Shield Insurance Services and Financial Consultant

Shield Insurance Services and Financial Consultant We are providing both general and life insurance services. We explain everything you want to know about insurance and provide best customer service.

အာမခံလုပ်ငန်း အာမခံကုမ္ပဏီနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို sharing လုပ်ပေးတာပါ🌹အာမခံကုမ္ပဏီတွေ ခိုင်မာမှုရှိရဲ့လား🌹အာမခံလုပ်ငန...
11/06/2023

အာမခံလုပ်ငန်း အာမခံကုမ္ပဏီနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို sharing လုပ်ပေးတာပါ

🌹အာမခံကုမ္ပဏီတွေ ခိုင်မာမှုရှိရဲ့လား🌹

အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲ တစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက် ဝန်ဆောင်မှုပေးရပါတယ်။

အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်လည်း Paidup Capital အဖြစ် General Insurance အတွက် ကျပ် (သန်းပေါင်း ၄၀,၀၀၀)၊ Life Insurance အတွက် ကျပ် (သန်းပေါင်း ၆,၀၀၀)၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယျံ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Treasure Bond တွေ၊ Reserved Fund တွေအဖြစ် အရံရန်ပုံငွေများလည်း သီးသန့်စီမံထားကြပါတယ်။

Paidup Capital - 46 Billion ရဲ့ 10% ဖြစ်တဲ့ 4.6 Billion ကို Myanmar Economics Bank - MEB မှာ Deposit သွင်းထားရပါတယ်။..
Paidup Capital ရဲ့ 30% အဖြစ် 13.8 Billion ကို Treasure Bond (ငွေတိုက်စာချုပ်) ဝယ်ထားရပါတယ်။

2020 ထဲမှာ ပြည်ပအသက်အာမခံကုမ္ပဏီ (၅) ခုလဲ တရားဝင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီများထဲမှ အချို့ကလည်း ကမ္ဘာကျော်ပြည်ပအာမခံကုမ္ပဏီအချို့ရဲ့ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ Joint Venture အကျိုးတူ ပူးပေါင်းဆောင်ရွက်လာကြပြီဖြစ်လို့ ယခင်ကထက် ပိုပြီးခိုင်မာလာသလို ပိုပြီး ဝန်ဆောင်မှုပေးလာနိုင်တော့မှာဖြစ်သလို ဝန်ဆောင်မှူတွေလည်းပေးနေကြပါပြီ။

အာမခံလုပ်ငန်းဟာ အာမခံထားသူများရဲ့ ဆုံးရှုံးမှုများအတွက် စီမံခန့်ခွဲပေးရတဲ့ Risk Management ဝန်ဆောင်မှုတစ်ခု ဖြစ်လို့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း Risk Mitigation အစီအမံတွေ ကြိုတင်စီမံထားကြပါတယ်။

အာမခံထားသူတွေရဲ့ ငွေပမာဏများပြားတဲ့ အာမခံထားရှိမှုတွေကို အပြည့်အ၀ ၀န်ဆောင်မှုပေးနိုင်ဖို့ အတွက် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းရှိအာမခံကုမ္ပဏီအားလုံးပါဝင်တဲ့ Risk ကို မျှဝေလက်ခံတဲ့ Co-Insurance ...
ဒါ့အပြင် ပြည်ပအာမခံကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး Reinsurance (တဆင့်အာမခံ) ထားရှိထားခြင်းစနစ်များဖြင့် ကြိုတင်အစီအမံတွေ ထားရှိထားကြပါတယ်။

အာမခံကုမ္ပဏီများဟာ အာမခံအမျိုးအစားအလိုက် Funding များလည်း ထူထောင်ထားရပါတယ်။ ဒါကတော့ Company တစ်ခုချင်းစီရဲ့ Working Capital, Income Statement တို့ပေါ်မူတည်ပြီး သက်ဆိုင်ရာ Finance အပိုင်းတွေက သတ်မှတ်ထားရှိကြရပါတယ်။

အသက်အာမခံလုပ်ငန်းဘက်မှာဆိုလည်း
အသက်အာမခံပေါ်လစီရှင်များကို ကာကွယ်ရန်အတွက် အသက်အာမခံ ရန်ပုံငွေစာရင်းများကိုလည်း သီးသန့် ဖွင့်လှစ်ထားရှိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။ နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့် လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ (၅)ခု ရှိပါတယ်။

🔖 Government-owned (1)
☑ မြန်မာ့အာမခံ
🔖 Local Companies (8)
☑ အောင်မြင့်မိုရ်မင်း
☑ အောင်သစ္စာဦး
☑ AMI Life
☑ EFI Life
☑ FNI Life
☑ GLI
☑ KBZ Life
☑ Young
🔖 Joint Venture (JV) Companies (3)
☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life
🔖 Foreign Companies (5)
☑ AIA
☑ Chubb
☑ Dai-ichi
☑ Manulife
☑ Prudential

အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။
အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။

ဒါကြောင့် မိမိနှစ်သက်ရာ အာမခံကုမ္ပဏီများမှာ အာမခံထားရှိပြီး အကာအကွယ်ယူထားခြင်းဖြင့် ကိုယ့်ရဲ့ Future Financial Plan တွေကို လုံခြုံစိတ်ချစွာ စီမံထားနိုင်ပါတယ်။

နိဂုံးအနေဖြင့် မိတ်ဆွေတို့ သိလိုတဲ့ အာမခံအမျိုးအစား၊ ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ အာမခံအမျိုးအစား၊ ဝန်ဆောင်မှုပေးနေတဲ့ အာမခံကုမ္ပဏီတွေအကြောင်းတွေနဲ့ မည်သည့်အာမခံကုမ္ပဏီမှာပဲဖြစ်ဖြစ် အာမခံထားရှိခြင်းတွေကို အေးအေး ဆေးဆေး ရင်းရင်းနှီးနှီးဖြင့် မိမိသိလိုရာ ဆွေးနွေးတိုင်ပင်လိုရင်ဖြင့် ...
ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD, အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တို့ရဲ့ တရားဝင်လိုင်စင်ရ Insurance Agent #အာမခံကိုယ်စားလှယ် တွေက အခမဲ့ အကြံဉာဏ်ပေး၊ ဝန်ဆောင်မှုပေးနေတာမို့ မိတ်ဆွေတို့ရဲ့ အနီးဆုံး အာမခံကိုယ်စားလှယ် တစ်ဦးဦးကိုသာ ဆက်သွယ်လိုက်ဖို့ အကြံပြုတိုက်တွန်းရင်း မျှဝေတင်ပြအပ်ပါတယ်။

Credit goes to >>>

#အာမခံလုပ်ငန်း -insurance
Crd

မိမိတို့ရဲ့ သားသားမီးမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ဒါ့ကြောင့် သားသားမီးမီးတို့ ပညာရေးအတွက် ဆုံးခန...
07/06/2023

မိမိတို့ရဲ့ သားသားမီးမီးတွေကို ပညာတတ်ကြီးဖြစ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။
ဒါ့ကြောင့် သားသားမီးမီးတို့ ပညာရေးအတွက် ဆုံးခန်းတိုင်လျှောက်လှမ်းနိုင်ဖို့ သေချာ စီစဉ်ထားဖို့လိုအပ်ပါတယ်။
အနာဂတ်အတွက် ကြိုတင်စီစဉ်ထားနိုင်တဲ့ နည်းလမ်းများထဲက အကောင်းဆုံးကတော့ ဖေဖေမေမေတို့ ပညာရေးအာမခံလျှောက်ထားပြီး ငွေစုတဲ့နည်းလမ်းဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ဖုန်း 085180778 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။




03/06/2023

ဘာကြောင့် အာမခံ လျှောက်ထားသင့်တာလဲ




01/06/2023

ပိုက်ဆံစုနိုင်တဲ့ နည်းလမ်းတွေကို အကြံပြုပေးလိုက်ပါတယ်…
အားလုံးထဲမှာမှ အာမခံလျှောက်ထားပြီး ပိုက်ဆံစုထားနိုင်တဲ့နည်းလမ်းကတော့ အကောင်းဆုံးဖြစ်ပါတယ်….
ဘာကြောင့်လဲဆိုတော့ အာမခံရှိထားပြီးရင် မိမိ မိသားစုအတွက် ရည်မှန်းချက်တွေ မိမိသားသမီးအတွက် ပညာရေး အစီအစဉ်တွေဟာ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်ပေါ်လာအောင် အာမခံ ကုမ္ပဏီက သေချာအသေးစိတ်လမ်းပြပေးမှာမို့လို့ပဲဖြစ်ပါတယ်….


အမျိုးသမီးများဟာ အမျိုးသားများထက် ကျန်းမာရေးလိုက်စားကြတာကြောင့် အသက်ပိုရှည်လေ့ရှိတာကိုတွေ့နိုင်ပါတယ်။ မြန်မာအမျိုးသမီးမျ...
01/06/2023

အမျိုးသမီးများဟာ အမျိုးသားများထက် ကျန်းမာရေးလိုက်စားကြတာကြောင့် အသက်ပိုရှည်လေ့ရှိတာကိုတွေ့နိုင်ပါတယ်။ မြန်မာအမျိုးသမီးများရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၀.၃၄ နှစ်နှင့် အမျိုးသားများကတော့ ၆၄.၂၈နှစ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးများက အမျ်ုးသားများထက် အငြိမ်းစားယူပြီးချိန်မှာ အပူပင်ကင်းစွာ နေထိုင်နိုင်ရန်၊ မိမိနဲ့ မိမိလက်တွဲဖော်ရဲ့ ကျန်းမာရေးစရိတ်များအတွက် အဆင်သင့်ဖြစ်နေစေရန် ငွေကြေးများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲထားဖို့ လိုအပ်ပါတယ်။ သင်ဟာအမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်​စေ စိတ်ချလက်ချ အနားယူနိုင်ဖို့အတွက် ဒီနေ့ကစပြီး စုငွေစုလိုက်ပါနော်။ Chubb Life Myanmar မှာဆိုရင် အားလုံးရဲ့ အနာဂတ်ကိုတန်ဖိုးထားပြီး အငြိမ်းစားယူချိန်မှာ သက်သောင့်သက်သာဖြစ်စေရန် အကြံညဏ်ကောင်းတွေပေးနေတာဖြစ်လို့ အခုဘဲ Chubb Life Myanmar Facebook messenger (သို့မဟုတ်) ဖုန်းနံပါတ်- 09750066908 တို့အပြင် [email protected] သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Women spend more on healthcare than men over their lifetimes, because they live longer. Burmese women live an average of 70.34 years, while men live 64.28 years. With these extra years, women need to manage and factor the finances better: accounting for a retirement savings plan, will be key to live a comfortable life upon retirement, which can also pay for health expenses as they come, whether it’s for you or your partner. No matter if you are man or a women, start saving today will give you the peace of mind that you are covered. At Chubb Life Myanmar, we value your future and we know how key is a comfortable retirement: reach us for consultation and let's plan together!

Crd to chubb life insurance myanmar



30/05/2023

Saving Money Tips

ဒီတစ်ခါမှာတော့ ကိုယ့်ဘဝရည်မှန်းချက်အတွက်ပဲဖြစ်ဖြစ် သားသမီးပညာရေးအတွက်ပဲဖြစ်ဖြစ် စီးပွါးရေးလုပ်ဖို့အတွက်ပဲဖြစ်ဖြစ် ငွေစုချင်တဲ့မိတ်ဆွေများအတွက် ငွေစုနည်းကို sharing လုပ်ပေးလိုက်ပါတယ်

1. စုမယ့်ပမာဏကို သတ်မှတ်ပါ
2. စုမယ့်ငွေကို သေသေချာချာ သတ်သတ်မှတ်မှတ်ဖယ်ပြီးမှ ကျန်တဲ့ငွေကိုသုံးပါ(စုပြီးမှသုံးပါ သုံးပြီးမှ မစုပါနဲ့)
4. မိမိဝင်ငွေရဲ့ ၄ပုံ၁ပုံကိုစုပါ
5. နေ့စဉ်ငွေဝင်ရင် နေ့စဉ်စုပါ၊ လစဉ်ဝင်ရင်လစဉ်စုပါ၊ ငွေတစ်နည်းနည်းနဲ့ဝင်လာတိုင်းစုပါ
6. စုထားတဲ့ပိုက်ဆံကို သတ်မှတ်ထားတဲ့ ပမာဏ မရောက်မချင်း မသုံးပါနဲ့ (ကိုယ်ရည်ရွယ်ထားတဲ့ရည်မှန်းချက်မရောက်မချင်း မသုံးပါနဲ့)
7. အလွယ်တကူယူသုံးလို့ရတဲ့နေရာမှာ မစုပါနဲ့ (online payment နဲ့ ချိတ်ထားသောဘဏ်စာအုပ်၊ စုဘူး)



#ပိုက်ဆံစုမယ်

29/05/2023
မင်္ဂလာရှိသော နံနက်ခင်းတွင် လုပ်သင့်သော အလေ့အကျင့် 9 ခု1. မနက် ၆ နာရီထပါ 2. ရေ ၁ ခွက်သောက်ပါ3. မိမိ ယုံကြည်ရာ ကိုးကွယ်ရာ...
29/05/2023

မင်္ဂလာရှိသော နံနက်ခင်းတွင် လုပ်သင့်သော အလေ့အကျင့် 9 ခု

1. မနက် ၆ နာရီထပါ
2. ရေ ၁ ခွက်သောက်ပါ
3. မိမိ ယုံကြည်ရာ ကိုးကွယ်ရာကို အာရုံပြုပြီး ဝတ်ပြုပါ
4. မိမိအိပ်ရာကို သပ်သပ်ရပ်ရပ် ပြန်ပြင်ထားပါ
5. လေ့ကျင့်ခန်း ၁၀ မိနစ်လောက်လုပ်ပါ
6. ကျန်းမာရေးနဲ့ သင့်တော်တဲ့ မနက်စာကိုစားပါ (မနက်စာ မစားခြင်းကို ရှောင်ကျဉ်ပါ)
7. တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကို စီစဉ်ပါ
8. စိတ်ချမ်းသာစရာ အကြောင်းပဲ စဉ်းစားပါ
9. ရေအေးအေးလေးနဲ့ ရေချိုးပါ



28/05/2023

ပိုက်ဆံစုရင်းနဲ့ အာမခံ အကာအကွယ် ထားလို့ရတယ်ဆိုတာ သိပြီးကြပြီလား??
မေမေတို့ ဖေဖေတို့ရေ သားသားတို့မီးမီးတို့ ပညာရေးအတွက် ပိုက်ဆံတွေစုထားပြီး နောင်ရေးစိတ်အေးချင်တယ်💰💰
ပိုက်ဆံကလဲ လက်ထဲမှာထားရင် မစုဖြစ်ဘူးဖြစ်နေတယ်😔😔
အခုတလော ဘေးအန္တရာယ်တွေကလဲများမှများ
အခန့်မသင့်လို့ ကိုယ်တွေမရှိတော့ရင် သားတို့သမီးတို့အတွက် ဘယ်လိုစီစဉ်ထားရမလဲဆို မစဉ်းစားတတ်လောက်အောင်ဖြစ်နေပြီဆိုရင် “Chubb ရဲ့ အနာဂတ်မဏ္ဌန်တိုင် အသက်အာမခံ” ဆိုတာရှိတယ်နော်🥰




#ပိုက်ဆံ
#ပိုက်ဆံစုမယ်

Address

41 Ward, North Dagon
Yangon
11421

Website

Alerts

Be the first to know and let us send you an email when Shield Insurance Services and Financial Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share