Nway Nway Htoo

Nway Nway Htoo �Life Insurance
�Health Insurance
�AIA Myanmar ကုန်ကြမ်းတွေက အစ ရှမ်းပြည်ဘက်က မှာယူတာမို့ အရသာတော့ စိတ်ချပါနော

02/03/2026

ယနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့မှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကာ ပိုမိုကောင်းမွန်တဲ့နေ့ရက်များကို ရရှိ၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AIA Myanmar က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

On the auspicious Full Moon Day of Tabaung, AIA Myanmar wishes you good health and peace of mind, with better days ahead.

မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ C နဲ့စတဲ့ အာမခံ ကုမ္ပဏီထွက်သွားတော့ တော်တော်များများက insurance company တွေကို မယုံကြတော့ဘူး...
10/02/2026

မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ C နဲ့စတဲ့ အာမခံ ကုမ္ပဏီထွက်သွားတော့ တော်တော်များများက insurance company တွေကို မယုံကြတော့ဘူးနော အဆင်ပြေရဲ့လား ဆိုပြီး မေးလာပါတယ်

ဟာ အမရေ တကယ်တော့ အဲကျမှ AIA မှာပဲ ဝယ်တော့မယ် ဆိုပြီး ဖြစ်သွားလို့ အဲတစ်လက တော်တော်ရောင်းလိုက်ရတာ ဆိုတော့ သူက အံ့ဩနေရော

အဲတာနဲ့ အမရေ AIA ကလေ ဟောင်ကောင် အခြေစိုက်ဖြစ်တဲ့အပြင် အာရှပစိဖိတ်ဒေသတွင်း ၁၈ နိုင်ငံမှာရှိတာဆိုတော့ အခုလို အလားတူပြသနာ မဖြစ်နိုင်တဲ့အပြင် AIA ရဲ့ သမိုင်းကြောင်းတွေ မှတ်တမ်းတင်နိုင်ခဲ့တဲ့ Sri Lanka လို နိုင်ငံမှာ Economic Crisis ဖြစ်တဲ့အချိန်တောင် AIA Sri Lanka က မထွက်သွားတဲ့အပြင် AIA Group အောက်က နိုင်ငံပေါင်း ၁၈ နိုင်ငံ ( မြန်မာအပါအဝင်) က သွားရောက် ကူညီခဲ့ကြပါတယ်

ဆိုတော့ ဒီလို ယုံကြည်မှု့တွေရှိလို့ ညီမတို့ကလဲ ဆက်ရောင်းရဲသလို ဝယ်တဲ့သူတွေကလဲ ထပ်ပြီး ဝယ်ရဲနေတာပါ ဆိုတော့ သူအများကြီး စိတ်ဝင်စားသွားတယ် 😁

အမ အတွေးပြောင်းသွားပီတဲ့Insurance ကို ထပ်စဉ်းစားကြည့်မယ် ဖုန်းဆက်မယ်နောတဲ့ ဆက်ပါလို့ AIA က Ruby member တွေတောင် တစ်နှစ် သိန်း၂၀၀ ကျော် သွင်းနေတာ ဘာမှ မတုန်လှုပ်ပဲကိုကွယ် အမအနေအထားနဲ့ သိန်း၅၀၀ လောက် သွင်းပြီး ဝယ်ပစ်လို့ မြှောက်ပေးခဲ့တယ်😅

Nway Nway Htoo
Financial Services Advisor
[email protected]
0974550508


#ချစ်ရသူတွေအတွက်




AIA ရဲ့ အသက်အာမခံဆိုတာကို ဘာလို့ဝယ်သင့်လဲ??? အိမ်တစ်အိမ်မှာ အရေးကြီးဆုံးက ဘာလဲလို့ မေးရင် လူတိုင်းက မိဘ၊ အိမ်၊ ကား လို့ ...
22/01/2026

AIA ရဲ့ အသက်အာမခံဆိုတာကို ဘာလို့ဝယ်သင့်လဲ???

အိမ်တစ်အိမ်မှာ အရေးကြီးဆုံးက ဘာလဲလို့ မေးရင် လူတိုင်းက မိဘ၊ အိမ်၊ ကား လို့ ဖြေကြမှာပါ။

ဒါပေမဲ့ တကယ်တမ်း အရေးကြီးဆုံးက ဒီအရာအားလုံးကို ထောက်ပံ့ပေးနေတဲ့ 'ဝင်ငွေရလမ်း' (Income earner) ဆိုတဲ့ ဒေါက်တိုင်ကြီးပါ။

တကယ်လို့ ဒီဒေါက်တိုင်ကြီး တစ်ခုခုဖြစ်သွားရင် ကျန်တဲ့အရာတွေ အကုန် ပြိုလဲကုန်မှာပါ။

AIA ရဲ့ အသက်အာမခံက ဒီဒေါက်တိုင်ကြီးကို ခိုင်ခံ့အောင် ဝိုင်းထိန်းပေးထားမယ့် အရန်ဒေါက်တိုင်ပါပဲနော

AIA ရဲ့ ကျန်းမာရေး အာမခံကိုရော ဝယ်သင့်ပါသလား???

ကျွန်မအတွက်တော့ အာမခံရောင်းတယ်ဆိုတာ စက္ကူတစ်ရွက်ရောင်းတာမဟုတ်ဘဲ အစ်ကို/အစ်မတို့ မိသားစုအတွက် 'စိတ်အေးချမ်းမှု (Peace of Mind)' ကို ပေးတာပါ။

အထူးသဖြင့် မိသားစုမှာ တာဝန်ယူထားရတဲ့သူတွေနဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ချင်တဲ့ လူငယ်တွေအတွက် AIA ရဲ့ One Health Solution က အကောင်းဆုံး အဖော်မွန် ဖြစ်မှာပါ။

ဆေးရုံတက်ရလို့ ငွေကုန်ကြေးကျများမှာကို မပူရတော့ဘဲ မိသားစုရဲ့ ပျော်ရွှင်မှုတွေကိုပဲ အပြည့်အဝ အာရုံစိုက်လိုက်ပါ။"

တကယ်လို့ မနက်ဖြန်ကစပြီး ဝင်ငွေမရှိတော့ဘူးဆိုရင် မိသားစုရဲ့ လူနေမှုစရိတ်ကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲလို့ စဉ်းစားဖူးပါသလား?

အဲဒီလို အခြေအနေမျိုးအတွက် စိတ်ချရတဲ့ 'အရန်အစီအစဉ်' (Plan 😎 ရှိပြီးသားလားဟင်? မရှိသေးရင် AIA ရဲ့ Plan လေးကို ၅ မိနစ်လောက် အချိန်ပေးပြီး နားထောင်ပေးဖို့ အကြံပေးပါရစေရှင့်😉




#ချစ်ရသူတွေအတွက်


#အာမခံ

"မရွေးချယ်ဘူး ဆိုတာကလည်း ရွေးချယ်မှု တစ်ခုပါပဲ”ကျွန်မတို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အမြဲတမ်း တွေးနေတတ်တာ တစ်ခုရှိတယ်"ငါ ဒ...
15/01/2026

"မရွေးချယ်ဘူး ဆိုတာကလည်း ရွေးချယ်မှု တစ်ခုပါပဲ”

ကျွန်မတို့ တစ်ခုခုလုပ်တော့မယ်ဆိုရင်
အမြဲတမ်း တွေးနေတတ်တာ တစ်ခုရှိတယ်

"ငါ ဒါလုပ်လိုက်ရင် မှားသွားမလား?"

"ငါ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ?"

"ငါ့ပိုက်ဆံတွေ ကုန်သွားရင်ရော?"

လူတိုင်းလူတိုင်း တွက်ချက်တယ် စဉ်းစားတယ်

ဒါပေမဲ့ ကိုယ် မတွက်မိတဲ့
ကိုယ့်ကို တဖြည်းဖြည်းချင်း သတ်နေတဲ့ အရာတစ်ခုရှိတယ်

ဒီအတိုင်း ဘာမှမလုပ်ဘဲ “ငြိမ်နေလိုက်လို့ ပေးဆပ်ရမယ့် တန်ဖိုးပေါ့”

ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ခဏလောက်ထွက်ကြည့်ပါ ဘာတွေ တိုးတတ်ပြောင်းလဲနေပြီလဲ ငါရော ဘာလို့ ဒီအတိုင်းပဲ ဖြစ်နေတာလဲ???

သူများတွေ ပေါ့ပေါ့ပါးပါး ခရီးတွေထွက်တယ် ဝယ်စရာရှိတာ ဝယ်တယ် ဥစ္စာမြဲတယ် ဘာလို့လဲ???

ကျန်းမာရေးအတွက်????? အိမ်က သားသမီးတွေအတွက်???? အသက်ကြီးပြီဖြစ်တဲ့ ဖေနဲ့မေအတွက် ???

သူတို့မှာ အနာဂတ်plan တွေ ရှိပြီး သေချာရေးဆွဲထားတော့ ပူပန်ကြောင့်ကြမှု့ လျော့နဲတော့ စိတ်ပျော်တယ် အလုပ်တစ်ခုမက ရှေ့တိုးလုပ်နိုင်တယ် ငါမရှိလည်း ???? ငါကျန်းမမာလည်း????? ဖြေရှင်းဖို့က အေးဆေးရှိလှတာကို

သူတို့တွေဆီမှာ အသက်အာမခံ ကျန်းမာရေးအာမခံ ရှိလို့ပါ😉

ဘဝကို အပူအပင်မရှိ ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တယ်ဆို Cb ကို ကြွလှမ်းခဲ့ပါရှင့်😊

Nway Nway Htoo (Financial Advisor)
AIA Myanmar

ပြီးခဲ့တဲ့  #နှစ်ကုန်ပိုင်းက အာမခံ ကုမ္ပဏီတစ်ခု  #ထွက်သွားတော့ မြင်ရကြားရတဲ့ လူအုပ်စုက ၄ မျိုးလောက် ကွဲထွက်သွားတယ် အာမခံ...
05/01/2026

ပြီးခဲ့တဲ့ #နှစ်ကုန်ပိုင်းက အာမခံ ကုမ္ပဏီတစ်ခု #ထွက်သွားတော့ မြင်ရကြားရတဲ့ လူအုပ်စုက ၄ မျိုးလောက် ကွဲထွက်သွားတယ်

အာမခံကို ဘာတစ်ခုမှ မဝယ်ထားတဲ့ သူတစ်ချို့က အဲတာကြောင့် ငါတို့က #မဝယ်တာ ဆိုပြီး ပြောတဲ့ အုပ်စုရယ်

အဲဒီ ကုမ္ပဏီမှာ ဝယ်ထားတဲ့ သူတစ်ချို့က အာမခံဆို တော်ပါပြီဆိုပီး #ကြောက်သွားတဲ့ အုပ်စုရယ်

ဒီကုမ္ပဏီကြီး ထွက်သွားပေမဲ့ စိတ်လုံခြုံမှု့တွေ အကာအကွယ်တွေက ယူကို ယူရမှာပဲ ဆိုပြီး နောက်ကုမ္ပဏီတွေမှာ ပြန်ဝယ်တဲ့ အာမခံကိုဘယ်လိုဖြစ်ဖြစ် #ယုံကြည်တဲ့အုပ်စုရယ်

နောက်တစ်စုကတော့ ကျွန်မရဲ့ ချစ်လှစွာတော့ AIA member အုပ်စုပေါ့ရှင့် ငါတို့တော့ ကုမ္ပဏီ ရွေးချယ်တာ မှန်သွားပီဟေ့ ဆိုပြီး ပျော်ပျော်ကြီး premium ကြေး သွင်းမယ် လုပ်နေတဲ့ #ချစ်သော အုပ်စုပေါ့ရှင့်

နှစ်အစပိုင်းကတည်းက ဇွဲရှိရှိနဲ့ အာမခံအကာအကွယ်ထားဖို့ ထပ်မံ တိုက်တွန်းပါတယ်
ချစ်ရသောသူများကို #စိတ်လုံခြုံမှု့ #နောင်ရေးစိတ်အေးစေမှု့တွေ့ကို ဒီအာမခံလေးနဲ့ #အကူအညီ ဖြစ်စေချင်လို့ပါရှင့်

#အာမခံ

#စိုးရိမ်နေမှုတွေကိုအာမခံနဲ့ဖြေရှင်းပါ

ဒါလေးကတော့ သူငယ်ချင်းတစ်ယောက်က အာမခံ စာချုပ်ထဲက အကြောင်းအရာတွေ သူနားမလည်တာ သူသံသယ ဖြစ်တာတွေ တစ်ချက်ချင်းစီ မေးလို့ပြောပြ...
02/12/2025

ဒါလေးကတော့ သူငယ်ချင်းတစ်ယောက်က အာမခံ စာချုပ်ထဲက အကြောင်းအရာတွေ သူနားမလည်တာ သူသံသယ ဖြစ်တာတွေ တစ်ချက်ချင်းစီ မေးလို့ပြောပြထားတာပါ

ကျွန်မအနေနဲ့လည်း ကျွန်မဆီက ဝယ်ယူတဲ့ တွေပဲဖြစ်ဖြစ် တခြားမှာ ဝယ်တဲ့သူပဲဖြစ်ဖြစ် #အာမခံရဲ့ စာချုပ်ပါ အကြောင်းအရာတွေကို သေချာဖတ်ရှု့ပြီးမှ ဝယ်ယူသင့်တယ်လို့ အကြံပေးချင်ပါတယ်

တွေဆိုသည်မှာလဲ လူထဲက လူပဲမို့ ရှင်းပြနေသည့်ကြားက ကျန်ခဲ့တာတွေ ရှိကောင်းရှိနိုင်ပါတယ်

Client တွေလည်း ဝယ်ယူထားတာတွေ ကြာမြင့်သည့်အပေါ် မေးထားတာတွေ ကြာသွားသည့်အပေါ် နားလည်လက်ခံထားတာတွေ လွဲမှားကောင်း လွဲမှားနိုင်ပါတယ်

ထို့ကြောင့် စာချုပ်ပါ အကြောင်းအရာတွေ သေချာဖတ်ရှုပေးဖို့ request လုပ်သလို မေးသမျှ ဖြေပေးဖို့ ဝန်မလေးပဲ welcome ပါလို့🥰

ဒါမှ နောက်များ claim case ရယ်လို့ ဖြစ်လာခဲ့လျှင် လိုအပ်တဲ့ စာရွက်စာတမ်းတောင်းခံမှု့ ကြန့်ကြာတာတွေ claim ရနိုင်မဲ့ အကြောင်းအရာတွေ ကောင်းစွာသိရှိပြီး အာမခံ လျော််ကြေးငွေတွေကို နှစ်ဦးနှစ်ဖက် ပူးပေါင်းမှု့တွေနဲ့
လျင်မြန်စွာ ရရှိနိုင်ပါတယ်ရှင့်

အရင်က  #အာမခံ  ဝယ်ဖို့တိုက်တွန်းတဲ့ စာတွေ ရေးပေးပေမဲ့ အခုတော့ သတိထားရမဲ့ စာလေး အနဲငယ် ရေးထားတာလေး ဖတ်ကြည့်ပေးပါနော ကျွန်...
26/11/2025

အရင်က #အာမခံ ဝယ်ဖို့တိုက်တွန်းတဲ့ စာတွေ ရေးပေးပေမဲ့ အခုတော့ သတိထားရမဲ့ စာလေး အနဲငယ် ရေးထားတာလေး ဖတ်ကြည့်ပေးပါနော

ကျွန်မအနေနဲ့ကတော့ စိတ်မကောင်းဖြစ်သွားတဲ့ ကိစ္စလေးတစ်ခုပါ

လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မ #အာမခံ agent စလုပ်တုန်းက ရှက်တာရော ကြောက်တာရောနဲ့ သေချာ အနီးအနားက မိတ်ဆွေတွေကို မရှင်းပြခဲ့ မတိုက်တွန်းခဲ့မိဘူးပေါ့နော အဲဒီတုန်းက #သူငယ်ချင်းတစ်ယောက်ကိုလည်း ရှင်းပြဖို့ ကြိုးစားဖူးတယ်ပေါ့နော တိုတိုပြောရရင်မ အောင်မြင်ခဲ့ပါဘူး

ပြီးခဲ့တဲ့ တစ်ပတ်ကကျ အဲဒီ သူငယ်ချင်းက အာမခံလေး စိတ်ဝင်စားလို့ ရှင်းပြပေးပါ ဆိုပြီး ဆက်သွယ်လာတော့ ရှင်းပြ ပြောပြပေးဖြစ်ပါတယ် အဲဒီမှာ သူ့ရဲ့မေမေ အန်တီက အသက်၆၀ ကျော်စွန်းစွန်းလေး ဖြစ်သွားတော့ CI ဆိုတဲ့ အာမခံပဲ ဝယ်လို့ရတယ် ဖြစ်ရော နောက် ယောက္ခမဖြစ်သူမေမေကျတော့လည်း အသက် ၆၀ မပြည့်သေးပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်က ရောဂါ ခံစားနေရတော့ declineဖြစ်ရော ကျွန်မအနေနဲ့ တာဝန်ရှိသလို ခံစားရပြီး စိတ်မကောင်း ဖြစ်သွားရပါတယ်

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သာ ရောင်းခဲ့ မိရင် ဆိုခဲ့ရင် အန်တီ ၂ ယောက်လုံး ဆေးရုံတတ်ရင် #ကုန်ကျစရိတ် လျော်ကြေးရတဲ့ #အလုံးစုံကျန်းမာရေး အာမခံ ဝယ်ထားလို့ရမှာ ယောက္ခမဖြစ်တဲ့ အန်တီလည်း အခု ခံစားနေရတဲ့ SLE နဲ့ ပတ်သက်တာ ကုန်ကျစရိတ်တွေ သက်သာမှာလို့ တွေးမိခဲ့တယ်

ဆိုတော့ #ကျန်းမာရေးကောင်းတုန်း ဝယ်ပါ #အသက် ၆၀ မပြည့်ခင် ဝယ်ထားကြပါ လို့ တိုက်တွန်းနိုးဆော်ပါရစေရှင့်😔


#အာမခံအကြောင်းတွေ

ပြီးခဲ့တဲ့လက ၁၅ သိန်းအထက် အာမခံဝယ်ထားတဲ့ clientတွေအတွက် gift voucher နဲ့ လက်ဆောင်ပစ္စည်းတွေရယ် policy certificate တွေရယ်...
19/11/2025

ပြီးခဲ့တဲ့လက ၁၅ သိန်းအထက် အာမခံဝယ်ထားတဲ့ clientတွေအတွက် gift voucher နဲ့ လက်ဆောင်ပစ္စည်းတွေရယ် policy certificate တွေရယ် ပို့ပေးပါတော့မယ်ရှင့်
ယုံယုံကြည်ကြည်နဲ့ ကျွန်မဆီ ကျန်းမာရေးအာမခံ အသက်အာမခံ ဝယ်ယူပေးကြတဲ့ AIA member ဖြစ်သွားကြတဲ့ တစ်ဦးတစ်ယောက်ချင်းတိုင်းကို ကျေးဇူး အများကြီး တင်ပါတယ်ရှင့် 🥰







Insurance Industry မှာ ၃ နှစ်ပြည့်ခါနီးတော့ လူတစ်ယောက်ကို လေ့လာပြီး ကြည့်တဲ့ ကိုယ့်အတွေးတွေ ကိုယ်ယူဆထားတာတွေက အကုန်မမှန်...
07/11/2025

Insurance Industry မှာ ၃ နှစ်ပြည့်ခါနီးတော့ လူတစ်ယောက်ကို လေ့လာပြီး ကြည့်တဲ့ ကိုယ့်အတွေးတွေ ကိုယ်ယူဆထားတာတွေက အကုန်မမှန်နိုင်ဘူးဆိုတာ သဘောပေါက်လာတယ်
ဒီလူကတော့ မဝယ်နိုင်ပါဘူး
ဒီလူကတော့ စိတ်မဝင်စားလောက်ဘူး
ဒီလူကတော့ ဝယ်နိုင်တယ်
ဒီတစ်ယောက်ကတော့ အများကြီး ဝယ်မှာ
သူက ခေတ်မီတော့ ဝယ်မှာပါ
သူက အများကြီးဝင်ငွေရှိတော့ ဝယ်မှာပါ
သူက တအားချမ်းသာတော့ ဝယ်ပါ့မလား???
အဲလိုကိုယ့်အတွေးနဲ့ကိုယ် လူရွေးပြီး ရောင်းခဲ့ဖူးတယ်

❣️ဒါပေမဲ့လေ တကယ်တမ်း လိုလိုချင်ချင်နဲ့ ကိုယ်မပြောပဲ လာဝယ်ကြတဲ့သူတွေက အရမ်းမချမ်းသာသလို အရမ်းကြီး ခေတ်နဲ့အညီ ခေတ်မီနေကြတဲ့သူတွေ နဲပါတယ်
ကိုယ်ပြောလို့ ဝယ်ကြတဲ့သူတွေက အာမခံအကြောင်း သိပေမဲ့ အလုံးစုံ မသိပဲ ကိုယ်ပြောမှ သိပြီး ဝယ်ချင်သွားကြတာရယ်

❣️ကိုယ်က ဝယ်ကိုဝယ်လောက်တယ်တွေးတဲ့သူက ၁၀ မှာ ၃ ယောက်ပဲ ဝယ်ကြပါတယ် ကျန်တဲ့ ၇ ယောက်က အာမခံရဲ့ကောင်းကျိုးသိပေမဲ့ ကျန်းမာနေသေးတယ် နောက်မှ ဝယ်လည်း မီမှာပါ တွေးကြတဲ့သူတွေပါ

အများကြီး ကို လူတွေအကြောင်း လေ့လာရဦးမယ် သင်ယူရဦးမယ် အာမခံထားရှိခြင်းရဲ့ ကောင်းကျိုးတွေ ဝေမျှရဦးမယ် တွေးမိပါတယ်

တကယ် ဝယ်တော့မယ်ဆိုရင် လာပါ အာမခံအကြောင်း သိချင်ရင် လာမေးပါ ကြိုဆိုပါတယ်ရှင့်







Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nway Nway Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share