15/07/2026
⏳ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးဖို့ ရုံးသွားပြီး
အချိန်မပေးနိုင်ဖြစ်နေတဲ့ မိတ်ဆွေတို့အတွက်
ဖုန်းလေးတစ်လုံးရှိရုံနဲ့ အလွယ်တကူ
သက်တမ်းတိုးလို့ ရနေပြီဆိုတာ
သိပြီးကြပြီလား? 📱✨ ဟုတ်ပါတယ် 👍🏻
က.ည.န ကနေ "ခ, ဂ, ဃ, င"
ယာဉ်မောင်းလိုင်စင်တွေကို
Online စနစ်နဲ့သက်တမ်းတိုးနိုင်မယ့်
"MM Driver License E-Payment"
Mobile Application ကို
စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ် 🤩
ကျသင့်ငွေကိုလည်း Digital Payment နဲ့
တစ်ခါတည်း ရှင်းလို့ရတော့ အရမ်းကို
အဆင်ပြေသွားပြီပေါ့ 💳💯
⬇️ Download Link:
https://play.google.com/store/apps/details?id=com.mm_mngjv_rtad
📢 ပို့ဆောင်ရေးဝန်ကြီးဌာန၊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
“ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခြင်းအား Online စနစ်
အသုံးပြုရာတွင် အများပြည်သူမှ
သိရှိလိုက်နာရမည့် စည်းကမ်းချက်များ**
၁။ 🏢 ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာနရှိ နေပြည်တော်ရုံး၊
ခရိုင်ရုံး(ရန်ကုန် အရှေ့ပိုင်း)၊
ခရိုင်ရုံး(ရန်ကုန် အနောက်ပိုင်း)၊
ခရိုင်ရုံး(ရန်ကုန် တောင်ပိုင်း) နှင့်
ခရိုင်ရုံး(ရန်ကုန် မြောက်ပိုင်း)၊
ခရိုင်ရုံး(မန္တလေး တောင်ပိုင်း)နှင့်
ခရိုင်ရုံး(မန္တလေး မြောက်ပိုင်း) ရုံးများ၏
သက်တမ်း မကုန်ဆုံးမီ
ရက်ပေါင်း (၉၀) အတွင်း
“ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်း
လိုင်စင်များကိုသာ Online စနစ်ဖြင့်
ကြိုတင်သက်တမ်းတိုး ဆောင်ရွက်နိုင်မည်
ဖြစ်ပါသည်။
၂။ 🛡️ မြန်မာ့အာမခံလုပ်ငန်းတွင်
သူတစ်ပါးထိခိုက်မှု အာမခံကြေး
ပေးဆောင်ထားပြီးဖြစ်သည့် ယာဉ်မောင်း
လိုင်စင်များကိုသာ Online စနစ်ဖြင့်
သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၃။ 🖼️ Online စနစ်ဖြင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်ရာတွင်
လိုင်စင်ဓာတ်ပုံ Upload ပြုလုပ်ရမည်ဖြစ်ပြီး
စုစုပေါင်းဖိုင် Size မှာ 10 MB (Max) သာ
ရှိရပါမည်။
၄။ 📸 လိုင်စင်ဓာတ်ပုံမှာ -
* 🔵 (က) နောက်ခံအပြာရောင်၊ (၆)လအတွင်း ရိုက်ကူးထားသောဓာတ်ပုံဖြစ်ရမည်။
* 👕 (ခ) အမျိုးသား ကော်လံပါအင်္ကျီ
(စပို့ရှပ်၊ တီရှပ်မဖြစ်ရ) အမျိုးသမီးလည်မဟိုက်ရ
* 👂 (ဂ) နားရွက်နှစ်ဖက်လုံး ပေါ်ရမည်။
မျက်နှာကို ရှင်းလင်းစွာ ပေါ်ရမည်။
* 👤 (ဃ) ဓာတ်ပုံကို ပကတိအရှိအတိုင်း
ပုံဖြစ်ရမည်။
* 🤖❌ (င) ပြင်ပပုံဖြင့်မတူညီအောင် AI ဖြင့် ပြန်လည် ပြင်ဆင်ထားသည့်ပုံများ မဖြစ်ရ။
* 🤳❌ (စ) Selfie ပုံ မဖြစ်စေရ။
၅။ 🗓️ ယာဉ်မောင်းလိုင်စင် သက်တမ်း
မကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း
Online စနစ်ဖြင့် ကြိုတင် သက်တမ်းတိုးဆောင်ရွက်နိုင်ပါသည်။
၆။ ⏰ ယာဉ်မောင်းလိုင်စင် သက်တမ်း
ကုန်ဆုံးသည့်နေ့ရက်၌ Online စနစ်ဖြင့်
သက်တမ်းတိုးဆောင်ရွက်ပါက လိုင်စင်
သက်တမ်းကုန်ဆုံးမည့် ရက်၊ လ၊ ခုနှစ်၏
နေ့လည် ၀၂ နာရီ ၅၉ မိနစ်အထိသာ‼️
Online စနစ်ဖြင့် သက်တမ်းတိုး
ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
(ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးသည့်
နေ့ရက်သည် အစိုးရရုံးပိတ်ရက် မဖြစ်ရပါ)❗
၇။ 🚶♂️🏢 Online စနစ်ဖြင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပြီး အစိုးရ
ရုံးဖွင့်ရက် (၃) ရက်ပြည့်ပြီးနောက်တွင်
သက်ဆိုင်ရာရုံးသို့ သွားရောက်၍
လိုင်စင်ကတ်အဟောင်းနှင့်
ငွေသွင်း Receipt တို့တင်ပြပြီး
လိုင်စင်ကတ်အသစ်ကို ထုတ်ယူရန်ဖြစ်ပါသည်။
၈။ ⚠️ သက်တမ်းတိုးပြီးဖြစ်သည့်လိုင်စင်ကို
သက်ဆိုင်ရာရုံးတွင် ရက်ပေါင်း (၃၀) အထိသာ
ထိန်းသိမ်းထားမည်ဖြစ်ပြီး သတ်မှတ်ရက်
ကျော်လွန်ပါက ပျက်စီးစာရင်းသွင်းပြီး
ဖျက်စီးသွားမည်ဖြစ်ပါသည်။
၉။ 🚫 ယာဉ်မောင်းလိုင်စင်ကတ် အဟောင်းနှင့်
အသစ်လဲလှယ်ရာ၌ လူစားထိုးဓာတ်ပုံ
လဲလှယ်ခြင်း၊ ကတ်အတုတင်ပြခြင်း၊
ကတ်အဟောင်း မတင်ပြနိုင်ခြင်း၊
ကတ်ပျက်စီးနေခြင်း စသည့်
သံသယဖြစ်စရာ တစ်စုံတစ်ခုရှိပါက
ယာဉ်မောင်းလိုင်စင်ကတ်အသစ်ကို
ထုတ်ပေးမည် မဟုတ်ဘဲ ပေးသွင်းပြီးသွားသော
ငွေများသည်လည်း နိုင်ငံတော်ဘဏ္ဍာသို့
ဝင်သွားပြီဖြစ်၍ ပြန်လည်ထုတ်ပေးမည်
မဟုတ်ပါ။
၁၀။ ❌ Online စနစ်ဖြင့် ယာဉ်မောင်း
လိုင်စင် သက်တမ်းတိုးပြီး လိမ်လည်၍
လိုင်စင် (၂) ကတ် ကိုင်ဆောင်ထားခြင်းကို
တွေ့ရှိရပါက ယာဉ်မောင်းလိုင်စင်ကို
ပိတ်သိမ်းမည်ဖြစ်ပါသည်။
၁၁။ 💰 ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း
အတွက် Online Payment ငွေပေးချေရာတွင်
ဘဏ်ဝန်ဆောင်ခကို အသုံးပြုသူမှ
ပေးဆောင်ရမည်။
၁၂။ 📝 (၅) နှစ်ကျော် သက်တမ်းပြတ်နေသော
လိုင်စင်များ၊ သက်တမ်းကျော်လွန်နေသော
လိုင်စင်များ၊ ပျောက်ဆုံး/ပျက်စီးလိုင်စင်များ၊ လိုင်စင်အချက်အလက်ပြင်ဆင်လိုသည့်
လိုင်စင်များ၊ နေရပ်လိပ်စာပြောင်းလိုသည့်
လိုင်စင်များ ဝန်ဆောင်မှုရယူလိုပါက ပုံမှန်
ဆောင်ရွက်နေသည့်အတိုင်း သက်ဆိုင်ရာရုံးသို့
သွားရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၁၃။ 🚓 ရဲမှုဆိုင်ရာကိစ္စရပ်များ၊ ယာဉ်တိုက်ခိုက်မှုကျူးလွန်ထားသော တားစာရင်းမှတ်တမ်းဝင်ဖြစ်သည့်လိုင်စင်များကို Online စနစ်ဖြင့် သက်တမ်းတိုးဆောင်ရွက်၍မရပါ။ သက်ဆိုင်ရာရုံးသို့ သွားရောက်၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၁၄။ 🌍 နိုင်ငံခြားသား မြန်မာလိုင်စင်ကိုင်ဆောင်ထားသူများအနေဖြင့် 'ခ' လိုင်စင် (B License) တစ်မျိုးတည်းကိုသာ Online စနစ်ဖြင့် သက်တမ်းတိုးဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
မိမိရဲ့ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ အာမခံဝန်ဆောင်မှုများအတွက်ဆိုရင်တော့
ကျွန်တော်တို့ LIN Insurance Service မှ
အကောင်းဆုံး ကူညီဆောင်ရွက်ပေးဖို့
အမြဲအသင့်ရှိနေပါတယ် ခင်ဗျာ . . . . 🤝🚘
Licenced Insurance Agent ✅
IA ( N ) GI - 05966
IA ( N ) LI - 05210
☎️09•943570546
☎️09•755471620
📬 [email protected]
#ကညန #ယာဉ်မောင်းလိုင်စင်
#ကားအာမခံ