MAB Mobile

MAB Mobile MAB Mobile Bank is a secure mobile base banking service offering Cash Services, Banking Services and Payment Services without constrains.

မြန်မာ့ရှေ့ဆောင်ဘဏ်က မိုဘိုင်းဘဏ်ဝန်ဆောင်မှုများကို သင့်ထံအရောက်ယူဆောင်လာပါပြီ။ နိုင်ငံတစ်ဝှမ်း အေးဂျင့်အများဆုံး၊ လုံခြုံစိတ်ချရဆုံး အလုံးစုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုတို့ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်၏ မိုဘိုင်းဘဏ်ဝန်ဆောင်မှုအသစ်က ဘဏ်လုပ်ငန်းကို တစ်ခေတ်ဆန်းစေပါပြီ။
မြန်မာ့ရှေ့ဆောင်ဘဏ်၏ မိုဘိုင်းဘဏ်ဝန်ဆောင်မှု၊ မိုဘိုင်းဖုန်းထဲက ကျွန်ုပ်ဘဏ်...

System Maintenance များပြုလုပ်ပြီးစီးပြီးဖြစ်ပါသဖြင့် MAB Mobile ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း...
19/02/2025

System Maintenance များပြုလုပ်ပြီးစီးပြီးဖြစ်ပါသဖြင့် MAB Mobile ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

Dear MAB Mobile Customers,
We would like to inform you that our MAB Mobile services are now available as usual.

မိုဘိုင်းလ်ဖုန်းထဲက ကျွနု်ပ်ဘဏ်

System Maintenance များပြုလုပ်မည်ဖြစ်ပါသဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ (ည ၁၀:၀၀ နာရီ) မှ ၂၀ ရက်၊ ကြ...
19/02/2025

System Maintenance များပြုလုပ်မည်ဖြစ်ပါသဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ (ည ၁၀:၀၀ နာရီ) မှ ၂၀ ရက်၊ ကြာသပတေးနေ့ (မနက် ၂:၀၀ နာရီ) အထိ MAB Mobile ဝန်ဆောင်မှုများခေတ္တရရှိမည် မဟုတ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

Dear MAB Mobile Customers,
We would like to inform you that our MAB Mobile services will be temporarily unavailable from 10:00 PM on February 19, 2025, to 2:00 AM on February 20, 2025.

မိုဘိုင်းလ်ဖုန်းထဲက ကျွနု်ပ်ဘဏ်

MAB Mobile (MAB Pay) မှာ ကိုယ်ရေးအချက်အလက် အပြည့်အစုံတင်ပြီးကြပြီလား။MAB Mobile အသုံးပြုသူတွေအနေနဲ့  App ထဲမှာ နိုင်ငံသာ...
04/02/2025

MAB Mobile (MAB Pay) မှာ ကိုယ်ရေးအချက်အလက် အပြည့်အစုံတင်ပြီးကြပြီလား။

MAB Mobile အသုံးပြုသူတွေအနေနဲ့ App ထဲမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (NRC) နဲ့ ကိုယ်ရေးအချက်အလက် စိစစ်မှုတွေ ပြုလုပ်ပြီး Level - 2 User ဖြစ်အောင် အချိန်မီ အဆင့်မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။

Level - 2 အဆင့်မြှင့်တင်ဖို့ နည်းလမ်းအဆင့်ဆင့်ကို ပုံမှာ ကြည့်ရှုနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက MAB Call Center (01 8610612) ကို ဆယ်သွယ်မေးမြန်းနိုင်ပါတယ်။

MAB Call Center ကို ဖုန်းဆက်တဲ့အခါ
(က) မြန်မာဘာသာအတွက် “၁” ကိုနှိပ်ပါ၊
(ခ) မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ဆောင်များအတွက် “၂” ကို နှိပ်ပါ၊
(ဂ) အင်တာနက်ဘဏ်ဆိုင်ရာ ဝန်ဆောင်မှုများအတွက် “၂” ကိုနှိပ်ပြီး မေးမြန်းနိုင်ပါတယ်။

မိုဘိုင်းလ်ဖုန်းထဲက ကျွနု်ပ်ဘဏ်

ဖုန်းထဲမှာ MAB Mobile ရှိရုံနဲ့ အင်တာနက်ဘေလ်ကို ရုံးထိ တကူးတက သွားဆောင်စရာမလိုတော့ဘူးနော်။ 𝐌𝐀𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 ရဲ့ ဘေလ်ပေးဆော...
04/09/2024

ဖုန်းထဲမှာ MAB Mobile ရှိရုံနဲ့ အင်တာနက်ဘေလ်ကို ရုံးထိ တကူးတက သွားဆောင်စရာမလိုတော့ဘူးနော်။

𝐌𝐀𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 ရဲ့ ဘေလ်ပေးဆောင်ခြင်း >> အင်တာနက်ဘေလ်ဝန်ဆောင်မှုများ မှတစ်ဆင့် မိမိပေးချေလိုတဲ့ အမျိုးအစားကိုရွေးချယ်ပြီး အင်တာနက်ဘေလ်ပေးဆောင်လိုက်ရအောင်။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

ဖုန်းနှင့် အွန်လိုင်းမှတစ်ဆင့် ဝန်ထမ်းအယောင်ဆောင်ပုံစံမျိုးနဲ့ 𝐌𝐨𝐛𝐢𝐥𝐞 𝐖𝐚𝐥𝐥𝐞𝐭 ၊ 𝐁𝐚𝐧𝐤 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 နဲ့ ကိုယ်ရေးကိုယ်တာ အချက...
31/08/2024

ဖုန်းနှင့် အွန်လိုင်းမှတစ်ဆင့် ဝန်ထမ်းအယောင်ဆောင်ပုံစံမျိုးနဲ့ 𝐌𝐨𝐛𝐢𝐥𝐞 𝐖𝐚𝐥𝐥𝐞𝐭 ၊ 𝐁𝐚𝐧𝐤 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လာရောက်မေးမြန်းတဲ့အခါ လုံးဝမမျှဝေမိအောင် အထူးသတိထားဖို့လိုပါမယ်နော်။

ဒီလို Digital Security နဲ့ ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေကို တစ်စုံတစ်ယောက်ကိုမှ ပေးမသိခြင်းဖြင့် ငွေကြေးမသမာမှုများထံမှ ကာကွယ်လိုက်ရအောင်။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

အွန်လိုင်းသုံးရင်း ဖုန်းထဲကို ဝင်လာတဲ့မက်ဆေ့ချ်တွေမှာ "Link" တွေပါတဲ့အခါ မနှိပ်ကြည့်မိအောင် သတိထားဖို့လိုမယ်နော်။ ဒီလို ...
22/08/2024

အွန်လိုင်းသုံးရင်း ဖုန်းထဲကို ဝင်လာတဲ့မက်ဆေ့ချ်တွေမှာ "Link" တွေပါတဲ့အခါ မနှိပ်ကြည့်မိအောင် သတိထားဖို့လိုမယ်နော်။

ဒီလို Link တွေကနေ ကိုယ်ရေး အချက်အလက်တွေကို ရယူနိုင်တာကြောင့် မဝင်မိအောင် သတိပြုဖို့လိုအပ်ပါတယ်။ ဒါမှ ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ Mobile Wallet တွေ ပိုမိုလုံခြုံစိတ်ချရမှာဖြစ်သလို ငွေကြေးမသမာမှုတွေကနေ ကြိုတင်ကာကွယ်နိုင်မှာပါ။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

လဆန်းရက်လဲ ကျော်လာပြီဆိုတော့ MAB Mobile ကနေ မီတာဘေလ်ပေးဆောင်လိုက်တော့နော်။ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ မိနစ်အနည်းငယ်အတွ...
18/08/2024

လဆန်းရက်လဲ ကျော်လာပြီဆိုတော့ MAB Mobile ကနေ မီတာဘေလ်ပေးဆောင်လိုက်တော့နော်။

ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ မိနစ်အနည်းငယ်အတွင်း မီတာဘေလ်ပေးဆောင်နိုင်ဖို့ ဖုန်းထဲက 𝐌𝐀𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 ကိုဝင် "ဘေလ်ပေးဆောင်ခြင်း " မှတစ်ဆင့် "လျှပ်စစ်ဝန်ဆောင်မှုများ" ကို ရွေးချယ် အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ပြီး မီတာဘေလ်ပေးချေနိုင်ပြီဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

လုံခြုံစိတ်ချရတဲ့ ဘဝနေထိုင်မှုပုံစံအတွက် အာမခံထားရှိခြင်းဟာလဲ အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုပင်ဖြစ်ပါတယ်။ ဒါကြောင့် လစဥ်အ...
05/08/2024

လုံခြုံစိတ်ချရတဲ့ ဘဝနေထိုင်မှုပုံစံအတွက် အာမခံထားရှိခြင်းဟာလဲ အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုပင်ဖြစ်ပါတယ်။ ဒါကြောင့် လစဥ်အာမခံကြေး ပေးသွင်းမယ်ဆို လူမပင်ပန်းဘဲ အချိန်ကုန်သက်သာစေတဲ့ MAB Mobile ကနေတစ်ဆင့် ပေးချေဖို့ မမေ့နဲ့နော်။

ဖုန်းထဲက 𝐌𝐀𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 ကိုဝင် "ဘေလ်ပေးဆောင်ခြင်း" မှာ ပါဝင်တဲ့ "အာမခံ လုပ်ငန်းများ" ကနေတစ်ဆင့် ပေးဆောင်လိုတဲ့ ဝန်ဆောင်မှုကိုရွေးချယ်ပြီး လစဥ်အာမခံကြေးများ ပေးသွင်းနိုင်ပါပြီ။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ် 📱​​

သတ်မှတ်ရက် မကျော်ခင် မီတာဘေလ်ဆောင်နိုင်ဖို့ MAB Mobile ထဲကို Cash in လုပ်ထားဖို့ လဲမမေ့နဲ့နော်။ ဖုန်း Screen ပေါ်က MAB M...
24/07/2024

သတ်မှတ်ရက် မကျော်ခင် မီတာဘေလ်ဆောင်နိုင်ဖို့ MAB Mobile ထဲကို Cash in လုပ်ထားဖို့ လဲမမေ့နဲ့နော်။

ဖုန်း Screen ပေါ်က MAB Mobile App ထဲကိုဝင် "ဘေလ်ပေးဆောင်ခြင်း" ထဲက "လျှပ်စစ်ဝန်ဆောင်မှုများ" ကို ရွေးချယ် လိုအပ်တဲ့အချက်အလက်များဖြည့်စွက်ရုံနဲ့ မိနစ်ပိုင်းအတွင်း မီတာဘေလ်ပေးဆောင်နိုင်ပါပြီ။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

20/07/2024

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုတဲ့အတိုင်း ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ ဝါဆိုလပြည့်အခါသမယ ဖြစ်ပါတယ်။

ဂေါတမ မြတ်စွာဘုရှားရှင် ကိုယ်တော်မြတ်ကြီးက မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့်၊ နေဝင်လထွက်အချိန်၊ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရားတော် စတင်ဟောကြားတော်မူခဲ့တဲ့အတွက် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့လို့ မည်မှတ်ခေါ်တွင်ကြပါတယ်။ ဒါ့အပြင် ဘုရားလောင်းတော် သိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေတော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြသတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူပြီး ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ စတဲ့ ရတနာမြတ်သုံးပါး စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားခွင့်ရသောနေ့လဲ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်များအတွက် အင်မတန် ထူးခြားလေးနက်တဲ့ ဘာသာရေး အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ထူးမြတ်လှတဲ့ ဝါဆိုလပြည့်အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးဘယာကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကုသိုလ်ဘာဝနာများ ပွားများပြီး အလှူရေစက် လက်နဲ့မကွာ စိတ်အလိုရှိတိုင်း လှူနိုင်၊ တန်းနိုင်၊ ကုသိုလ်ပြုနိုင်ကြပါစေ။

Mobile Wallet နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်တွေ၊ 𝐌𝐨𝐛𝐢𝐥𝐞 𝐖𝐚𝐥𝐥𝐞𝐭 တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့ ကိုယ်တိုင်သတ်မှတ...
19/07/2024

Mobile Wallet နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်တွေ၊ 𝐌𝐨𝐛𝐢𝐥𝐞 𝐖𝐚𝐥𝐥𝐞𝐭 တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ လျှို့ဝှက် 𝐏𝐢𝐧 နံပါတ်နဲ့ 𝐋𝐨𝐠 𝐢𝐧 ပြုလုပ်တဲ့အခါ System ကနေ ဝင်လာတဲ့ တစ်ခါသုံး 𝐎𝐓𝐏 ကုတ်တွေကို ဘယ်သူ့ကိုမှ မပြောပြရဘူးနော်။

နောက်ပြီး Social Media တွေ၊ ဖုန်း၊ SMS တွေ ကနေ တစ်ခါသုံး OTP Code တောင်းခံလာခဲ့ရင် ပြန်လည် မျှဝေပေးတာမျိုး လုံးဝမလုပ်ဘဲ ငွေကြေးလိမ်လည်မှုတွေနဲ့ မကြုံတွေ့ရအောင် ကြိုတင်ကာကွယ်ကြစို့နော်။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

မိုးရွာရွာ နေပူပူ ဖုန်းထဲမှာ MAB Mobile ရှိရုံနဲ့ မီတာဘေလ်ပေးဆောင်ဖို့ စိတ်ပူစရာမလိုတော့ဘူးနော်။ လွယ်ကူမြန်ဆန်စွာနဲ့ မီတ...
16/07/2024

မိုးရွာရွာ နေပူပူ ဖုန်းထဲမှာ MAB Mobile ရှိရုံနဲ့ မီတာဘေလ်ပေးဆောင်ဖို့ စိတ်ပူစရာမလိုတော့ဘူးနော်။

လွယ်ကူမြန်ဆန်စွာနဲ့ မီတာဘေလ်ပေးဆောင်နိုင်ဖို့ MAB Mobile App ကိုဝင် ဘေလ်ပေးဆောင်ခြင်း> လျှပ်စစ်ဝန်ဆောင်မှုများ မှတစ်ဆင့်> လျှပ်စစ်မီတာဘေလ်ကိုရွေးချယ်ပြီး အချက်အလက်များ ဖြည့်သွင်းလိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း မီတာဘေလ်ပေးဆောင်နိုင်ပါပြီ။

မိုဘိုင်းလ်ဖုန်းထဲက ကျွန်ုပ်ဘဏ်

Address

MAB Bank/Myanma Apex Bank, Thein Phyu Road
Yangon
12081

Alerts

Be the first to know and let us send you an email when MAB Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share