06/05/2026
မင်္ဂလာပါ။
AIA Myanmar သည် လုပ်ငန်းအသီးသီးရှိ ဝန်ထမ်းများအတွက် ပိုမိုပြီးပြည့်စုံသော အကာအကွယ်ကို ပေးအပ်နိုင်စေရန်ရည်ရွယ်ကာ Critical Illness Insurance (အဖွဲ့လိုက်ပြင်းထန်ရောဂါကုသမှုအာမခံ) ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ အသိပေး၊ အကြောင်းကြားအပ်ပါသည်။
ပြင်းထန်ရောဂါ ၁၀ မျိုးအတွက်သာမက အသက်ဆုံးရှုံးမှုအတွက် အာမခံထားငွေ၏ ၁၀၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ရရှိနိုင်မည့် Critical Illness Insurance သည် ငွေကြေးဆိုင်ရာ အကာအကွယ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ ငွေကြေးဆိုင်ရာဖိအားများကို လျော့နည်းစေမည့်အပြင် လုပ်ငန်းရှင်နှင့် ဝန်ထမ်းများကြား ဆက်ဆံရေး ပိုမိုခိုင်မြဲ၊ ကောင်းမွန်စေရန် များစွာ အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
AIA Myanmar ၏ Corporate Solutions အဖွဲ့လိုက်အာမခံအကာအကွယ်များတွင် -
✅ အသက်အာမခံအကာအကွယ် Corporate Solutions Life Insurance၊
✅ ဆေးကုသမှုကုန်ကျစရိတ်များအတွက် ကျန်းမာရေးအလုံးစုံအကာအကွယ် One Health Solution (Group) နှင့်
✅ မတော်တဆထိခိုက်မှုများအတွက် Personal Accident Insurance အပြင်
ယခုမိတ်ဆက်လိုက်သည့် ပြင်းထန်ရောဂါကုသမှုအကာအကွယ်ဖြစ်သော Critical Illness Insurance ကိုပါတွဲဖက်ရယူခြင်းဖြင့် ဝန်ထမ်းများအတွက် ပြီးပြည့်စုံသော အကာအကွယ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။