STP - Finance & Account Knowledge Sharing Service

STP - Finance & Account Knowledge Sharing Service Sharing Finance,Account,Tax Knowledge . System Setup - Accounting procedure

Tax Return Service

Customer Segmentation ဆိုတာဘာလဲ ?🛑စီးပွားရေး လုပ်ငန်းတခု စ တင် လုပ်ကိုင်ဖို့ဆိုရင် အရင်ဆုံး စဉ်းစားကြမှာကတော့👉ဘယ်သူတွေကိ...
08/10/2023

Customer Segmentation ဆိုတာဘာလဲ ?

🛑စီးပွားရေး လုပ်ငန်းတခု စ တင် လုပ်ကိုင်ဖို့ဆိုရင် အရင်ဆုံး စဉ်းစားကြမှာကတော့

👉ဘယ်သူတွေကို ဘာရောင်းမှာလဲ ?

👉ဘယ်သူတွေကို ဘာရောင်းမှာလဲ လို့ စဉ်းစားရင်

ဘယ် Customer level ကိုလဲ
ကလေး၊လူငယ်၊လူလတ်၊လူကြီး
ဘယ်သူတွေကိုလဲဆိုတာသိဖို့ Customer Segment လုပ်ရပါမယ်။

Customer Segment လုပ်တယ်ဆိုတာက -ဈေးကွက်ထဲမှာရှိတဲ့ ဝယ်ယူစားသုံးသူတွေ ကို အလွှာလိုက်ခွဲခြားပြီး
သူတို့ ဘာတွေ လိုအပ်လဲဆိုတာကို Research လုပ်တာပဲ ဖြစ်ပါတယ်။

သူတို့ ဘာတွေကို လိုအပ်နေလဲ
ကုန်စည်လား ၊ ဝန်ဆောင်မှုလား ပေါ်မူတည်ပြီး
ကိုယ့်မှာရှိတဲ့ Resources အရင်းအမြစ်
" (3M) -
Men,
Money,
Material equipment)တွေကို

အကောင်းဆုံး အသုံးချပြီး
ကိုယ်ဘာရောင်းနိုင်မလဲ ဆိုတာကို စဉ်းစားချင့်ချိန်ဆုံးဖြတ်တာပဲ ဖြစ်ပါတယ်။

Customer Segment ကို ဘယ်ပေါ်မူတည်ပြီးခွဲလဲဆိုတော့
ပုံမှာပြထားတဲ့ အတိုင်း

👉1.Geographic (Climate , Culture , Language ,Population density – (urban vs rural))

👉2.Demographics (Age, Gender ,Income ,Level of education , Religion ,Profession/role in a company)

👉3.Psychographics (Personality ,Hobbies ,Social status , Opinions ,
Life goals , Values and beliefs,Lifestyle)

👉4.Behavioral (Spending habits, Purchasing habits ,Browsing habits,Interactions with your brand , Loyalty to your brand
Product feedback)

သူတို့ဘာတွေလိုကြတာလဲ ဆိုတာပေါ်မူတည်ပြီး
👉 ဘာရောင်းမှာလဲ
ကုန်စည် လား ?
ဝန်ဆောင်မှုလား ?
ဆိုပြီးရွေးချယ်ရတာ ပိုလွယ်သွားပါတယ်။

ဥပမာ-
လူငယ် -ကျောင်းသားတွေဆိုရင် ဘာလိုအပ်လဲ ????? -

ဝန်ထမ်းတွေဆိုရင် ဘာလိုအပ်သလဲ
ဆိုတာကို သိနိုင်မှာဖြစ်ပါတယ် ။

အဲ့ Customer Segment ပေါ်မူတည်ပြီး - သူတိုတွေရဲ့ လိုအပ်ချက် ကုန်စည်‌
ပေါ်မူတည်ပြီး ကိုယ်‌ ရောင်းမယ့် ကုန်စည် ကို သိသွားပြီဆိုရင် အဲ့ဒီ ကုန်စည် ကို ဘယ် ကနေဝယ်မှာလဲ ?

" အသင့်ထုတ်ပြီးသားလား

ကုန်ကြမ်းဝယ်ပြီး
ကိုယ်က ကုန်ချောပြန်ထုတ်ပြီးမှ ပြန်ရောင်းမှာလား"

ကုန်စည်ဆိုရင်လဲ ဘယ် ပစ္စည်း ကိုရောင်းမှာလဲ ၊ကိုယ်ရောင်းမယ့် ပစ္စည်းကို ဘယ်ကနေ ၀ယ် မှာလဲ ၊

ဝယ်ပြီး ရောင်းမှာလား ၊
ကိုယ်တိုင် ထုတ်လုပ်ရောင်းချမှာလားဆိုတာ ပြန်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချဖို့ လိုပါမယ်။

အဲလို ဆုံးဖြတ်တဲ့ အခါ ဘာတွေကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ နောက်အပိုင်းတွေ မှာ ပြောပြပေးသွားပါမယ် ။

🍀Su Thet Paing (Charm)🍀
🔺Post ကိုလွတ်လပ်စွာ share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

🚨MyCo စနစ် အသုံးပြုသူများ သတိထားမိစေနိုင်ဖို့🚨19.8.2023 (စနေနေ့) နဲ့ 20.82023 (တနဂ်နွေ) များမှာ MyCo account ထဲ ယာယီ 😬ဝင...
17/08/2023

🚨MyCo စနစ် အသုံးပြုသူများ သတိထားမိစေနိုင်ဖို့🚨

19.8.2023 (စနေနေ့) နဲ့ 20.8
2023 (တနဂ်နွေ) များမှာ MyCo account ထဲ ယာယီ 😬ဝင်သုံး၍ မရတာမျိုး ကြုံတွေ့နိုင်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ထား တာကို ဖတ်လိုက်ရလို့ပါ။

🍀Su Thet Paing (Charm)🍀
🔺Post ကိုလွတ်လပ်စွာ share နိုင်ပါတယ်။

Inflation ငွေကြေးဖောင်းပွမှု(Part - 3)ငွေကြေးဖောင်းပွမှု Inflation ဟာ ကိုယ့်တစ်နိုင်ငံ ထဲမှာသာ  ဖြစ်နေတာ မဟုတ်ပဲ နိုင်ငံ...
15/08/2023

Inflation ငွေကြေးဖောင်းပွမှု
(Part - 3)

ငွေကြေးဖောင်းပွမှု Inflation ဟာ ကိုယ့်တစ်နိုင်ငံ ထဲမှာသာ ဖြစ်နေတာ မဟုတ်ပဲ နိုင်ငံ အများစု မှာလည်း
နှစ်စဉ် inflation က 1% , 2% ခန့်တော့ ရှိကြပါတယ်။
ဖွံဖြိုးဆဲ တိုင်းပြည် ဖြစ်တဲ့ မြန်မာမှာတော 2021ခုနှစ် မတိုင်ခင်က 10% ဝန်း ကျင် ရှိတယ်လို့ ‌ကြားသိခဲ့ရဖူးပါတယ်။

အခု Trading Economics website ရဲ့ World Inflation Rate ဇယားမှာ မြန်မာနိုင်ငံက 2022 July မှာ 19.55% ရှိနေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
(Website link လေးကို comment မှာ ထည့်ပေးပါမယ်)

စီးပွားရေးကောင်းတဲ့ နိုင်ငံတွေ အနေနဲ့ကတော့ Inflation rate ကို နည်းအောင် ထိန်းထားနိုင်လေ့ရှိပါတယ်။

အချို့သောနိုင်ငံ များမှာတော့ inflation ဖြစ်နှုန်းမ ရှိ ပဲ ၀% သို့မဟုတ် -1% ,
-2% ရှိတာမျိုးလဲ တွေ့ရတတ်ပါတယ်။

Inflation rate လုံးဝ မရှိတာ (သို့မဟုတ်)
- အနှုတ် ထွက်တာ ပိုမကောင်းဘူး လားလို့ မေးစရာ ရှိပါတယ်။

ဒီလို အနှုတ်ထွက်နေတာတွေကို Deflation ငွေကြေးကျုံ့ဝင်ခြင်းလို့ခေါ်ပါတယ်
အဲဒီလိုနိုင်ငံတွေမှာတော့ ဘဏ် တွေကို ငွေအပ်ရင် အတိုး မရပဲ ငွေထိန်းသိမ်းခ ကို အပ်သူက ပြန်လည်ပေးရတယ်ဆိုတဲ့ မူဝါဒ
လို မတူညီတဲ့ Monetary Policy တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ဖြစ်တာကတော့ ပြောင်းပြန်အနေနဲ့
ပြည်သူ နဲ့အစိုးရ ရဲ့ပိုင်ဆိုင်မှုတွေဟာ နှစ်စဉ် -1%
, -2% ကျုံ့ သွား ပျောက်သွား တဲ့ အနေအထား မျိုး သက်ရောက်တဲ့အတွက်
အနှုတ် မထွက်စေပဲ တည်ငြိမ်တဲ့ inflation နှုန်းထား တစ်ခုမှာ သာ ထိန်းထား တတ်ကြလေ့ရှိပါတယ်။
ဒီအတွက်
ငွေကြေးဖောင်းပွမှု ပုံမှန်နှုန်းထားဟာ ကြောက်လန့်စရာ မလိုပဲ ပုံမှန် ဖြစ်မြဲနေကျတစ်ခုအနေနဲ့ ပါတွက်ဆလို့ ရနိုင်ပါတယ်။

🍀Su Thet Paing (Charm)🍀
🔺Post ကိုလွတ်လပ်စွာ share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

Inflation ငွေကြေးဖောင်းပွမှု(Part - 2)Inflation rate ကို ဘယ်လိုတွက်ထုတ်ကြတာလဲဆိုတော့ Consumer Price Index (CPI) ကို အသုံ...
09/08/2023

Inflation ငွေကြေးဖောင်းပွမှု
(Part - 2)

Inflation rate ကို ဘယ်လိုတွက်ထုတ်ကြတာလဲဆိုတော့ Consumer Price Index (CPI) ကို အသုံးပြုပြီးတွက်ထုတ်ကြပါတယ်။

CPI ရဲ့သဘောတရားကတော့ တွက်ချက်ဖို့
ကိုယ် ရွေးချယ်ထားတဲ့ အခြေခံ ကုန်ပစ္စည်းတွေကို နှစ်စမှာ ဝယ်လို့ရမယ့် ငွေကြေးတရပ်နဲ့
နှစ်ကုန်မှာ အဲ့ကုန်ပစ္စည်းတွေကိုပဲ ဝယ်လို့ရမယ့် ငွေကြေးတရပ်ကို နှိုင်းယှဉ်တွက်ချက်ပြီး ငွေကြေးဟာ ဘယ်လောက်ဖောင်းပွလာတယ်ဆိုတာ ကိုတွက်ချက်ကြတယ်လို့ လေ့လာသိရှိရပါတယ်။

စိတ်ဝင်စားရင်လေ့လာလို့ရအောင်
Inflation rate ကိုတွက်ချက်တဲ့ Formula နဲ့ Example Calculation ပုံလေးတွေပါ ပူးတွဲတင်ပေးထားပါတယ်။

🍀Su Thet Paing (Charm)

Photo Credit Internet

🔺Post ကိုလွတ်လပ်စွာ share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

Inflation ငွေကြေးဖောင်းပွမှု(Part - 1)ငွေကြေးဖောင်းပွမှု Inflation ဆိုတာက ငွေကြေးတစ်ရပ် ရဲ့ ဝယ်နိုင်စွမ်းအား လို့ခေါ်တဲ့...
08/08/2023

Inflation ငွေကြေးဖောင်းပွမှု
(Part - 1)

ငွေကြေးဖောင်းပွမှု Inflation ဆိုတာက ငွေကြေးတစ်ရပ် ရဲ့ ဝယ်နိုင်စွမ်းအား လို့ခေါ်တဲ့ Buying Power
ကျဆင်းသွားခြင်း ပဲဖြစ်ပါတယ်။
ဥပမာ - ယခင်က ငွေတစ်ရာကျပ် နဲ့ ပစ္စည်း တစ်ခု ဝယ်လို့ ရခဲ့ပေမယ့် ငွေကြေးဖောင်းပွမှု inflation rate က
တစ်နှစ်စာ ၁၀% ရှိနေမယ်ဆိုရင် နောက်နှစ်မှာ အဲ့ဒီ အမျိုးအစားတူပစ္စည်း ကို ငွေ တစ်ရာ့တစ်ဆယ် ကျပ်နဲ့ ဝယ်မှ
ရရှိ တော့မှာ ဖြစ်ပါတယ်။

ပုံမှာ ပြထားတဲ့ ဥပမာ ထဲမှာ Coffee ခွက် ဈေးနှုန်းလေးတွေ ကို ကြည့်ရင်
1970ခုနှစ် ဝန်းကျင်က ကော်ဖီတခွက်ကို $0.25နဲ့ ဝယ်လို့ရခဲ့ပေမယ့် 2022 ခုနှစ် ကျတော့ $1.85 နဲ့ သာဝယ်ယူ သောက်သုံးလို့ရတော့မှာပါ။
1970လောက်တုန်းက ကိုယ့်မှာ $2ရှိရင်ကော်ဖီ
4ခွက်သောက်လို့ရမှာဖြစ်ပေမယ့်
2022ခုနှစ် မှာ ကော်ဖီ တခွက်ပဲ သောက်လို့ရတော့မှာဖြစ်ပါတယ်။

အဲဒါကို ငွေကြေးရဲ့ဝယ်နိုင်စွမ်းအား
Buying Power ကျသွားတာဖြစ်ပြီး
Inflation ‌ဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။

Su Thet Paing (Charm)

Photo Credit-Internet

🔺 Post ကိုလွတ်လပ်စွာ Share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when STP - Finance & Account Knowledge Sharing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share