04/09/2024
အစစ အရာရာ ဈေးတက်နေတဲ့ ကာလ မှာ
အာမခံကရော ဈေးတက်သလား လို့ မေးကြ ပါတယ်။
အာမခံက ဈေးမတက်ပါဘူး။
၂၀၁၉ ခုနှစ် မြန်မာပြည်ကို FDI စရောက်ကတည်းက
အခုထိ ဒီဈေးပါပဲ။
ဘာလို့ ဈေးမတက်တာလဲ ?
အာမခံဆိုတာ ကာကယံရှင်ရွေးချယ်ထားတဲ့
အာမခံကြေး / အာမခံသက်တမ်းနဲ့
သူ့ရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး
မိမိစိတ်ကြိုက် ရွေးချယ်နိုင်တဲ့ လုပ်ငန်း ဖြစ်လို့ပါ
၅ သိန်းနဲ့ အာမခံယူထားရင် နှစ်စဉ် ၅ သိန်း ပါပဲ
၁၀ သိန်း သွင်းဖို့ ရွေးချယ်ထားရင်
နှစ်စဉ် ၁၀ သိန်း ပါပဲ ။
ရနိုင်မယ့် အကျိုးခံစားခွင့် (လျော်ကြေး) က
ကုန်ဈေးနှုန်းတက်တာနဲ့ ကာမိပါ့မလား။
ဘယ်လောက်ပဲ ကုန်ဈေးနှုန်းတက်တက်
ငွေလဲလှယ်နှုန်းတွေ ဘယ်လောက်ပြောင်းပြောင်း
အာမခံကရတဲ့ လျော်ကြေးဟာ
ပေးချေထားတဲ့ ပရီမီယမ်ကြေးတွေထက်
အဆများစွာ ပေးလျော်တာမို့
ကာမိတယ်လို့ပဲ ခပ်တိုတို ဖြေရမှာပါ။
ဥပမာ တနှစ်ကို ၁၀ သိန်းနဲ့ အာမခံယူထားတဲ့ သူဟာ
သူရဲ့ ပြင်းထန်ရောဂါတွေ အတွက် သိန်း၂၀၀ အထိ
ခံစားခွင့်ရနိုင်သလို ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့ရင်လည်း
သိန်း ၄၀၀ အထိ အကာအကွယ် ရနေပါမယ် ။
( ပိုထားရင် ပိုရပါမယ် )
အဲဒီ ၁၀ သိန်းကို လက်ထဲ ကိုင်ထားရင်တော့
နေ့စဉ်နဲ့အမျှ တန်ဖိုးကျနေမှာပဲဖြစ်ပါတယ် ။
အာမခံတို့ရဲ့ထုံးစံအတိုင်း
ငွေနည်းနည်းထားသူက ခံစားခွင့်နည်းမှာ ဖြစ်ပြီး
ငွေများများထားသူက ခံစားခွင့်များမှာ ဖြစ်ပါတယ်။
ခေတ်ပျက်နေချိန် အာမခံထားလို့ ကောင်းပါ့မလား။
အာမခံဆိုတာ ခေတ်ကောင်း/မကောင်းနဲ့တော့
သိပ်မဆိုင်ပါဘူး
မတော်တဆမှုတွေဆိုတာ ဝဋ်နာ/ကံနာတွေဆိုတာ
သူလာချင်တဲ့အချိန် လာကြစမြဲမို့
အဲဒါတွေအတွက် ကိုယ့်ဘက်က အထိမနာအောင်
ကြိုတင်ပြင်ဆင်ရတဲ့သဘောပါ ။
အခုအချိန်မှာတော့ အဲဒါတွေ နောက်ထား
မြန်မာငွေ လက်ထဲကိုင်ထားရင်ကို
အလိုလိုနေရင်း တန်ဖိုးကျကျနေတဲ့အတွက်
ပိုက်ဆံကိုဖြန့်ချပြီး ခွဲထားချင်သူတွေအတွက်
အာမခံက နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
A01397
HNP@09250083434
Credit with THANKS: Min Yel Kyaw Swar။