02/10/2023
ငွေဈေးအတက်အကျဘာကြောင့်ဖြစ်ရသလဲ ?
ပြည်ပနိုင်ငံတေခရီးထွက်တဲ့အခါမှာသယ်ယူပို့ဆောင်ခစရိတ်တေပေးဆောင်တဲ့အခါ ဟော်တယ်အခန်းခရှင်းတဲ့အခါ ပစ္စည်၀ယ်ယူတဲ့အခါ စသည်ဖြင့် ငွေပေးချေတဲ့အချိန်ကျနိုင်ငံအလိုက်ငွေကြေးကိုင်ဆောင်အသုံပြုပုံတေမတူညီတဲ့အတွက်ကြောင့်နိုင်ငံအများစုကလက်ခံထားသောကမ္ဘာလုံးဆိုင်ရာငွေကြေး(ဒေါ်လာ(USD))ကို ကိုယ်ကလဲလှယ်ကိုင်ဆောင်သွားဖို့လိုအပ်ပါတယ်၊နိုင်ငံရပ်ခြားကပစ္စည်တစ်ခုခု(ဥပမာ-iphone 15)ကိုမှာယူရာမှာလဲဒေါ်လာ(USD)နဲ့လဲလှယ်ပေးချေမှအဆင်ပြေပါတယ်၊ကုန်စည်ပစ္စည်းများပြင်ပမှ၀ယ်ယူတင်သွင်တဲ့အခါပဲဖြစ်ဖြစ်လိုအပ်ပါတယ်၊နိုင်ငံတစ်ခုရဲ့ငွေကြေးဈေးနှုန်းကိုလဲဒေါ်လာ(USD)နဲ့နှိုင်းယှဉ်ပြီးအတက်အကျသတ်မှတ်ကျပါတယ်၊ဒေါ်လာဈေးကလဲနေ့စဉ်နဲ့အမျှပြောင်းလဲဖြစ်ပေါ်နေပါတယ်၊ငွေဈေးပြောင်းလဲရခြင်းကအဓိကအကြောင်းအရင်း(2)ရပ်ရှိပါတယ်
1-Supply and Demand(၀ယ်လိုအားနဲ့ရောင်းလိုအား)
2-Money Printings(ငွေစက္ကူများရိုက်နှိပ်ထုတ်လုပ်ခြင်း)
1-Supply and Demand(၀ယ်လိုအားနဲ့ရောင်းလိုအား)
ကုန်ပစ္စည်တစ်ခုရဲ့ဈေးနှုန်တက်ရကျရင်းခြင်းရဲ့အခြေခံအချက်ကsupply and demand ပါ။
ကုန်ပစ္စည်တစ်ခုရဲ Demand မြင့်လာတဲ့အခါ
ဈေးနှုန်းကမြင့်တက်လာမှာဖြစ်ပြီး Demandနည်းသွားတဲ့အခါဈေးနှုန်ကကျဆင်းလာမှာဖြစ်ပါတယ်၊Supplyကလဲ Demandထက်များတဲ့အခါဈေးကျမှာဖြစ်ပြီး Supplyနည်းတဲ့အခါဈေးတက်သွားမှာဖြစ်ပါတယ်၊
ဥပမာ-ဦးထုပ်နှစ်လုံးကို စိုးအောင် နဲ့ အောင်ကျော်တို့က ၀ယ်ဖို့စိတ်ကူနေကျတယ်ဆိုရင် Demand နှစ်ယောက်ပဲရှိတဲ့အတွက်ကြောင့်ဈေးက ပုံမှန် 15000 လောက်ပဲရှိနေမှာဖြစ်ပြီး အောင်ဗလ နဲ့ ကျော်၀န ပါထပ်တိုးလာရင် Demand ကလေးယောက်ဖြစ်လာတဲ့အတွက် ဈေးက17500 တက်လာမှာဖြစ်ပြီး စိုးအောင်တယောက်ပဲ demandက ရှိတော့မယ်ဆို ဈေးကလဲ13500 ကျလာမယ့်သဘောပါ၊Supply
ဘက်လဲဦထုတ် 5လုံးဖြစ်သွားရင်supply ကDemand ထက်များလာတဲ့အတွက်ဈေးက12500 ကျသွားမှာဖြစ်ပြီး ဦထုတ်တစ်လုံပဲရှိတော့ရင်တော့ Supplyနည်းသွားတဲ့အတွက်ဈေးက20000 တက်သွားမှာဖြစ်ပါတယ်။
2-Money Printings(ငွေစက္ကူများရိုက်နှိပ်ထုတ်လုပ်ခြင်း)
ငွေဈေးနှုန်ရဲ့အတက်အကျက အစိုရကငွေကြေးအပေါ်လွှမ်းမိုးသလို အစိုရရဲ့ငွေကြေးအပေါ်လွှမ်းမိုးမှုကလဲအဓိကအရေးပါ ပါတယ်၊အစိုးရက အကြောင်းအရင်းတစ်စုံတစ်ရာ(ကြွေးမှီးပေးဆပ်ရန်အတွက်ဖြစ်စေ)ကြောင့်ငွေစက္ကူများထပ်၍ရိုက်နှိပ်ထုတ်လုပ်တဲ့အခါမှာလဲငွေဈေးကကျပါတယ်၊ပြည်တွင်းမှထုတ်ကုန်များအားပြင်ပနိုင်ငံများကဈေးသက်သာစွာ၀ယ်ယူရနိုင်ရန် ထုတ်ကုန်ရောင်းအားမြင့်တင်ရေးလုပ်ငန်းများလုပ်ဆောင်သည့်အခါ အစိုရကဒေါ်လာ(USD)ကိုအမြောက်အမြား၀ယ်ယူကိုင်ဆောင်လိုက်တဲ့အခါမှာလဲဒေါ်လာ(USD)က Demandများလာပြီးဈေးတက်တဲ့အတွက် ပြည်တွင်းငွေဈေးကကျပါတယ်၊
နိုင်ငံတစ်ခုရဲ့အခြေအနေအရပ်ရပ်အရ ပြည်ပနိုင်ငံများကနိုင်ငံတစ်ခုရဲ့ငွေကြေးအပေါ် Demand များပြီးဈေးအတက်အကျလဲဖြစ်ပါတယ်၊ဥပမာ-ဒေါ်လာ(USD)ဈေးမြင့်တက်နေရခြင်းက
ပစ္စည်မှာယူတာ ကုန်သွယ်ရေးလုပ်တာတေအပြင် စတော့ရှယ်ယာများကို( The S&P 500 and The Nasdaq composite Index)နှင့်အခြားသော NYSE မှ၀ယ်ယူရန်အတွက်ကျ ဒေါ်လာ(USD)ကိုလိုအပ်သောကြောင့် နိုင်ငံအများစုငွေကြေးတေထက်ဒေါ်လာ(USD)ကမြင့်တက်နေရခြင်ဖြစ်ပါတယ်၊
NYSEက လဲကမ္ဘာပေါ်မှာ ယုံကြည့်စိတ်ချရမှုမြင့်မားတဲ့ဈေးကွက်တစ်ခုဖြစ်သလို American GDPမှာလဲ investment ရဲ့ GDP က61% ထိနေရာယူထားပါတယ်။Hong Kong ,Macaro and UAE နှင့် အခြားသော ဒေါ်လာ(USD) နှင့် ပြည်တွင်းငွေကြေးဈေးနှုန်းတူအောင်ထိန်းညှိထားသောနိုင်ငံများလဲရှိပါသည်။