခုနှစ်မှာကျင်းပတဲ့ Myanmar Employer Awards မှာ မတူညီတဲ့ ကဏ္ဍအမျိုးမျိုးအတွက် ဆုပေါင်း ၇ ခု နှင့် ၂၀၁၈ ခုနှစ်မှာကျင်းပတဲ့ Myanmar Employer Awards မှာ ၈ ခု တိတိ ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး လုပ်ငန်းခွင်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။
ရိုးမဘဏ်ရဲ့ One Dream, One Vision, One Team ဆောင်ပုဒ်ဟာ ဘဏ်ဝန်ထမ်းအားလုံးရဲ့ စည်းလုံးမှု၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုပုံစံရှိမှု၊ ရိုးမဘဏ်ရဲ့ အခြေခံအမြု တေတန်ဖိုးတွေ ဖြစ်တဲ့ Core Values လေးချက်ဖြစ်တဲ့ Customer ကို အလေးအနက်ထား စူးစိုက်အာရုံထားမှု၊ လူအများဖွံ့ဖြိုးတိုးတက်မှု၊ အဖွဲ့အစည်းအပေါ် ဂုဏ်ယူမြတ်နိုးတတ်မှုနဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုတို့ကို သရုပ်ဖော်လျက်ရှိပါတယ်။ သင့်အတွေ့အကြုံအရည်အသွေးတွေ၊ လုပ်ကိုင်နိုင်စွမ်းတွေကို မြှင့်တင်ပေးပြီး ဘ၀တိုးတက်ရေးအတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ အတူ လက်တွဲအလုပ်လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Join one of the most progressive and exciting places to work in Myanmar! If you enjoy working for a company with great governance and diversity, Yoma Bank is the best place for you! Future-proof your career with us and join one of Myanmar’s largest banks, with over 3,000 employees and a network of 74 branches nationwide.