TTN Insurance Service

TTN Insurance Service Healthier, Longer, Better Lives ❤️🏡

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြောစကားတွေရှိတာကို ကြားဖူးကြမှာပ...
28/03/2025

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော
စကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ
တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်
တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်
ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်
ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေး
အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေး
ငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့်
အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအ
လွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်က
တော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု
အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့
ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ
တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု
တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ
ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်
တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ်
ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်
လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်
မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ
လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ
ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး
ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ
လိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ
ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး
အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး
ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့
လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ
တယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ
လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်
လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး
ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား
ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ
လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ
ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို
တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား
ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါ
တယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား
တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ
နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ
ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ
စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်
ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့
အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Credit: Original Writer Via ကိုဖေအောင်

Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည် ...

🙏🙏🙏သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနှင့်ရွှင်လန်းချမ်းမြေ့ပြည်စုံပါစေကြောင်း ဆုတောင်းမေတ္တ...
17/10/2024

🙏🙏🙏သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနှင့်ရွှင်လန်းချမ်းမြေ့ပြည်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏


19 ရက်နေ့ AIA ရုံးမှာ သွယ်တို့ Team M.O.M က ပြုလုပ်မယ့် Insurance Awareness ပွဲလေး မိတ်ဆွေ များအားလုံးကိုဖိတ်ခေါ်ပါတယ်နေ...
16/10/2024

19 ရက်နေ့ AIA ရုံးမှာ သွယ်တို့ Team M.O.M က ပြုလုပ်မယ့် Insurance Awareness ပွဲလေး မိတ်ဆွေ များအားလုံးကိုဖိတ်ခေါ်ပါတယ်နော်။🌟📣

Registration Link လေးလဲ comment မှာချပေးထားပါတယ်နော်💖

-အာမခံ ထားရင်ကောင်းမလား?🤔

-မထားရင် ကောင်းမလား? 🤔

-လိုအပ်ပါ့မလား ? 🤔

-ယုံကြည် စိတ်ချရပါ့မလား? 🤔

ဆိုပြီး စဉ်းစားတွေဝေနေတဲ့ မိတ်ဆွေများအားလုံးကိုလဲ ပွဲလေးမှာ လာရောက်လေ့လာကြည့်ဖို့ အကြံပြု ဖိတ်ခေါ်အပ်ပါတယ်နော် ။

ချစ်တဲ့❤️

Thwe
Financial Services Manager
AIA Myanmar(Team M.O.M)
☎️09-782656463



သွယ့်ရဲ့ AIA Ruby Member များအတွက် AIA သီတင်းကျွတ်ဂါရဝလက်ဆောင်မွန် များ စတင်ပို့ဆောင်ပေးနေပါပြီနော် 🙏🙏🙏     AIA Myanmarရ...
12/10/2024

သွယ့်ရဲ့ AIA Ruby Member များအတွက် AIA သီတင်းကျွတ်ဂါရဝလက်ဆောင်မွန် များ စတင်ပို့ဆောင်ပေးနေပါပြီနော် 🙏🙏🙏

AIA Myanmarရဲ့ Member VIP မှာ RUBY 🛑 တမျိုးပဲရှိပြီး ကိုယ့်မိသားစုအတွက် အကာအကွယ် ကြီးကြီးမားမားယူထားတဲ့ member များကို ခေါ်ဆိုတာဖြစ်ပါတယ်နော်💖





မင်္ဂလာပါ။ကင်ဆာရောဂါဟာ ဝေဒနာရှင်များနှင့် မိသားစုဝင်များရဲ့  ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆ...
09/10/2024

မင်္ဂလာပါ။

ကင်ဆာရောဂါဟာ ဝေဒနာရှင်များနှင့် မိသားစုဝင်များရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာတို့ကိုပါ ထိခိုက်စေပါတယ်။

AIA Myanmar က မြန်မာနိုင်ငံသူနိုင်ငံသားများ သက်ရှည်ကျန်းမာပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိစေဖို့ လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းရေးကို အမြဲ ဆောင်ရွက်လျက်ရှိပါတယ်။

ကင်ဆာရောဂါခံစားနေရသူများရဲ့ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးရန်အတွက် ကင်ဆာဝေဒနာရှင်များနှင့် မိသားစုဝင်များကိုပါ အထောက်အပံ့ဖြစ်စေမယ့် *လူမှုအကျိုးပြုအစီအစဉ်တစ်ခု*ကို AIA Myanmar က ပြုလုပ်နေပါတယ်။

ယခုအစီအစဉ်မှာဆိုရင်တော့ *အကူအညီ လိုအပ်နေတဲ့ လူနာများနှင့် မိသားစုဝင်များကို ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ပေးခြင်း၊ လိုအပ်တဲ့ အထောက်အပံ့ပေးခြင်းနှင့် စိတ်ခွန်အား မြှင့်တင်ပေးခြင်းတို့ကို ပံ့ပိုးကူညီသွားမှာ* ဖြစ်ပါတယ်။

*တက်ရောက်နိုင်တဲ့လူဦးရေသတ်မှတ်ထားတာကြောင့် စာရင်းပေးသွင်းရန် လိုအပ်ပြီး https://forms.office.com/r/Uq9GFrwKhF တွင် စာရင်းပေးသွင်းကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။*

အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက https://bit.ly/AIACancerCSRMM မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ ဒီပွဲကို တက်ရောက်သင့်သူများရှိပါက ဝင်ရောက် စာရင်းပေးကြဖို့ တိုက်တွန်းစေချင်ပါတယ်။

ဒီသတင်းလေးကို လက်ဆင့်ကမ်းမျှဝေပြီး မိမိပတ်ဝန်းကျင်ကို AIA Myanmar နဲ့အတူ အကျိုးပြုလိုက်ရအောင်။

လေးစားစွာဖြင့်၊
AIA Myanmar

—————————
Dear Agents,

The impact of cancer goes way beyond the physical realm, affecting both its patients and their families mentally and financially. At AIA Myanmar, we are always committed to delivering on our purpose of helping people live Healthier, Longer, Better lives and making a positive impact on society.

Recognizing the prolonged and challenging journey for those affected by cancer, AIA Myanmar is organising a *CSR event to help provide critical care and comfort to the cancer patients and their families*.

Through *AIA’s Cancer Support CSR Program*, we aim to raise awareness, offer critical support, and empower cancer patients and their families.

At the event, we will *provide a comprehensive support package, focusing on Medical, Mental, and Nutritional Care to aid in the fight against cancer*.

*Seats are limited, Registration is mandatory and register now at https://forms.office.com/r/Uq9GFrwKhF.*

Learn more about our program at https://bit.ly/AIACancerCSR.

If you know someone who could aid from this event, please encourage them to register. Let’s all take part in spreading the word and making a positive impact on our community.

Sincerely,
AIA Myanmar

ပိုင်ဆိုင်တာအားလုံးထဲ လူက ပိုတန်ဖိုးရှိပါတယ်✅💯အသက်အာမခံလိုပြောရင် သိန်း ၁ထောင် အကာအကွယ်ကို သိန်း ၁ထောင်ပြည့်အောင်သွင်းရမ...
09/10/2024

ပိုင်ဆိုင်တာအားလုံးထဲ လူက ပိုတန်ဖိုးရှိပါတယ်✅💯

အသက်အာမခံလိုပြောရင် သိန်း ၁ထောင် အကာအကွယ်ကို သိန်း ၁ထောင်ပြည့်အောင်
သွင်းရမယ်လို့ချည်းထင်ကြတယ်
မြေကွက်ဝယ်တာကမှပိုတန်တယ်တို့
ငွေကြေးဖောင်းပွတယ်တို့
မမှားပါဘူး
ကိုယ်ပေးဖို့ရွေးတာ ကိုယ်ပြန်ရမှာပါ

အာမခံဝယ်ဖို့ရွေးတဲ့သူက ငွေပွားဖို့ထက် မမျှော်လင့်ထားတဲ့ အခြေအနေအတွက်
စိတ်အေးရအောင်ကြိုတင်ပြင်ဆင်တာပါ
ဥပမာ အသက် ၄၀ နဲ့ ၄၅ကြား ဝင်ငွေရှာနေသူဆိုရင်
၅၅နှစ်မတိုင်ခင် ဘာတွေဖြစ်နိုင်ခြေရှိလဲကြိုတွေးနေရပြီ

ကင်ဆာ ဦးနှောက်သွေးကြောပိတ်ဆိုတာ ဖွဟဲ့လွဲပါစေ ဖယ်ပါစေလို့ပြောတိုင်းမဖြစ်ရင် ဆရာဝန်တွေတော်တော်သက်သာမှာ

မိဘတွေက သားသမီး ပညာရေးနောင်ရေးအတွက် တစ်နေ့တစ်နေ့ပူပန်ပြီး ငွေရှာစုဆောင်း အသုံးစရိတ် ကို သတိထားပြီး ဝင်ငွေထွက်ငွေစီမံနေရသူဆိုတော့
ကိုယ်ငွေပေးရရင်ပွားချင်ကြစမြဲပါ

Risk ဆိုတော နေရာတိုင်းမှာရှိတယ်
အိမ် မီးအာမခံထားတယ်
ဒါလည်းပိုင်ဆိုင်မှုမလျော့ချင်တာ
အိမ်ထောင်ဦးစီးရဲ့ ကျန်းမာရေးကလည်း အသက်ပါပဲ
သူပေါ်မှီနေတဲ့မိသားစုရှိနေတော့ ထောက်တိုင် သန်မာနေဖို့လိုတာပေါ့
နောင်၁၀ နှစ်မြေကွက်ဝယ်ထားရင် ဘယ်လောက်စျေးဖြစ်မယ်လို့တွေးနေသူတွေ
အိမ်ထောင်ဦးစီး ကျန်းမာရေးမကောင်းရင်
ကိုယ်သူ့အစားဝင်ငွေရှာဖို့ အဆင်သင့်ပဲလား ???

အိမ်ထောင်ရှင်မဆိုတာ အမြော်အမြင်ကြီးဖို့ အရမ်းအရေးကြီးပါတယ်
ကိုယ့်ရဲ့အိုဇာတာ ကလေးတွေနောင်ရေးကို ကြိုတင်ပြင်ဆင်ပါ

သိန်း ၅၀၀တန်မြေကွက်ခုဝယ်ပြီး သိန်း ၂ထောင်ရတဲ့အချိန်ထိ ကျန်းမာစွာနေရမယ်လို့တစ်ထစ်ချယုံကြည်ရင် ရင်းလိုက်ပါ
မယုံကြည်ရင် သိန်း ၂၀ - ၃၀လောက် နှစ်စဥ်သွင်းပြီး
ကင်ဆာ ကုသစရိတ် ၅၀၀အပြင်
အိပ်ရာထဲလဲ လမ်းမလျှောက်နိုင်
ကိုယ်ဖာသာတောင်အိမ်သာမသွားနိူင်တဲ့ ကံပါလာရင်လဲ သိန်း ၂၀၀၀ခံစားခွင့်ရနိုင်တာ အသက်အာမခံပါ

ကိုယ်ရွေးတာ ကိုယ်ပေး
ကိုယ်ပေးသလောက် ကိုယ်ပြန်ရပါမယ်

မြန်မာနိုင်ငံမှာ ငွေရှာနေသူတွေရဲ့တန်ဖိုးကိုမေ့ပြီး ရှာထားတာတွေနဲ့ဝယ်ထားတဲ့
ပိုင်ဆိုင်မှုကို ပို အကာအကွယ်ထားကြတာကို လူကပိုတန်ဖိုးရှိတယ်ဆိုတာလေးကို သတိပေးချင်လို့ပါ

တန်ဖိုးထားတတ်ကြပါစေ
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းလျက်

Crd:

🏆❤️AIA Myanmar ❤️🏆Insurance Asia Awards 2024 ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ဆုတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့တဲ့ AIA Myanmar ...
02/08/2024

🏆❤️AIA Myanmar ❤️🏆

Insurance Asia Awards 2024 ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ဆုတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့တဲ့ AIA Myanmar အကြောင်းလေးကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ မျှဝေချင်ပါတယ်။

ဆုတံဆိပ်တွေကိုတော့ -

*"Digital Insurance Initiative of the Year – Myanmar 2024”* ဆု အတွက် အာမခံဝယ်ယူသူများကို ဝန်ဆောင်မှုပေးရာမှာ လွယ်ကူမြန်ဆန်စေတဲ့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို ထိထိရောက်ရောက် ပံ့ပိုးထားတဲ့ စက္ကူအသုံးပြုမှု မရှိသော ဒစ်ဂျစ်တယ် နည်းပညာ ဆန်းသစ် ဖန်တီးနိုင်မှု‌ကြောင့် ရရှိခဲ့တာဖြစ်ပြီး၊
*"Mobile App of the Year - Myanmar 2024”* အတွက်ကတော့ Next-Gen iPoS Mobile Application ကို အသုံးပြုပြီး အာမခံ ရောင်းချသူများအနေနဲ့ အင်တာနက်မလိုဘဲ လွယ်ကူဆင်ပြေစွာ ရောင်းချနိုင်တဲ့ အရောင်းလုပ်ငန်းစဉ် တီထွင်မှု‌ကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Insurance Asia Awards ဆိုတာကတော့ အာရှ‌ဒေသတွင်းမှာ ဂုဏ်သိက္ခာအရှိဆုံး အာမခံဆုဖြစ်ပြီး အများအကျိုးပြုတဲ့အပြင် တီထွင်မှု အားကောင်းတဲ့ အာမခံကုမ္ပဏီများကိုသာ အသိအမှတ်ပြု ထိုက်ထိုက်တန်တန် ပေးအပ်လေ့ရှိတဲ့ဆုများ ဖြစ်ပါတယ်။ ဒီဆုတွေကလည်း ကျွန်ုပ်တို့ အဖွဲ့ဝင်များအတွက် ဒစ်ဂျစ်တယ် ခေတ်မီနည်းပညာများ အသုံးပြုပြီး စျေးကွက်မှာ ရှေ့ဆောင်လမ်းပြ ဦးဆောင်နိုင်ရန်သာမက ကျန်းမာသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘ၀တွေကို ပေးစွမ်းနိုင်ဖို့အတွက် အမြဲမပြတ် ကြိုးပမ်း အားထုတ်ထားတဲ့ ရလဒ်များဖြစ်ပါတယ်။

We are extremely proud to announce that AIA Myanmar has been recognized at the Insurance Asia Awards 2024, winning two awards for its market leading technology and services!

The awards are,

*"Digital Insurance Initiative of the Year - Myanmar 2024"* for pioneering digital innovation to deliver seamless customer experience, along with a highly efficient and environmentally sustainable digital and paperless operations, and
*"Mobile App of the Year - Myanmar 2024”* for revolutionizing the sales process through our Next-Gen iPoS application which enables sales personnel to engage with customer digitally, without the need for an internet connection at the point of sale.

"Insurance Asia Awards" is the region's leading prestigious insurance award, recognizing outstanding insurance companies that positively impact customers through innovative products and services.

These awards are testament to AIA Myanmar’s continuous efforts to pioneer first-in-market digital tools and innovations to deliver an outstanding experience to our customers and help people across Myanmar live Healthier, Longer, Better Lives!





ဆုတွေယူတဲ့ နေရာ ကနေ ဆုတွေပြန်ချရတဲ့ နေရာ ရောက်လာပြီ 🤩🤗Thwe Unit Team M.O.M မှ Contract ချုပ်ပြီးပြီးချင်း အစောဆုံး Activ...
19/07/2024

ဆုတွေယူတဲ့ နေရာ ကနေ
ဆုတွေပြန်ချရတဲ့ နေရာ ရောက်လာပြီ 🤩🤗

Thwe Unit Team M.O.M မှ Contract ချုပ်ပြီးပြီးချင်း အစောဆုံး Active ဖြစ်တဲ့ ဆုကို ရရှိသွားတဲ့ Ko Lwin Ong အား Congratulations ပါ 🎉🎉🎉
အကို့ရဲ့မိတ်ဆွေသူငယ်ချင်းများ အတွက် AIA အသက်/ကျန်းမာရေး အာမခံအကြောင်းမျှဝေပြီး အကာအကွယ်စီမံဆောင်ရွက်ပေးနိုင်မှုတွေ အတွက် အထူးပင်ကျေနပ်ဝမ်းသာမိပါတယ်။

ကုသိုလ်၊ပညာ၊ဥစ္စာ (3) ခုစလုံး တစ်ပြိုင်နက်တည်းရတဲ့ Financial Services Consultant အလုပ်လေးမှာ ခုထပ်ပို၍ အများကြီးအောင်မြင်ပြီး MDRT/COT/TOT ဆုတွေကိုလဲအမြန်ဆုံးရရှိပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်နော် 🙏🙏🙏

ဘယ်ဆက်ဆံရေးမှာ မဆို …. ကိုယ့်စိတ်ခံစားချက်အတိုင်း လိုက်ပြောင်းနေလို့ မရပါဘူး ။ ကိုယ့် Emotion ပေါ် မူတည်လို့ မရဘူး ။ ဥပမ...
16/07/2024

ဘယ်ဆက်ဆံရေးမှာ မဆို ….
ကိုယ့်စိတ်ခံစားချက်အတိုင်း လိုက်ပြောင်းနေလို့ မရပါဘူး ။ ကိုယ့် Emotion ပေါ် မူတည်လို့ မရဘူး ။

ဥပမာ - စိတ်မကြည်ရင် စကားကောင်းကောင်း
မပြောတာမျိုး ၊ အလုပ်က ပြဿနာကို မိသားစုအပေါ် ပုံချတာမျိုး ၊ ဒေါသစိတ်အခံနဲ့ တွေ့ကရာလူကို အပစ်လိုက်တင်မိတာမျိုးတွေပေါ့ ။

နေရာတိုင်းမှာ သူ့အကန့်နဲ့သူ ခွဲထားတတ်ဖို့ လိုပါတယ် ။

အလုပ်က ပြဿနာ အလုပ်မှာထား ၊ မိသားစုပြဿနာဟာ ချစ်သူနဲ့မဆိုင်ဘူး ၊ လင်မယားနှစ်ယောက်ကြားက ကတောက်ကဆဟာ သားသမီးတွေနဲ့ မဆိုင်ဘူး ၊ ကိုယ်စိတ်အခန့်မသင့်တိုင်း အပြစ်မရှိတဲ့သူတွေကိုပါ ဝါးလုံးရှည်နဲ့ ပတ်မရမ်းမိဖို့ သတိထားရမယ် ။

လူတိုင်းကတော့ စိတ်မကြည်ရင် အကောင်းမြင်စိတ်ထားနိုင်ဖို့က အတော်ခဲယဉ်တယ် ။ ဒါပေမဲ့လည်း ကိုယ့်စိတ်အခြေနေကို ရှေ့တန်းတင်ပြီး တစ်ဖက်လူကို နစ်နာအောင်ပြောမိတာမျိုး ၊ ဝမ်းနည်းအောင် စိတ်ထိခိုက်အောင်လုပ်မိတာမျိုး မဖြစ်ဖို့ သိပ်အရေးကြီးပါတယ် ။

ကိုယ်က စိတ်အခန့်မသင့်ချိန်မှာ ပြောမိလိုက်တဲ့စကားဆိုပေမဲ့ ကြားရသူက စိတ်ထိခိုက်သွားတာမျိုးရှိမှာပဲ ။ ဒီအချိန်မျိုးမှာ စကားတွေ မမှားဖို့ သတိထားရမယ် ။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ဒေါသစိတ်ကြောင့် မပြောသင့်တာတွေ ပြောမိမယ် ၊ မဆိုင်သူတွေကို ဝမ်းနည်းအောင် လုပ်မိကြမယ် ၊၊ ဒါ့ကြောင့် အခြားလူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်စိတ်ခံစားချက်အတိုင်း ဆက်ဆံလို့မရဘူး ၊ ဘယ်လောက်ပဲ ရင်းနှီးပါစေ သူကသူ ၊ ကိုယ်ကကိုယ်ပါပဲ ၊ အမြဲနားလည်ပေးနိုင်သူတွေမှာလည်း သည်းမခံနိုင်တော့တဲ့နေ့တွေရှိလာလိမ့်မယ် ၊၊

ဒါ့ကြောင့် ကိုယ့်စိတ်အခြေနေကို အကန့်ခွဲထားတတ်ဖို့ အရေးကြီးပါတယ် ။ ဒီလိုမှ မဟုတ်ရင် အဖိုးတန်တဲ့လူတွေဟာ ကိုယ့်ဆီကနေ ထွက်သွားကြလိမ့်မယ် ၊ ဆက်ဆံရေးတွေ ပြတ်တောက်လွယ်လိမ့်မယ် ။ တစ််ချို့အရာတွေက ဆုံးရှုံးပြီးရင် ပြန်မရတတ်ဘူး ၊ စိတ်နာသွားသူဟာလည်း ဘယ်လောက်ခေါ်ခေါ်ပြန်မလာတော့ဘူး ။

ကိုယ့်စိတ်အတက်ကျကို ရှေ့ဆန်းတင်ပြီး တန်ဖိုးရှိတဲ့လူတွေ ၊ အဖိုးတန် ဆက်ဆံရေးတွေကို မဆုံးရှုံးပါစေနဲ့ … ။

ကိုယ့်တာဝန်ကို ကျေအောင်လုပ်တတ်ဖို့ ၊ မဆိုင်သူတွေကို မထိခိုက်မိအောင် ဘဝရဲ့အစိတ်ပိုင်းတွေကို အကန့်တွေခွဲနိုင်ဖို့ဆိုတာဟာ နေ့စဉ်သတိကပ်နေရမဲ့အရာတွေပါ ။

လူတိုင်းမှာ ရင်ဆိုင်ရတဲ့ ဘဝဆိုတာရှိတယ် … ကိုယ့်အခက်ခဲတွေကိုချည်း လှစ်ဟာပြနေပြီး ကိုယ့်ကိုနာလည်ပေးစေလိုတဲ့စိတ် ၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လိုတဲ့စိတ်ဟာ မရင့်ကျက်တာပါ ။

အဲဒီစိတ်ဟာ ကိုယ်တိုင်လည်း မအေးချမ်းသလို
ဘေးကလူတွေလည်း စိတ်ထိခိုက်ရတတ်ပါတယ် ။

ဒါကြောင့် Self - Control လုပ်နိုင်တဲ့ အရည်ချင်းဟာ
လူ့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်တယ် ။



Vibe

H2 2024 Agency Kick-Off Memories 🍀💖 🌟Dream>>Believe >>Commit >>Achieve 🏆
12/07/2024

H2 2024 Agency Kick-Off Memories 🍀💖
🌟Dream>>Believe >>Commit >>Achieve 🏆



အာမခံကနေ ရနိုင်တာတွေပဲတင်နေပြီး မရနိုင်တဲ့ အခြေအနေတွေကိုလည်းတင်ပေးပါမယ်အထူးသဖြင့် ကျန်းမာရေးအာမခံမှာ Claim ငွေမရနိုင်တဲ့...
10/07/2024

အာမခံကနေ ရနိုင်တာတွေပဲတင်နေပြီး မရနိုင်တဲ့ အခြေအနေတွေကိုလည်းတင်ပေးပါမယ်

အထူးသဖြင့် ကျန်းမာရေးအာမခံမှာ Claim ငွေမရနိုင်တဲ့အခြေအနေတွေကိုပြောပြပေးပါမယ်

ကျန်းမာရေးအာမခံမှာ အကြမ်းအားဖြင့်

✅ဆေးရုံတစ်ရက်တက်ရင် ဘယ်လောက်၊ OPD တစ်ခါသွားရင်ဘယ်လောက်ဆိုပြီး Fixed Rate နဲ့ပေးတဲ့ ကျန်းမာရေးအာမခံရှိသလို
✅ဆေးရုံတက်ရရင် ကုန်ကျတဲ့စရိတ်အတိုင်းပြန်ပေးတဲ့ အာမခံလည်းရှိပါတယ်

ဘယ်ကုမ္ပဏီက ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် များသောအားဖြင့် အောက်ပါအခြေအနေတွေမှာဆို Claim မရတတ်ပါဘူး

၁။ အာမခံမထားခင်မှာ ရှိနှင့်ပြီးသားရောဂါ

အာမခံမထားခင်မှာ ရှိနှင့်ပြီးတဲ့ရောဂါနဲ့ ဆေးရုံတက်ရတာမျိုးဆို Claim မရပါဘူး။

-ရောဂါလက္ခဏာအရမ်းထင်ရှားနေတာ (ဥပမာ- အလုံးအကျိတ်ကြီး မြင်နေရတာ)
-ဆေးရုံ ဆေးခန်းမှာ စစ်ဆေးတွေ့ရှိပြီးသားရောဂါ (ဥပမာ- Ultrasound ရိုက်ထားပြီး သဲခြေကျောက်တွေ့ထားတာမျိုး)
-ဆရာဝန်ကနေကုသဖို့အကြံပေးထားတဲ့ရောဂါ
-ကုသနေဆဲရောဂါ၊ ကုသဖူးတဲ့ရောဂါ

ဒါတွေအကုန်လုံးကို အာမခံထားတဲ့အချိန်မှာ Declare လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ရှိနှင့်ပြီးသားရောဂါလို့သတ်မှတ်ပါတယ်။

၂။ စောင့်ဆိုင်းကာလ (Waiting Period) မပြည့်သေးတဲ့အချိန်မှာဖြစ်တဲ့ရောဂါ

ကျန်းမာရေးအာမခံတွေမှာ ဘယ်ရောဂါအမျိုးအစားဆိုရင် Policy အသက်ဝင်တဲ့နေ့ကစပြီး တစ်လစောင့်ရမယ်၊ နှစ်လစောင့်ရမယ်၊ သုံးလစောင့်ရမယ် စသည်ဖြင့် Waiting Period သတ်မှတ်ထားတာမျိုးတွေရှိတတ်ပါတယ်။

ဒီလိုစောင့်ဆိုင်းကာလမပြည့်သေးဘဲ သတ်မှတ်ထားတဲ့ရောဂါတွေဖြစ်ခဲ့ရင် Claim မရပါဘူး။

၃။ Policy စာချုပ်ထဲမှာ ဒီလိုအခြေအနေတွေဖြစ်ရင် မပေးပါဘူးဆိုပြီး ထည့်ထားတဲ့ရောဂါ၊ အခြေအနေတွေ

ကျန်မာရေးအာမခံတွေစာချုပ်တွေမှာ ဒီလိုအခြေအနေတွေဖြစ်ရင်မပေးပါဘူးလို့သတ်မှတ်ထားတာတွေရှိတတ်ပါတယ်။ (ဥပမာ- အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးရုံတက်ရတဲ့အခြေအနေမျိုး)

ဒီလိုအခြေအနေ၊ ရောဂါမျိုးဆို Claim မရပါဘူး။

၄။ အာမခံ Policy သက်တမ်းကုန်နေချိန်မှာ ဆေးရုံတက်ရတဲ့အခြေအနေ

ကျန်းမာရေးအာမခံတွေရဲ့သက်တမ်းဟာ တစ်နှစ်ဖြစ်ပါတယ်။ ကိုယ်က Policy သက်တမ်းကုန်နေတဲ့အချိန်မှာ သက်တမ်းမတိုးမိဘဲ ဆေးရုံတက်ရတာမျိုးဖြစ်ခဲ့ရင်လည်း Claim မရတတ်ပါဘူး။

အာမခံဆိုတာ အမှန်တကယ်နစ်နာတဲ့သူတွေအတွက် အကာအကွယ်ပေးတာမျိုးပါ။
အာမခံကိုအသုံးချတာမျိုးမဖြစ်ရလေအောင် ဒီလိုစည်းမျဉ်းတွေသတ်မှတ်ထားကြရပါတယ်။

ကိုယ်က အာမခံဝယ်မယ်ဆိုရင် ကိုယ့်ရဲ့ Financial Advisor ကို ဘယ်လိုအခြေအနေတွေမှာရပြီး ဘယ်လိုအခြေအနေတွေမှာ မရဘူးလဲဆိုတာ သေချာမေးဖို့ လိုအပ်ပါတယ်။

:DrKyawPhyoMyint

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when TTN Insurance Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share