25/08/2026
“လက်တွဲရင်ဆိုင် ဖေးမကူ CHID Bank နဲ့အတူ” 🤝
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့် စိုက်ပျိုးဧကများနှင့် အိမ်ခြေများ ထိခိုက်ဆုံးရှုံးခဲ့ရသည့် မိဘပြည်သူများ အားလုံးအတွက် CHID Bank မိသားစုမှ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါသည်။
ထိုသို့ ရေကြီးရေလျှံမှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မိဘပြည်သူများအတွက် တစ်ထောင့်တစ်နေရာမှကူညီပေးနိုင်ရန် CHID Bank ဝန်ထမ်းများမှ ၂၁.၈.၂၀၂၆ ရက်နေ့ သောကြာနေ့တွင် ဝန်ထမ်းများစုပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်း ကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။
CHID Bank မိသားစုဝင်များ၏ စုပေါင်းအလှူအဖြစ် စုစုပေါင်းတန်ဖိုး သိန်း (၁၁၀) ကျပ်ခန့် တန်ဖိုးရှိသည့် အသင့်စားစားသောက်ကုန်များ၊ ဆေးဝါးများ၊ မိုးကာအကျီများ၊ အရေးပေါ်အသုံးအဆောင်ပစ္စည်းများနှင့် ငွေသား ကျပ် သိန်း ၃၀ တိတိကို ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးကာကွယ်ရေးအတွက် တာတမံနှင့် ဆည်များ ပြုပြင်ထိန်းသိမ်းရေးတွင် ညဉ့်မအိပ်၊ နေ့မနား တက်ကြွစွာ ပါဝင်ကူညီပေးနေကြသော စေတနာ့ဝန်ထမ်း လုပ်သားများ၊ ယန္တရားမောင်းနှင်သူများနှင့် တာဝန်ရှိသူများအား သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့ပါတယ်။
ယခုလို ကူညီဝေမျှနိုင်ရေးအတွက် ငွေအား၊ လူအားဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသော CHID Bank ဒါရိုက်တာအဖွဲ့ဝင်များ၊ Top Management အဖွဲ့ဝင်များနှင့် ဘဏ်ဝန်ထမ်း မိသားစုဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဤသို့တတ်နိုင်သည့်ဖက်မှ အထောက်အကူပြု လှူဒါန်းခွင့်ရသည့်အတွက် ဂုဏ်ယူမိပြီး ကျွန်ုပ်တို့၏ ပါဝင်ကူညီမှုသည် အခက်အခဲများကို ရင်ဆိုင်နေကြရသည့် မိဘပြည်သူများအတွက် ခွန်အားတစ်ရပ်ဖြစ်စေနိုင်ပါရန် မေတ္တာအပြည့်နှင့်ဆုမွန်ကောင်းတောင်းလိုက်ရပါသည်ရှင်။
CHID Bank သည် မိတ်ဟောင်း၊ မိတ်သစ် ဘဏ်သုံးစွဲသူများအပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးနှင့်အတူ လက်တွဲကာ
အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် လိုအပ်သည့်နေရာတိုင်းတွင် တတ်နိုင်သမျှ ပါဝင်အားဖြည့်ကူညီပေးသွားမည်ဖြစ်ပါသည်။
#လေးမျက်နှာရေဘေး