04/08/2025
ကျွန်မလေ အရင်က လူတစ်ယောက်ကို ကြည့်ရင် သူကိုင်တဲ့ အိတ်က ဘာbrand လဲ သူဘာဖုန်းကိုင်လဲ အဲဒီလို အပေါ်ယံပကာသနတွေကို အရမ်းစိတ်ဝင်စား အထင်ကြီးခဲ့ဖူးတယ်😌
အခုနောက်ပိုင်းကျ သူက အသက်အာမခံ သိန်းဘယ်နှထောင် ထားထားတာ တစ်နှစ်စာ ဘယ်လောက်တောင် သွင်းနိုင်တာ သူ့ကျန်းမာရေးအတွက်လည်း သူက ပူစရာမလိုဘူး အာမခံရှိတယ်တော့် ဟယ် သူကလေ သူ့အမေအတွက် အဖေအတွက် ကျန်းမာရေးအာမခံတွေဝယ်ထားပေးတာ အဲတော့ သူရှာသမျှ စုရုံပဲ ကုန်စရာတွေသိပ်မရှိဘူး အဲလိုတွေ ခေတ်မီစွာနဲ့ ဒီအာမခံကို အကာအကွယ်အနေနဲ့ အသုံးချပြီး အနာဂတ်ကို အပူမရှိ ဖြတ်သန်းတော့မဲ့သူတွေကို တကယ် ပိုအထင်ကြီးပြီး ပိုလေးစားမိတယ်🥰
သူ့ဘာသူ သိန်းဘယ်လောက်ရှာနိုင်နိုင် ဘယ်လောက်ပဲ ချမ်းသာနေနေ အာမခံကို စိတ်မဝင်စား မဝယ်ထားတဲ့သူကျ စိတ်ထဲ သူတို့အစား နှမြောပေးမိတယ် စိတ်လည်း ပူပေးမိတယ် ပိုက်ဆံရှာနိုင်တဲ့သူက အိပ်ယာထဲ လဲ မရှာနိုင်တော့ရင် ရှိတာတွေ ရောင်းကု စုထားသမျှ ကုနဲ့ ကုန်တော့မှာပဲ ဆိုတာမျိုး 😂
လျှာကို အတော်ရှည်ပြီး အတော်အားနေတဲ့ ကျွန်မပါ😜