John Deere - Capital Automotive Ltd, Myanmar

John Deere - Capital Automotive Ltd, Myanmar Authorized John Deere Dealer in Myanmar.

🚜ဂျွန်ဒီးယား 5075E ရဲ့ အင်ဂျင်ခွန်အား မြင်းကောင်ရေ ၇၅ ကောင်ရဲ့ အစွမ်းနဲ့  လယ်ယာစိုက်ပျိုးရေးစွမ်းအားကို မြှင့်တင်လိုက်ပါ...
26/05/2026

🚜ဂျွန်ဒီးယား 5075E ရဲ့ အင်ဂျင်ခွန်အား မြင်းကောင်ရေ ၇၅ ကောင်ရဲ့ အစွမ်းနဲ့ လယ်ယာစိုက်ပျိုးရေးစွမ်းအားကို မြှင့်တင်လိုက်ပါ🌾📈

လယ်ယာလုပ်ငန်းတစ်ခု ကောင်းမွန်စွာ ထွန်ယက်စိုက်ပျိုးနိုင်ဖို့အတွက် အမှန်တကယ် အလုပ်ဖြစ်ပြီး အကြမ်းခံတဲ့ ထွန်စက်ကောင်းတစ်စီးရှိဖို့က အလွန်အရေးကြီးပါတယ်။ လယ်ထွန်တဲ့အခါ ဘယ်လောက်ပဲ ကြမ်းတမ်းမာကြောတဲ့ မြေမျိုးဖြစ်ပါစေ.. သက်တောင့်သက်သာနဲ့ အချိန်တိုအတွင်း အောင်အောင်မြင်မြင် ထွန်ယက်စိုက်ပျိုးနိုင်ဖို့ဆိုရင် တောင်သူတို့ လုံးဝအကြိုက်တွေ့သွားစေမယ့် ဂျွန်ဒီးယား (John Deere) 5075E ရှိပါတယ်နော်။

ဒီထွန်စက်ရဲ့ အဓိကခွန်အားကတော့ တုန်ခါမှုနည်းပြီး ရုန်းအားအလွန်ကောင်းမွန်တဲ့ ဆလင်ဒါ ၃ လုံး အင်ဂျင်စနစ်ပါပဲ။ မြင်းကောင်ရေ ၇၅ ကောင်အားရဲ့ ရုန်းကန်နိုင်စွမ်းဟာလည်း မာကျောလှတဲ့ မြေဆီလွှာတွေကိုတောင် အလွယ်တကူ အမှုန့်ကြိတ်ပြီး ထွန်ယက်နိုင်စွမ်းရှိပါတယ်။

ဂျွန်ဒီးယား 5075E ရဲ့ ထူးခြားတဲ့ လုပ်ငန်းခွင်စွမ်းရည် အားသာချက်များဟာဆိုရင်
✅အလေးချိန် ကီလိုဂရမ် ၂၅၀၀ အထိ ကောင်းကောင်း'မ'နိုင်စွမ်းရှိတဲ့ အဆင့်မြင့် ဟိုက်ဒရောလစ်စနစ် ပါဝင်တာကြောင့် နောက်တွဲလယ်ယာသုံးကိရိယာ အမျိုးမျိုးကို စိတ်ကြိုက်ချိတ်ဆက်ပြီး အသုံးပြုနိုင်ခြင်း
✅ဂီယာစနစ်အား မြေပြင်အနေအထားအလိုက် အမြန်နှုန်းကို စိတ်ကြိုက်ထိန်းညှိမောင်းနှင်နိုင်ခြင်း
✅အင်ဂျင်ရဲ့ စွမ်းအင်ကို အလေအလွင့်မရှိအောင် ထိန်းညှိမောင်းနှင်ပေးတဲ့ စနစ်ကြောင့် စက်ပစ္စည်းတွေရဲ့ သက်တမ်းကို ပိုမိုကြာရှည်စေခြင်း
✅သက်တောင့်သက်သာရှိတဲ့ ထွန်စက်ဒီဇိုင်းကြောင့် ပေါ့ပါးပြီး မောင်းနှင်ရလွယ်ကူခြင်း အစရှိတဲ့ အားသာချက်တွေကြောင့် စိတ်အေးလက်အေးနဲ့ လယ်ယာလုပ်ငန်းတိုးချဲ့ လုပ်ကိုင်ချင်တဲ့ တောင်သူဦးကြီးတို့အတွက်တော့ အသင့်တော်ဆုံးပါပဲ။

✨ဒါ့အပြင် ယခုပရိုမိုးရှင်းကာလမှာ ဝယ်ယူအားပေးတဲ့ ဦးကြီးတို့အတွက် လယ်ယာလုပ်ငန်းခွင်မှာ အဆင်သင့်အသုံးပြုနိုင်မယ့် ၂၆ လက်မ ၆ ဗန်း နောက်တွဲကိုပါ အထူးလက်ဆောင်အဖြစ် ထည့်သွင်းပေးထားတာမို့ လုပ်ငန်းစွမ်းဆောင်ရည်ကို နှစ်ဆတိုးစေမှာ အသေအချာပဲပေါ့နော်။

☎️အသေးစိတ်ဆက်သွယ်ရန်
📌ရန်ကုန်- အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️09 949217690, 09 949217692, 09 949217693
📌မန္တလေး-အမှတ် (G1-B2)၊ရန်ကုန်-မန္တလေး အမြန်လမ်း၊စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
☎️09 949217695,
☎️09-949217694 - ဟဲဟိုး (ရှမ်းတောင်)

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

⚙️🚜John Deere လယ်ထွန်စက်တွေကို ခွန်အားအပြည့်နဲ့ ရေရှည်အသုံးပြုနိုင်ဖို့ စိတ်ချရတဲ့ အပိုပစ္စည်းစစ်စစ်တွေကို ပဲခူးတိုင်းဒေ...
21/05/2026

⚙️🚜John Deere လယ်ထွန်စက်တွေကို ခွန်အားအပြည့်နဲ့ ရေရှည်အသုံးပြုနိုင်ဖို့ စိတ်ချရတဲ့ အပိုပစ္စည်းစစ်စစ်တွေကို ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့မှာရှိတဲ့ “ပွင့်သစ်ထွန်း” ဆိုင်မှာ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါပြီ။

ဝယ်ယူထားတဲ့ ထွန်စက်တွေကို ရေရှည်အသုံးပြုနိုင်ဖို့ အပိုပစ္စည်း လဲလှယ်ချင်တဲ့အခါ ကိုယ်နေထိုင်ရာ မြို့မှာမရလို့ အဝေးကြီးကို သွားပြီး လိုက်ရှာဝယ်ယူရတာက စိတ်ရှုပ်စရာပါပဲ။ အခုဆိုရင် ပဲခူးတိုင်းကို John Deere ရဲ့ အပိုပစ္စည်းစစ်စစ်တွေ ရောက်လာပြီဆိုတော့ တောင်သူဦးကြီးတို့အတွက် စိတ်အေးရပြီပေါ့နော်။

📍“ပွင့်သစ်ထွန်း” မှာဆိုရင် John Deere ရဲ့ စံချိန်စံညွှန်းမီ အပိုပစ္စည်းအစစ်အမှန်များကို ရရှိနိုင်မှာဖြစ်လို့ ဦးကြီးတို့ရဲ့ ထွန်စက်တွေ အလွယ်တကူ ပျက်စီးမှာလည်း စိုးရိမ်စရာ မလိုတော့သလို ထွန်ယက်စိုက်ပျိုးတဲ့အခါမှာလည်း တနေကုန် မနားတမ်း စွမ်းအင်အပြည့်နဲ့ မောင်းနှင်အသုံးပြုနိုင်ပြီပေါ့။

လိုအပ်တဲ့ အပိုပစ္စည်းကိုလည်း ဦးကြီးတို့နဲ့ အနီးဆုံးနေရာမှာ အမြန်ဆုံး ဝယ်ယူရရှိနိုင်တာကြောင့် လမ်းခရီးအချိန် ကြာလင့်တာတွေ၊ အပိုခရီးစရိတ်ကုန်တာတွေလည်း သက်သာသွားမှာပါ၊

ဒါကြောင့် လိုအပ်တဲ့ စက်ပစ္စည်းအပိုတွေ ဝယ်ယူဖို့ ရေနီမြို့က “ပွင့်သစ်ထွန်း”ဆိုင်ကို အခုပဲ ဆက်သွယ်လိုက်ပါ။

📍 ဆိုင်တည်နေရာ: ရေနီမြို့၊ ရေတာရှည်မြို့နယ်၊ တောင်ငူခရိုင်၊ ပဲခူးတိုင်းဒေသကြီး

📞 ဆက်သွယ်ရန်: 09-428113057

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🌾လယ်ယာလုပ်ငန်းခွင်တစ်ခု အောင်မြင်ဖို့ဆိုတာ စွမ်းဆောင်ရည်မြင့်တဲ့ စက်ကိရိယာတွေ ရှိရုံနဲ့တင် မလုံလောက်ဘဲ လုပ်ငန်းလည်ပတ်မှု...
16/05/2026

🌾လယ်ယာလုပ်ငန်းခွင်တစ်ခု အောင်မြင်ဖို့ဆိုတာ စွမ်းဆောင်ရည်မြင့်တဲ့ စက်ကိရိယာတွေ ရှိရုံနဲ့တင် မလုံလောက်ဘဲ လုပ်ငန်းလည်ပတ်မှုစရိတ်ပါ တွက်ချေကိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စက်သုံးဆီစျေးနှုန်းတွေ တက်နေတဲ့အချိန်မှာ ဆီဖိုးကို အလေအလွင့်မရှိအောင် ထိန်းညှိပေးနိုင်တဲ့ ထွန်စက်တစ်စီးဟာ တောင်သူလုပ်ငန်းရှင်တို့အတွက် တကယ်ကို အားကိုးရမှာ အသေအချာပါပဲ။

ဂျွန်ဒီးယားရဲ့ 5045D ထွန်စက်ဟာ တောင်သူဦးကြီးတို့ရဲ့ လယ်ယာလုပ်ငန်းခွင်မှာ တွက်ခြေကိုက်ပြီး အမြတ်အစွန်းတွေ ပိုမိုရရှိအောင် အထူးဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ မြင်းကောင်ရေ (၄၅) ကောင်အားရဲ့ ရုန်းအားကို အထိရောက်ဆုံး အသုံးချထားလို့ အလုပ်ပြီးမြောက်မှု မြန်ဆန်စေတဲ့အပြင် မလိုအပ်တဲ့ လောင်စာဆီကုန်ကျစရိတ်တွေကိုလည်း အတတ်နိုင်ဆုံး လျှော့ချပေးနိုင်တာကြောင့် တကယ့်ကို တွက်ခြေကိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာပါ။

🚜John Deere 5045D ရဲ့ အားသာချက်တွေကတော့
• အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို အချိုးကျကျ ဖန်တီးထားလို့ ဆီစားသက်သာသာပြီး လုပ်ငန်းအမြန်ပြီးစီးနိုင်ခြင်း
• ဘယ်လောက်ကြမ်းတမ်းတဲ့ မြေပြင်မှာပဲဖြစ်ဖြစ် အားစိုက်စရာမလိုဘဲ အလွယ်တကူ ထွန်ယက်နိုင်ခြင်း
• ကြံ့ခိုင်တဲ့ ကိုယ်ထည်နဲ့ အဆင့်မြင့်နည်းပညာသုံး အစိတ်အပိုင်းတွေကြောင့် ပြုပြင်စရိတ်နည်းပါးပြီး နှစ်ရှည်လများ စိတ်ချလက်ချ အသုံးပြုနိုင်ခြင်း
• မောင်းနှင်ရတာ သက်တောင့်သက်သာရှိပြီး ဂီယာပြောင်းရတာ လွယ်ကူလို့ လုပ်ငန်းခွင်မှာ တစ်နေကုန် အလုပ်လုပ်ရလည်း ပင်ပန်းမှုဒဏ်ကို လျှော့ချပေးနိုင်ခြင်း အစရှိတဲ့ အားသာချက်တွေကြောင့် တောင်သူဦးကြီးတို့ရဲ့ လယ်ယာလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့အတွက် ဂျွန်ဒီးယားရဲ့ 5045D ကို ပစ္စည်းရှိတုန်းလေး အမြန်ဝယ်ထားလိုက်ရအောင်။

☎️ အသေးစိတ်ဆက်သွယ်ရန်
📌 ရန်ကုန်ရုံး - အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ လှိုင်သာယာမြို့နယ်။ 📞09 949217690, 09 949217692, 09 949217693

📌 မန္တလေးရုံး - အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်။ 📞09-949217695, 09-949217665

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🌾လယ်ယာလုပ်ငန်းထဲမှာ တစ်နေ့တာလုံး အားသွန်ခွန်စိုက် လုပ်ကိုင်နေကြတဲ့ တောင်သူလုပ်ငန်းရှင်ကြီးတို့အတွက် အ‌ရေးကြီးဆုံးအချက်ကတ...
12/05/2026

🌾လယ်ယာလုပ်ငန်းထဲမှာ တစ်နေ့တာလုံး အားသွန်ခွန်စိုက် လုပ်ကိုင်နေကြတဲ့ တောင်သူလုပ်ငန်းရှင်ကြီးတို့အတွက် အ‌ရေးကြီးဆုံးအချက်ကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ပိုမိုရရှိဖို့ပါပဲ။

စိုက်ပျိုးစရိတ်၊ ဆီစရိတ်တွေ မြင့်တက်နေတဲ့ ဒီနေ့ခေတ်ထဲမှာ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ထဲက ဆီဖိုးကို အတတ်နိုင်ဆုံး လျှော့ချနိုင်မှသာ လုပ်ငန်းရဲ့ အမြတ်အစွန်းက သိသိသာသာ တိုးတက်လာမှာပါ။

ဒီလို လယ်ယာလုပ်ငန်းခွင်ရဲ့ အရေးပါတဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တာကတော့ ကမ္ဘာကျော် ဂျွန်ဒီးယား (John Deere) ထွန်စက်တွေပါပဲ။ ရုန်းအားကောင်းမွန်တဲ့ အင်ဂျင်စနစ်ကြောင့် ဆီကုန်ကျစရိတ်ကို ထိန်းညှိပေးနိုင်ရုံတင်မကဘဲ အလုပ်ပြီးမြောက်မှုကိုလည်း ပိုမိုမြန်ဆန်စေမှာပါနော်။

🚜ဘာကြောင့် ဂျွန်ဒီးယား ထွန်စက်တွေကိုပဲ ယုံကြည်စိတ်ချစွာ ရွေးချယ်သင့်တာလဲဆိုရင် -
• အဆင့်မြင့်နည်းပညာသုံး အင်ဂျင်တွေကြောင့် ဆီကုန် သက်သက်သာသာနဲ့ ဧကအများကြီးကို အချိန်တိုအတွင်း ထွန်ယက်နိုင်ခြင်း
• မြေဘယ်လောက်မာမာ အင်ဂျင်သံမကျဘဲ အသာလေး ရုန်းနိုင်တဲ့အတွက် အလုပ်ပြီးမြောက်မှု မြန်ဆန်စေခြင်း
• မောင်းရတာ သက်တောင့်သက်သာရှိပြီး ဂီယာပြောင်းရတာ ချောမွေ့တာကြောင့် တစ်နေကုန် လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရလည်း ပင်ပန်းမှုဒဏ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ခြင်း
• တောင့်တင်းတဲ့ ဘော်ဒီနဲ့ အဆင့်မြင့်အစိတ်အပိုင်းတွေကြောင့် ပြုပြင်စရိတ် နည်းပါးပြီး နှစ်ရှည်လများ စိတ်ချလက်ချ မောင်းနှင်အသုံးပြုနိုင်ခြင်း အစရှိတဲ့ အားသာချက်တွေကြောင့် တောင်သူဦးကြီးတို့ရဲ့ လုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

ဒါ့ကြောင့် လယ်ယာလုပ်ငန်းခွင်မှာ အကျိုးအမြတ်တွေ ပိုတိုးလာစေဖို့ ဂျွန်ဒီးယား ထွန်စက်တွေကို အခုပဲ ဝယ်ယူလိုက်ကြရအောင်နော်။

☎️ အသေးစိတ်ဆက်သွယ်ရန်
📌 ရန်ကုန်ရုံးချုပ် အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ လှိုင်သာယာမြို့နယ်။ 📞09 949217690, 09 949217692, 09 949217693
📌 မန္တလေးရုံးခွဲ အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်။ 📞09-949217695, 09-949217665

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော "အလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝှမ်းမှ မိမိကျရာနေရာရှိ တာဝန်မျာ...
01/05/2026

၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်သော "အလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝှမ်းမှ မိမိကျရာနေရာရှိ တာဝန်များကို ကြိုးစားပြီးထမ်းဆောင်နေကြသော လုပ်သားဝန်ထမ်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ကြပါစေကြောင်း John Deere Myanmar မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။



#အလုပ်သမားနေ့

🚜 ထွန်စက်တွေ နေပူမရှောင် မိုးရွာမရှောင် မောင်းနှင်ရုန်းကန်နိုင်တယ်ဆိုတာ ထွန်စက်အတွင်းထဲက စက်အစိတ်အပိုင်းလေးတွေ တစ်ခုနဲ့တ...
29/04/2026

🚜 ထွန်စက်တွေ နေပူမရှောင် မိုးရွာမရှောင် မောင်းနှင်ရုန်းကန်နိုင်တယ်ဆိုတာ ထွန်စက်အတွင်းထဲက စက်အစိတ်အပိုင်းလေးတွေ တစ်ခုနဲ့တစ်ခု လည်ပတ်ဖို့အတွက် အံကိုက်ဖြစ်နေလို့ပါပဲ။

ဒါကြောင့် စက်အစိတ်အပိုင်းတစ်ခုခု လဲလှယ်ဖို့ လိုအပ်လာတဲ့အခါ "ဘာပဲဖြစ်ဖြစ် ရပါတယ်" ဆိုပြီး အရည်အသွေးမသေချာတဲ့ အပိုပစ္စည်းတွေကို အသုံးပြုမိရင် ခဏတဖြုတ်တော့ အလုပ်ဖြစ်ပေမယ့် ရေရှည်မှာ အင်ဂျင်ကို ထိခိုက်စေပြီး မလိုအပ်ဘဲ ပြုပြင်စရိတ်တွေ ပိုကုန်ကျနိုင်ပါတယ်။

ဒါကြောင့် ဂျွန်ဒီးယားရဲ့ မူရင်းအပိုပစ္စည်း (Genuine Parts) တွေကိုပဲ ဘာကြောင့် ရွေးချယ်သင့်တာလဲ...
✅ ဆီစစ်များ(Filters): ဂျွန်ဒီးယား မူရင်း ဆီစစ်(Filter) တွေဟာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ၉၉.၉၉ ရာခိုင်နှုန်းအထိ စစ်ထုတ်ပေးနိုင်လို့ အင်ဂျင်အတွင်းပိုင်း ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
✅ အဆင့်မြင့်ချောဆီ (Lubricants): အင်ဂျင်ဝိုင်နဲ့ Hy-Gard (ဂီယာနှင့် ဟိုက်ဒရောလစ်ဆီ) တို့ဟာ အပူရှိန်ပြင်းပြင်းမှာ အလုပ်လုပ်ရတဲ့ အင်ဂျင်နဲ့ ဂီယာတွေ ပြင်းထန်စွာ ပွတ်တိုက်မှုဖြစ်ပွားတာတွေကို လျှော့ချပေးပြီး အလုပ်လုပ်ရတာ ပိုမိုချောမွေ့စေပါတယ်။
✅ အင်ဂျင်အစိတ်အပိုင်းများ (Engine Wear Parts): ပစ္စတင်၊ လိုင်နာ အစရှိတဲ့ အစိတ်အပိုင်းတွေဟာ ဂျွန်ဒီးယားအင်ဂျင်နဲ့ အံကိုက်ဖြစ်အောင် တိတိကျကျ ထုတ်လုပ်ထားလို့ အင်ဂျင်သံငြိမ်ပြီး ဆီစားလည်း သက်သာစေပါတယ်။

မူရင်းပစ္စည်းကို အသုံးပြုခြင်းအားဖြင့် အာမခံချက်လည်း အပြည့်ရနိုင်သလို၊ အပိုကုန်ကျစရိတ်တွေလည်း မရှိတော့လို့ ခေါင်းအေးအေးနဲ့ အလုပ်ကိုပဲ အာရုံစိုက်နိုင်မှာပါ။

မှန်ကန်တဲ့ ရွေးချယ်မှုနဲ့အတူ အကျိုးအမြတ်တွေ ပိုမိုရရှိဖို့ ဂျွန်ဒီးယားရဲ့ မူရင်းအပိုပစ္စည်းတွေကို ခုပဲ ဝယ်ယူရရှိနိုင်ပါပြီ။

အသေးစိတ်ဆက်သွယ်ရန်
🗺️ရန်ကုန်- အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️09-949217670, 09-949217673
🗺️မန္တလေး-အမှတ် (G1-B2)၊ရန်ကုန်-မန္တလေး အမြန်လမ်း၊စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
☎️09-949217674, 09-949217675



#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

👨‍🌾🌾လယ်ယာအလုပ်တွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ မောင်းနှင်လုပ်ကိုင်ရမယ့် အချိန်ရောက်မှ ဦးကြီးတို့ရဲ့ လယ်ထွန်စက်က ထရပ်သွားလ...
26/04/2026

👨‍🌾🌾လယ်ယာအလုပ်တွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ မောင်းနှင်လုပ်ကိုင်ရမယ့် အချိန်ရောက်မှ ဦးကြီးတို့ရဲ့ လယ်ထွန်စက်က ထရပ်သွားလို့ စိတ်ညစ်ခဲ့ရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြပါသလား။

စိုက်ပျိုးရေးလုပ်ငန်းဆိုတာ အချိန်နဲ့တစ်ပြေးညီ လုပ်ကိုင်ရတာဖြစ်လို့ စက်ပစ္စည်းတစ်ခု ချို့ယွင်းသွားတာနဲ့ အဖိုးတန်တဲ့ အချိန်တွေတင်မကဘဲ ငွေကြေးတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် "စက်ပျက်မှ ပြင်မယ်" ဆိုတဲ့ အယူအဆထက် "စက်မပျက်ခင် ကြိုတင်စစ်ဆေးမယ်" ဆိုတဲ့ အလေ့အထက တောင်သူဦးကြီးတို့အတွက် အကျိုးအမြတ် အများကြီး ပိုရှိစေမှာပါ။

ပုံမှန် ပြုပြင်ထိန်းသိမ်းမှု လုပ်ပေးခြင်းက စက်ရဲ့ သက်တမ်းကို ရှည်ကြာစေသလို၊ အလုပ်လုပ်နေရင်း စက်ချို့ယွင်းမှာကိုလည်း ပူစရာမလိုတော့ပါဘူး။ ဒါ့အပြင် အင်ဂျင်ကို အမြဲတမ်း အကောင်းဆုံးအနေအထားမှာ ရှိနေစေလို့ ဆီစားနှုန်းကိုလည်း အထိရောက်ဆုံး ချွေတာပေးနိုင်ပါတယ်။

ဂျွန်ဒီးယားရဲ့ After-sales Service မှာဆိုရင်
⚙️ အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် စနစ်တကျ စစ်ဆေးပေးခြင်း
⚙️ မူလစွမ်းဆောင်ရည်အတိုင်း ပြန်လည်ရရှိစေမယ့် ဂျွန်ဒီးယား မူရင်းအပိုပစ္စည်းများကိုသာ အသုံးပြုခြင်း
⚙️ မြန်ဆန်မှန်ကန်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း
⚙️ သင့်တင့်တဲ့နှုန်းထားနဲ့ အာမခံချက်အပြည့်ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေ ပေးနေတာကြောင့် ဦးကြီးတို့ရဲ့ လက်တွဲဖော် လယ်ထွန်စက်တွေ အမြဲတမ်း ခွန်အားအပြည့်နဲ့ ရုန်းနိုင်ဖို့အတွက် ဂျွန်ဒီးယားရဲ့ ပုံမှန်စစ်ဆေးပြုပြင်ပေးတဲ့ ဝန်ဆောင်မှုကို အခုပဲရယူလိုက်ပါ။

အသေးစိတ်ဆက်သွယ်ရန်
ရန်ကုန်- အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️09-949217670, 09-949217673
မန္တလေး-အမှတ် (G1-B2)၊ရန်ကုန်-မန္တလေး အမြန်လမ်း၊စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
☎️09-949217674, 09-949217675
#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား



🌾 စိုက်ပျိုးရေးလုပ်ငန်းဆိုတာ အနားရတယ်ကို မရှိတာပါ။ စိုက်ပျိုးထွန်ယက်ရတဲ့အချိန်အခါ ရောက်ပြီဆိုရင် အချိန်မီပြီးဖို့က အရေးက...
22/04/2026

🌾 စိုက်ပျိုးရေးလုပ်ငန်းဆိုတာ အနားရတယ်ကို မရှိတာပါ။ စိုက်ပျိုးထွန်ယက်ရတဲ့အချိန်အခါ ရောက်ပြီဆိုရင် အချိန်မီပြီးဖို့က အရေးကြီးသလို၊ ပင်ပန်းတာနဲ့ ထိုက်တန်တဲ့ ရလဒ်ကိုရရှိဖို့ကလည်း အရေးကြီးပြန်ပါတယ်။

ဒီနေ့မှာတော့ ကျေးဇူးရှင် တောင်သူဦးကြီးတို့ရဲ့ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်ဒဏ်ကို အတူတူခါးစည်းခံပေးမယ့်အပြင်၊ အလုပ်ကိုလည်း အမြန်ဆုံးပြီးအောင် ကူညီပေးနိုင်တဲ့ ဂျွန်ဒီးယား 5045D လေးအကြောင်း ပြောပြချင်ပါတယ်။

🚜 ဂျွန်ဒီးယား 5045Dဟာဆိုရင် မြင်းကောင်ရေ ၄၅ ကောင်အားရှိလို့ အင်ဂျင်ရုန်းအားကောင်းပြီး ဆီစားလည်းသက်သာတာဆိုတော့ တောင်သူကြီးတို့အကြိုက်ပေါ့။ 4WD စနစ်ပါလို့ ဘယ်လိုမြေမျိုးမှာမဆို ဇွတ်တိုးပြီး အားကောင်းကောင်းနဲ့ ရုန်းပေးမှာဖြစ်တာကြောင့် မိုးတွင်းဘက် မြေပျော့လို့ ဘီးကျွံမှာ၊ ချော်မှာတွေကိုလည်း ပူစရာမလိုတော့ဘူးနော်။

ဒါ့အပြင် တစ်နေကုန် ထွန်စက်မောင်းရတာ သက်တောင့်သက်သာရှိဖို့အတွက် မောင်းနှင်တဲ့နေရာကို ကျယ်ကျယ်ဝန်းဝန်း ဒီဇိုင်းလုပ်ပေးထားပါတယ်။ ပါဝါစတီယာရင်ကြောင့် ကွေ့ရပတ်ရတာ ငြိမ့်ညောင်းနေမှာဖြစ်သလို၊ ဘရိတ်ကလည်း ဆီမြှုပ်ဘရိတ်စနစ်ဆိုတော့ စိတ်ချလက်ချနဲ့ အေးဆေးမောင်းရုံပါပဲ။

ထွန်တုံးပဲချိတ်မလား၊ ထော်လာပဲဆွဲမလား... ၁၆၀၀ ကီလိုအထိ အေးအေးဆေးဆေး မနိုင်စွမ်းရှိလို့ တစ်စီးရှိထားရုံနဲ့ လယ်ယာလုပ်ငန်းခွင်မှာ တကယ်ကို အကျိုးရှိမယ့် လယ်ထွန်စက်လေးပါ။

အလုပ်လည်း တွင်ရမယ်၊ လူလည်း မပင်ပန်းရဘူး၊ ဆီဖိုးလည်း သက်သာရမယ်ဆိုရင်တော့ ဂျွန်ဒီးယား 5045D က လူကြီးမင်းတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာ အသေအချာပါပဲ။

အသေးစိတ်ကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ ဝယ်ယူချင်လို့ပဲဖြစ်ဖြစ် အောက်ကဖုန်းနံပါတ်လေးတွေကို အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်လိပ်စာ
ရန်ကုန်- အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️09-949217690, 09-949217691, 09-949217692, 09-949217693
မန္တလေး-အမှတ် (G1-B2)၊ရန်ကုန်-မန္တလေး အမြန်လမ်း၊စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
☎️09-949217695, 09-949217665
☎️09-949217694 - ဟဲဟိုး (ရှမ်းတောင်)
#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား


🇲🇲 💦 မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကာလတွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်...
12/04/2026

🇲🇲 💦 မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကာလတွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

📢ရုံးပိတ်ရက်ကြေညာခြင်းဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် John Deere Myanmar ၏ ဝန်ဆေ...
10/04/2026

📢ရုံးပိတ်ရက်ကြေညာခြင်း
ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် John Deere Myanmar ၏ ဝန်ဆောင်မှုများကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီလ (၂၀) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

✨🌿မြန်မာနှစ်သစ်ကူးကာလမှာ တောင်သူဦးကြီးများကို ကျေးဇူးတုန့်ပြန်သောအနေဖြင့်  မြင်းကောင်ရေ ၇၅ ထွန်စက် ဝယ်ယူသူတိုင်းကို (၂၆)...
09/04/2026

✨🌿မြန်မာနှစ်သစ်ကူးကာလမှာ တောင်သူဦးကြီးများကို ကျေးဇူးတုန့်ပြန်သောအနေဖြင့် မြင်းကောင်ရေ ၇၅ ထွန်စက် ဝယ်ယူသူတိုင်းကို (၂၆) လက်မ (၆) ဗန်း နောက်တွဲကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

🌱မိုးဦးမကျခင် မြေပြင်ရမယ့် ဧပြီလရဲ့ အပူရှိန်အောက်မှာ အချိန်မကုန်၊ လူမပင်ပန်းဘဲ အလုပ်တွေ ပြီးမြောက်ဖို့ဆိုရင်တော့ မြင်းကောင်ရေ (၇၅) ကောင် ရုန်းအားကို ပိုင်ဆိုင်ထားတဲ့ John Deere 5075E က အားကိုးရဆုံးပါပဲ။

အခု ဧပြီလအတွင်းမှာတင် 5075E ကို ဝယ်ယူမယ်ဆိုရင် တောင်သူဦးကြီးတို့အတွက် တကယ့်ကို အသုံးဝင်မယ့် "(၂၆) လက်မ (၆) ဗန်း နောက်တွဲ" ကို သင်္ကြန်အထူးပရိုမိုးရှင်း လက်ဆောင်အဖြစ် ထည့်ပေးဦးမှာဆိုတော့ အရမ်းကို တန်နေပြီနော်။

ဘာကြောင့် 5075E ကို အခုပဲ လက်ဦးအောင် ဝယ်သင့်တာလဲ?
⭐ 507E ရဲ့ Turbocharged အင်ဂျင်ကြောင့် နွေရာသီမှာ မာနေတဲ့မြေတွေကို အားစိုက်စရာမလိုဘဲ အသာလေး ထွန်ယက်နိုင်ခြင်း
⭐ စွမ်းဆောင်ရည်မြင့်မားလို့ အချိန်ကုန်သက်သာစေသလို ဆီစားနှုန်းကိုလည်း အထိရောက်ဆုံး လျှော့ချပေးနိုင်တာကြောင့် ဆီဖိုးသက်သာခြင်း
⭐ တောင့်တင်းတဲ့ ဖွဲ့စည်းပုံ ဒီဇိုင်းနဲ့ အရည်အသွေးမြင့် အင်ဂျင်အစိတ်အပိုင်းတွေကြောင့် နှစ်ပေါင်းများစွာ စိတ်ချလက်ချ မောင်းနှင်အသုံးပြုနိုင်ခြင်း
⭐ ဂီယာပြောင်းရတာ ချောမွေ့ပြီး မောင်းနှင်ရတာ သက်တောင့်သက်သာရှိလို့ တစ်နေကုန် အလုပ်လုပ်လည်း မောတယ်လို့ကို မထင်ရခြင်း ဒီလိုအားသာချက်တွေကြောင့် တောင်သူဦးကြီးများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ 507E က အထောက်အကူပြုမှာတော့ အသေအချာပါပဲ။

☎️အသေးစိတ်ဆက်သွယ်ရန်
📌ရန်ကုန်- အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️09 949217690, 09 949217691, 09 949217692, 09 949217693
📌မန္တလေး-အမှတ် (G1-B2)၊ရန်ကုန်-မန္တလေး အမြန်လမ်း၊စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
☎️09 949217695,
☎️09-949217694 - ဟဲဟိုး (ရှမ်းတောင်)

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

Address

No. 99, Min Gyi Mahar Min Gaung St. Yangon-Pathein Road, Hlaingtharyar
Yangon
11401

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959958229697

Alerts

Be the first to know and let us send you an email when John Deere - Capital Automotive Ltd, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to John Deere - Capital Automotive Ltd, Myanmar:

Share