Secure Tomorrow

Secure Tomorrow Don't sell life insurance. Sell what life insurance can do.

အာမခံစနစ်ဆိုတာ နိုင်ငံတကာမှာ လူသားတွေလိုအပ်ချက်အရ နှစ်ပေါင်းရာချီအခိုင်အမာရပ်တည်နေတဲ့စနစ်ပါ။ ပြီးတော့စီးပွားရေးလုပ်ငန်းတ...
13/02/2024

အာမခံစနစ်ဆိုတာ နိုင်ငံတကာမှာ လူသားတွေလိုအပ်ချက်အရ နှစ်ပေါင်းရာချီအခိုင်အမာရပ်တည်နေတဲ့စနစ်ပါ။ ပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ဆိုလိုချင်တာက အကျိုးအမြတ် (Profit) တစ်ခုအတွက်လည်ပတ်နေတဲ့ အခြားစီးပွားရေးများနည်းတူ စီးပွားရေးတစ်ခုပါပဲ။ တရားဝင်စာချုပ်စာတမ်း ဥပဒေနဲ့ အခွန်တံဆိပ်ခေါင်းကပ်ပြီးလုပ်ကိုင်ရတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ စာချုပ်ပါအတိုင်းမဟုတ်ရင် တရားစွဲခွင့်လည်းရှိပါတယ်။ ဥပဒေသင်ရိုးညွှန်းတမ်းတွေမှာလည်း အာမခံဥပဒေပါဝင်လာခဲ့တာ ရှေ့နှစ်ပေါင်းများစွာတည်းကပါ။

စီးပွားရေးလုပ်ငန်းတိုင်းမှာလည်း darkside ကိုယ်စီရှိကြပါတယ်၊ Flawless ဖြစ်နေတဲ့စီးပွားရေးဆိုတာမရှိနေပါဘူး၊ ရှိရင်ပြောပြပေးကြည့်ပါ၊ ကျွန်တော် ဥာဏ်မမှီတာလည်းဖြစ်နိုင်လို့ပါ။ အာမခံစနစ်ဖက်ကလိုက်ပြောနေတာမဟုတ်ပါဘူး၊ ဒီလုပ်ငန်းတစ်ခုတည်းလုပ်နေတာလည်းမဟုတ်ပါဘူး၊ စနစ်တစ်ခုကို အကျိုးရှိရှိအသုံးချတတ်စေဖို့ပါ။

အသေအချာမလေ့လာ၊ နားလည်းမလည်ပဲ Fragmented information (မွစာကျဲအချက်အလက်)တွေနဲ့ Bad review တွေပဲလုပ်နေရင် နစ်နာမှာကိုယ်တိုင်နဲ့ ကိုယ့်အနီးအနားပတ်ဝန်းကျင်ကလူတွေပဲဖြစ်နေမှာမို့ပါ။

ကိုယ်နဲ့ထိတွေ့မိတဲ့အစိတ်အပိုင်းလေးတစ်ခုအဆင်မပြေသွားရုံနဲ့ စနစ်တစ်ခုလုံးက ဂျင်းတွေပါကွာဆိုရင်တော့လဲ ဥာဏ်တိမ်တယ်လို့ပဲသတ်မှတ်ရတော့မှာပဲ။

Attention လိုချင်လဲ နည်းမှန်လမ်းမှန်ရှာကြပေါ့ဗျာ။ ကျွန်တော်ကတော့ ကိုယ်မှန်တယ်ထင်တဲ့ဖက်မှာနေပါတယ်။

29/01/2024

အခုဆို ပိုကောင်းလာတဲ့ product တွေက လက်တစ်ကမ်းမှာပါပဲ ....

ကျမ်းမာရေးကောင်းနေတဲ့အချိန်မို့ ကိုယ်နဲ့မဆိုင်ပါဘူးဆိုတဲ့ အတွေးလေးတွေ ဖယ်ပြီး တကယ့် လက်တွေ့ဘဝအတွက် ကြိုတင် အကာအကွယ်တွေ ယူထားကြရအောင်ပါ 😊

အာမခံအကြောင်းကို မသိသေးတာ ကိစ္စမဟုတ်ပါဘူး  .. သိသလိုလို မသိသလိုလိုသူတွေရဲ့ Post တွေကြောင့် ထင်ယောင်ထင်မှား ယောင်ဝါးလိုက်...
24/01/2024

အာမခံအကြောင်းကို မသိသေးတာ ကိစ္စမဟုတ်ပါဘူး .. သိသလိုလို မသိသလိုလိုသူတွေရဲ့ Post တွေကြောင့် ထင်ယောင်ထင်မှား ယောင်ဝါးလိုက်သူတွေထဲ ကိုယ်မပါဖို့ပါပဲ။

ကိုယ်ကိုတိုင် လေ့လာနိုင်တဲ့ အခွင့်အရေး ရှိပါတယ် .. တရားဝင် လိုင်စင်ရ Agent ဖြစ်ခွင့်ရှိပါတယ်။ စိတ်ဝင်စားပြီး တီးခေါက်ချင်သူများအားလုံးကို ဖိတ်ခေါ်ပါတယ် 🤝

#09883002189

ဇန်နဝါရီလAgent License Training!အာမခံအကြောင်း စတင်လေ့လာတဲ့သူတွေ တစ်လ တစ်လ များများလာတာ တကယ် အားရစရာကြီးပါ 😇
15/01/2024

ဇန်နဝါရီလAgent License Training!

အာမခံအကြောင်း စတင်လေ့လာတဲ့သူတွေ တစ်လ တစ်လ များများလာတာ တကယ် အားရစရာကြီးပါ 😇

အသက်အာမခံက သေမှရတယ် လို့ပဲ သိထားတာလား။ ဒီအယူအဆ မှားတယ်လို့ မဆိုပေမယ့် အပြည့်အစုံ မှန်ကန်တာတော့ မဟုတ်ပါဘူး။အသက်အာမခံက မသေ...
10/01/2024

အသက်အာမခံက သေမှရတယ် လို့ပဲ သိထားတာလား။ ဒီအယူအဆ မှားတယ်လို့ မဆိုပေမယ့် အပြည့်အစုံ မှန်ကန်တာတော့ မဟုတ်ပါဘူး။

အသက်အာမခံက မသေလည်း ရပါတယ်။
Product အမျိုးအစားနဲ့ အခြေအနေအရပ်ပေါ် မူတည်ပြီး ...

- မကျန်းမာလို့ ဆေးရုံတက်ကုသစရိတ် ပြန်ရတာရှိတယ်။
- မတော်တဆမှုတွေကြောင့် ဆေးကုသစရိတ်တွေ ပြန်ရတာရှိတယ်။
- ခရီးသွားနေစဥ် Accident ကြုံမိလို့ ဆေးကုသစရိတ်တွေ ပြန်ရတာရှိတယ်။
- သက်တမ်းပြည့်သွားရင် သွင်းခဲ့တဲ့ငွေအပြင် အမြတ်ပါ ထပ်ဆောင်းပြီး ပြန်ရတာရှိတယ်။ (ငွေစုခြင်းမျိုး/ မိသားစုအနာဂတ်အတွက် ငွေကြေးအကာအကွယ်ယူထားခြင်း)

ဆိုတော့ မိမိက ဘယ်လို အကာအကွယ် ခံစားခွင့်မျိုးကို လိုအပ်တာလဲ။ ဒါကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

အသက်အာမခံ Product အားလုံးကတော့ သေရင် ခံစားခွင့်ရတာချည်းပါပဲ။ သေရင် ရတယ်ဆိုတာက... မမျှော်လင့်ဘဲ ကံအဆိုးဆုံးကြုံတွေ့ခဲ့ရင် အမြင့်ဆုံးရရှိမယ့် ခံစားခွင့်ကို ဆိုလိုတာပါ။ ဘယ်သူမှ သေခြင်းနဲ့စောစီးစွာ မကြုံချင်သလို ဘယ်သူမှလည်း ဘယ်ချိန်သေမလဲ မသိပါဘူး။

တစ်ချို့က သေမှ ရတဲ့အချက်ကို ဘဝင်မကျပါဘူး။ ဒါက သူကိုယ်တိုင် ခံစားခွင့် မရှိလို့ပါ။

ဒီနေရာမှာ မေးစရာ ပေါ်လာပါတယ်။
သေရင် ဘယ်သူရမှာလဲ။
ကိုယ်ချစ်ရတဲ့သူ တစ်ဦးဦးပေါ့။
ကိုယ့်မိဘ ...
ကိုယ့်ဇနီး/ခင်ပွန်း ...
ကိုယ့်သားသမီး ... စသဖြင့်ပေါ့။ သူတို့ ရမှာပေါ့။
ဒါဆို ကိုယ်သေရင် သူတို့ ရရှိခံစားခွင့်ရှိမှာကို ဘာကြောင့် မလိုလားရသလဲ။
ကိုယ်အသက်ရှင်နေစဉ် ရှာဖွေလုပ်ကိုင်နေရတာကရော ဘယ်သူတွေအတွက်လဲ။ သူတို့အတွက်ပါပဲ။

ဆိုတော့ အသက်အာမခံ က
သေရင် ကိုယ်ချစ်ရတဲ့ သူတို့တွေအတွက်ပါ။

မသေရင် ကိုယ့်အတွက်ရော/သူတို့အတွက်ရောပေါ့။
ဘာတွေ ရမှာလဲ။
အထက်ကပြောခဲ့တဲ့အချက်တွေပေါ့။

- မကျန်းမာလို့ ဆေးရုံတက်ကုသစရိတ်အတွက်လား။
- မတော်တဆမှုတွေကြောင့် ဆေးကုသစရိတ် အတွက်လား။
- ခရီးသွားနေစဥ် Accident ကြုံမိလို့ ဆေးကုသစရိတ်တွေ အတွက်လား။
- သက်တမ်းပြည့်သွားရင် သွင်းခဲ့တဲ့ငွေအပြင် အမြတ်ပါဆောင်းပြီး ပြန်ရတာမျိုးလား။ (ငွေစုခြင်းမျိုး)
- သားသမီးပညာရေးအတွက် ငွေကြေးအကာအကွယ် ပြင်ဆင်ထားချင်တာမျိုးလား။
- မိသားစုအနာဂတ်အတွက် Financial Protection လုပ်ဆောင်ထားချင်တာမျိုးလား။

ကိုယ့်မိသားစုအတွက် အကာအကွယ်ဖြစ်ချင်တာနဲ့ ကြည့်ပြီး ရွေးချယ်ရမှာပါ။ ကိုယ့်အသက်နဲ့ အရင်းပြုပြီး မိသားစုအနာဂတ်ကို အကာအကွယ် ပြုထားတာပါ။ ချစ်ခြင်းမေတ္တာပါ ပါတဲ့ ဆောင်ရွက်မှုပါ။ ထားတဲ့သူအတွက် ပီတိ၊ စိတ်အေးချမ်းလုံခြုံမှုလည်း ဖြစ်ရပါတယ်။

ကိုယ်မျက်ကွယ်ပြုခဲ့ရင် ကိုယ့်မိသားစုအတွက်၊ ဇနီး/ခင်ပွန်းအတွက်၊ သားသမီးပညာရေးအနာဂတ်အတွက် အခက်အခဲမရှိ ငွေကြေးဖူဖူလုံလုံ မြောက်မြားစွာ ချန်ထားခဲ့နိုင်ပြီဆိုရင်တော့ အသက်အာမခံထားဖို့လည်း မလိုအပ်ပါဘူး။

ဘဝမှာ ရှောင်လွှဲမရတဲ့ ကိစ္စရပ်တွေ ကြုံတွေ့ခဲ့မယ်ဆို အရင်ဆုံး စိတ်ပူမိတာ မိမိရဲ့ မိသားစုကိုပါ။

ဟုတ်ပါတယ်။
အထူးသဖြင့် မိမိကို မှီခိုနေရလေ စိုးရိမ်ပူပန်မှုတွေ များလေပါပဲ။

ဒါတွေကို လျော့ကျဖို့ အတွက်ဆို မှန်ကန်စိတ်ချရတဲ့ သင့်တော်ရာ အသက်အာမခံ ဝယ်ယူထားသင့်ပါတယ်။

မတော်တဆထိခိုက်မှု/ ကျန်းမာရေးကိစ္စရပ်တွေကြောင့် ဆုံးရှုံးသွားတဲ့ငွေကြေးတွေအတွက် ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ ပြန်လည်အထောက်အကူ ရစေတယ်။

ရှောင်လွှဲမရတဲ့အရာတွေကြောင့် လူ့လောကကနေ မိမိအရင်နှုတ်ဆက်ရချိန်မှာ မိသားစုတွေ ကြုံတွေ့မယ့် စားဝတ်နေရေး၊ ငွေကြေးအခက်အခဲ၊ ကလေးကျောင်းစရိတ် စသည့် ဘဏ္ဍာရေးလုံခြုံမှုကို ကိုယ့်ရဲ့ အာမခံ အရင်းအနှီးကနေ အကာအကွယ်ပေးထားတယ်။

နောက်တစ်ချက်က အသက်အာမခံထားပြီး ငွေကြေးစုဆောင်းခြင်းဟာ ဘဏ်စုငွေလိုမဟုတ်ဘဲ အထောက်အထား ပေါ်လစီစာချုပ် ရှိနေမှာဖြစ်ပြီး မိသားစု/သားသမီး အနာဂတ်အတွက် ငွေကြေးအရ ကာကွယ်မှု ဖြစ်နေစေမှာ ဖြစ်ပါတယ်။

တကယ်တော့ အသက်အာမခံဆိုတာ အသက်ငယ်ရွယ်လေ ပရီမီယံသက်သာလေမို့ ကိုယ်ကျန်းမာနေစဉ် အလုပ်လုပ်ကိုင် ဝင်ငွေရှာဖွေနိုင်စဉ် ကာလမှာကတည်းက Financial Planning တစ်ခုအနေနဲ့ စောလျင်စွာ ဝယ်ယူထားသင့်တဲ့ အာမခံမျိုး ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေများနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ကျန်ရစ်သူ ဇနီး/ခင်ပွန်း၊ သားသမီး၊ မိဘ တို့အတွက် ငွေကြေးအရ ကာကွယ်ထောက်ပံ့မှု ရှိနေစေပါတယ်။ ကိုယ့်ဇနီး/ခင်ပွန်း ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ၊ သားသမီးတွေရဲ့ ပညာရေးရည်မှန်းချက်၊ ချစ်ရသူတွေရဲ့ အနာဂတ်ကို ငွေကြေးအရ ထောက်ပံ့ကာကွယ်ပေးထားနိုင်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

#ကျော်ကျော် (တောင်ငူ)

အကြောင်းအမျိုးမျိုးနဲ့ ခရီးတွေ သွားနေရတယ်မလား?
17/12/2023

အကြောင်းအမျိုးမျိုးနဲ့ ခရီးတွေ သွားနေရတယ်မလား?

ခရီးသွားမယ်ဆိုရင် ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းဖို့အတွက် GGI Nippon Life ခရီးသွားအာမခံကို လွယ်ကူစွာဝယ်ယူပြီးသွားကြမယ်။

GGI Nippon Life ရဲ့ ခရီသွားအာမခံဟာဆိုရင် ပြည်တွင်းသာမက ပြည်ပခရီးစဉ်တစ်လျှောက်လုံး ကျပ်သိန်း(၁၀၀)အကာအကွယ်ရှိတဲ့ အာမခံအမျိုးအစားပဲဖြစ်ပြီး အာမခံကြေး ကျပ်(၂၀၀၀)မှစတင်၍ မိမိတို့ဖုန်းထဲကနေ လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေပါပြီ။

ဖုန်းကနေဝယ်ယူဖို့ဆိုရင် QR code လေးကို Scan ဖတ်ပြီး ဒါမှမဟုတ် ဒီ Link (https://bit.ly/3GI1SYT) လေးကိုဝင်ရောက်ပြီး လိုအပ်တဲ့အချက်အလက်တွေဖြည့် လိုက်တာနဲ့ ခရီးသွားအာမခံကို ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ရွေးချယ်တဲ့ရက်အလိုက် ကျသင့်တဲ့ပရီမီယံနှုန်းထားများကိုလည်း Mobile Payment များနဲ့အလွယ်တကူငွေပေးချေနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ..... GGI Nippon Life ရဲ့ခရီးသွားအာမခံဝယ်ပြီး စိတ်အေးချမ်းသာမယ့် ခရီးစဉ်တွေကိုစတင်လိုက်ကြပါစို့။

When traveling, ensure peace of mind by easily acquiring GGI Nippon Life Travel Insurance.

This insurance comprehensively covers both domestic and international trips, offering a substantial coverage of 100,000,000 Kyats. With a starting premium of 2,000 Kyats, it's a convenient and affordable solution that can be seamlessly purchased through your phone.

To initiate the purchase, scan the QR code or follow this link (https://bit.ly/3GI1SYT), where you can promptly fill in the required information. Mobile Payment options make it hassle-free to settle the premium rates based on your chosen date.

Therefore, consider securing GGI Nippon Life's Travel Insurance for a worry-free travel experience. Let's embark on your journeys with confidence.

#ခရီးသွားအာမခံ

ကိုယ့်အသိတွေထဲမှာ ကိုယ့်ပတ်ဝန်းကျင်မှာ အာမခံထားထားတယ် ဝယ်ထားတယ်ဆိုတဲ့သူတွေ တွေ့ရင် အနည်းငယ် ပိုလေးစားတဲ့ စိတ်ဖြစ်မိတယ် ....
11/12/2023

ကိုယ့်အသိတွေထဲမှာ ကိုယ့်ပတ်ဝန်းကျင်မှာ အာမခံထားထားတယ် ဝယ်ထားတယ်ဆိုတဲ့သူတွေ တွေ့ရင် အနည်းငယ် ပိုလေးစားတဲ့ စိတ်ဖြစ်မိတယ် .. 😍

အဲ့လူတွေက တကယ်ကို ကိုယ့်အနာဂတ်အတွက် ကိုယ့်မိသားစုအတွက် ကိုယ့်ကလေး ပညာရေးအတွက် ဘယ်လို ရေရှည်ကိုတွေးပြီး ငွေကြေးပိုင်းဆိုင်ရာ သေချာလေး အစီအစဉ်တွေ ချထားကြလည်းဆိုတဲ့ အချက်ကြောင့်ပါ။

စိတ်ထားလေးတစ်ခုပေါ့!

"Getting Life Insurance means you are putting the "I love you" phrase into motion." တဲ့ ...

ကျမ်းမာရေးအာမခံ/အသက်အာမခံထားတာဟာ I love you / We care about you ဆိုတဲ့စကားကို လက်တွေ့ကျကျ actions နဲ့ပြသချင်းပါပဲ။

Knowledge sharing တွေ လုပ်ကြည့်တဲ့အခါ ပိုသိလာရတာက တစ်ချို့က အာမခံထားတယ် ဆိုတာ ဘာမှန်းကို မသိသေးတာပါ ..

တစ်ချို့ကလည်း နည်းနည်းတော့သိတယ် ဒါပေမယ့် သေချာမသိဘူး ကိုယ်နဲ့လည်း မဆိုင်ဘူးလို့ ထင်ကြပေါ့။

ကျမ်းမာရေး/အသက်ဆိုတာတွေဟာ လူတိုင်းမှာ ရှိပါတယ် လူတိုင်း တစ်နေ့မဟုတ် တစ်နေ့ တစ်ကွေ့ကွေ့ကြုံရတဲ့ အရာမို့လို့ စိတ်ဝင်စားသင့်ပါတယ် .. ဒါတွေကို သိလိုက်လို့ အရူံးလုံးဝမရှိတာမို့ တီးခေါက်ကြည့်သင့်ပါတယ်။

အသိနောက်မကျခင် ထားသင့်တာ ကျမ်းမာရေးအာမခံ/အသက်အာမခံ ပါ။

ကိုယ်နဲ့သက်ဆိုင်ပါလားလို့ စ သိကြတဲ့အချိန်မှာ တော်တော်များများက အာမခံထားဖို့ နောက်ကျသွားတတ်ကြပါတယ် .. ထားလို့မရတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတတ်ပါတယ်။

You can only get life insurance BEFORE you need it. Make today the day!

ကိုယ့်အသိတွေထဲမှာ တရားဝင်လိုင်စင်ရထားတဲ့ အာမခံ အေးဂျင့်တွေ ရှိတယ်ဆိုရင်လည်း သူတို့ကို မေးကြည့်ပါ ... ဒီလို အာမခံအကြောင်း share ပေးနေတဲ့ Page တွေမှာ ဝင် ဖတ်ကြည့်ပါ။ Message ပို့ပြီး စုံစမ်းမေးမြန်းကြပါ နော် ..

09883002189
GGI Nippon Life Insurance

💥 Life Insurance - အသက်အာမခံ လူတွေက မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ကြုံလာတဲ့အခါမျိုးမှာ ငွေကြေးဆုံးရူံးမူတွေကိုလျှော့ချ...
30/11/2023

💥 Life Insurance - အသက်အာမခံ

လူတွေက မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ကြုံလာတဲ့အခါမျိုးမှာ ငွေကြေးဆုံးရူံးမူတွေကိုလျှော့ချဖို့ ကိုယ်တန်ဖိုးထားရတယ့်အရာတွေအတွက် အာမခံ ကိုယ်စီထားလာကြပါတယ် ... (ကျမ်းမာရေးအတွက်လား? ကလေးပညာရေးအတွက်လား? စုငွေလိုမျိုး အသက်အာမခံတွေလား?)

ဒီလိုငွေကြေးဆိုင်ရာ plan တွေချတဲ့အခါမှာ တရားဝင်လိုင်စင် ယူထားကြတဲ့ အာမခံကိုယ်စားလှယ်/Insurance Agent တွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ လိုအပ်တဲ့ အာမခံဝန်ဆောင်မူကို ရယူကြပါတယ် ..

💥 Insurance Agent - အာမခံကိုယ်စားလှယ်

အာမခံဝန်ဆောင်မူပေးတဲ့ Insurance Agent တွေရဲ့ အခန်းကဏ္ဍက အလွန်ကို အရေးကြီးပါတယ် ..

Insurance Agent ဖြစ်ဖို့ အခြေခံအချက်အနေနဲ့ကတော့ လူ့အဖွဲ့အစည်း လူ့ပတ်ဝန်းကျင်ကို တကယ်ကို ကူညီပေးချင်တဲ့သူ၊ sharing and caring စိတ်ဝင်စားတဲ့သူ ဖြစ်နေရပါမယ်။

Freelance အလုပ်ဖြစ်တဲ့အတွက် ရုံးမတက်ရပါဘူး .. လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်ကို လုံးဝ မထိခိုက်ပဲ Profession နောက်တစ်ခုကို လက်လှမ်းနိုင်ပြီး ဝင်ငွေအပိုရတဲ့ အခွင့်အရေးလည်း ဖြစ်တာကြောင့် Insurance Agent အဖြစ် လုပ်ကိုင်လာကြပါတယ်။

💥 Insurance Agent ဘယ်လို စ လုပ်ရမလည်း?

အာမခံကို စိတ်ဝင်စားလို့ စ လုပ်ချင်ပြီဆိုတာနဲ့ မဖြစ်မနေ အရင်လုပ်ရမှာတော့ အာမခံလိုင်စင်ယူရတာပဲ ဖြစ်ပါတယ်

အသက်မကန့်သတ်ထားလို့ အသက် ၄၀ ကျော် ၅၀ ကျော် အထိကို လိုင်စင်ယူလို့ ရပါတယ်
ဘွဲ့လက်မှတ် (သို့မဟုတ်) ၁၀ တန်းအောင်လက်မှတ်တော့ အနည်းဆုံး ရှိရပါမယ်

လိုင်စင်ဖြေဖို့အတွက် သင်တန်း ၅ ရက် (စနေ တနဂ်နွေ) အစ အဆုံး အခမဲ့ သင်ကြားကူညီပေးသွားမှာမို့ အာမခံလုပ်ဖို့ တကယ်စိတ်ဝင်စားသူများကို ကျွန်မနဲ့ လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ် ..

အသေးစိတ် သိချင်တာကို Page မှာ စာပို့ပြီးတော့ပဲ ဖြစ်ဖြစ် 09 883002189 ကို ဖုန်းဆက်မေးတာပဲ ဖြစ်ဖြစ် စုံစမ်းလို့ရပါတယ် နော်။ 🤗

GGI Nippon Life Insurance
13th Floor, Junction City Office Tower (in front of Bogyoke Market).


Welcome to our GGINL Agency Team 🙌 💙ပြီးခဲ့တဲ့ ၃ လမှာ ဆက်တိုက်အရောင်းရှိခဲ့တဲ့ Active Agents တွေနဲ့ Park Royal Hotel မှာ...
22/11/2023

Welcome to our GGINL Agency Team 🙌 💙

ပြီးခဲ့တဲ့ ၃ လမှာ ဆက်တိုက်အရောင်းရှိခဲ့တဲ့ Active Agents တွေနဲ့ Park Royal Hotel မှာ Agent Townhall Meeting လေး လုပ်ခဲ့ကြပါတယ် 🥰

အသက်အာမခံလိုင်စင် ဝင်ဖြေချင်သူများ ဒီဇင်ဘာလအတွက် register လုပ်လို့ ရနေပါပြီ နော ..

📱 09 883002189



GGI Nippon Life ရဲ့  Active ဖြစ်တဲ့ Agents တွေကို သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် လက်ဆောင်လေးတွေ ပို့ပေးဖြစ် 🥰😍You all are ...
17/11/2023

GGI Nippon Life ရဲ့ Active ဖြစ်တဲ့ Agents တွေကို သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် လက်ဆောင်လေးတွေ ပို့ပေးဖြစ် 🥰😍

You all are very much appreciated! 🙏

Freelance Insurance Agent အခု စ လုပ်ချင်သူများ ဆက်သွယ်လို့ရပါတယ် နော်!



ငွေမစုတတ်ရင် အာမခံ ထားပါ .. ငွေမစုရသေးဘူးဆိုရင် အာမခံသာ ဝယ်လိုက်ပါ။ 💰 💸 💲 🪙 💶
16/11/2023

ငွေမစုတတ်ရင် အာမခံ ထားပါ .. ငွေမစုရသေးဘူးဆိုရင် အာမခံသာ ဝယ်လိုက်ပါ။ 💰 💸 💲 🪙 💶

ကိုယ့်မိသားစုမှာ ကိုယ်ရှိနေစဥ်ကာလအတွင်းမှာသာမက နောက်ဆုံး မရှိခဲ့ရင်တောင် စိတ်ပူစရာ/နောက်ဆံတင်းနေစရာ မျိုး မဖြစ်အောင် မိသ...
13/11/2023

ကိုယ့်မိသားစုမှာ ကိုယ်ရှိနေစဥ်ကာလအတွင်းမှာသာမက နောက်ဆုံး မရှိခဲ့ရင်တောင် စိတ်ပူစရာ/နောက်ဆံတင်းနေစရာ မျိုး မဖြစ်အောင် မိသားစုတွေ ချစ်ရတဲ့သူတွေအတွက် ရှေးရူပြီး အသက်အာမခံကို ထားလာကြပါတယ် ...

ဒါ့ကြောင့်လည်း အသက်အာမခံလို့ ပြောရင် Peace of Mind (စိတ်ငြိမ်းချမ်းမူ) ဆိုတဲ့ ရလဒ်ကို အရင်ခံစားရတာပါပဲ။


Address

13th Floor, Junction City Office Tower, Bogyoke Aung San Road
Yangon
11211

Website

Alerts

Be the first to know and let us send you an email when Secure Tomorrow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share